တစ်ယောက်တည်းသက်မယ်ဆိုရင် အတူတူ သင်သင့်တယ်
Vol. 88 Ch. 1232
ရှီမာယူယူ ပြောစရာစကားမဲ့သွားသည်ကို သူတို့မြင်လိုက်သောအခါ ဘေးမှလူများသည် ရယ်မောကြလေသည် “ယူယူ ရပါတယ် နင် တစ်နေကုန် စားတာကလွဲပြီး ဘာမှမလုပ်နိုင်ရင်တောင် အသည်းကွဲတောင်ကြားက နင့်ကို ကျွေးနိုင်ပါတယ်” ဖက်တီးကျူသည် သူ့ပေါင်သူရိုက်ရင်း ရယ်မောလေသည်။
“….”
ရှီမာယူယူ၏ ခေါင်းဘေးတွင် အနက်မျဉ်းများပေါ်လာသည်။ ထိုရယ်နေ သူများသည် အမှန်တကယ်ပင် လျှောစီးနေကြသလိုပင်။ လူတိုင်းရယ်နေ သော်လည်း ဘေဂုံထန်က ပိုကောင်းသည်။ သူမသည် မရယ်ပေ။
သို့သော် သူမ ဘေဂုံကိုကြည့်လိုက်ရာတွင် ဘေဂုံသည် အနောက်ဆုတ် ကာ အလျင်အမြန်ပင် လက်ရမ်းပြီး ပြောလေသည် “တကယ်လို့ နင် ဒီလိုစား ရင် ငါလည်း ချက်ပေးနိုင်မှာမဟုတ်ဘူး တခြားသူကိုသာ ရှာလိုက်တော့”
“…”
သူမသည် တကယ်ပင် လေးနက်ခဲ့သည်။
ရှီမာယူယူသည် ပန်းကန်များကို ဘေးသို့တွန်းပြီး စားပွဲပေါ်သို့ အော်ဟစ်ရင်း တုက်လိုက်သည်။ သူမ နှုတ်ခမ်းဆူလေသည် “အကုန်လုံးက အဆိုးဆုံးပဲ အခုမှပြန်တွေ့တာကို ငါ့ကိုလှောင်နေကြတယ် အသိတရားလေး တောင်မရှိကြဘူးလား”
“ဘာအသိတရားလဲ နင် စားလို့ရတဲ့ဟာလား” ဖက်တီးကျူသည် ရယ်မောလေသည်။
ရှီမာယူယူသည် လှည့်ကာ သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “ငါ နင့်ကိုစားပစ်မယ်ဆို ယုံလား”
“ယုံတယ်… မဟုတ်သေးဘူး နင် အခုငါ့ကိုမဖမ်းနိုင်ပါဘူး” ဖက်တီးကျူ သည် လျှာထုတ်ရင်း ရှီမာယူယူ၏ အကြည့်ကိုတုန့်ပြန်လေသည်။
ဖက်တီးကျူ လျှာထုတ်နေသည်ကို ရှီမာယူယူမြင်သောအခါ တွေ့ကရာ ပန်းကန်လုံးကိုကောက်ပြီး ပစ်လိုက်သည်။
ပန်းကန်လုံး၏ အရှိန်နှုန်းကိုမြင်ရသူများ အံ့သြသွားသည်။ သူမတွင် ဝိညာဉ်စွမ်းအင်မရှိသော်ငြား အကြမ်းဖျင်းစွမ်းအားသည် အရင်အတိုင်းပင်။ သို့သော် သူမ ပစ်လိုက်သော ဖက်တီးကျူသည်လည်း ခန္ဓာကိုယ်ကို ပျိုးထောင်ထားသည့်သူပင်ဖြစ်သည်။ ထို့ကြောင့် ထိုမျှလောက် စွမ်းအား သည် သူ့ကို မထိခိုက်နိုင်ပေ။
သူသည် ပြုံးရင်း ပြောလေသည် “ယူယူ နင့်မှာ ဝိညာဉ်စွမ်းအားမရှိတာ တောင် အားကောင်းနေသေးတယ် ငါဖြစ်နေလို့တော်သေးတာပေါ့… တခြား သူသာဆိုရင် ဒါကိုတောင်ဖမ်းနိုင်မှာမဟုတ်ဘူး”
“ကြည့်ရတာ နင်လည်း ကောင်းကောင်းလေ့ကျင့်ထားတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေါ့ ငါက နင်နဲ့အတူမရှိပေမဲ့ တစ်ချက်ကလေးမှ လက်မလွတ်သွား ဘူး နင် သေချာပေါက်သန်မာလာမယ်ဆိုတာ ငါတို့သိတယ်လေ” ဖက်တီးကျူသည် အားလုံး၏အတွေးကိုပြောပြလိုက်သည်။
“ဒါပေမဲ့ ညီမလေး နင်ဘယ်တော့ ပြန်ကောင်းလာနိုင်မလဲ” ရှီမာယူချီ သည် သူမအား စိုးရိမ်တကြီး ကြည့်လေသည်။ အခုအချိန်တွင် သူမ အနားရ သည်က ကောင်းသော်လည်း ဆက်တိုက်ထိုအတိုင်းဖြစ်သွားပါက သူမ အတွက် မကောင်းပေ။
“ဒါပေမဲ့ အမြဲတမ်းဒီလို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေမှာမဟုတ်ဘူးလေ တကယ်လို့ အနှစ် သုံးရာ ငါးရာတွေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အဲကျ ငါတို့ ဘာလုပ်ကြမလဲ” ရှီမာယူလီ ပြောလိုက်သည်။
“ဟုတ်ပြီ ညီမတောင် မစိုးရိမ်တာ အစ်ကိုတို့လည်း မစိုးရိမ်ကြပါနဲ့ မကြာခင်ကို ညီမမိဘအကြောင်းကို ပြောမယ်လို့ ရင်လင်းပြောပြတယ် အဲတော့ ညီမလည်း မြန်မြန်ပြန်ကောင်းရမယ် တော်ပြီ တော်ပြီ” ရှီမာယူယူ သည် လက်ရမ်းရင်း မစိုးရိမ်ရန်ပြောလေသည်။
“အဲမတိုင်ခင်အထိ ဘာလုပ်မှာလဲ” ရှီမာယူလင်း မေးလိုက်သည်။
“ဝိညာဉ်စွမ်းအင်မရှိဘဲ ငါလုပ်နိုင်တာ ဘာမှမရှိဘူး” ရှီမာယူယူ ပြော လိုက်သည်။ “ငါ စာအုပ်ဖတ်မယ် အစားစားရင်းနဲ့ အချိန်ဖြုန်းမယ် အာဟာရ ဖြည့်ရင်းကနေ ဝိညာဉ်စွမ်းအင်ပြန်ရနိုင်မလား ကြည့်ရမယ် ဘယ်သူသိနိုင် မလဲ လုပ်လို့ရရင်ရနေမှာ”
“….” ထိုစကားသည် အားလုံးကိုဆွံ့အသွားစေသည်။ ဒီကောင်မလေး တော့ ထူးဆန်းတာတွေ လုပ်ပြန်ပြီ။
“ဒါဆိုရင် ဖတ်ချင်တဲ့စာအုပ်ရှိလား နင့်အတွက်ယူလာပေးမယ်” ရှီမာယူလီ မေးလိုက်သည်။
“မလိုဘူးရယ် ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ စာအုပ်တွေဖတ်မလို့” ရှီမာယူယူ ပြောလိုက်သည်။ “ဟုတ်သားပဲ ပြောရင်းနဲ့ ဖက်တီး ငါ နင့်ကို နောက်မှ စာအုပ်တစ်အုပ်ပေးဦးမယ် နင့်အတွက်သေချာပေါက် အသုံးဝင်မှာ ရယ်”
“အင်း”
ရှီမာယူယူသည် သူမ အစ်ကိုများဘက်လှည့်ကာ မေးလိုက်သည် “အစ်ကိုတို့ သင်ချင်တာရှိလား ညီမသင်ပေးမယ်”
“ငါတို့လား” သူမ အစ်ကိုများသည် မှင်တက်သွားကြသည်။
“ဟုတ်တယ်လေ အရင်က အစ်ကိုတို့တွေ အလုပ်များတာသိတယ် ညီမ အများကြီးရထားတယ် ဒါပေမဲ့ မေးဖို့အချိန်မရှိခဲ့ဘူး” ရှီမာယူယူ ပြောလိုက် သည်။ “အခုအချိန်ရပြီ အဲတော့ သင်ချင်တာရှိရင် ညီမကိုအချိန်နည်းနည်းပဲ ဖဲ့ပေး သေချာတာတော့ လက်နက်သန့်စင်တာကိုမသိဘူးနော်”
“အခုမှသင်ရင် နောက်ကျမနေဘူးလား” ရှီမာယူမင် မေးလိုက်သည်။
တခြားသူများသည် သင်ယူမှုကို အသက် ၆နှစ်မှ ၁၇နှစ်အရွယ် ကလေးအရွယ်မှစခဲ့ကြသည်။ နည်းနည်းနောက်ကျနေပြီလေ။
“အဲလိုတော့မဟုတ်ဘူး တစ်ဘဝလုံးနဲ့ယှဉ်ရင် အဲနှစ်နည်းနည်းလောက် ကဘာမို့လို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် အခုသင်မယ်ဆို ရင် ကိုယ့်အတွက် အကျိုးကျေးဇူးတွေရှိတယ်”
“ဘာအကျိုးကျေးဇူးတွေရလာမှာလဲ” ရှီမာယူလီ စဉ်းစားကြည့်သည်။ သူ့တွင် ထိုကဲ့သို့အရည်အချင်းမရှိခဲ့ပေ။
ရှီမာယူယူသည် ထိုင်ချပြီး သူတို့ကိုပြောလိုက်သည် “ဒီနှစ်တွေမှာ အစ်ကိုတို့ စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအင်တွေက အဆက်မပြတ်အားကောင်းခဲ့ တယ်၊ ခိုင်မာတဲ့ စိတ်စွမ်းအင်နဲ့ သင်ရင် ပိုပြီးမြန်မြန်မှတ်မိနိုင်တယ် ချက်ချင်း မမှတ်မိနိုင်ရင်တောင် နည်းနည်းကြည့်လိုက်ရင် မှတ်မိနိုင်မှာပါ”
“အမှန်ပဲ” ရှီမာယူချီ ပြောလိုက်သည်။
စိတ်စွမ်းအင်အားကောင်းမှုနှင့်ဆိုလျှင် သူတို့သည် မှတ်နိုင်စွမ်းမြန်နိုင် သည်။
“ပြီးတော့ သန်မာတဲ့ဝိညာဉ်နဲ့ဆိုရင် ထိန်းချုပ်ရတာပိုကောင်းမယ် သန့်စင်မှုကိုပြောပြမယ် ဥပမာဆိုရင် အဲဒါကိုထိန်းချုပ်ရတာ ပိုလွယ်သွားမယ်” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုတို့ စိတ်စွမ်းအားက သာမန်လူကို ဖိနှိပ် နိုင်တယ် အခုမှစတာဆိုရင်တောင် နောက်မကျသေးဘူး ထက်တဲ့ဓားသွားက သစ်သားခုတ်ရင် မနှေးနိုင်ပါဘူး”
အားလုံးစဉ်းစားကြည့်ရာ ထိုစကားသည်မှန်နေသည်။
“ယူယူ ပြောတာမှန်တယ် အခုမှစရင်တောင် အကျိုးရှိနိုင်သေးတယ်” ဝေကျိရွှီ ပြောလိုက်သည်။
“တကယ်လို့ လက်နက်သန့်စင်တာသင်ချင်ရင် ကျွန်တော့်ကိုသာ ရှာ လိုက် အရမ်းကြီးမကောင်းရင်တောင် အခြေခံလောက်ကိုရင်းနှီးပါတယ်” ဖက်တီးကျူ ပြောလိုက်သည် “တခြားဟာအကုန်လုံးကို ယူယူ့ဆီက သင်လို့ ရတယ် တခြားဘက်မှာကျ သူမကပိုကောင်းတယ်”
ရှီမာယူမင်နှင့် တခြားသူများ စဉ်းစားကြည့်ရာ တွေးလိုက်သည်နှင့်ပင် သိနိုင်သည်။ သူတို့ အားလပ်ချိန်တွင် ပညာအသစ်သင်ခြင်းသည် မဆိုးလှ ပေ။
“ဒါဆိုရင် ဖြေရှင်းပြီးပြီနော်” ရှီမာယူယူ ပြောလိုက်သည် “ဟူး နည်းနည်း လောက်စကားလေးပြောလိုက်တာနဲ့ ဘာလို့ဗိုက်ဆာလာတာပါလိမ့်”
“….”
“ယူယူ နင်အဲလို ဆက်တိုက်စားသွားလို့မရဘူး” သူမ ဝိညာဉ်အသီး ထုတ်ပြီး ကိုက်လိုက်သည်ကို ရှီမာယူလင်း မြင်လိုက်သည်။ “ဆေးစားကြည့်ပါ လား အဲဒါတွေက ပိုအားပြည့်တယ် မပြတ်တမ်းစားဖို့လည်းမလိုဘူး”
ရှီမာယူယူ စဉ်းစားကြည့်လိုက်သည်။ “အဓိပ္ပာယ်ရှိတယ် ဘေဂုံ နင်တို့ ပြန်ရောက်တာနဲ့ ငါ့ကိုဆေးဖော်ပေးဦး ငါဗိုက်ပြည့်စေမဲ့ဟာဆို ရပြီ”
“အင်း” ဘေဂုံထန် သဘောတူလိုက်သည်။
ဆေးဖော်ပေးသည်က သူမကို နေ့တိုင်းချက်ပြုတ်ပေးသည်ထက် ပို ကောင်းသည်။
နောက်ပိုင်းရက်များတွင် ရှီမာညီအစ်ကိုများသည် ဝိညာဉ်စေတီအတွင်း တွင် လေ့လာရန် နေကြလေသည်။ ရှီမာယူယူ အပြင်မှာရှိနေသဖြင့် သူတို့ မသိသည့်အရာဆိုလျှင် သူမကို အချိန်မရွေးမေးနိုင်သည်။ သူမသည် အသိ စိတ်တစ်ခုပို့ပေးလိုက်ရုံပင်ဖြစ်သည်။
လက်နက်သန့်စင်မှု စာပေကို သူမ ဖက်တီးကျူကို ပေးဖတ်လိုက်သည်။ ထိုစာကိုမြင်သောအခါ ဖက်တီးကျူသည် ချက်ချင်းပင် တန်ဖိုးကိုသိလိုက် သည်။ သူသည် ပျော်ရွှင်ကာ ရှီမာယူယူကို ဖက်ပြီး လှည့်လုနီးပါးဖြစ်သွား သည်။ နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းနိုင်၍တော်သေးသည်။ မဟတု်လျှင် အနီးအနားမှ သူမ အစ်ကိုများသည် သူ့ကိုရိုက်လိမ့်မည်။
ရက်အနည်းငယ်အကြာတွင် အသည်းကွဲတောင်ကြား ရာထူးမြင့်များ အစည်းအဝေးရှိလေသည်။ အမြဲတမ်း ပျက်ကွက်ခဲ့သော သူမသည် တစ်ခါ တော့တက်ရန်သွားလိုက်သည်။
အားလုံးသည် သူမကိုမြင်သောအခါ အံ့သြကြသည်။ နီအန်းယီ နောက်ဆုံးတွင် မေးလိုက်သည်။ “ဆရာ ဒီနေ့ ဘာလာလုပ်တာလဲ”
“မင်းတို့တွေ အစည်းအဝေးလုပ်မယ်ဆိုတာ ကြားလို့ နားထောင်ဖို့လာ ခဲ့တာ” ရှီမာယူယူသည် တွေ့ကရာခုံတစ်ခုံရှာကာ ထိုင်ရင်းနှင့် ပြောလိုက် သည် “ကိုယ့်ကိစ္စကိုယ် ဆက်လုပ်ပါ ငါ့ကိုဂရုစိုက်စရာမလိုဘူး”
***