အတိတ်ကိုပြန်တွေးခြင်း
Vol. 89 Ch. 1235
ဘိုင်ရှန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ထူးဆန်းနေသည်။ သူ သည် တွေဝေနေကာ ပြောလေသည်။ “ဒုခေါင်းဆောင်က ဒီလိုပဲလုပ်ဆိုမှ တော့ ကျုပ်အတူလိုက်ခဲ့ပါမယ်”
“ကောင်းပြီ သဘောတူပြီးပြီနော်” ရှီမာယူယူသည် ပစ္စည်းများကိုသိမ်း ပြီးပြောလိုက်သည် “ဒါဆိုရင် အားလုံးကို အဘိုးဘိုင်ပဲ ကိုင်တွယ်ပေးပါ ဖက်တီးနဲ့ တခြားသူတွေရဲ့ အမြင်ကိုသွားမေးလိုက်ဦးမယ်”
“ဟုတ်ပါပြီ သွားပါ” ရှီမန်ဖန် ပြောလိုက်သည်။
သူမ ထိုနေရာသို့လာရခြင်းအကြောင်းအရင်းသည် အခုအချိန်သည် တပ်ဖွဲ့အင်အားစု ဖြန့်ကျက်ရမည့်အချိန် မရောက်သေးသည်ကိုပြောရန်ဖြစ် သည်။ စီးပွားရေးဘက်တွင် ခြေလှမ်းချရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သူတို့အတွေးကို သူမ သိသွားသောကြောင့် လက်ရှောင်နေလိုက်တော့မည်။
တခြားသူကိုသာ ပြောလျှင် သူမကို နားလည်နိုင်မည်မဟုတ်ပေ။ သို့သော် သူမ မည်မျှအလုပ်များသည် သူမအတွက် မည်မျှပင်ပန်းသည်ကို သူတို့သိကြသည်။ ထိုမျှများပြားသော ပြဿနာများကို မကိုင်တွယ်ဘဲ သူမကို အနားယူစေချင်ကြသည်။
သူမမှ ထိုစာရင်းများကို တောင်းဆိုသဖြင့်သာ ဘိုင်ရှန်းပေးလိုက်ခြင်း ဖြစ်သည်။
သူမ ထွက်သွားသောအခါ သူတို့ဆက်ဆွေးနွေးကြသည်။ သို့သော် အနာဂတ်အစီအစဉ်မျးကို စိုးရိမ်ရန်မလိုတော့ပေ။ ထိုနေရာတွင် ပါရမီရှင်များ ဖြင့်ပြည့်နေလေပြီ။
သူမ ခြံဝန်းသို့ပြန်ရောက်သည်နှင့် အစားအစာအနံ့ရလေသည်။ သူမ အခုလေးတင် ဝိညာဉ်အသီးစားပြီးသော်လည်း အရသာရှိသောအနံ့ကိုရ သည်နှင့် အစားကြူးမှုကို ခံစားရတော့သည်။
သူမ ခြံဝန်းတံခါးတွန်းဖွင့်ဝင်သွားလိုက်ပြီး မီးဖိုဆောင်ထဲသွားလိုက်ရာ ဘေဂုံထန်သည် ချက်ပြုတ်နေပြီး ဝေကျိရွှီတို့သည် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူမကိုမြင်သည်နှင့် သူတို့သည် ပြုံးပြီး နှုတ်ဆက်ကြလေ သည်။
ရှီမာယူယူသည် ဘေးရှိတံခါးကိုမှီပြီး လက်ပိုက်ရပ်လိုက်သည်။ အားလုံး ကို ကြည့်ရင်းနှင့် သူမသည် သူတို့နှင့်သိခဲ့သည့် အင်ပါယာကျောင်းတော်ကို ပြန်ရောက်သွားသကဲ့သို့ပင်။ ထိုအချိန်များက သူတို့သည် ခြံဝန်းထဲက မီးဖိုဆောင်သေးသေးလေးထဲတွင် ချက်ပြုတ်ခဲ့ကြသည်။
ကွာခြားသည်မှာတော့ ထိုစဉ်က စားဖိုမှူးသည် ဘေဂုံထန်မဟုတ်ဘဲ သူမသာဖြစ်သည်။
လျှပ်တပြက်အချိန်အတွင်း၌ပင် ၃၄နှစ်ကြာသွားပြီဖြစ်သည်။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် စသိတုန်းကအချိန်ကိုမှတ်မိသေး လား” သူမသည် စိတ်ခံစားချက်ပြင်းပြင်းဖြင့် သက်ပြင်းချရင်းမေးလိုက်သည်။
“ဘယ်လိုလုပ် မေ့နိုင်မှာလဲ” ဝေကျိရွှီ ဆက်ပြောလေသည် “ဖက်တီး နှာခေါင်းက ဒီလောက်စူးရှတာ နင်မီးဖိုချောင်ထဲမှာ ချက်တာနဲ့ ရောက်လာပြီး သားပဲ”
“အစားအသောက်နဲ့ပတ်သတ်ရင် ငါ ခံနိုင်ရည်မရှိဘူး” ဖက်တီးကျူ ဆက်ပြောလေသည် “ယူယူ နင်ချက်တဲ့အစားအစာ အနံ့က အရမ်းကောင်း နေတယ် ပြီးတော့ အဲလောက်လည်းမရင်းနှီးသေးဘူးလေ… နင်ချက်တဲ့ အစားအစာအနံ့ရလိုက်တိုင်းကို သားရည်ကျနေရတာ ဒါပေမဲ့ နင့်ကိုလည်း လာမကပ်ရဲဘူး နင်ကိုက်စားမှာကြောက်လို့လေ”
“နင်က အရိုက်ခံရမှာကြောက်တာလား မဟုတ်ရင် နင့်ရဲ့ဖြူစင်မှု ပျောက်မှာကြောက်တာလား” ရှီမာယူယူသည် လျှောက်လာပြီးထိုင်လိုက် သည် “အဲတုန်းက နင် ငါ့ကိုမြင်ရင် ငါကပဲစားတော့မလိုကြည့်နေတာလေ”
“နင် တကယ်ပဲ ငါ့ကိုစားချင်ရင် အခုစားလိုက်လေ” ဖက်တီးကျူသည် သူမ သူ့ကိုအနိုင်ကျင့်သည့်အတိုင်းပင် မေးကိုမော့လိုက်သည်။
“ဖယ်စမ်း” ဝေကျိရွှီသည် သူ့ခေါင်းကိုခေါက်ပြီး ရှီမာယူယူကို အခွင့်အရေးယူခွင့်မပေးပေ။
“ဒါပေမဲ့ အဲတုန်းက နင့်ဂုဏ်သတင်းက မကောင်းဘူးလေ နင့်ကို ကြောက်ကြတာက ပုံမှန်ပဲ” ဝူရန်ဖေ ပြောလိုက်သည်။
“ဒါဆိုရင် နင်တို့က ဘာလို့မကြောက်ကြတာလဲ” ရှီမာယူယူသည် ပန်းကန်လုံးနှင့် တူကိုင်ကာ စားတော့သည်။
“အဲတုန်းက ဝူရန်နဲ့ ဘေဂုံက ရေခဲတုံးတွေလိုပဲ စိတ်အားထက်သန်တဲ့ ငါ့ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် မင်းတို့ရဲ့ အေးခဲနေတဲ့နှလုံးသားကို အရည်ပျော်နိုင်မလဲ” ဖက်တီးကျူသည် ဂုဏ်ယူစွာပြောလေသည်။
“အရှက်မရှိလိုက်တာ အဲတုန်းက မင်း တကယ်ပဲ သူတို့နှလုံးသားကို အရည်ပျော်စေလို့လား” ဝေကျိရွှီသည် သူ့ကို မပြောချင်တော့ပေ။ သူက အသက်ကြီးလေလေ အရေထူလေလေပဲ။
“အဲတုန်းက အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြပေမဲ့ အကုန်လုံးကောင်းကြတာပဲလေ အခုလက်ရှိလို အခြေအနေရောက်ဖို့တော့ မလွယ်ဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူလင်းသည် ဘေးတွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူတို့စကားများကို နားထောင်နေသည်။
သူသည် ဒုံချန်းတိုင်းပြည်အကြောင်း ပြောရန်အကြောင်းအရာမရှိ သော်လည်း နားထောင်ချင်သေးသည်။
“သြော် ဟုတ်သားပဲ နင်တို့နဲ့ ဆွေးနွေးစရာရှိတယ်” ရှီမာယူယူသည် လက်နက်သခင်များအသင်း၏ ဖိတ်စာကတ်ကို ထုတ်လိုက်သည်။
“ဖိတ်စာကတ်လား ဘယ်သူက ကစားဖို့ဖိတ်လိုက်တာလဲ” ဖက်တီးကျူ မေးလိုက်သည်။
ဝေကျိရွှီသည် ဖိတ်စာဖွင့်ပြီး အထဲမှ အကြောင်းအရာကိုဖတ်လိုက် သည်။
“လက်နက်သခင်များအသင်းက ဆက်ခံသူအခမ်းအနားကို လာဖို့ ဖိတ် လိုက်တာလား”
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါနဲ့ သွားချင်တဲ့သူမရှိ ဘူးဖြစ်နေတယ် နင်တို့ သွားချင်လား”
“ကောင်းသားပဲ” ဖက်တီးကျူသည် တွေဝေခြင်းမရှိ သဘောတူလိုက် သည်။ သူသည် အသက်ဝင်သည့်နေရာများကို သဘောကျသည်။
“ဘယ်သူ့ကိုခေါ်သွားမှာလဲ” ရှီမာယူလင်း မေးလိုက်သည်။
“အဘိုးဘိုင် တစ်ယောက်ပဲ” ရှီမာယူယူ ပြောလိုက်သည်။ “တကယ် တော့ ငါအဘိုးဘိုင်ကိုမသွားစေချင်ဘူး သူူက တောင်ကြားမှာလုပ်စရာများ တယ်လေ ဒါပေမဲ့ သူ ဖိတ်စာကိုမြင်ပြီးတော့ အမူအရာပြောင်းသွားတာကို မြင်လိုက်တယ်၊ အဲတော့ သူက လက်နက်သခင်များအသင်းနဲ့ပတ်သတ်ပြီး ဖုံးကွယ်ထားတာရှိလိမ့်မယ်လို့ ထင်လိုက်တာ အဲဒါကြောင့် သူ့ကိုပါ ခေါ်သွား မလို့ပဲ”
“ဘယ်သူမှမရှိဘူးလား”
“မရှိဘူး နင်တို့လိုက်ချင်မလား လာကြည့်တာ” ရှီမာယူယူ ပြောလိုက် သည်။
“လိုက်ချင်တာပေါ့ ဒီလိုမျိုး မျက်စိပွင့်နားပွင့် အခမ်းအနားက ငါတို့ အတွေ့အကြုံတွေ တိုးစေတယ်” ဖက်တီးကျူ ပြောလိုက်သည်။
“နင်တို့ရော” ရှီမာယူယူသည် တခြားသူများကိုပါ မေးလိုက်သည်။
“ငါတို့က တစ်သားတည်းပဲလေ နင်တို့သွားရင် ငါလည်းသွားမှာပေါ့” ဝေကျိရွှီ ဆက်ပြောလေသည် “ဒါပေမဲ့ ငါတို့ကအဲလောက် မသန်မာသေးဘူး နင်ကလည်း ဝိညာဉ်စွမ်းအင် သုံးမရသေးဘူး ပြီးတော့ နင်က အဘိုးဘိုင် တစ်ယောက်တည်းကိုပဲ ခေါ်သွားမှာ အန္တရာယ်မများလွန်းဘူးလား”
“ငါ လောကအသေးကိုသုံးမရပေမဲ့ ဝိညာဉ်စေတီကိုသုံးလို့ရပါသေး တယ် ငှက်မျိုးနွယ်နဲ့ အကြီးအကဲတွေလည်းရှိတယ် တကယ်လို့ တစ်ခုခု ဖြစ်ရင် သူတို့ကိုခေါ်လို့ရတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါမှ အလုပ် မဖစ်ရင်လည်း လူအများကြီးခေါ်သွားလည်း အသုံးမဝင်ဘူးလေ”
အားလုံး၏ အတွေးမှာလည်း ထိုနည်းတူစွာပင်။ ထိုအကြီးအကဲများပင် မဖြေရှင်းနိုင်ပါက လူအများအပြားခေါ်သွားလည်း အသုံးမဝင်ပေ။
“မိုးကြိုးသွားကျည်တွေ ထပ်ပြီးပြင်ဆင်သင့်တယ်ထင်တယ် ငါတို့ မလုပ်နိုင်တဲ့ ကိစ္စရှိလာရင် အနည်းဆုံးတော့ အချိန်ဆွဲဖို့ မိုးကြိုးသွားကျည် သုံးလို့ရတယ်” ဖက်တီးကျူ ပြောလိုက်သည်။
“ကောင်းတယ် နင် ထပ်ပြီးပြင်ဆင်သင့်တယ် အဲဒါက အချိန်မရွေးသုံး နိုင်တော့ လိုရမယ်ရပြင်ထားလိုက်” ရှီမာယူယူ ပြောလိုက်သည်။
“ငါ စာမှာရေးထားတဲ့ သန့်စင်တဲ့နည်းလမ်းကို သုံးလို့ရတယ် အဆင့်မြင့် လို့ရမလားလို့ ကြည့်လိုက်ဦးမယ်” ဖက်တီးကျူ ဆက်ပြောလေသည် “အားယား ငါ စစဉ်းစားလိုက်တာနဲ့ မရပ်နိုင်တော့ဘူး ယူယူ ငါ့ကို မြန်မြန်ပို့ပေး လိုက်ဦးမယ် လုပ်ချင်နေပြီ”
ဖက်တီးကျူသည် အမြဲတမ်းလုပ်ချင်နေသူဖြစ်သည်။ အခု မိုးကြိုးသွား ကျည်သန့်စင်သည့် နည်းလမ်းအသစ်သုံးရန် စဉ်းစားလိုက်သည်နှင့် ယားယံ လာသည်။
ရှီမာယူယူသည် သူ့အကျင့်ကိုသိသဖြင့် ဝိညာဉ်စေတီထဲသို့ ပို့ပေးလိုက် သည်။
တစ်ချိန်တည်းမှာပင် ဖန်ခိုင်၊ ရှီချန်းနှင့် နီအန်းယိတို့သည် ရှောင်ယိကို အသည်းကွဲတောင်ကြားကို လိုက်ပြကြလေသည်။ သူ ထိုအဆိပ်သတ္တဝါများ နှင့် အဆိပ်အတားအဆီးများကို မြင်ပြီး ထိုနေရာတွင် ဂိုဏ်းတစ်ခုတည် ထောင်နိုင်ပုံကိုတွေးပြီး လေးစားမှုပိုတိုးလာသည်။
သူ သိသလောက်ဆိုလျှင် ထိုနေရာတွင် မည်သူမှကြာရှည်အောင် မနေနိုင်ပေ။ သူတို့သည် ပထမဆုံး သမိုင်းသစ်ရေးသူများဖြစ်ကြသည်။
အဆိပ်သတ္တဝါများသည် ကြောက်လန့်ပြီး သူတို့ကိုဖော်ရွေသည်ကို မြင်သောအခါ သူ အံ့သြသွားလေသည်။
သူတို့သည် သူ့ကို တောင်ကမ်းပါးသို့ခေါ်သွားလိုက်သည်။ ထိုနေရာမှ ရှုခင်းသည် နေဝင်ချိန်ကြည့်ရန် နေရာကောင်းပင်ဖြစ်သည်။ မြင်ကွင်းသည် လှပလွန်းသဖြင့် သူတို့ ထိုနေရာတွင် ရပ်မိကြလေသည်။
“ဒီလောက်လှတဲ့ မြင်ကွင်းနဲ့ဆိုမှတော့ ဘာလို့ ဝိုင်ကောင်းကောင်း လေးနဲ့ အဖော်မပြုရမှာလဲ ဟုတ်တယ်မလား” ရှီချန်းသည် အသီးဝိုင် ပုလင်း လေးပုလင်းထုတ်လိုက်သည်။ အသီးဝိုင်ကို သောက်ရန်အဆင်ပြေစေရန် ဘီယာဘုလင်းနှင့် ဆင်တူသော ပုလင်းတွင်ထည့်ထားသည်။
ထိုဘီယာပုလင်းသည် ရှီမာယူယူ၏ အတိတ်ဘဝမှ မှီငြမ်းထားခြင်းဖြစ် သည်။ ပတ်ဝန်းကျင်မပျက်စီးစေဘဲ တစ်ငုံသောက်ရန်လိုအပ်သော အခြေအနေတွင် သောက်နိုင်ရန် သန့်စင်ထားခြင်းဖြစ်သည်။
နောက်ပိုင်း ဝိုင်ပုလင်းများရောက်သောအခါ ရှောင်ယိသည် တဝေဝေ နှင့် လွင့်မျောသလိုခံစားရလေသည်။ အမှတ်တရစားသောက်ဆိုင်မှ ဝိုင် ကောင်းတစ်ခွက်ကို ယခုလိုသောက်ရလိမ့်မည်ဟု သူတို့ထင်မထားကြပေ။ ဒီ ဖိတ်စာကတ်ပေးရတဲ့ ခရီးက တန်လိုက်တာ။
ရှီချန်းနှင့် ရှောင်ယိတို့သည် ပုလင်းကိုထောင်ပြီး ပြောလိုက်သည် “အစ်ကိုကြီးရှောင် ကျွန်တော် အခုလေးတင် တစ်ခုစဉ်းစားနေတာ အဲဒါကို မေးချင်တယ် မေးလိုက်ရင် ရိုင်းရာကျသွားမလား”
***