အမည်းလေး၏ ပြောင်းလဲမှု
Vol. 88 Ch. 1230
“ဝူး ဝူး ဝူး”
အမည်းလေးသည် သုံးကြိမ်ဟောင်ရာ ရှီမာယူယူ၏ ခေါင်းတွင် အနက်မျဉ်းများပြည့်သွားလေသည်။
သူမသည် စားပွဲကိုလက်နှစ်ဖက်ဖြင့် ရိုက်ကာ အော်လိုက်သည် “ဟိန်းသံလေး မင်း ဟိုမှာသွားနေတာကောင်းမယ်”
စက္ကန့်အနည်းငယ်အကြာတွင် အိမ်မက်လေးသည် ဟိန်းသံလေးကိုချီ ပြီး သူမရှေ့တွင်ပေါ်လာသည်။
“မင်း ထပ်ပြီးရှုပ်ပြန်ပြီလား” ရှီမာယူယူသည် အိမ်မက်လေး၏ ရင်ခွင်ထဲ တွင်ရှိသော ဟိန်းသံလေးကို စိုက်ကြည့်လိုက်သည်။
“အဲဒါ အိမ်မက်လေးအကြံပါ” အိမ်မက်လေး ပြောလိုက်သည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကိုကြည့်လိုက်သည်။ အတွေး တစ်ချက်နှင့်ပင် ဟိန်းသံလေးသည် သူမ ရင်ခွင်ထဲရောက်လာသည်။ သူမ သည် လက်နှစ်ဖက်လုံးကို ဆန့်ကာ ဟိန်းသံလေး၏ ခေါင်းကိုပွတ်သပ်ရင်း အံကြိတ်ကာ ပြောလိုက်သည် “အမည်းလေးက ခွေးမဟုတ်ဘူး အဲဒါကို ဘာလို့ ခွေးလိုဟောင်တတ်အောင်သင်ပေးတာလဲ”
အိမ်မက်လေးသည် အကူအညီမဲ့သွားသည်။ ကြည့်ရတာ သူမ ရှီမာယူယူကို လိမ်လို့မရဘူးထင်တယ်။
ရှီမာယူယူ၏ လက်များအကြားမှ ဟိန်းသံလေး၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူသည် လက်ကလေးများကို လှုပ်ရမ်းပြီး သူမလက်ကို ဖယ်လိုက်ချင်သည်။ သို့သော် သူ၏ မတတ်သာသော လက်ကလေးများ သည် တိုလွန်းကာ အသုံးမဝင်ဖြစ်လေသည်။
“ယူယူ ငါမလုပ်ခဲ့ဘူး” သူ့ခြေလက်များသည် တိုလွန်းသော်လည်း ဟိန်းသံလေးသည် ခုခံရန် လက်မလျော့ခဲ့ပေ။
“ငြင်းနေတုန်းပဲလား မင်းကလွဲရင် အဲလိုလုပ်ဖို့ ဒီမှာဘယ်သူရှိသေးလို့ လဲ” ရှီမာယူယူသည် သူ့ကိုဆိတ်ပြီးရင်း ဆိတ်လိုက်သည်။
ရှီမာယူယူသည် ဟိန်းသံလေးကို အမှန်တကယ် နာကျင်အောင်လုပ် ခြင်းမဟုတ်သည်ကို အိမ်မက်လေးသိသော်လည်း ရင်နာမိသည်။ သူမ ရှေ့တိုးပြီး ဟိန်းသံလေးကိုပြန်ယူလိုက်သည်။
ဟိန်းသံလေးသည် ရှီမာယူယူ၏ လက်မှလွတ်မြောက်သည်နှင့် အသက်ရှုချောင်သွားသည်။ ယူယူ ဒေါသထွက်တာက တကယ်ကြောက်ဖို့ ကောင်းတယ်။
“အဲဒါ တကယ်ငါမဟုတ်ဘူး” သူသည် ငြင်းရန်ကြိုးစားနေတုန်းပင် “ငါ ဒီအတိုင်းပဲ သူ့ကို ခွေးအုပ်ထဲ ၂ နှစ်လောက်ပစ်ချထားလိုက်တာပဲရှိတာ”
ရှီမာယူယူ၏ မျက်နှာမှာပို၍ မည်းနက်လာသည်။ အမည်းလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် သူ၏ အားကိုချိပ်ပိတ်မှုနှင့်အတူ ကျဆင်းသွား သည်ကို သူ ရှင်းရှင်းလင်းလင်းသိသည်။ အမည်းလေးသည် ထိုဟောင်တတ် သောခွေးများနှင့် တူသည်ကိုကြည့်ပြီး ထိုမှားယွင်းသောအရာများကို မသင် ယူသည်ကမှ ထူးဆန်းဦးမည်။
“ဝူး ဝူး ဝူး”
အမည်းလေးသည် ရှီမာယူယူ သူ့ကိုလစ်လျူရှုသည်ကိုမြင်သောအခါ ဝမ်းနည်းလေသည်။ ထို့ကြောင့် သူမ စကတ်အနားစွန်းကို ပါးစပ်ဖြင့် ကိုက် လေသည်။
ရှီမာယူယူသည် သူ့ကိုကောက်ချီပြီးပြောလိုက်သည် “အမည်းလေး မင်းက နတ်ဆိုးသွေးပဲ ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ တည်ရှိမှုပဲ မင်းက ခွေး မဟုတ်ဘူး အဲလိုမဟောင်ရဘူး”
“ဝူး ဝူး”
အမည်းလေးသည် နှစ်ကြိမ်မျှအော်လိုက်သည်။ သို့သော် သူသည် ဟောင်သည့်ပုံဖြစ်နေသေးသည်။
“ခွေးလို မဟောင်နဲ့”
“ဝူး ဝူး ဝူး”
“…” ရှီမာယူယူသည် အမည်းလေးကို စိုက်ကြည့်လိုက်သည်။ သူမ ဆွံ့အ သွားလေပြီ။
“ဟားဟားဟား”
ဖက်တီးကျူနှင့် တခြားသူများ ရယ်ကွဲတော့သည်။ သူတို့သည် ရှီမာယူယူနှင့် အမည်းလေးလို့ ရန်ဖြစ်သည်ကို စောင့်ကြည်နေပြီး ထိုမြင်ကွင်းသည် ရင်းနှီးနေသည်ဟု ခံစားရသည်။
သူမနှင့်မှပင် ထိုကဲ့သို့ခံစားချက်ရခြင်းဖြစ်သည်။
“ယူယူ ဒေါသမထွက်နဲ့လေ အမည်းလေး ဒီလိုဖြစ်တာလည်း ကောင်းတာပဲ” ဝူရန်ဖေ ပြောလိုက်သည်။
“ဟုတ်တယ်” ဝေကျိရွှီ သဘောတူလိုက်သည် “အမည်းလေး အကြောင်းသိတဲ့သူနည်းပေမဲ့ သူက အခုတကယ်ပဲ ချိပ်ပိတ်ခံထားရတာပဲ ဒါပေမဲ့ သူရှိတာကို တခြားသူတွေသိရင် သူနဲ့ နင့်ရဲ့စာချုပ်ကိုစုံစမ်းဖို့လာကြ လိမ့်မယ် သူ့ကိုချေမှုန်းဖို့ ဘာမှမတတ်နိုင်ပေမဲ့ပေါ့လေ၊ သူတို့ကို လိမ်ထား တာကလည်း မကောင်းတာမဟုတ်ဘူး”
သူ မည်သည့်နေရာကလာသည်ကို ရှီမာယူယူ နားလည်သည်။
သူမနှင့် စာချုပ်တည်ထောင်ပြီးနောက်တွင် ကောင်းကင်၏ ဘေးသင့်မှု ကပင်မသတ်နိုင်သည့် နတ်ဆိုးသွေးသည် မသေမျိုးဖြစ်သည်။ သူမသည်သာ သူ၏ အားနည်းချက်ဖြစ်သည်။
တခြားသူများသာ သူ၏ သရုပ်မှန်ကိုသိပြီး သူကိုသတ်ချင်ပါက သူမကို တိုက်ခိုက်ရုံသာဖြစ်သည်။ သူမသာ သေသွားလျှင် သူလည်း လိုက်သေမည် ဖြစ်သည်။
ဝေကျိရွှီ ပြောလိုသည်ကို နားလည်သော်လည်း အမည်းလေး တခြား ခွေးများကဲ့သို့ ဟောင်နေသည်ကို သူမ လက်မခံနိုင်သေးပေ။
အမည်းလေးသည် သူမ ရင်ခွင်ထဲမှ ထွက်လာသည်။ သူ၏ နှာခေါင်း လေးသည် တရှုံ့ရှုံ့ဖြင့် ရှီမာယူယူ၏ ဝိုင်ဆီသို့သွားလေသည်။ သူ လျှာထုတ် ကာ အရသာအနည်းငယ်ခံလိုက်သည်။ အရသာကောင်းသည်ဟု ခံစားမိ သည်နှင့် ဝိုင်ကရားကိုကိုက်ပြီး ဝိုင်သောက်ရင်းနှင့် ကရားကိုပါ စားတော့ သည်။
အားလုံးသည် မှင်တက်သွားကြသည်။ သူ ဝိုင်သောက်လိုက်သည်က အဆင်ပြေသေးသည်။ ဒါပေမဲ့ ဘာလို့ ကရားကိုပါ တစ်ခါတည်းစားလိုက်တာ လဲ။
“ဝူး ဝူး ဝူး”
အမည်းလေးသည် အာသာမပြေကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ လှည့်ပြေးကာ အော်လေသည်။
ရှီမာယူယူသည် နားမလည်ပေ။ ပြီးနောက်တွင် ဟောင်တတ်ရန်သင် သည်ကပင် သူမကို စိတ်မကောင်းဖြစ်စေသည်။
အမည်းလေးသည် ရှီမာယူယူ၏ နားမလည်သည့်ပုံစံကို မြင်သောအခါ စားပွဲပေါ်မှ ဝိုင်ကရားများဆီသို့ အကြည့်ရောက်သွားလေသည်။ ဘေဂုံထန် သည် ပြုံးပြီး သူမ ကရားကိုတွန်းပေးလိုက်ရာ သူသည် ကရားကို ထပ်မံမျိုချ ပြန်သည်။
ထို့နောက်တွင် သူသည် တခြားသူများ၏ ဝိုင်ကရားများကို ကြည့်လေ သည်။
ဝေကျိရွှီနှင့် တခြားသူများသည် သူတို့၏ ကရားများကို သူ့ဆီသို့တွန်းပို့ ပေးလိုက်ရာ အမည်းလေးသည် တူညီသော ပုံစံဖြင့် အကုန်စားပစ်လေသည်။
“အကြိုက်ကလည်း ထူးခြားလိုက်တာ” ဖက်တီးကျူသည် ပြုံးလေ သည်။
“….” ရှီမာယူယူသည် အမည်းလေးအား အကူအညီမဲ့စွာကြည့်ပြီး ဝိုင် ကရားနောက်တစ်သုတ်ထုတ်ကာ မြေပေါ်သို့ချလိုက်သည်။ သူမသည် သာမန်ကာလျှံကာပင် အဖုံးဖွင့်ပေးလိုက်သည်။
“ဝူး ဝူး ဝူး”
အမည်းလေးသည် ဝိုင်ကရားများကိုမြင်သောအခါ ပျော်ရွှင်စွာ အော် လေသည်။ သူသည် ရှီမာယူယူ၏ ပွေ့ဖက်ထားရာမှ ပြေးထွက်လာပြီး ဝိုင်ကရားကို ခေါင်းစိုက်ပြီး သောက်တော့သည်။
ဘေဂုံထန်နှင့် ဝေကျိရွှီတို့သည် ဝိုင်ကရားအသစ်ယူပြီး လောင်းထည့် ကာ တခြားသူများနှင့်အတူ ဆက်စကားပြောကြလေသည်။
အနှစ် ၂၀ ကြာမတွေ့ရပြီးနောက်တွင် ပြောချင်သည့်စကားများစွာ ရှိ သေးသည်။ သည်လိုနှင့် သူတို့ စကားစမြည်ပြောခြင်းသည် နှစ်ရက် သုံးရက် ကြာသွားလေသည်။
သူတို့ထွက်သွားချိန်တွင် ကောင်းကင်ကြီးသည် မှောင်မည်းနေပြီဖြစ် သည်။ အဒေါ်၃ ဒူနှင့် အဒေါ်ယိုတို့သည် တောင်ကြားလူများနှင့်အတူ ပါတီ တွင်လိုအပ်မည့် ပါဝင်ပစ္စည်းများကို အချိန်တိုအတွင်းပြင်ဆင်လေသည်။
လူများသဖြင့် သူမသည် ပါတီပွဲအတွက် ပြင်ဆင်ရမည့်သူ အလိုလိုဖြစ် လာသည်။ ထို့ကြောင့် သူမသည် ဟော့ပေါ့နှင့် အသားကင်အတွက် ပြင်ဆင် ရန် ဦးဆောင်သည့်စားဖိုမှူးဖြစ်ခဲ့သည်။ တခြားသူများသည် ပစ္စည်းမျိုးစုံကို ပြင်ဆင်ကြသည်။ ပြင်ဆင်မှုတွင်ပါသော သူများသည် အခြေခံပါဝင်ပစ္စည်း များကို ပြင်ဆင်ရန်သာလိုသည်။ လူတိုင်းသည် ကိုယ်လုပ်ရမည့် တာဝန်ကို လုပ်ကြလေသည်။
သေချာတာပေါ့… ဝိုင်က အရေးပါတဲ့အပိုင်းပဲလေ။
နှစ်ပေါင်းများစွာကြိုးစားပြီးနောက်တွင် လူတိုင်းသည် အသည်းကွဲ တောင်ကြားသို့ ပြန်လာပြီဖြစ်သည်။ သူတို့အကျင့်များမှာလည်း အရင်ကနှင့် မတူတော့ပေ။ အကယ်၍ အရင်က ဤနေရာသည် ရပ်နားရာဖြစ်ပြီး ဂိုဏ်းကို ခိုလှုံရာအဖြစ်သတ်မှတ်ပါက အခုချိန်တွင် ဤနေရာသည် သူတို့၏ အိမ်ဟု အားလုံးခံစားမိနေကြပြီ။ အခု သူတို့သည် ဘေးကင်ရန်အတွက်သာ နေတော့ မည်မဟုတ်ပေ။ သူတို့သည် ဤနေရာကို အမှန်တကယ် ကာကွယ်ချင်မိ သည်။
အားလုံးသည် ညဉ့်နက်သည်အထိ စားသောက်ကြသည်။ ရုတ်တရက် လေဟာပြင်ဝင်ပေါက်ဖွင့်လာကာ ရှီမာယူလင်း ရှီမာယူမင်နှင့် တခြားသူများ ထွက်လာသည်။
ရှီမာယူယူသည် တစ်ခါကတောင်ကြားတွင် ယာယီတည်ဆောက်မှု ထားခဲ့ဖူးသည်။ သူမ အစ်ကိုများလိုအပ်ပါက တောင်ကြားကို တိုက်ရိုက်လာ နိုင်ရန်ဖြစ်သည်။ သူတို့ တကယ်သုံးလိမ့်မည်ဟု သူမ ထင်မထားပေ။
သူတို့သည် ရှီမာယူယူ မိန်းကလေးအဝတ်အစားဝတ်ထားသည်ကို မြင် သောအခါ ရှီမာယူမင်တို့သည် သတိပြန်မဝင်လာနိုင်သေးပေ။
“အစ်ကိုကြီး အစ်ကို၂ အစ်ကို၃ အစ်ကို၄ ယူလင်း လာပြီလား” ရှီမာယူယူသည် သူတို့ကိုမြင်သောအခါ ပျံသွားပြီး ကြိုဆိုချင်မိသည်။ သို့သော် သူမတွင် ဝိညာဉ်စွမ်းအင်မရှိတော့သည်ကို မေ့သွားခဲ့သည်။
ရှီမာယူယူလီနှင့် တခြားသူများသည် ပျံဆင်းလာကြပြီး ရှီမာယူယူကို ဖက်ပြီး ပြောလိုက်သည် “ညီမလေး နောက်ဆုံေးတာ့ တွေ့ရပြီပေါ့ လွမ်းလွန်း လို့ရူးတော့မယ်”
“အစ်ကို၄ ညီမလေးကို ပုတ်ခတ်နေတာလား” ရှီမာယူယူသည် ရှီမာယူလီ၏ ကျောပြင်ကိုပုတ်လိုက်ရာ သူသည် သူမကိုလွှတ်ပေးလေသည်။
ရှီမာယူမင်နှင့် တခြားသူများသည် ထိုအရာကိုမြင်သောအခ သူမ ရှီမာယူလီကို စနောက်နေသည်ဟု ထင်ကြသည်။ တစ်ဖက်တွင် ရှီမာယူလီ သည် ယေဘုယျအားဖြင့် ကြမ်းတမ်းသဖြင့် သူမ အခြေအနေကို သတိမထား မိပေ။
ရှီမာယူလီသည် သူမကိုလွှတ်လိုက်မှပင် သူမ အသက်ရှုနိုင်တော့ သည်။ သူမ အားလုံးကိုပြုံးပြီး ပြောလိုက်သည် “အစ်ကိုတို့ ဒီမှာဘာလာလုပ် ကြတာလဲ”
“ငါတို့ ကျောင်းနေဖက်တွေ ပြန်လာတာမြင်တော့ နင်လည်းပြန်လာ လောက်ပြီလို့တွေးလိုက်လို့လေ” ရှီမာယူမင် ရှင်းပြလေသည်။ “ဘာလဲ မင်းတို့က အောင်ပွဲတောင်ခံနေပြီလား”
“ဟုတ်သားပဲ အစ်ကိုတို့ရောက်လာမှတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောကြတာပေ့ါ အရင်ဆုံး ကောင်းကောင်းလေး စားသောက်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူလီသည် လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် “အဘိုးနဲ့ အဒေါ်ယုတို့ကို ဘာလို့မတွေ့တာလဲ”
“အဘိုး အဒေါ်လန်နဲ့ အဒေါ်ယုတို့ ဘေဂုံရဲ့မောင်တို့က ထာဝရရှင်သန် သူနယ်မြေမှာ ဝိညာဉ်စွမ်းအင်တွေ စုပ်ယူခဲ့ကြလို့ အထဲမှာ တံခါးပိတ်ကျင့်ကြံ နေကြတယ်” ရှီမာယူယူ ပြောလိုက်သည် “လာခဲ့ ပါတီလုပ်ကြမယ်”
***