← Chapters

ဖိအားအောက်မှ စီးပွားရေး

Vol. 89 Ch. 1233

ဖိအားအောက်မှ စီးပွားရေး

Vol. 89 Ch. 1233

ရှီမန်ဖန်သည် ဝိညာဉ်အသီးကို အသံမြည်အောင်ဝါးနေသော အစ်မဖြစ် သူကိုကြည့်ပြီး ပြုံးလိုက်သည်။

တခြားသူများ၏ မျက်လုံးများတွင်လည်း အပြုံးများရှိနေကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမအတွက် စိတ်မကောင်းဖြစ်မိလေသည်။

သူမသည် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့သည်။ သို့သော် အခုချိန်တွင် နေ့တိုင်း အစားအစာများစားနေရသည်။ ယာယီဖြစ်သည်ကို သိကြ သော်လည်း သူမအတွက် စိတ်မကောင်းဖြစ်တုန်းပင်။

ရှီမာယူယူသည် သူမ လက်ထဲမှ ဝိညာဉ်အသီးကို အားလုံးကြည့်နေ သည်ကို သိသဖြင့် အကူအညီမဲ့စွာ ပြောလိုက်သည် “ပုံမှန်ထက် ဗိုက်ဆာနေ လို့ပါ ဆေးသောက်တာက အရသာမရှိဘူး ဒီအတိုင်းသာလျစ်လျူရှုလိုက်”

“အဟမ်း… အစ်မကြီး ပြဿနာရှိလို့လား” ရှီမန်ဖန် မေးလိုက်သည်။

“အဘိုးဘိုင်ပို့လိုက်တဲ့ အချက်အလက်ကိုမြင်လိုက်တယ် ဒီနေ့ မင်းတို့ အစည်းအဝေးရှိတယ်ကြားလို့ ဒီအတိုင်းပဲ လာထိုင်ပြီးနားထောင်တာ” ရှီမာယူယူ ပြောလိုက်သည်။

“သတင်းအချက်အလက်တွေက ဒီလောက်များတာ အကုန်ဖတ်ပြီးသွား ပြီလား” ဘိုင်ရှန်းသည် သံသယဖြင့်မေးလေသည်။

စာရင်းနှင့်အချက်အလက်များသည် တစ်မီတာအထူရှိသော စာရွက်ပုံ နှစ်ပုံရှိသည်။ ဒါပေမဲ့ အဲဒါကို သူမ နှစ်ရက်တည်းနဲ့အကုန်ဖတ်လို့ပြီးသွားတာ လား။

“အကုန်ဖတ်ပြီးပါပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးအောင် ဖတ် ဖို့က နှစ်ရက်ဆိုလုံလောက်ပါပြီ”

“….” တကယ့်ကိုပါရမီရှင်ပဲ…

ဘိုင်ရှန်းသည် စိတ်ထဲမှ လှောင်ပြောင်မိသည်။ သူပြန်လာပြီး ဒုတိယ မြောက်နေ့တွင် ပို့လာသော အချက်အလက်များကို လေးရက်မှ ငါးရက်အချိန် ယူဖတ်ပြီးမှ ငါးရက်မှ ခြောက်ရက်အချိန်ယူဖတ်ရသည့် ရှီမန်ဖန်ကိုပေးခဲ့ သည်။ သူမ လက်ထဲရောက်သောအခါ နှစ်ရက်နှင့်ပြီးအောင်ဖတ်ခဲ့သည်။

သို့သော် စဉ်းစားကြည့်ရာ သူမသည် စိတ်စွမ်းအား သန်မာသည်။ စာကြောင်း ၁၀ကြောင်းလောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မှတ်မိနိုင် ရာ သည်လောက်အရှိန်နှုန်းသည် သူမအတွက် သာမန်သာဖြစ်သည်။

သူမသည် အမြဲတမ်း အများနှင့် ဆန့်ကျင်တတ်သော ပါရမီရှင်ဖြစ် သည်။

“အစ်မကြီး စာရင်းတွေနဲ့ အချက်အလက်တွေကို ဖတ်ပြီးမှတော့ ဘယ်လိုထင်လဲ” ရှီမန်ဖန် မေးလိုက်သည်။

“ဘယ်လိုထင်လဲဆိုတော့ တချို့တော့ရှိတယ်” ရှီမာယူယူ ဆက်ပြော လေသည်။ “အရင်ဆုံး လျူလျန်ချိုင်ကို စီးပွားရေးစီမံခိုင်းတဲ့အတွက် အဘိုးဘိုင်ကို ချီးကျူးရမယ် သူက တကယ်အရည်အချင်းရှိတယ်၊ ငါတို့ မရှိ တုန်း နှစ် ၂၀ အတွင်းကို ဆိုင်နှစ်ဆတက်အောင် လုပ်ပေးနိုင်ခဲ့တယ် အဂ္ဂိရတ် ပညာရှင်အသင်း၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ ချင်မျိုးနွယ်ရဲ့ အထောက်အပံ့ ရှိတယ်ဆိုပေမဲ့ သူ့ဦးဆောင်မှုမရှိဘဲ ဒီလိုရလဒ်ရမှာမဟုတ် ဘူး”

“လျူလျန်ချိုင်က တကယ့်ကို စီးပွားရေးမှာပါရမီရှင်ပါပဲ” ရှီမန်ဖန် သဘောတူစွာဖြင့် ပြောလိုက်သည် “အဲဒါအတွက် အဘိုးဘိုင်ကို တကယ် ကျေးဇူးတင်ရမယ်”

လျူလျန်ချိုင်သည် အရင်သွေးမိစ္ဆာမြို့တော်မှဖြစ်ကာ လောင်ဘိုင်နှင့် သိကျွမ်းသည်မှာ အတော်ကြာပြီဖြစ်သည်။ စီးပွားရေးစီမံရန် အဘိုးဘိုင်လူရှာ ရာတွင် သူ့ကို တိုက်ရိုက်မေးခဲ့ခြင်းဖြစ်သည်။

ရှီမာယူယူနှင့် တခြားသူများသည် အစပိုင်းတွင် သူ့ကိုမသိခဲ့ပေ။ သူတို့ သူ့ကိုမြင်သောအခါ သူသည် ပိန်ပိန်ပါးပါးနှင့် ထိုရာထူးကိုယူနိုင်သည့် အရည်အသွေးရှိသလားဆိုသည်ကို မသေချာဖြစ်ခဲ့သည်။

သို့သော် အဘိုးဘိုင်မှ သူ့ကိုယုံသဖြင့် သူမနှင့် ရှီမန်ဖန်တို့သည် မကန့်ကွက်ခဲ့ပေ။ သူတို့ပြန်လာသည်နှင့် အံ့သြမှုကိုပေးစွမ်းလိမ့်မည်ဟု ထင် မထားခဲ့ကြပေ။

“သြော် ဟုတ်သားပဲ သူ့ကိုမမြင်မိပါလား” ရှီမာယူယူ မေးလိုက်သည်။

“သူ ပြီးခဲ့တဲ့ နှစ်ရက်ကထွက်သွားလိုက်ပြီ၊ အရှေ့တောင်ကြောမှာ တစ်ခုခုဖြစ်လို့လဲ” ဘိုင်ရှန်းသည် ပြောရင်းနှင့် မျက်ခုံးပင့်လေသည်။

“အဲဒီမြို့မှာ တစ်ခုခုဖြစ်သလိုမျိုး အခြေအနေတွေ ထူးဆန်းတယ်လို့ လျန်ချိုင်ထွက်မသွားခင်ပြောခဲ့တယ် ဒါပေမဲ့ ဘာဖြစ်လဲဆိုတာတော့ သူလည်း အတိအကျမသိဘူး ပြီးခဲ့တဲ့ နှစ်ရက်မှာလည်း ဘာသတင်းမှမရခဲ့ ဘူး” ဘိုင်ရှန်း ပြောလေသည်။

“အဲဒီကအခြေအနေကို အနီးကပ်လိုက်ပါ တစ်ခုခုလိုတာရှိရင် ဂိုဏ်းက အပြည့်အဝ ထောက်ပံ့မှာပါ” ရှီမန်ဖန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ တောင်ကြားခေါင်းဆောင်” ဘိုင်ရှန်း ပြန်ဖြေလေသည်။

ထိုအချိန်တွင် အရှေ့တောင်ကြောတွင် မည်သည့်ကိစ္စများဖြစ်သည်ကို မည်သူမှ မသိကြပေ။ ထိုနေရာ၏ အခြေအနေမှာ မပြင်းထန်ဟုယူဆသဖြင့် ဘိုင်ရှန်းပင်လျှင် ထည့်သွင်းမစဉ်းစားခဲ့ပေ။

“လျူလျန်ချိုင်ကို ချီးကျူးတာအပြင် အစ်မကြီး တခြားထင်မြင်ချက်ရှိ လား” ရှီမန်ဖန် မေးလေသည်။

“ဒါက မင်းအစည်းအဝေးပဲ ငါ ဒီအတိုင်းပဲနားထောင်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့က ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကို ဘယ်လိုရှင်းရမလဲဆို တာ ဆွေးနွေးနေတာ” ရှီမန်ဖန် ဆက်ပြောလေသည်။ “ထာဝရရှင်သန်သူ နယ်မြေက သူတို့အဖွဲ့ဝင်တွေကို ရှင်းလိုက်နိုင်ပေမဲ့ အပြင်ကရှိတဲ့အဖွဲ့ဝင် တွေက အကုန်ဖျက်ဆီးပြီးသွားလာနေတုန်းပဲ အားလုံးက ကျုံကျန်းမျိုးနွယ်ကို ချေမှုန်းရမယ်လို့ တွေးကြတယ် ဒါပေမဲ့ သူတို့အထောက်အပံ့ကို ဘယ်ကရလဲ ဆိုတာ မသေချာဘူး သူတိုပက ရင်ယန်နန်းတော်နဲ့ အကြာကြီးတိုက်ခိုက်လာ တာကို ပြိုပျက်သွားတာမျိုးမရှိဘူး…”

ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်အခြေအနေနှင့် ပတ်သတ်ပြီး ရှီမာယူယူ သိသည် မသိသည်ကို ရှီမန်ဖန်မသေချာသဖြင့် အကျဉ်းချုံးရှင်းပြ လေသည်။

ရှီမာယူယူသည် ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်ဆိုင်များ၏ အချက်အလက်ကိုသာ သိကာ ထိုသတင်းများကို မသိပေ။ သူမသည် ရှီမန်ဖန် ပြောလိုက်သော စကားကိုကြားပြီးနောက်တွင် အတွင်းပိုင်းဒေသမှ အရိပ်အင်အားစုကို သွားသတိရမိသည်။

မကြာသေးမီ ဆယ်စုနှစ်များတွင် အင်အားစုတော်တော်များများရှိခဲ့ရာ ကျုံကျန်းမျိုးနွယ်ကို ထောက်ပံ့နေသည့် အမည်မသိများအကြောင်း ကြားခဲ့ရာ တိတ်တဆိတ်တွေးနေမိသေးသည်။

သူတို့က တကယ်ပဲ ဘယ်အင်အားစုကလဲ။ ဒီလိုကိစ္စတွေမှာ ဆက်တိုက်ပါဝင်နေတာ သူတို့ရည်ရွယ်ချက်ကဘာလဲ။

“တောင်ကြားဒုခေါင်းဆောင် ဒါကိုဘယ်လိုမြင်လဲ”

ဖန်ခိုင်၏ အသံသည် သူမ အတွေးထဲမြောနေရာမှ ပြန်သတိဝင်စေ သည်။ သူမ သတိပြန်ဝင်လာသောခါ ဝိညာဉ်အသီးသည် ပါးစပ်ထဲတွင် အတန်ကြာအောင် ရှိနေသည်ကို သိလိုက်ရသည်။

သူမသည် ဝိညာဉ်အသီးကိုချပြီး ပြောလိုက်သည် “သူတို့က တစ်ယောက်နဲ့တစ်ယောက် တိုက်ကြမှတော့ ငါတို့က အလောတကြီးတိုက်ဖို့ မလိုဘူးထင်တယ်၊ အခုဖြစ်ပျက်နေတာကို ကြည့်ရင် ကျုံကျန်းမျိုးနွယ်ကို ကူညီပေးတဲ့သူရှိနေတယ်၊ ရင်ယန်နန်းတော်မှာလည်း နောက်ခံရှိမှာပဲ မဟုတ်ရင် အထောက်အပံ့ရှိတဲ့ ကျုံကျန်းမျိုးနွယ်နဲ့ တိုက်ပွဲက ဒီလောက် မကြာနိုင်ဘူး”

“ငါတို့လည်း အဲဒါတွေးမိတယ် ဒါဆိုရင် အဲဒါပြီးရင် ငါတို့ဘာလုပ်ကြမှာ လဲ”

“ငါတို့ စီးပွားရေးက ကောင်းကောင်းဖွံ့ဖြိုးနေပြီဆိုတော့ သူတို့ဆိုင်ကို အမြတ်ယူရမှာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့အတွက် မခက် ဘူးဆိုတာ ငါယုံတယ် ဟုတ်တယ်မလား ဖန်အာ ဘယ်လိုထင်လဲ”

“တကယ်တော့ အစ်မ မလာခင်ကို ဆွေးနွေးပြီးပါပြီ” ရှီမန်ဖန် ဆက် ပြောလေသည် “ငါတို့ဆွေးနွေးတာလည်း အခုနင်ပြောတာနဲ့ ဆင်တယ် သူတို့ စီးပွားရေးကို အရင်ရှင်းပြီး သူတို့ရဲ့အမြစ်နဲ့အရင်းအမြစ်ကို စားဖို့လုပ်ထား တယ်”

“အကုန်ဆွေးနွေးပြီးပြီဆိုမှတော့ ဘာလို့ငါ့အမြင်ကို မေးနေသေးတာလဲ” ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်သည်။

“ဆရာ ဘယ်လိုစဉ်းစားလဲဆိုတာ ကျွန်တော်တို့သိချင်လို့မရဘူးလား” ဖန်ခိုင် ဆက်ပြောလေသည် “အကုန်လုံးက သဘောတူပြီဆိုတော့ အစီအစဉ် ဆွဲလို့ရပြီ”

ရှီမာယူယူသည် သူတို့ကို အစီအစဉ်ဆွဲနည်းကို သင်ပေးခဲ့သည်။ သူမ ပထမဆုံး အဖွဲ့တည်ထောင်စဉ်က အစီအစဉ်ကိုပြခဲ့ဖူးသည်။

“အဲဒါကို လျူလျန်ချိုင်ပြန်လာမှ ပြောတာကောင်းမယ်လို့ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့က သူ့လိုစီးပွားရေးအမြင်မရှိတော့ အဲအင်အားစုနှစ်စုရဲ့ စီးပွားရေးက ဘယ်လိုရှိလဲဆိုတာ သူ့လောက်မသိဘူး လေ”

“အမှန်ပဲ” ဘိုင်ရှန်း ဆက်ပြောလေသည် “ကနဦးအစီအစဉ်ကို အရင် လုပ်သင့်တယ် ပြီးမှ လျူလျန်ချိုင်ပြန်လာမှပြောကြတာပေါ့”

“ရတယ်လေ”

ထိုအခိုက်တွင် အစောင့်တစ်ယောက်ဝင်လာပြီး ရှီမန်ဖန်ကို အရိုအသေ ပေးကာ ပြောလေသည် “တောင်ကြားခေါင်းဆောင် လက်နက်ပညာရှင် အသင်းက တောင်ကြားဒုခေါင်းဆောင်ကို တွေ့ချင်တယ်ဆိုပြီး အသည်းကွဲ တောင်ကြားအပြင်မှာ လူတစ်ယောက်ရောက်နေပါတယ်”

“လက်နက်သခင်များအသင်းအဖွဲ့ဝင်က ငါ့ကိုတွေ့ချင်တယ်ဟုတ်လား” ရှီမာယူယူ အတွေးဟာသွားက ရှောင်ဟုန်ကိုတွေးမိပြီးပြောလိုက်သည် “သူ့ကို တစ်ခါသုံး အဆိပ်ဖြေဆေးပေးပြီး ခေါ်လာခဲ့လိုက်”

“ဟုတ်ကဲ့ တောင်ကြားဒုခေါင်းဆောင်”

ထိုအစောင့်ပြန်သွားပြီး လျင်မြန်စွာပင် လူတစ်ယောက်ခေါ်ပြီးဝင်လာ လေသည်။

“ကျွန်တော်က ရှောင်ယိပါ မိန်းကလေး” ရှောင်ယိသည် ဝင်လာ ပြီးနောက် ရှီမာယူယူကို အရိုအသေပေးကာ သူ့ကိုယ်သူမိတ်ဆက်လေသည် “မိန်းကလေးယူယူ ကျွန်တော်တို့ သခင်မလေးက ဒီကမိန်းကလေးကို ပစ္စည်း တစ်ခုပေးလိုက်လို့ပါ”

***

All Chapters