← Chapters

လက်နက်သခင်များအသင်း၏ ဖိတ်ကြားမှု

Vol. 89 Ch. 1234

လက်နက်သခင်များအသင်း၏ ဖိတ်ကြားမှု

Vol. 89 Ch. 1234

ရှောင်ယိသည် သေတ္တာတစ်လုံးထုတ်လာရာ ရှီမာယူယူ သွားပြီး ဖွင့်ကြည့်လိုက်သည်နှင့် ဖိတ်စာတစ်စောင့်နှင့် အသံကျောက်တုံးရှိနေသည် ကိုမြင်လိုက်ရသည်။

ရှီမာယူယူသည် အသံကျောက်တုံးကို အကူအညီမဲ့စွာကြည့်လိုက် သည်။ ထိုပစ္စည်းသည် နားထောင်ရန် ဝိညာဉ်စွမ်းအင်လိုသည်။ သို့သော် အခုချိန် သူမတွင် ဝိညာဉ်စွမ်းအင်မရှိသဖြင့် ဖွင့်ပင်မဖွင့်နိုင်ပေ။

သူမသည် အသံကျောက်တုံးကို မတတ်သာစွာဖြင့် ဒိုင်ယိကို ကမ်းပေး လိုက်သည် “ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

သူမသည် ရုတ်တရက် တစ်စုံတစ်ရာကိုစဉ်းစားမိပြီး ရှောင်ယိဘက် လှည့်လိုက်သည် “ကျွန်မ တစ်ယောက်တည်း နားထောင်ဖို့တော့ သူမ မပြော လိုက်ဘူးမလား”

ရှောင်ယိသည် မျက်တောင်ခတ်ပြီး စဉ်းစားကြည့်ပြီးနောက် ပြောလိုက် သည် “မပြောလိုက်ပါဘူး”

“ဒါဆို ကောင်းတယ် ဒိုင်ယိ လာခဲ့ပါဦး” ရှီမာယူယူ ပြောလိုက်သည်။

ဒိုင်ယိသည် ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ အထဲမှ ရှောင်ဟုန်၏ အသံ ထွက်လာသည်။

“ယူယူ ငါတို့ခွဲခွာတာကြာနေတော့ လွမ်းနေသေးရဲ့လား ဘုရားရေ ငါ ကတော့ နင့်ကိုအရမ်းလွမ်းတာပဲ ငါ နင့်ကို ဒီလောက်လွမ်းနေတယ်လို့ စဉ်းစားရင် နင်လည်း ငါ့ကိုသေချာပေါက် လွမ်းမှာပဲ”

“ဟီးဟီး…”

“အဟမ်း…” ရှီမာယူယူသည် သူမကို စနောက်သောလူများကို စိုက် ကြည့်လိုက်သည်။

“နင်လည်း ငါ့ကိုလွမ်းမယ်ဆိုတာ သိတယ် ဒါပေမဲ့ နင်က ကစားဖို့ တောင် အချိန်မရှိဘူးမလား ဒါပေမဲ့ ဒီနေ့တော့ နင့်ကိုပြောစရာရှိလို့ နင် မငြင်း ရဘူးနော်” ရှောင်ဟုန်၏ အသံသည် ဆက်ထွက်နေသည် “သေတ္တာထဲက ဖိတ်စာကတ်ကိုမြင်လား အဲဒီဖိတ်စာက ငါ့အဖေရဲ့ ဆက်ခံမှုအခမ်းအနားပဲ အခု နင် လာဖို့ ငါ တရားဝင်ဖိတ်လိုက်တာ၊ ဒီဖိတ်စာကို ငါ့အဖေက လက်နဲ့ကိုယ် တိုင်ရေးထားတာ မငြင်းတာကောင်းလိမ့်မယ်နော် ငါတို့် နောက်နှစ်လနေရင် တွေ့မယ် ငါမျှော်နေမယ်နော်”

ရှောင်ဟုန်၏ အသံသည် ထိုနေရာတွင် ရပ်သွားပြီး အသံကျောက်တုံး သည် ငြိမ်ကျသွားလေသည်။

ရှီမာယူယူသည် ဖိတ်စာကိုယူပြီး ဖွင့်ဖတ်လိုက်ရာ အထဲတွင် ဟော်ချန်းဒုံ၏ ဆက်ခံသူအခမ်းအနားသည် နောက်နှစ်လတွင် ကျင်းပမည့် အကြောင်းကိုရေးထားသည်။ သူမနှင့် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ ကို တက်ရောက်ရန် ဖိတ်ကြားထားသည်။

သူမသည် ဖိတ်စာကိုချပြီး ပြောလိုက်သည် “ကျွန်မတို့ ဒီဖိတ်စာကို လက်ခံလိုက်ပါပြီ အချိန်မှီရောက်အောင်လာခဲ့ပါမယ် ဒါပေမဲ့ အခု သိချင်တာ က ထာဝရရှင်သန်သူနယ်မြေကထွက်လာတာမကြာသေးဘူး ဘာလို့ ဆက်ခံ သူ အခမ်းအနားကို ဒီလောက်အမြန်ကြီးကျင်းပတာလဲ”

ရှီမာယူယူ အားကောင်းကြောင်းကို ထာဝရရှင်သန်သူ နယ်မြေမှပြန်လာ သူများဆီမှ ရှောင်ယိကြားထားရာ အသံကျောက်တုံးဖွင့်ရန်အတွက် သူမ ဘာကြောင့် ဒိုင်ယိကိုလိုအပ်သည်ကို သိချင်နေသော်ငြား သူမ မည်သို့ပုံစံရှိ သည်ကို သူသိသည်။

သူမ အားကောင်းသည်ကို သူ မယုံသော်လည်း ရှောင်ဟုန်ခန္ဓာကိုယ် ပြောင်းလဲမှုသည် မညာနိုင်ပေ။ သူမ ထာဝရရှင်သန်သူနယ်မြေမှ ပြန်လာ သည်နှင့် အပြောင်းအလဲမှာ သိသာလွန်းသဖြင့် သူတို့အားလုံး သတိထားမိ ကြသည်။

“ဒီလိုပါ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ ဥက္ကဌကြီးက ဓားပြတွေလက် ထဲမှာ ဆုံးပါးသွားပါတယ်” ရှောင်ယိ ဆက်ပြောလေသည် “ကျွန်တော်တို့ အဖွဲ့က လက်ရှိမှာ ခေါင်းဆောင်မရှိဘူး အဲဒါကြောင့် ဒုဥက္ကဌကို ဥက္ကဌနေရာ ယူဖို့ အလောတကြီးစီစဉ်လိုက်တာပါ”

“မင်းတို့ ဥက္ကဌကြီးက အသတ်ခံလိုက်ရတာလား ဘယ်လိုဖြစ်တာလဲ”

ထိုနေရာရှိ လူများသည် လန့်သွားကြသည်။ ထိုသတင်းမျိုး ကြားဖူးခြင်း မရှိပေ။

“ပြန်လာပြီး လနည်းနည်းကြတော့ပါ” ရှောင်ယိ ပြောလေသည် “အရင် ကလည်း ဖြစ်ဖူးတယ် ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး ဒါပေမဲ့ ဒီတစ်ခေါက်တော့…”

“ဘယ်သူလုပ်တာလဲဆိုတာ သိလား” ရှီမန်ဖန် မေးခွန်းထုတ်လေ သည်။

“သဲလွန်စတချို့တော့ရှိပါတယ် ဒါပေမဲ့ စစ်ဆေးနေတုန်းပါ” ရှောင်ယိ ပြန်ဖြေလေသည်။

ထိုတုန့်ပြန်မှုသည် တရားဝင်ဖြစ်ကြောင်း ရှီမာယူယူ သိသည်။ ဆိုလို သည်မှာ အတွင်းသတင်းသည် အပြင်ပေါက်ကြား၍မဖြစ်ပေ။

အားလုံးသည် နားလည်သင့်သလောက် နားလည်ကြသည်။

“အဝေးကြီးက လာမှတော့ ဒီမှာ ရက်နည်းနည်းလောက်တည်းပေါ့ အန်းယိ အဖော်ပြုပြီး သောက်စရာတွေနဲ့ ဧည့်ခံလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“အသင်းကအဖွဲ့ဝင်တွေက အသည်းကွဲတောင်ကြားအကြောင်းကို အမြဲတမ်းသိချင်နေကြတာ၊ မိန်းကလေးယူယူ တောင်းဆိုမှတော့ ငြင်းလိုက် ရင်မယဉ်ကျေးရာ ကျသွားပါလိမ့်မယ်” ရှောင်ယိ ပြန်ဖြေလေသည်။

“ဖန်ခိုင် ရှီချန်း အန်းယိ ဧည့်သည်ကို ဧည့်ခံပြီးတောင်ကြားကို ပတ်ပြ လိုက်ပါဦး သောက်စရာလည်း ပေးလိုက်ပါ” ရှီမာယူယူသည် သူတို့ကို တစ်ချက်ကြည့်လိုက်ရာ အားလုံးသည် ချက်ချင်းပင် နားလည်သွားကြလေ သည်။

နီအန်းယိသည် ရှေ့ထွက်လာပြီး ရှောင်ယိ၏ ပခုံးကိုဆွဲကာ ရယ်မော ရင်းပြောလိုက်သည် “အစ်ကိုကြီးရှောင် အရင်က အသည်းကွဲတောင်ကြားကို အပြင်လူကိုမဖိတ်ဖူးဘူး၊ ပြောရဦးမယ် ဒီကရှုခင်းက အရမ်းလှတယ် တခြား သူတွေမြင်ရမှာမဟုတ်ဘူး”

“ကျွန်တော် ကံကောင်းလို့ဖြစ်ပါလိမ့်မယ်” ရှောင်ယိ ပြောလေသည်။

“ကံကောင်းတာပေါ့ ကျွန်တော်ပြောမယ် ဒီကရှုခင်းတွေလှတဲ့အပြင် ဝိုင်ကောင်းကောင်းလည်းရှိတယ် အမှတ်တရစားသောက်ဆိုင်က အသီးဝိုင် လေ ကြားဖူးလား ဒီမှာ သောက်ချင်သလောက်သောက်လို့ရတယ် သူငယ်ချင်းတွေအတွက်ပါ ယူချင်ယူသွားလို့ရတယ်…”

နီအန်းယိသည် ရှောင်ယိနှင့်အတူထွက်သွားရာ ရှီမာယူယူသည် ဖိတ်စာနှင့် အသံကျောက်တုံးကို သိမ်းရန်ပြင်လိုက်သည်။

“တောင်ကြားဒုခေါင်းဆောင် ကျုပ် ဖိတ်စာကိုကြည့်လို့ရမလား” ဘိုင်ရှန်း အသံထွက်လာသည်။

“ရတာပေါ့” ရှီမာယူယူသည် ဖိတ်စာကို ဘိုင်ရှန်းလက်ထဲသို့ ပစ်ထည့် ပေးလိုက်သည်။

ဝိညာဉ်စွမ်းအင်မရှိသော်လည်း ထိုအရာမှာ သူမအတွက် ဘာမှမဟုတ် ပေ။

ဘိုင်ရှန်းသည် ဖိတ်စာကတ်ကို ဖြန့်ကာ အသေးစိတ်ကြည့်လေသည်။

“အဘိုးဘိုင် ဖိတ်စာကတ်က တစ်ခုခုဖြစ်လို့လား” သူ ဖိတ်စာကတ်ကို အပြန်ပြန်အလှန်လှန် ကြည့်နေသည်ကိုမြင်သောအခါ ဖန်ကျိ မေးလိုက် သည်။

“လက်နက်သခင်အသင်းရဲ့ ဖိတ်စာကတ်က အဆင့်အလိုက် ခွဲခြား ထားတယ်လို့ ကြားဖူးတယ် တောင်ကြားဒုခေါင်းဆောင်ရဲ့ အဆင့်က ဘာလဲ ဆိုတာသိချင်လို့ပါ” ဘိုင်ရှန်း ပြောလိုက်သည်။

“အိုး… ကျွန်မ အဆင့်က ဘာပါလိမ့်” ရှီမာယူယူလည်း သိချင်မိသည်။

“အဆင့်မြင့် အထူးဧည့်သည်တွေအတွက် ဖိတ်စာကတ်မဟုတ်ပေမဲ့ ဒုတိယအဆင့် အရေးကြီးပုဂ္ဂိုလ်တွေအတွက် ဖြစ်နေတုန်းပါပဲ” ဘိုင်ရှန်း ဆက်ပြေောလသည် “ကြည့်ရတာ ဟော်ချန်းဒုံက ဒုခေါင်းဆောင်ကို အရမ်း မျှော်လင့်ထားပုံပဲ”

သူမနှင့် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များကို ဖိတ်ကြားသည်ဟု ဆိုသော်လည်း အဓိကအားဖြင့် သူမကို ဖိတ်ကြားခြင်းဖြစ်ကာ အသည်းကွဲ တောင်ကြားအဖွဲ့ဝင်များကို အလိုက်သင့်ဖိတ်သည်ကို အားလုံးသိထားကြ သည်။ မဟုတ်လျှင် သူမနာမည်သည် အသည်းကွဲတောင်ကြားရှေ့တွင် ရှိနေ မည်မဟုတ်ပေ။

“ဆရာ ဘယ်သူ့ကိုခေါ်သွားမှာလဲ” ဒိုင်ယိ မေးလိုက်သည်။

“သွားချင်တဲ့သူတွေပေါ့ ဘယ်လိုလဲ ငါ့နောက်လိုက်ပြီး လက်နက်သခင် အသင်းဥက္ကဌဆက်ခံမဲ့ အခမ်းအနား ဘယ်လိုကျင်းပမလဲဆိုတာ ကြည့်ချင် လား” ရှီမာယူယူသည် ပြုံးပြီးမေးလိုက်သည်။

“အာ.. ထားလိုက်ပါတော့ ကျွန်တော်တို့က အဲလိုကိစ္စတွေ စိတ်မဝင်စား ပါဘူး” ဟုန်ဝူနှင့် တခြားသူများသည် ခေါင်းခါကြလေသည်။ “ပြီးတော့ ကျွန်တော်တို့က ရန်သူတွေဒီလောက်များတာ ခေါ်သွားရင် အလကားနေ ပြဿနာဖြစ်လိမ့်မယ်”

“ငါလည်းမသွားဘူး” ယူရှီ ပြောလေသည်။

“တကယ်လား”

“ဟော်ချန်းဒုံက ဘယ်လိုပုံလဲဆိုတာ မမြင်ဖူးတာလည်းမဟုတ်ဘူး ဒီလိုမျိုးက ကျွန်တော်တို့နဲ့ မလိုက်ပါဘူး” ဖန်ကျိ ပြောလေသည်။

“ဟုတ်တယ်”

ရှီမာယူယူသည် ပခုံးတွန့်ပြီး ပြောလိုက်သည် “ကောင်းပြီလေ မင်းတို့က ကမ္ဘာကြီးကိုမြင်ပြီးပြီဆိုတော့ ငါတို့နဲ့မတူတော့ဘူး ငါ့လိုကမ္ဘာကြီးကိုမမြင်ဖူး တဲ့သူကိုခေါ်သွားမယ်”

“ဘေဂုံနဲ့ တခြားသူတွေကို ခေါ်သွားချင်လို့လား” ရှီမန်ဖန် ပြောလိုက် သည်။

“သူတို့သွားချင်လားဆိုတာ နောက်မှမေးကြည့်ရမယ် သူတို့မသွားချင် ဘူးဆိုရင် ကိုယ့်ဘာသာသွားရတော့မှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“လူနည်းနေမှာစိုးနေတာ” ရှီမန်ဖန် ဆက်ပြောလေသည် “လက်နက် သခင်အသင်းရဲ့ ဥက္ကဌဆက်ခံပွဲက အင်အားစုအများအပြားကို သေချာပေါက် ဖိတ်ထားမှာပဲ ပြီးတော့ အကုန်လုံးကရောထွေးနေမှာ၊ ပြီးတော့ နင်က အခု ဝိညာဉ်စွမ်းအင်ရှိတာလည်းမဟုတ်ဘူး နင် တစ်ခုခုဖြစ်ရင် သူတို့ကနင့်ကို ကာကွယ်နိုင်မှာမဟုတ်ဘူး”

“ငါ့ကို ကာကွယ်ပေးတဲ့ဆရာတွေလည်းရှိပါတယ်” ရှီမာယူယူ ပြော လိုက်သည်။

“သူတို့အကုန်လုံးက လောကအသေးထဲမှာ ဝိညာဉ်စွမ်းအင်မရှိဘဲ လောကအသေးကို ဘယ်လိုဖွင့်မှာလဲ”

ရှီမာယူယူသည် ကြောင်စီစွာကြည့်မိသည်။ သြော် ဟုတ်သားပဲ ဒါကို သူမ ဘယ်လိုလုပ်မေ့သွားတာလဲ။

ကံကောင်းစွာပင် ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့သည ၁၁ လေးကို ခေါ်သွား၍ ကံကောင်းသည်။ မဟုတ်လျှင် သူတို့ပါ အထဲတွင် ပိတ်မိနိုင်သည်။

ဖန်မျိုးနွယ် ကိုယ်ရံတော်များကတော့ အထဲတွင် ပျော်ရွှင်စွာနေနေကြ သည်လေ။

“အဲလိုဆိုမှတော့ အဘိုးဘိုင် ကျွန်မနဲ့လိုက်မလား၊ အဘိုးက အားကောင်းတော့ ကျွန်မကိုဘေးကင်းအောင်တော့လုပ်ပေးနိုင်မှာပဲ ဟုတ်တယ်မလား လောင်ဘိုင်” ရှီမာယူယူသည် ငေးငိုင်နေသော ဘိုင်ရှန်းကို ကြည့်ရင်း ပြောလိုက်သည်။

အဘိုးဘိုင် ထိုသို့ပြုမူသည်ကို အရင်က ဘယ်သူမှမမြင်ဖူးပေ။ သူသာ သဘောတူလျှင် စိတ်ဝင်စားမည့်အရာဖြစ်လာတော့မည်။

***

All Chapters