← Chapters

ဆန်ယာမြို့သို့ရောက်ရှိခြင်း

Vol. 5 Ch. 67

ဆန်ယာမြို့သို့ရောက်ရှိခြင်း

Vol. 5 Ch. 67

လေးနာရီကြာစီးနင်းရမည့် ပျင်းရိဖွယ်ကောင်းလှသော ထိုခရီးစဉ်သည် ဆုလွင်နှင့် ကျန်းလောရှန်တို့ကြောင့် ဖျော်ဖြေပွဲတစ်ခုအသွင် ကူးပြောင်းကာ ပျော်ရွှင်မြူးတူးနေကြသည်။

ဖန့်ကြွယ်ယွီ၏ လေယာဉ်ပေါ်တွင် ကိုယ်ပိုင်ကာရာအိုကေခန်းပါရုံသာမက စန္ဒရား၊ ဂီတာ နှင့် တယောစသည့် တူရိယာများလည်း အပြည့်အစုံပါရှိသည်။

ဆုလွင်က ဂီတနှင့် ပတ်သက်ပြီး ပါရမီထူးလှသူမို့ မည်သည့်တူရိယာကိုမဆို အသာအယာတီးခတ်နိုင်သည်။

ဖန့်ကြွယ်ယွီက အသံကွဲမတတ်သီချင်းဆိုပြီးနောက် ငြိမ်ငြိမ်လေးထိုင်ပြီး အားပေးနေသည်။သူ၏ idolဖြစ်သူနှင့် တစ်နေရာထဲမှာရှိနေပြီး သီချင်းအတူသီဆိုရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။

“ကျန်းယွင် အရင်တုန်းက ဖျော်ဖြေပွဲလက်မှတ်တစ်စောင်အတွက်နဲ့ မင်းငါ့ကိုဖြတ်ခဲ့တာ။ ခုတော့ မင်းထားသွားတဲ့ကောင်က မင်းကြိုက်လှပါတယ်ဆိုတဲ့ ဆုလွင်နဲ့သီချင်းတောင်အတူဆိုနိုင်တယ်။ မင်းသာသိရင် ဘယ်လိုပုံဖြစ်သွားမလဲဆိုတာ ငါတွေ့ချင်လိုက်တာ” ဟု ဖန့်ကြွယ်ယွီ စိတ်ထဲတွေးနေမိသည်။

လေယာဉ်ပေါ်တွင် တည်ခင်းဧည့်ခံသော အစားအသောက်များ၏ အရသာက ထူးကဲကောင်းမွန်လှသည်။ သူတို့သည် အားပါးတရသီချင်းဆိုပြီး ထမင်းစားခန်းတွင် အရသာရှိသော နေ့လည်စာကို သုံးဆောင်ကြသည်။

လေယာဉ်က ဆန်ယာမြို့ကို မဆင်းသက်သေးခင် တရေးတမော အနားယူကြသည်။

လေယာဉ်၏ ပါဝါစနစ်သည် အဆင့်မြင့်လှသည်။ ပုံမှန် လေးနာရီသွားနေကျခရီးက နာရီဝက်ခန့် အချိန်ကုန်သက်သာသည်။ လေယာဉ်သည် နှစ်နာရီမတိုင်ခင် ဆန်ယာလေဆိပ်ကို ချောချောမွေ့မွေ့ ဆင်းသက်လာသည်။

ဆုလွင်က ဆန်ယာလေဆိပ်ကိုရောက်မည်ဆိုသော သတင်းကို ပရိတ်သက်များက ကြားသိနေကြသဖြင့် လေဆိပ်မှာ စောင့်ဆိုင်းနေကြသည်။ လေယာဉ်နောက်ကျမည့်အကြောင်းကို ပရိတ်သက်များက သိထားကြသည်။ သို့သော် ဆုလွင်က ဖန့်ကြွယ်ယွီနှင့်လမ်းကြုံလိုက်မည်ဟူသော သတင်းကို မည်သူမှ မသိကြပေ။ ထို့ကြောင့် လေဆိပ်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။

“မစ္စတာဖန့် ကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်” ဆုလွင်က လေဆိပ်ကို လာကြိုသည့် ကားပေါ်မတက်ခင် ကျေးဇူးတင်ကြောင်းထပ်လောင်းပြောကြားသည်။

“ငါလည်း အဲ့ပွဲကိုလာမှာ။ ပွဲမှာ ဒီညတွေ့ကြမယ်လေ” သူက ပွဲကိုသွားရန် စိတ်လောနေမိသည်။ ယနေ့ညပွဲတွင် သူနှစ်သက်သော အနုပညာရှင်များစွာလည်း လာရောက်ကြမှာမို့ ထိုသူများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်ဆိုင်းနေမိသည်။

“ဒါက အိပ်မက်လိုပါပဲလား” သူတို့ထွက်သွားသောအခါ ဖန့်ကြွယ်ယွီက ဆိုဖာပေါ်ကို ခြေပစ်လက်ပစ် လှဲချသည်။ သူ၏ ခြေလက်များက တုန်ရီနေဆဲဖြစ်သည်။ ကောလိပ်ဝင်ခွင့်ရလဒ်ကိုကြည့်ခဲ့တုန်းက အချိန်ထက်ပိုပြီး စိတ်လှုပ်ရှားနေသည်။

“သခင်လေးပုံစံကြည့်ရတာ စိတ်တည်ငြိမ်ဖို့လိုသေးတယ်။ ဒီနှစ်ကုန်မှာ အင်္ဂလန်ဘုရင်မကြီးက ညစာစားပွဲဖိတ်ခေါ်ထားသေးတယ်လေ။ ဒီလိုပုံအတိုင်းသာဆို ရှက်စရာကြီးဖြစ်နေမှာ”

“ဟားး လိုပါသေးတယ်ကွ” ဖန့်ကြွယ်ယွီက အားပါးတရရယ်မောသည်။

“ငါက မိသားစုအမွေတွေဆက်ခံတာမှ တစ်လတောင်မကြာသေးဘူး။ ဘယ်လိုလုပ်မြန်မြန်ကြီး နေသားကျမလဲ”

“ဒါနဲ့ သခင်လေး ဒီမှာဘယ်လောက်နေဖို့ စိတ်ကူးထားလဲ” ဟု ကျွမ်းရီက မေးသည်။

“ဖြစ်နိုင်ရင်တော့ သုံးရက်ပေါ့။ ရုပ်ရှင်ကိစ္စတွေအားလုံးအဆင်ပြေပြီဆို မပြန်ခင် နှစ်ရက်လောက် ထပ်နေမယ်လေ။ ဆန်ယာမြို့ကို တစ်ခါမှ မရောက်ဖူးဘူး”ဖန့်ကြွယ်ယွီက အပြာရောင်ပင်လယ်နှင့် ရင်သက်ရှုမောဖွယ်ကမ်းခြေများကို ခုံမင်နှစ်သက်သူတစ်ဦးဖြစ်သည်။

သူ၏ ဇာတိတွင် ကမ်းခြေများစွာရှိသော်လည်း ဆန်ယာမြို့၏ ကမ်းခြေအလှပအကို မမီပေ။

“လေယာဉ်မှူးရေ ကျွန်တော်တို့ ဒီမှာ သုံးရက်လောက် နေမှာမို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အပန်းဖြေကြလေ”

“ခင်ဗျားတို့ တစ်ဦးချင်းစီ အသုံးပြုဖို့ ဒေါ်လာတစ်သောင်းစီပေးပါမယ်။ အားလပ်ရက် အပန်းဖြေခရီးထွက်လာသလို ပျော်ပျော်ပါးပါးနေကြပါ။ ဒီလေယာဉ်ကြီးပေါ်မှာပဲ တစ်ချိန်လုံးနေဖို့ မလိုပါဘူး”

ဖူတိုလီယာနှင့် သူ၏ အဖွဲ့သားများက အလွန်အမင်းပျော်ရွှင်ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူတို့မှာ လေယာဉ်ခရီးစဉ်မရှိခဲ့သော်ငြား သူတို့၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားဖို့လိုအပ်သည်။ ထို့ကြောင့် နှစ်တစ်နှစ်တွင် အားလပ်ရက်ရှည် အနည်းငယ်သာ ရရှိခဲ့သည်။

သူတို့သည် လေယာဉ် ခရီးစဉ်တစ်ခေါက်သာ ပျံသန်းပြီးနောက် ဖန့်ကြွယ်ယွီက သူတို့ကို အားလပ်ရက်ပေးရုံသာမက သုံးစွဲရန် ပိုက်ဆံများစွာပေးသေးသည်။

ဒီကမ္ဘာမှာ ဖန့်ကြွယ်ယွီထက် သဘောကောင်းသော သူဌေးရှိနိုင်ပါ့ဦးမလား။

လေယာဉ်မယ်ခြောက်ဦးကလည်း အလွန်အမင်းပျော်ရွှင်နေကြသည်။ ပျော်လွန်းသဖြင့် ဖန့်ကြွယ်ယွီကို ပြစ်သစ်အနမ်းပေးမတတ် ဖြစ်နေကြသည်။

ဤပွဲသည် အရေးကြီးသဖြင့် ဖန့်ကြွယ်ယွီက သေချာဝတ်စားဆင်ယင်သည်။ ကျွမ်းရီကလည်း ဖန့်ကြွယ်ယွီ၏ လက်ထောက်တစ်ဦးဖြစ်တာမို့ ထိုပွဲမျိုးမှာ လှလှပပ ဝတ်စားဆင်ယင်ရသည်။

“သခင်လေး..ဘာတွေများအလိုမကျဖြစ်နေပါသလဲ” ဂါဝန်အရှည်ဝတ်စားဆင်ယင်ထားသော ကျွမ်းရီက ကိန်းစ်ရုပ်ရှင်ပွဲတော်ကိုတက်ရောက်မည့် မင်းသမီးတစ်ဦးသဖွယ် လှပနေသော်လည်း ဖန့်ကြွယ်ယွီက သူမကို တစ်ချက်လေးတောင်မကြည့်ပေ။

“မစ္စကောကို ဒီပွဲကိုခေါ်လာခဲ့သင့်တယ်လို့ တွေးနေတာမလား”

ကျွမ်းရီက ဖန့်ကြွယ်ယွီ၏ စိတ်ကို အလုံးစုံသိနေသည်။

ဖန့်ကြွယ်ယွီက သူမကို တအံ့တဩကြည့်သည်။

သူစဉ်းစားနေတာက အရမ်းများသိသာနေလို့လား!!

“ဪ ဒီလိုပါ ငါ့ဘဝမှာ ဒီလိုပွဲမျိုး ပထမဆုံးအကြိမ်တက်ဖူးတာ။ အာ့မို့ နည်းနည်းနေရခက်နေတာပါ။ သူပါလာရင် ပိုပြီးနေရခက်နေမယ်”

“နောက်ပွဲတွေကျရင်တော့ ခေါ်လာဦးမှပါ” ဟု ဖန့်ကြွယ်ယွီ တွေးနေပြန်သည်။

ကောရှင်းယွီကလည်း သူ့ကိုစိတ်ဝင်စားနေသည်ဆိုတာ ဖန့်ကြွယ်ယွီသိနေသည်။ သူတို့နှစ်ဦးက ရည်းစားဖြစ်နေကြောင်း အတိအလင်းမကြေညာသေးတာမို့ ပွဲကို ခေါ်လာဖို့ မသင့်တော်နေပေ။

ဆန်ယာလေဆိပ်မှာ ဖန့်ကြွယ်ယွီအတွက် သီးသန့်နေရာမရှိပေ။ သို့သော် ဖန့်ကြွယ်ယွီအတွက် VIP လမ်းကြောင်းကို ဖွင့်ထားပေးသည်။

စောင့်ဆိုင်းနေကြသော ပရိတ်သက်များသည် လူပင်လယ်ကြီးတမျှ စည်ကားနေသည်ကို မှန်ထဲမှ တစ်ဆင့်မြင်နေရသည်။

ယနေ့တွင် အနုပညာလောက၏ အထူးအခမ်းအနားပွဲရှိနေသည်။

နာမည်ကြီး အနုပညာရှင်များစွာလာရောက်မှာမို့ သူတို့၏ ပရိတ်သက်များက ထိုအခွင့်အရေးကို လျစ်လျူမရှုနိုင်ပေ။

“ဟေ့ ကြည့်ဦး..ဒါက ဆုလွင် မဟုတ်လား” ဂျာကင်ဝတ်ပြီး maskတပ်ထားသော်လည်း ပရိတ်သက်များက တန်းပြီးသိကြသည်။

တချို့ပရိတ်သက်များက တခြားအနုပညာရှင်များ၏ အလာကို စောင့်ဆိုင်းနေကြသော်လည်း ဆုလွင်၏ ပရိတ်သက်များလည်း ကျန်ရှိနေသေးသည်။ မျက်စိလျင်သော ပရိတ်သက်များက ချက်ချင်းပင် မှတ်မိကြပြီး သူ၏အနားကို ဝိုင်းအုံလာကြသည်။

ဆုလွင်က ဟိုတယ်ထဲကိုတိတ်တဆိတ်ဝင်ရန် ကြံစည်ထားခဲ့သည်။ သို့သော် ယခုအခြေအနေမှာ ထိုပရိတ်သတ်အုပ်ထဲမှ ထွက်ရန် အနည်းဆုံးတစ်နာရီကြာပေလိမ့်မည်။

“အကိုဝမ်..ငါ ဆန်ယာမှာရောက်နေပြီ။ ခင်ဗျားဘယ်မှာလဲ” ဖန့်ကြွယ်ယွီက ဝမ်ချုံးကိုလှမ်းခေါ်သည်။ ဒီလိုပွဲမျိုးကို ပထမဆုံးအကြိမ်တက်ဖူးခြင်းဖြစ်သည်။

သူက ဤဟိုတယ်ကိုပိုင်သော်လည်း သူ့ဘေးနားမှာတစ်စုံတစ်ယောက်မပါပါက ယောင်ချာချာဖြစ်နေတော့မည်။

“မကြာခင်ရောက်မယ်။ ကျန်းနန်မြို့ကထွက်တဲ့လေယာဉ်နောက်ကျနေတာမလား” ဝမ်ချုံးက ထိုသတင်းကိုကြားပြီး ဖန့်ကြွယ်ယွီ အချိန်မီရောက်မလာမှာကို စိုးရိမ်နေသည်။

“နောက်ကျကျ မကျကျ ငါ့မှာကိုယ်ပိုင်လေယာဉ်ရှိတယ်လေ။ ဆုလွင် ကိုတောင် လမ်းကြုံတင်ခေါ်လာသေးတာ။ ငါတို့ အတူတူသောက်စားခဲ့ကြသေးတာ”

“ဪ” ဝမ်ချုံးက ဘာမှ မပြောနိုင်တော့ပေ။ သူက မိန်းကလေးအဖွဲ့များအတွက် စီစဉ်ပေးနေရသည်။ ထိုမိန်းကလေးအဖွဲ့ဝင်များက သူနှင့် ရင်းနှီးချင်ကြသည်။

သူ့မှာပိုက်ဆံရှိပါက ဘာမဆိုလုပ်နိုင်သည်။ နာမည်ကြီးများနှင့် နေ့လည်စာစားမလား။ သီချင်းဆိုမလား စိတ်ကြိုက်အကုန်လုပ်နိုင်သည်။

ဝမ်ချုံးက အနုပညာရှင်များနှင့် ဂိမ်းတောင်ဆော့သေးသည်။

ထိုအရာများထက် ဖန့်ကြွယ်ယွီ၏ လေယာဉ်ကိစ္စက သူ့စိတ်ကို စနိုးစနောင့်ဖြစ်စေသည်။

“ငါ့ကိုလမ်းကြုံတင်ခေါ်သွားရင်ရော။ ငါက ဒီလိုလေယာဉ်မစီးဖူးဘူး” ဝမ်ချုံး၏ မိသားစုမှာ ကိုယ်ပိုင်လေယာဉ်ရှိသော်လည်း ဝမ်လင်း၏ စီးပွါးရေးခရီးစဉ်များအတွက်သာ အသုံးပြုကြသည်။ သူ့ဖခင် မသိဘဲနှင့် ထိုလေယာဉ်ကို မသုံးရဲပေ။

ကိုယ်ပိုင်လေယာဉ်များက ဘီလီယံနှင့် ချီပြီးကုန်ကျသည်။ ဝမ်ချုံးက ဝယ်နိုင်သော်လည်း ပြုပြင်ထိန်းသိမ်းစရိတ်က ရှိသေးသည်။ သူက ကြွားဝါချင်ရုံသက်သက်ဖြင့် မဝယ်ချင်ပေ။

“ဟုတ်ပြီ ငါမင်းကို အရင်ဆုံးလာရှာမယ်”

“ဟုတ်ပြီ။ မင်းရောက်ပြီဆို အထူးခန်း ၀၀၄ကိုလာခဲ့ပါ”

“ကောင်းပြီ ဟိုတယ်မှာဆုံကြစို့” ဖန့်ကြွယ်ယွီက ဖုန်းချလိုက်သည်။

“ရှောင်းရီ ဒီဟိုတယ်မှာ အထူးခန်းအများကြီးရှိတယ်မလား”

“ဟားဟား သခင်လေး အထူးခန်းဆိုတာ အနေအထားတစ်ခုကို ရည်ညွှန်းတာပါ။အခန်းအများကြီးရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ အခန်းနံပါတ်မှာတော့ ထူးခြားချက် နည်းနည်းရှိတယ်”

“ဆိုလိုတာက ဒီဟိုတယ်မှာ ဝမ်ချုံးထက် အဆင့်မြင့်တဲ့သူတွေ အများကြီးရှိနေတာပေါ့”

“ဟုတ်ပါတယ် အခန်း ၀၀၁ က သခင်လေးအတွက်ပါ။ အဲ့အခန်းကို ဘယ်သူမှ ငှါးလို့မရပါဘူး။ မစ္စတာဝမ်လင်းထက် ချမ်းသာတဲ့သူ အနည်းဆုံး နှစ်ယောက်ရှိနေတဲ့ သဘောပေါ့”

“စိတ်ဝင်စားစရာပဲ” ဖန့်ကြွယ်ယွီက ပွဲကိုတက်ရန် ပိုပြီးစိတ်လှုပ်ရှားလာတော့သည်။

All Chapters