← Chapters

မတော်တဆဖြစ်မှု

Vol. 5 Ch. 68

မတော်တဆဖြစ်မှု

Vol. 5 Ch. 68

ခရမ်းရောင် ပြိုင်ကားတစ်စီးသည် လမ်းမထက်တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသည်။ ဆန်ယာမြို့ကဲ့သို့ နိုင်ငံတကာခရီးသွားဧည့်သည်များခြေချင်းလိမ်နေသောနေရာမှာတောင်မှ ထိုကားမျိုးက ရှားပါးလှသည်။ ဘယ်နေရာကိုပဲရောက်ရောက် ဖန့်ကြွယ်ယွီ၏ ကားက မျက်စိကျချင်စရာကောင်းလှသည်။

ဆုလွင်တို့နှင့်စကားပြောကြည့်သောအခါ ဤပွဲအခမ်းအနားကျင်းပရခြင်း၏ အကြောင်းအရင်းမှာရိုးရှင်းသည်ဆိုတာ သိခဲ့ရသည်။ အနုပညာလောကသားအချင်းချင်း ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ဆုံတွေ့လိုသောကြောင့် ကျင်းပရခြင်းဖြစ်သည်။

ဟွာရှား၏ အနုပညာလောကတွင် အနုပညာ လောကသားအချင်းချင်း ရင်းနှီးကျွမ်းဝင်မှသာ အနုပညာလောကပိုမိုတိုးတက်နိုင်မည်။

အနုပညာလောက၏ တက်သစ်စအနုပညာရှင်များက အဆက်အသွယ်ပိုရစေရန် ဤပွဲကို မိဘများနှင့်အတူတူ တက်ရောက်ကြသည်။ ဤပွဲကိုတက်ခြင်းဖြင့် အနုပညာလောကတွင် နေရာတစ်နေရာရနိုင်သည်အထိ ဤပွဲ၏ အရှိန်အဝါက ကြီးမားသည်။

အက်ဒီဆင်ဟိုတယ်သည် ဆန်ယာမြို့တွင် အလှဆုံးသောမြို့တစ်မြို့ဖြစ်သည်။ ပင်လယ်အနီးအနားတွင် တည်ဆောက်ထားသဖြင့် ဟိုတယ်ဖွဲ့စည်းပုံက အပန်းဖြေအနားယူခြင်းအတွက် သင့်တော်လှသည်။ ဟိုတယ်တွင် ကစားကွင်းများ၊ ရေကူးကန်များနှင့် အခြားဖျော်ဖြေရေးပစ္စည်းမျိုးစုံရှိသည်။

ကြယ်ငါးပွင့်ဟိုတယ်များထဲတွင် အက်ဒီဆင်ဟိုတယ်၏အနေအထားက ထိပ်ဆုံးမှာရှိသည်။

“ငါတို့နည်းနည်းနောက်ကျနေတဲ့ပုံပဲ” ကားက ဟိုတယ်ထဲကို ဝင်လာသောအခါ ကားရပ်စရာနေရာမရှိသောကြောင့် ဖန့်ကြွယ်ယွီ စိတ်ရှုပ်သွားရသည်။

ကားရပ်ဖို့နေရာရှာရခြင်းက စိတ်ရှုပ်ဖွယ်အတိဖြစ်သည်။

“သခင်လေး ကိုယ်ပိုင်တဲ့ဟိုတယ်မှာ ကားရပ်ဖို့လိုက်ရှာနေရတဲ့ သူဌေးကိုမြင်ဖူးလား။ သခင်လေးအတွက် သီးသန့်ကားရပ်လို့ရတဲ့နေရာ မြေအောက်ခန်းမှာစီစဉ်ထားပေးပါတယ်”

“ဟာ အဲ့လိုလား။ မင်း ဘာလို့စောစောကမပြောတာလဲ” ဟု ဖန့်ကြွယ်ယွီက ရေရွတ်နေသည်။ သူ၏ အနေအထားကို တစ်ခါတလေ မေ့နေမိသည်။

ဖန့်ကြွယ်ယွီက မြေအောက်ကားပါကင်နေရာကို သွားနိုင်မည့်နေရာကို လှည့်ပတ်ရှာဖွေနေမိသည်။ ကားကို မြေအောက်ခန်းဆီသို့ မောင်းသွားချိန်တွင် အသစ်စက်စက် ဘန်တလေကားက ကားဂိုဒေါင်ထဲမှ ထွက်လာသည်။ ဖန့်ကြွယ်ယွီက ကြိုးစားပြီး တိမ်းရှောင်သည်။ သို့သော် ကံဆိုးစွာဖြင့် မရှောင်နိုင်ဘဲ ဝင်တိုက်မိခဲ့သည်။

“ဘွန်း” ဖန့်ကြွယ်ယွီက ကားချင်းတိုက်မိသံကိုကြားပြီး နှလုံးခုန်ရပ်မတတ် ဖြစ်ရသည်။ သူက ဤကားကို မောင်းနှင်သည်မှာ တစ်လပင်မပြည့်သေးပေ။ တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်လာချိန်တွင် တိုက်မိပါကလည်း ကားကိုယ်ထည်ပိုင်းက ဘာမှ မပျက်စီးပဲ ကျန်နေစေရန် ပြုလုပ်ထားသည် ဆိုသော်ငြား ကားက ထိခိုက်မှုရှိမည်မဟုတ်ဟု မဆိုပေ။

“အမရီ အဆင်ပြေရဲ့လား” ဖန့်ကြွယ်ယွီက နောက်ကိုလှည့်ပြီးမေးသည်။

“ရပါတယ်” သူမနှုတ်ခမ်းနည်းနည်းဖူးယောင်သလောက်သာဖြစ်ပြီး စိုးရိမ်စရာမရှိပေ။

“ကားကို ဘယ်လိုမောင်းလာတာလဲကွ” ဖန့်ကြွယ်ယွီက စိတ်ဆိုးမာန်ဆိုးဖြင့် ကားပေါ်ကဆင်းသည်။ သူတို့က သတိကြီးကြီးထားပြီး ယာဉ်စည်းကမ်းနှင့်အညီ မောင်းနှင်လာခဲ့သည်။ ဘန်တလေကားဘက်ကမှားတာဖြစ်သည်။

ထိုအချိန်မှာဘန်တလေကားပိုင်ရှင်က ကားထဲမှ ထွက်လာသည်။ စုံတွဲဖြစ်ဟန်တူသော အမျိုးသားနှင့် အမျိုးသမီးကားထဲမှ ထွက်လာသည်။

အမျိုးသားက ပွဲတက်ဝတ်စုံဝတ်ဆင်ပြီး ဘေ့စ်ဘောဦးထုပ်ဆောင်းကာ လည်ပင်းတွင် ငွေရောင်သံကြိုးတစ်ကုံးဆွဲထားသည်။ သူ့ဆံပင်ကိုလည်း မီးခိုးရောင် ဆိုးထားသည်။ သူ့ကို စကားလုံးတစ်လုံးဖြင့်ဖော်ပြရမည်ဆို အရံလူဟု တင်စားခေါ်ဆိုနိုင်သည်။

အမျိုးသမီးကတော့ ငယ်ရွယ်ပြီး အတန်အသင့်ဆွဲဆောင်မှုရှိသည်။ သို့သော် သူမပုံစံသည် တစ်ချက်ထဲကြည့်ရုံဖြင့် နှစ်လိုဖွယ်ကောင်းမနေပေ။

“ဟေ့လူ ခင်ဗျားကားကို ဘယ်လိုမောင်းလာတာလဲဗျ” ဖန့်ကြွယ်ယွီက တစ်ခွန်းမှ မပြောသေးခင်မှာ ထိုလူငယ်လေးက သူ့ကို စပြီး ကြိမ်းမောင်းသည်။

ဖန့်ကြွယ်ယွီက သူ့ကိုတစ်ချက်တောင် လှမ်းမကြည့်ဘဲ ကားဘေးနားကို သွားသည်။ သူ၏ အချိန်မီ ထိန်းလိုက်နိုက်မှုကြောင့် ကား၏ ရှေ့မီးနားတွင်သာ ခြစ်ရာလေးတစ်ခု ကျန်ခဲ့သည်။

ကား၏ ကြံ့ခိုင်မှုအနေအထားကြောင့် ထိခိုက်မှုဖြစ်သော်လည်း အသေးစားပြင်ဆင်မှုသာဆောင်ရွက်ရမည်။

တဖက်က ဘန်တလေကားသည် တိုက်မိသည့်နေရာတိုင်းမှာ သုံးစားမရအောင် ကြေမွကုန်သည်။ ထိုနေရာတွင် ကား၏ အရည်အသွေးကွာခြားမှုက သိသာပေသည်။

“ဟေ့ ငါမင်းကို မေးနေတာ။ မင်း အ နေတာလား” ထိုလူက ထပ်မေးပြန်သည်။ ကျွမ်းရီက ဖန့်ကြွယ်ယွီ၏ ဘေးမှာရပ်လိုက်ချိန်တွင် တစ်စုံတစ်ခုကိုစဉ်းစားဟန် သူက မျက်မှောင်ကြုံ့ပြသည်။

“ငါက ဘယ်လိုမောင်းလဲဟုတ်လား။ အဲ့တာက မင်းကိုမေးရမှာ မဟုတ်ဘူးလား” ဖန့်ကြွယ်ယွီ၏ အကြည့်က ကြောက်စရာကောင်းလှသည်။ သူက စိတ်ဆိုးခဲသည်။ သူ စိတ်ဆိုးဒေါသထွက်လျှင်လည်း တခြားသူများထက်ပိုပြီး ကြောက်စရာကောင်းသည်။

“မင်းက ငါ့ကားကို ဒီလိုဖြစ်အောင်တိုက်ပြီး ဒီလိုပြန်မေးရဲတယ်”

ဖန့်ကြွယ်ယွီက ဟားတိုက်ရယ်မောသည်။

“ဟားးး” ဤကမ္ဘာမှာ အမှန်တရားကို ပြောင်းပြန်လှန်ပြောသည့် ငရဲမကြောက်သော လူတစ်စုရှိပါသေးလား။

“ကားပါကင်မှာဆို အရှိန်က တစ်နာရီ ငါးကီလိုမီတာ မပိုရဘူး။ မင်းက အရမ်းမောင်းတာ။ မင်းမောင်းတာ ငါးကီလိုမီတာတင် မကဘူး။ ကီလိုမီတာ ငါးဆယ်ကျော်တယ်။ အဲ့တာကို မင်းက သူများကို အရင်ဆုံးရအောင် အပြစ်တင်သေးတာ”ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“အမရီ ဒီလောက် အနေအထားထိခိုက်မိရင် ပြင်ဆင်စရိတ်ဘယ်လောက်ကုန်မလဲလို့ မေးပေးပါဦး” သူပိုင်ဆိုင်သော ကုမ္ပဏီမှ ထုတ်လုပ်သော်ငြား ဒီလိုလူစားမျိုးကို လွယ်လွယ်နှင့် အလျှော့မပေးနိုင်ပေ။

ကျွမ်းရီက ကားကို ဓာတ်ပုံရိုက်ပြီး စက်ရုံက တာဝန်ရှိသူထံ ပေးပို့သည်။ သိပ်မကြာခင်မှာ စက်ရုံဘက်မှ အကြောင်းပြန်လာသည်။

“သခင်လေး စက်ရုံဘက်ကပြောတာတော့ ၁.၂၈သန်းလောက် ကုန်ပါမယ်တဲ့” ဟု ကျွမ်းရီက ဆိုသည်။

“ဪ ဒါနဲ့ ၁.၂၈ သန်းဆိုတာ ဒေါ်လာနဲ့ပြောတာပါ” ဟု ကျွမ်းရီက စကားပြန်ဆက်သည်။

“မင်းကြားတယ် မလား။ ၁.၂၈သန်းဆိုတာ ပြင်ဆင်စရိတ်ပဲ။ ပေးလေ” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“ဒီကားစုတ်မှာ ဒီလောက် အစင်းရာလေးထင်သွားတာကို ပြုပြင်စရိတ်က ၁.၂၈သန်းတောင်းတာ မင်းဟာ နည်းနည်း တရားမလွန်ဘူးလား” ဟု ထိုလူငယ်က ပြန်မေးသည်။

“ဘာ ကားစုတ်ဟုတ်လား။ မင်း Apollo Sun God ကိုယ်ပိုင်ဒီဇိုင်းသီးသန့်ဆိုတာ မကြားဖူးဘူးလား”

သူက ပြင်ဆင်စရိတ် မရမှာ သေချာသော်လည်း ထိုလူကို ပညာပေးလိုသည်။

“ဒီကား ထုတ်ဖို့ ၁၂ သန်းကျော်ကုန်တယ်။ ဒါဆို ပြင်ဆင်စရိတ် ၁.၂၈ သန်းဆိုတာ များသေးလား”

ထိုစျေးနှုန်းကိုကြားမိပြီး ထိုလူငယ် ထိတ်လန့်သွားသည်။ သူသည် ဟွားယုထုတ်လုပ်ရေး ပိုင်ရှင် ချန်ရမ်တုံ ၏ သား ဖြစ်သူ ချန်ချောင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင် ဟွာရှား၏ အနုပညာလောကပွဲကို တက်ရောက်နိုင်သည်။ သို့သော် ချန်ရမ်တုံတောင်မှ ထိုမျှစျေးကြီးသော ပြိုင်ကားကို မစီးနိုင်ပေ။

“သူကရော အနုပညာလောကသူဌေးကြီးရဲ့ သားပဲလား” ချန်ချောင်းက ဖန့်ကြွယ်ယွီ၏ မျက်နှာကို တရင်းတနှီးမြင်ဖူးသလို စိုက်ကြည့်နေသည်။ သို့သော် ဖန့်ကြွယ်ယွီက မည်သူ့သားလဲဆိုတာ သူ ပုံမဖော်တတ်ပေ။

“သူက တက်သစ်စ နာမည်ရလူတစ်ဦးများလား” ချန်ချောင်းက အနုပညာလောကနှင့် မစိမ်းသော်ငြား

အနုပညာလုပ်ဖို့ စိတ်မဝင်စားပေ။

သူဌေးများ၏ အာရုံတွင် အဆိုတော်ဖြစ်ဖြစ် သရုပ်ဆောင်ပဲဖြစ်ဖြစ် အားလုံးသည် ဖျော်ဖြေတင်ဆက်သူများသာဖြစ်ကြသည်။

သူတို့မှာပိုက်ဆံရှိလျှင် ဘာပဲလိုချင်နေပါစေ အကုန်ရရှိသည်။

ချန်ချောင်း၏ ဝါသနာမှာ တက်သစ်စမင်းသမီးလေးများနှင့် ပွေရှုပ်ရန်ဖြစ်သည်။ တခြားအရာများ ဘာမှ မစဉ်းစားပေ။ ဖန့်ကြွယ်ယွီနှင့် ကျွမ်းရီ၏ ထူးခြားသည့်အနေအထားကိုကြည့်ပြီး လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပေ။

“မင်းက ဘယ်ကုမ္ပဏီကလဲ။ ငါ့အဖေက ဟွားယုရုပ်ရှင်ထုတ်လုပ်ရေး၏ အကြီးဆုံရှယ်ယာဝင်နော်။ ကိုယ့်ဒုက္ခကိုယ်မရှာချင်ဘူးဆို မြန်မြန်ဖယ်လိုက်တော့”

“ဟွားယုရှယ်ယာပိုင်ရှင်..ဘာများလဲ” ဟွားယုအကြောင်းသူသိထားသည်မှာ သူဌေး၏ မျိုးရိုးနာမည်သည် ရှန်းဖြစ်တာမို့ ထိုလူ၏ ဖခင်က ရှယ်ယာရှင် အသေးစားဖြစ်ရမည်။

အကယ်၍ ဟွားယုသူဌေးပေါ်လာပါကလည်း သူမတုန်လှုပ်ပေ။

“ဒါဆို ငါ့ကားကို ပြန်ပြင်ပေးဖို့ မင်း စိတ်ကူးမရှိဘူးပေါ့”

All Chapters