← Chapters

ဥက္ကဌတင်း

Vol. 5 Ch. 55

ဥက္ကဌတင်း

Vol. 5 Ch. 55

“အန်ကယ် နဲ့ အန်တီ၊ ခဏနေပါဦး။ စိတ်မတိုကြပါနဲ့ဦးဗျာ” မုန့်ရှောင်ယန်က အလျင်အမြန်မတ်တပ်ရပ်ရင်း အခြေအနေကိုဝင်ထိန်းလိုက်သည်။

“ဒီလူက ဖူးကျစ်နဲ့ အကြာကြီးတွဲခဲ့တာဆိုတာ ကျွန်တော် အရင်ကတည်းကသိပြီးသားပါ။ ဒါက ဘာကိုပြလဲဆိုရင် ဖူးကျစ်က သစ္စာရှိတဲ့ မိန်းမကောင်းလေးဆိုတာပြနေတာမလား။ ကျွန်တော်ပြောတာဟုတ်တယ်မလား”

“ရှောင်ယန်က အခြေအနေတွေကို ရိပ်မိနေတာပဲ” ရှောင်ယန်၏ စကားကိုကြားရပြီးနောက်

ဖူးကျစ်၏ မိဘများက အနည်းငယ် စိတ်သက်သာရာရမိသည်။ သို့သော် သူတို့က တင်းမင်ဟွေ့အပေါ်တော့ လုံးဝအမြင်မကြည်ပေ။

“ရှောင်ယန်က အရိပ်အကဲနားလည်တယ်။ တချို့လူတွေလိုမဟုတ်ဘူး” ဖူးကျစ်၏မိဘများက လက်ညှိုးငေါက်ငေါက်ထိုးရင်းပြောသည်။

“အန်ကယ် အန်တီ ထိုင်ကြပါဦး။ ဒီမှာရောက်နေပြီးသားဆိုတော့ အချင်းချင်းသိနေကြတဲ့လူတွေပဲဟာ။ အေးအေးဆေးဆေး ပြောကြတာပေါ့”

မုန့်ရှောင်ယန်က တင်းမင်ဟွေ့နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးသည်။

“ဟဲလို ငါ့နာမည်က မုန့်ရှောင်ယန် လို့ခေါ်ပါတယ်။ ရီးနော့ဒ်ဇီဝနည်းပညာဌာနက အရောင်းမန်နေဂျာတစ်ဦးပါ”

တင်းမင်ဟွေ့ကို သူ့ကိုပြန်ပြီး မနှုတ်ဆက်ပေ။ သူက ရိုင်းစိုင်းသောကြောင့် ပြန်မနှုတ်ဆက်တာ မဟုတ်ပေ။ ရည်းစားရှိနေတာကို သိသိရက်နှင့် သူ့ကောင်မလေးကိုရရန်ကြံစည်နေသောလူကို သူဘယ်လိုလုပ်ပြီး ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ရမည်နည်း။

“ဒီမှာ တိတ်တိတ်လေးထိုင်နေ။ ငါတို့က ပြောဆိုမှ နင်စကားပြောလို့ရမယ်။ နင့်ပါးစပ်ပေါက်က်ုပိတ်ထား” ဝမ့်ယန်က ဖူးကျစ်ကို နားနားကပ်ပြီး တိုးတိုးလေးပြောသည်။

“အကိုတင်း ဟုတ်တယ်မလား။ မင်းကရော ဘယ်ကုမ္ပဏီမှာလုပ်နေလဲဆိုတာ သိလို့ရမလား”

ဟု မုန့်ရှောင်ယန်က ပြန်မေးသည်။

“သူလား?? သူ့လိုတက္ကသိုလ်ကျောင်းသားလေးတွေ စုပေါင်းပြီး ဂိမ်းကုမ္ပဏီထောင်ထားတယ်။ စိတ်ရူးပေါက်ပြီး

လျှောက်လုပ်နေကြတဲ့ကောင်တွေပါ” ဟု ဝမ့်ယန်က သူ့အစားဖြေသည်။

“မဟုတ်သေးပါဘူး” မုန့်ရှောင်ယန်က ခေါင်းခါပြီး “ဒီဘက်ခေတ် ဂိမ်းလောကက အရမ်းကြပ်တည်းနေကြတာ။ ကနဦးရင်းနှီးမြှုပ်နှံမှုကလည်း မြင့်တဲ့အပြင် ထိန်းသိမ်းစရိတ်တွေကလည်းများသေးတာ။ မိုဘိုင်းဂိမ်းတွေတောင် စျေးကွက်ထဲ ထိုးဖောက်နိုင်ဖို့ အခက်တွေ့နေကြတာ။ အရင်ဆုံး ဘွဲ့ရအောင်ကြိုးစား။ ပြီးကျမှ စီးပွါးရေးလုပ်ငန်းမစတင်ခင်မှာ အလုပ်သင်အလုပ်လေးဘာလေး ရဖို့ ရှာကြည့်ပေါ့”

မုန့်ရှောင်ယန်က စီးပွါးရေးတစ်ခုကို လုပ်ခဲ့ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းတစ်ဝက်မှာပင် ရပ်ခဲ့ရသည်။ ထို့ကြောင့် သူက အတွေ့အကြုံရှိသော လူတစ်ဦးဖြစ်သောကြောင့် ထိုကဲ့သို့ ပြောပြနိုင်ခြင်းဖြစ်သည်။

“ဒါက နောက်ပိုင်းကိစ္စတွေပါ။ ညီလေးတင်းက ကျန်းနန်တက္ကသိုလ်က ကျောင်းသားမလား။ အဲ့ကျောင်းက ပြည်တွင်းမှာဆို ထိပ်သီး ကျောင်းသုံးကျောင်းထဲမှာပါတယ်မလား။ ဒါဆို ဘွဲ့ရပြီး နောက်ပိုင်း အလားအလာကောင်းပါတယ်”

ဖူးကျစ်မိဘများက ရုတ်တရက်ဆိုသလို နားမလည်နိုင်အောင်ဖြစ်သွားကြသည်။

ရှောင်ယန်က တင်းမင်ဟွေ့ကို ဘာကြောင့်များ ဖေးမနေရတာလဲ!!!

“ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲလေ ကျန်းနန်မှာ အိမ်စျေးတွေက မြင့်နေတာ။ ဖူးကျစ်က တစ်ဦးတည်းသောသမီးလေ။ မင်းနောက်ကို သေချာပေါက် လိုက်နေနိုင်မှာမဟုတ်ဘူး။ မင်းက နောက်ပိုင်း ဝင်ငွေကောင်းလာရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ဖူးကျစ်က အဲ့အချိန်ထိ စောင့်နိုင်ပါ့မလား”

မုန့်ရှောင်ယန်က ဖူးကျစ်နှင့် အလွန်ရင်းနှီးသည့်အလား ပြောဆိုနေသည်။

“မင်းတို့ အတူတူရှိချင်တယ်ဆို မင်းမှာ နေဖို့နေရာတစ်ခု အဆင်သင့်ရှိဖို့လိုတယ် မဟုတ်လား။ ဒါပေမဲ့ မင်းက ကျောင်းကမပြီးသေး။ ဘွဲ့လည်း မရသေးဘူးလေ။ ပြီးတော့ ကိုယ်ပိုင်ဝင်ငွေလည်း မရှိသေးဘူး။ ဒါတွေက ပုံမှန်ပါပဲ။ ခုခေတ်လူငယ်တွေအားလုံးက ဒီလိုတွေပဲလေ။ ဒါပေမဲ့ ငါ မင်းကို တစ်ခုမေးပါရစေ။ မင်းမိဘတွေက ဘာတွေများလုပ်တာလဲ”

“သူ့မိဘတွေက သာမန်လက်လုပ်လက်စားတွေပါ။ စက်ရုံအသေးလေးတစ်ခုမှာ အလုပ်လုပ်ကြတာ” ဟု ဝမ့်ယန်က အေးတိအေးစက်မျက်နှာထားဖြင့် ဖြေပေးသည်။

“အာ..ဒါတော့ မဟုတ်သေးဘူးလေ။ မင်းဘွဲ့ရပြီးတာနဲ့ ကိုယ့်ကိုကိုယ်အရင်ဦးဆုံး အဆင်ပြေအောင်ရပ်တည်ရဦးမှာ။ ဒါပေမဲ့ မင်းမိဘတွေကို ပိုက်ဆံပြန်ပို့ပေးရမှာမလား။ ဒါဆို ဒီနှစ်ကုန်ပြီးတဲ့အထိအောင် မင်းပိုက်ဆံစုဖြစ်မှာမဟုတ်ဘူး”

မုန့်ရှောင်ယန်က တင်းမင်ဟွေ့၏ အနေအထားကို မဆီမဆိုင် သုံးသပ်ပြနေသည်။

“ကျွန်တော် ဖူးကျစ်နဲ့ အတူတူနေနိုင်ဖို့ ကြိုးစားမှာပါ” သူတို့အားလုံး ပြောဆိုသမျှကို ငြိမ်ခံနေပြီးနောက် တင်းမင်ဟွေ့ဘက်က စကားသံထွက်လာသည်။

တင်းမင်ဟွေ့က စကားလှလှပပမပြောတတ်သော်လည်း သူပြောသည့်စကားများက ရိုးသားသည့် သူ၏စိတ်ရင်းကို ဖော်ပြနေသည်။ မုန့်ရှောင်ယန်ကတော့ အရောင်းမန်နေဂျာတစ်ဦးဖြစ်တာမို့ စကားကြွယ်သည်။

စကားချင်းယှဉ်ပါက တင်းမင်ဟွေ့ဆယ်ယောက်ပေါင်းလျှင်တောင် မုန့်ရှောင်ယန်ကို မယှဉ်နိုင်ပေ။

“ဒါနဲ့ ညီလေးတင်း ကုမ္ပဏီကရော ဘယ်လိုအခြေအနေလဲကွ။ ဘတ်ဂျတ်ရော လောက်ရဲ့လား။ အမြတ်ရောပြန်ရပြီလား”

မုန့်ရှောင်ယန်၏ ဆက်တိုက်မေးလာသော မေးခွန်းများကြား တင်းမင်ဟွေ့ပြောစရာစကားလုံးပျောက်ရှသွားတော့သည်။ သူက ကုမ္ပဏီတွင် ဆိုက်ဘာလုံခြုံရေးအပိုင်းနှင့် ပတ်သက်ပြီး တာဝန်ယူထားသဖြင့် လုပ်ငန်းပိုင်ဆိုင်ရာများနှင့် ပတ်သက်ပြီး ဘာမှနားမလည်ပေ။ ထိုကိစ္စများကို ချန်ခိုင်နှင့် ငှါးရမ်းထားသော ဝန်ထမ်းများက စီမံခန့်ခွဲနေကြသည်။

တင်းမင်ဟွေ့၏ပုံစံအရ ကုမ္ပဏီမှာ သူက အရေးပါသော်လည်း နောက်ကွယ်မှသာ လူမသိသူမသိ နေချင်သည်။

“ကြည့်ရတာ ကုမ္ပဏီကလည်း အခြေအနေမဟန်ပုံပဲ။ ခုမှစတဲ့ကုမ္ပဏီမဟုတ်လား။ တရားဝင်စာရင်းသွင်းတဲ့ ငွေအရင်းအနှီးကရောဘယ်လောက်လဲ။ ငါးသိန်းမကျော်ဘူးမဟုတ်လား” မုန့်ရှောင်ယန်၏ လေသံထဲတွင် သူတို့ကုမ္ပဏီအား အထင်သေးသည့် အရိပ်အယောင်များ အတိုင်းသားပေါ်လွင်နေသည်။

“ဒါဆို မင်းဘယ်လိုလုပ်ပြီး ဖူးကျစ်ကို ပျော်အောင်ထားနိုင်မှာလဲ” တင်းမင်ဟွေ့ကို သိမ်ငယ်စေရန် ထိုမေးခွန်းများမေးမြန်းသည့် မုန့်ရှောင်ယန်၏ ရည်ရွယ်ချက်များ အထမြောက်သွားသည်။

“အန်ကယ် အန်တီ အခုချိန်မှာ ကျွန်တော်ကိုယ်တိုင်ကလည်း မန်နေဂျာတစ်ဦးပဲဆိုပေမဲ့ တစ်နှစ်ကို ယွမ်သိန်းပေါင်းများစွာရှာနိုင်ပါတယ်။ ကျန်းနန်မြို့ထဲက ကျန်းတုံခရိုင်မှာ အိမ်တစ်လုံးဝယ်ပြီးပါပြီ။ အချိန်မရွေးလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ” တင်းမင်ဟွေ့ကို နှိမ်ချပြောဆိုပြီးနောက် သူ့အနေအထားကို သူကိုယ်တိုင် မြှောက်ပင့်ပြောဆိုသည်။

“ဘယ်လို ကျန်းတုံခရိုင်မှာအိမ်ရှိတယ်ဟုတ်လား။ အဲ့နေရာက အိမ်စျေးတွေက နည်းနည်းနောနောမှ မဟုတ်တာ” ဖူးကျစ်မိဘများ၏လေသံက ချက်ချင်းဝမ်းသာသည့်ပုံစံဖြစ်သွားသည်။

ကျန်းတုံခရိုင်သည် ကျန်းနန်မြို့ထဲမှာ စီးပွါးရေးအချက်အချာအကျဆုံးနေရာဖြစ်သောကြောင့် အိမ်စျေးနှုန်းများက မြင့်မားနေသည်။ အနိမ့်ဆုံး အိမ်စျေးနှုန်းက လေးသန်းမှ စတင်ပြီးရှိသည်။

“ဒါပေမဲ့ အိမ်က သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ ၁၂၀ စတုရန်းမီတာလောက်ပါပဲ။ ခုထိလည်း အိမ်ဖိုးကြေဖို့ ဆပ်နေရတုန်းပါ” ဟု မုန့်ရှောင်ယန်က ဆိုပြန်သည်။

အမှန်တော့ ထိုတိုက်ခန်း၏ စုစုပေါင်းကုန်ကျစရိတ်သည် ခြောက်သန်းနီးပါးဖြစ်သည်။ သို့သော်လည်း ကျန်းတုံခရိုင်၏ အရည်အချင်းရှိလူငယ်များ ဆွဲဆောင်နိုင်ရေး ပေါ်လစီကြောင့် ရှစ်သောင်းသက်သာပြီး သူ၏ မိဘများက နှစ်သန်းစိုက်ပေးသည်။ သူ ဒီနှစ်ပိုင်းများအတွင်းစုဆောင်းရရှိထားသည်များနှင့် ပေါင်းစပ်ပါက သူ့မှာ အကြွေးဆပ်ရန် နှစ်သန်းသာ ကျန်ရှိတော့သည်။

သူ၏ တစ်နှစ်ဝင်ငွေ ရှစ်သောင်းနှုန်းနှင့်ဆို ထိုအကြွေးနှစ်သန်းအား လေးငါးနှစ်အတွင်း ကြေအောင်ဆပ်နိုင်သည်။

မုန့်ရှောင်ယန်၏ အနေအထားကို ဖူးကျစ်မိဘများက လုံးဝစိတ်တိုင်းကျသည်။ သူတို့၏ သမီးကို ချက်ချင်းပင် မုန့်ရှောင်ယန်နှင့် လက်ထပ်ပေးချင်လာသည်။ တင်းမင်ဟွေ့၏ မျက်နှာက ညှိုးသထက်ညှိုးငယ်လာသည်။

မုန့်ရှောင်ယန်က ဖူးကျစ်၏ အမူအရာကို အဆက်မပြတ်အကဲခတ်နေမိသည်။ သူ၏ ဝင်ငွေနှင့် အနေအထားကိုကြားလိုက်ရသည့်အခါတိုင်း ဖူးကျစ်၏ အကြည့်များ မသိမသာပြောင်းလဲလာတာကို သူသတိထားမိသည်။

“မျှော်လင့်ချက်ရှိပြီကွ”

သို့သော် သူမသိသေးသည်မှာ ဖူးကျစ်၏အမူအရာများက တင်းမင်ဟွေ့အပေါ်သူမ၏ ဂရုစိုက်မှုကိုပြသနေသည်ဆိုသော အချက်ဖြစ်သည်။

မုန့်ရှောင်ယန်က ပိုပြီး ကြွားဝါပြေလေလေ သူ့မိဘများကို နားချဖို့ သူတို့အတွက် ခက်ခဲလေလေဖြစ်သည်။

“ကဲ အစားအစာတွေရောက်နေပြီ။ အကြာကြီးစကားပြောနေကြတာဆိုတော့ ဗိုက်ဆာလောက်ရောပေါ” ဟု မုန့်ရှောင်ယန်က ဆိုသည်။

“ကဲ အရင်ဆုံးစားလိုက်ကြစို့။ တောင်းပန်ပါတယ် ညီလေးတင်း။ မင်းလာမယ်ဆိုတာ မသိတော့ လေးယောက်စာပဲမှာထားမိတာ။ မီနူးတစ်ချက်ကြည့်ပြီး မင်းစားချင်တာတစ်ခုခုမှာစားပါ့လား။ ငါဝယ်ကျွေးပါ့မယ်”

အောင်နိုင်သူတစ်ဦးအလား မုန့်ရှောင်ယန်က ပြောဆိုနေသည်။ တင်းမင်ဟွေ့က ခေါင်းငိုက်စိုက်ပြီး ဘာမှ ပြန်မပြောနိုင်သောပုံထောက်ရင်တော့ သူက အနိုင်ရနေပြီ မဟုတ်လား!!

“ဟာ ရှေ့မှာရပ်လိုက်တဲ့ ရိုးရိုက်စ် ( Rolls Royce) ကားကိုကြည့်လိုက်ဦး”

ရုတ်တရက်ဆိုသလို စားသောက်ဆိုင်အတွင်းမှာရှိနေသော လူငယ်လေးများက အလန့်တကြားထအော်ကြသည်။

သူတို့အားလုံး၏ အကြည့်သည်လည်းထိုကားဆီသို့ရောက်သွားတော့သည်။ ထိုကားသည် သန်းပေါင်းများစွာတန်သော အသစ်စက်စက် ရိုးရိုက်စ် ကားတစ်စီးဖြစ်သည်။

သူက စားသောက်ဖို့အတွက် တစ်ပြားမှ မသုံးစွဲလျှင်တောင်မှ ဆယ်စုနှစ်တစ်ခုအတွင်းထိုကားကို ဝယ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့နောက် အနောက်တိုင်းဝတ်စုံဝတ်ထားပြီး ကားဒရိုင်ဘာဖြစ်ဟန်တူသော လူတစ်ဦးက ကားထဲမှ ထွက်လာပြီး စားသောက်ဆိုင်ထဲဝင်လာသည်။ ဆိုင်ဝန်ထမ်းများက ကပျာကယာတံခါးဖွင့်ပေးသည်။

ကားဒရိုင်ဘာဖြစ်သော်လည်း ထိုကားမျိုးကိုမောင်းရသောလူသည် သာမန်ဒရိုင်ဘာတစ်ဦးတော့ မဟုတ်နိုင်ပေ။

အားလုံး၏ အကြည့်က ထိုလူသွားရာနောက်ကို တကောက်ကောက်လိုက်နေသည်။ ထိုလူက ပြတင်းပေါက်နားက စားပွဲမှာရပ်လိုက်သည်။

တင်းမင်ဟွေ့က မျက်လုံးအပြူးသားဖြင့်ကြည့်နေစဉ်တွင် ထိုလူက သူ့အနားကပ်လာသည်။

“မစ္စတာတင်း”

All Chapters