လက်ဆောင်တစ်ခု
Vol. 5 Ch. 63
ယောင်ရီဖန်း၏ ဟင်းချက်လက်ရာသည် အလွန်ကောင်းမွန်လှသည်။ သူ၏ အိမ်မှာခန့်အပ်ထားသော စားဖိုမှူးများ၏ လက်ရာများကိုမယှဉ်နိုင်သော်လည်း သူကိုယ်တိုင်ချက်သော လက်ရာများထက် ပိုပြီး အရသာရှိပေသည်။
“ဦးလေး..ရှင်းယွီရဲ့ အကောင့်ထဲကို စာချုပ်ချုပ်ဆိုတဲ့ ဘောနပ်စ်ကိုအရင်ထည့်ပေးထားမှာမို့ အရင်ဆုံးအကြွေးတွေကြေအောင်ဆပ်လိုက်ပါဦး။ ကျန်တာကတော့ ဦးလေးနေပြန်ကောင်းလာပြီဆို အရင်လိုအလုပ်တွေ ပြန်လုပ်နိုင်တော့မှာပါ။ အရင်လို ကိုယ်တိုင်မကြီးကြပ်နိုင်ဘူးဆိုရင်လည်း ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားကြည့်ပါလား။ အဲ့လုပ်ငန်းအဆင်ပြေဖို့ ကျွန်တော်တစ်ယောက်ယောက်နဲ့ချိတ်ပေးပါ့မယ်”
“ဟား။ ငါ အဲ့လောက်လည်း အသက်မကြီးသေးပါဘူးကွာ။ ငါ့လုပ်ငန်းက အဆက်အသွယ်ဟောင်းတွေအကုန်လုံးက ငါ့သူငယ်ချင်းတွေပါပဲ။ ပိုက်ဆံသာရှာနိုင်မယ်ဆို ရှင်းယွီရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းအတွက် ပိုက်ဆံပိုစုနိုင်မယ်လေ” ဟုပြောရင်း ကောရှုက အားပါးတရရယ်မောသည်။ သူက တဖြည်းဖြည်းနှင့် ဖန့်ကြွယ်ယွီကို သဘောကျလာသည်။
ဖန့်ကြွယ်ယွီမှာ သူဌေးသားများတွင် ပုံမှန်တွေ့နေကျ အကျင့်ဆိုးများမရှိပေ။ သူ၏ ပြောပုံဆိုပုံကလည်း ယဉ်ကျေးလှပေသည်။ ဖန့်ကြွယ်ယွီ နှင့် ကောရှင်းယွီတို့သည် နေနှင့်လ ရွှေနှင့်မြကဲ့သို့ လိုက်ဖက်လှသည်ဟု ကောရှုတို့ ဇနီးမောင်နှံနှစ်ဦးက ထင်မြင်ကြသည်။
“အဖေကလည်း ထပ်ပြီးစပြန်ပြီ” ကောရှု၏ ထပ်တလဲလဲစနောက်ခြင်းကြောင့် ရှင်းယွီတစ်ယောက် စားပွဲအောက်ကို ပြေးပုန်းချင်လာသည်။
သူတို့အားလုံးလည်း ကိုးနာရီထိုးသည့်တိုင် ရယ်မောပြောဆိုကြသည်။ ကောရှင်းယွီ၏ မောင်လေးက အသက်ငယ်ငယ်လေးမို့ အစောကြီးအိပ်စက်အနားယူရန် လိုအပ်သဖြင့် ဖန့်ကြွယ်ယွီ ပြန်ဖို့ အချိန်ကျရောက်လာသည်။
“ဦးလေး ။ အန်တီ အဲ့တာဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ဦးလေးတို့ အိမ်သိမ်းထားကြဦးနော်။ သိပ်မကြာခင်ဆို အိမ်အသစ်ကိုပြောင်းလို့ရပြီ။ ဦးလေးတို့ကိုကူညီဖို့ တစ်ယောက်ယောက်လွှတ်ခိုင်းလိုက်ပါ့မယ်”
ဖန့်ကြွယ်ယွီက ကောကျွင်းယွီ၏ ဆံပင်ကိုခပ်ဖွဖွကိုင်ရင်း “ကျွင်းယွီလေး ကြီးလာရင်ဘာဖြစ်ချင်လဲ”
ဟုမေးသည်။
“အာကာသယာဉ်မှူးကြီးဖြစ်ချင်တာ” ကောကျွင်းယွီက မဆိုင်းမတွပြန်ဖြေသည်။
“ကောင်းတယ်။စာကိုကြိုးစား။ သားအတွက် အာကာသယာဉ်တစ်စင်းဆောက်ပေးပြီး အာကာသထဲကို လွှတ်ပေးမယ်”
တခြားသူများအတွက်တော့ ကလေးစိတ်ကျေနပ်အောင် ပြောဆိုခြင်းဖြစ်လိမ့်မည်။ သို့သော် ဖန့်ကြွယ်ယွီကတော့ အာကာသယာဉ်တစ်စင်းတည်ဆောက်နိုင်ပေသည်။
ရှောင်းရီ၏ မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းထားသော ဗဟုသုတများကိုအသုံးချပါက ယနေ့ခေတ် အာကာသယာဉ်များထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။
“ရှင်းယွီ..ရှောင်းဖန့်ကို လိုက်မပို့ပေးတော့ဘူးလား” ယောင်ရီဖန်းက မေးသည်။
“ဪ ဟုတ်သားပဲ” ကောရှင်းယွီက မတ်တပ်ရပ်က “ ကျွန်မလိုက်ပို့ပေးမယ်လေ”ဟု ဆိုသည်။
ဖန့်ကြွယ်ယွီလည်း မငြင်းဆိုချင်ပေ။ သူက ကောရှင်းယွီနှင့် နှစ်ယောက်ထဲ အတူတူရှိလိုသည်။ “ကောင်းပြီလေ”
သူတို့နှစ်ဦးထွက်သွားသောအခါ ကောရှင်းယွီ၏ မိဘနှစ်ပါးက အနားကပ်ထိုင်ပြီး တိုးတိုးလေးပြောကြသည်။
“ရှောင်းဖန့်ကို ရှင်ဘယ်လိုမြင်လဲ။ ယောကျာ်း” ဟု ယောင်ရီဖန်းက မေးသည်။
“ဟင်း..” ကောရှုက သက်ပြင်းချပြီး ခေါင်းခါပြသည်။
“ဟမ်..ရှင်သူ့ကို သဘောမကျဘူးလား” ဟု ယောင်ရီဖန်းက တအံ့တဩမေးသည်။
“မဟုတ်ဘူးကွ။ သူက ကောင်းလွန်းနေတာ” ဟု ကောရှုကဆိုသည်။
“ငါ ဘာကိုပြောချင်လဲဆိုတာ မင်းနားလည်မှာပါ။ ငါတို့ သမီးလေးက သူအတွက် မသင့်တော်မှာကို စိုးရိမ်နေတာ”
ယနေ့ခေတ်တွင် မိန်းကလေးများက အိမ်နှင့်ကားပိုင်ဆိုင်သော လက်တွဲဖော်မျိုးကိုသာလိုချင်ကြသည်။
လိုက်ဖက်လွန်းလှသည်ဟူသောအရာကို လူငယ်ဘယ်နှဦးက နားလည်နိုင်မည်နည်း။ ကောရှုလို ပညာတတ်မျိုးက ထိုအရာကို ကောင်းမွန်စွာနားလည်သည်။
“ရှင်ပြောတာ ဘာသဘောလဲ။ကျွန်မသမီးလေးက ဘယ်နေရာတွေမှာများ ချို့ယွင်းနေလို့လဲ။ ပြီးတော့ ရှောင်းဖန့်ကလည်း အဲ့တာတွေလိုက်ကြည့်တဲ့သူမျိုးမဟုတ်ဘူး။ သူလည်း ရှင်းယွီကို သဘောကျနေတာ ရှင်လည်းတွေ့သားပဲဟာ”
“ဒါပေါ့ ငါတွေ့တာပေါ့။ ဒီမနက်ခင်းမှာတောင် ငါတို့သမီးက သူ့ကိုခိုးပြီးနမ်းနေတာကို ငါမြင်ခဲ့သေးတာ”
အနှစ်နှစ်ဆယ်ကျော်တယုတယပျိုးထောင်ခဲ့သော သမီးလေးကို သူစိမ်းလက်ထဲထည့်ပေးရန် သူ့အတွက် မလွယ်ကူလှပေ။
“လူငယ်အချင်းချင်း သူတို့ကိစ္စသူတို့ပဲရှင်းကြပါစေ။ ကျွန်မတို့ စိတ်မပူသင့်ဘူး”
ဖန့်ကြွယ်ယွီတို့နှစ်ဦးက ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေကြသည်။ ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးလုံး နေရခက်လာသည်။ စကားလည်းတစ်ခွန်းမှ ပြောမထွက်ကြပေ။
“ရှင်” “မင်း” သူတို့နှစ်ဦးလုံး တစ်ပြိုင်ထဲ ရေရွတ်ကြသည်။
“မင်း အရင်ပြော” ဖန့်ကြွယ်ယွီက သူမကို ဦးစားပေးသည်။
“အင်း..အဖေ့ကိစ္စကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်လို့”
“ဪ ဒါလား။ ရပါတယ်။ အသေးအဖွဲကိစ္စပဲဟာ”
ဖန့်ကြွယ်ယွီက ရယ်မောရင်း “ မင်း တခြားကိစ္စတစ်ခုခုကို စကားလမ်းကြောင်းမယ်ထင်တာ”
“တခြားကိစ္စ” ဖန့်ကြွယ်ယွီပြောချင်သည့်အရာကို သူမ ချက်ချင်းသိလိုက်သော်ငြား မသိချင်ယောင်ဆောင်လိုက်သည်။
“ဪ ဒါနဲ့ ဒါက မင်းအတွက်လက်ဆောင်” ဖန့်ကြွယ်ယွီက ဖုန်းကိုထုတ်ပြီး ဖိုင်တစ်ခုကို ဖွင့်ပြသည်။
“ဟမ်..အဲ့တာဘာကြီးလဲ” ကောရှင်းယွီက ဖုန်းကိုလှမ်းကြည့်သည်။
“သီချင်းလေ။ မင်းအတွက်ရေးထားတာ” ဖန့်ကြွယ်ယွီက အရှက်မရှိ ဗြောင်လိမ်လိုက်သည်။
အမှန်က ထိုသီချင်းကို ရှောင်းရီရေးခဲ့ခြင်းဖြစ်သည်။
“ရှင်က သီချင်းရေးတတ်တယ်ပေါ့” ကောရှင်းယွီက မယုံကြည်သော လေသံဖြင့်မေးသည်။
“ဘာလဲ။ မင်းက အထင်သေးတာလား။ ငါ ရှစ်တန်းတုန်းကဆို စန္ဒရားနဲ့ တယောတီးတဲ့ အတန်းကို အမှတ်အမြင့်ဆုံးနဲ့ အောင်ခဲ့တာ။ အဲ့ကတည်းကသာ တစိုက်မတ်မတ်ဆက်လေ့လာခဲ့ရင် အခုချိန်ဆို နိုင်ငံတကာမှာ ဆုတွေပတ်ယူနေလောက်ပြီ”
“ဟုတ်ပါပြီရှင်” ကောရှင်းယွီကလည်း ဂီတကိုလေ့လာခဲ့သူမို့ လွယ်လွယ်အရူးလုပ်လို့မရပေ။
“ငါ သီချင်းစပ်ထားတာ။ မင်းဆိုကြည့်ပါ့လား” ဖန့်ကြွယ်ယွီက သီချင်းစာသားဖိုင်ကို ဖွင့်ပြသည်။
“ရှင်က ကျွန်မဘယ်လောက်ဆိုတတ်လဲဆိုတာ ဆန်းစစ်နေတာပေါ့” ကောရှင်းယွီက ဖုန်းကိုဆွဲယူသည်။
သူမက စန္ဒရား၊ တယော စသည့် တူရိယာပေါင်းစုံ တီးခတ်ခဲ့ဖူးတာမို့ သီချင်းစာရွက်ကိုကြည့်ရုံနှင့် သီချင်းကို အသာလေး သီဆိုနိုင်သည်။
သီချင်းက လူငယ်နှစ်ဦး၏ တွေ့ဆုံကြုံကွဲဖြစ်ရပြီး အဆုံးသတ်မှာ ပြန်လည်ပေါင်းဖက်နိုင်သည့် အကြောင်းကို သီကုံးဖွဲ့ဆိုထားသည်။
အလွန်တရာ ရှုပ်ထွေးသော စကားလုံးအသုံးအနှုန်းများ မပါဝင်ဘဲ ခံစားချက်ကို လှလှပပ သီကုံးဖွဲ့ဆိုထားသည်။ ဤသီချင်းက သေချာပေါက် နာမည်ကြီးလိမ့်မည်ဆိုတာ သူမတပ်အပ်ပြောရဲသည်။
“ရှင်တကယ်ပဲရေးခဲ့တာလား” ကောရှင်းယွီက မယုံင်္သကာပုံစံဖြင့် ထပ်မေးသည်။
ခံစားချက်မရှိသောလူက ဒီသီချင်းမျိုး ရေးနိုင်ပါ့မလား။
အသက်နှစ်ဆယ်အရွယ်ဖန့်ကြွယ်ယွီက ထိုကဲ့သို့ အတွေ့အကြုံကို မည်သည့်နေရာမှ ရခဲ့သနည်း။
“ဒါပေါ့။ ငါရေးခဲ့တာ။ မင်းက ငါတို့ကုမ္ပဏီက အဆိုတော်ဆိုတော့မင်းကို ဒီသီချင်းလက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပေါ့။ သီချင်းကို သေချာလေးလေ့ကျင့်ပါ။ မင်းအရည်အချင်းနဲ့ဆို ဒီသီချင်းလေးကိုလှလှပပလေးဖြစ်အောင် မင်း သေချာပေါက် သီဆိုနိုင်မှာ။ ဒါပြီးတာနဲ့ ပရော်ဖက်ရှင်နယ် အသံဖမ်းစတူဒီယိုကိုရှာမယ်။ မင်းနာမည်ကြီးအဆိုတော်ဖြစ်လာအောင် ငါအစွမ်းကုန်ပံ့ပိုးပေးမယ်”
“ဒီသီချင်းကို ဆိုဖို့ ကျွန်မထက်ပိုပြီး အဆိုကောင်းတဲ့သူကိုရှာသင့်တယ်” ကောရှင်းယွီက ထိုသီချင်းကို သီဆိုရန် ယုံကြည်ချက်မရှိပေ။ သူမ၏ကျောင်းတွင် အသံပိုင်းဆိုင်ရာပိုပြီး သာလွန်ကောင်းမွန်သောလူပေါင်းများစွာရှိသည်။ နာမည်ကြီးအဆိုတော်တစ်ဦးကို ထိုသီချင်းသီဆိုခိုင်းပါကလည်း ငြင်းဆိုလိမ့်မည် မဟုတ်ပေ။
“မရဘူး။ဒီသီချင်းက မင်းဆိုဖို့အတွက် သီးသန့်ရေးထားတာ။ မင်းပဲဆိုရမယ်”
“မင်း မဆိုတတ်ဘူးဆို ဆရာတစ်ယောက်ရှာပြီး မင်းကိုသင်ပေးမယ်။ မင်း ဆိုလို့ အဆင်ပြေပြီဆိုမှ အသံသွင်းကြမယ်”
“စိတ်ချပါ။ ကျွန်မ ရှင့်ကို စိတ်ပျက်အောင်မလုပ်ပါဘူး”
“ဒါဆို ကျွန်မကလည်း လက်ဆောင်ပြန်ပေးရမှာပေါ့” ကောရှင်းယွီက သက်ပြင်းချသည်။
“ဘာပေးမလို့လဲ”
“အနားကိုကပ်လာဦး” ဟု ကောရှင်းယွီက ဆိုသည်။
ဖန့်ကြွယ်ယွီက သူ၏ ခေါင်းကို အနားနားတိုးရင်း “ခုရော မြင်နိုင်ပြီလား”
ဟုမေးသည်။
“ရွှတ်” ကောရှင်းယွီက သူ၏ ပါးကိုရွှတ်ခနဲမြည်အောင်နမ်းပြီး အိမ်ထဲကို အမြန်ပြန်ပြေးဝင်သွားသည်။
သူ၏ အကြံအစည်အောင်မြင်သွားသလိုမျိုး ဖန့်ကြွယ်ယွီပြုံးမိသည်။ သူမ နမ်းသွားသော နေရာကို အရူးတစ်ယောက်လို ထပ်ခါတလဲလဲ ပွတ်သပ်နေမိသည်။
“ဟမ် ကြည့်ပါဦး။ ဒီလောက်လေးရတာကိုပျော်နေလိုက်တာ။ ပိုင်ရှင် မင်းတော့သွားပြီ။ မင်းကို ကယ်လို့မရတော့ဘူး” ရှောင်းရီ၏ အသံက ထွက်ပေါ်လာသည်။
“ပိုင်ရှင် မင်းငါ့ကို အဖေလို့ ခေါ်လျှင် လျှို့ဝှက်ချက်ပြောပြမယ်”
“ရှောင်းရီ မင်းဘယ်တုန်းက ဒီလိုပုံစံဖြစ်သွားတာလဲ” ဖန့်ကြွယ်ယွီက ချက်ချင်း စိတ်တိုသည့် ပုံစံပြောင်းလဲသွားသည်။
“ဒါဆိုလည်း မင်းအိပ်နေတုန်း ကောရှင်းယွီက မင်းကိုဘာလုပ်ခဲ့လဲဆိုတာ ငါ မပြောပြတော့ဘူး”
“အဖေ”
“လိမ်မာလိုက်တဲ့သားလေး”
“ကဲ မင်းပြောသလိုခေါ်ပြီးပြီ။ ပြောပြတော့”
“သိဖို့ကောင်းတဲ့ ကိစ္စမဟုတ်ဘူးဆို ငါ့ကိုယ်ငါ သတ်သေပြီး မင်းကို ပိုင်ရှင်မဲ့ဖြစ်အောင် လုပ်ပစ်မယ်”
“ပိုင်ရှင် ..မင်းဘာသာမင်းပဲကြည့်လိုက်ပါတော့” ဖန့်ကြွယ်ယွီ မသိခဲ့သောအဖြစ်အပျက်ကို ပြန်လည် ပြသပေးသည်။
“ဒါ တကယ်တကယ်လား”
“အဖေ မလိမ်ပါဘူး သားရယ်” ရှောင်းရီ စနောက်တာကို သူမကြားတော့ပေ။ သူ မနက်အိပ်ရာနိုးလာတုန်းက ကောရှင်းယွီ၏ ပုံစံသည် ထူးဆန်းနေသည်။
သူအိပ်ပျော်နေတုန်း ကောရှင်းယွီက ခိုးနမ်းခဲ့သည်။
“သားလေး..သူ့ကို ရအောင်လိုက်ပါတော့”
“မင်း ပါးစပ်ကိုပိတ်ထား”