← Chapters

ဖြတ်လမ်းတည်ဆောက်မှုထဲတွင် နေမကောင်းဖြစ်ခြင်း

Vol. 89 Ch. 1236

ဖြတ်လမ်းတည်ဆောက်မှုထဲတွင် နေမကောင်းဖြစ်ခြင်း

Vol. 89 Ch. 1236

ထိုညတွင် ရှီမာယူယူသည် ရှီချန်းကို သူမ ခြံဝန်းထဲတွင် စောင့်နေလိုက် သည်။

ရှီချန်းဝင်လာချိန်သည် ရှီမာယူယူ လက်ဖက်ရည်သောက်နေချိန်ဖြစ် သည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင် လတ်လတ်ဆတ်ဆတ်ဖျော်ထားသည့် လက်ဖက်ရည်ရှိနေသည်။

သူ အသိအမှတ်ပြု ပြုံးပြကာ သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး လက်ဖက်ရည် တစ်ငုံသောက်ပြီးသည်နှင့် ပြောလိုက်သည် “ဆရာ သတင်း တချို့ရလာတယ်”

“မင်းက ငါ့ကိုစိတ်မပျက်စေဘူးဆိုတာ သိတယ်” ရှီမာယူယူ ချီးကျူး လိုက်သည် “ဘာတွေသိလာလဲ”

“ဥက္ကဌကို သတ်တဲ့သူတွေက ဘယ်လိုဝတ်စားထားလဲဆိုတာ ရှောင်ယိ ပြောပြတယ်၊ အဲလူတွေက တိမ်ပင်လယ်မြို့ကလူတွေနဲ့ ဆက်စပ်တယ်ဆို တာ အတည်ပြုပြီးပြီ”

“အမှန်ပဲ သူတို့ပဲ” ရှီမာယူယူသည် မျက်စိစွေစောင်းကြည့်ကာ ပြော လိုက်သည် “သူတို့က တကယ်ပဲ ဘာအင်အားစုလဲ အသင်းတွေကို ဆက်တိုက်မွှေနေတာ၊ ဒါတွေရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိမယ်ဆိုတာ အမြဲတမ်းခံစားမိတယ်၊ ပြီးတော့ ဒီလျှို့ဝှက်ချက်ကလည်း တိုင်းပြည်တစ်ခု လုံးကို ခလောက်ဆန်စေမှာပဲ”

“ဒါဆိုရင် ဒီသတင်းကိုဆက်ပြီး စုံစမ်းလိုက်ရမလား” ရှီချန်းမေးလိုက် သည်။

“ငါတို့ ဒီအင်အားစုကို တည်ထောင်တာ မကြာသေးဘူး၊ အမှတ်တရ စားသောက်ဆိုင်ရှိပေမဲ့ သတင်းစုံစမ်းရေးက မလုံလောက်သေးဘူး အခုဆက် ရှာနေရင် အသုံးမဝင်ဘဲဖြစ်လိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ နောက်ကို သတင်းစုံစမ်းရေးဖွဲ့စည်းမှုကို သေချာလုပ်ရတော့မယ်လို့ မင်း ငါ့ကိုသတိပေးလိုက်တာပဲ”

“အဲလိုလုပ်ရမှာပဲ” ရှီချန်း ဆက်ပြောလေသည် “တိုင်းပြည်မှာ အမြစ် တွယ်ချင်ရင် စီးပွားရေးနဲ့ အင်အားအပြင် သတင်းအချက်အလက်ကလည်း အရေးကြီးတယ်”

“အဲဒါကို အရင်က လျစ်လျူရှုမိကြတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “အဲဒါကို ဆွေးနွေးဖို့ ဖန်အာနဲ့ တခြားသူတွေကို ဒီကိုလာခိုင်းလိုက်မယ်”

သားအမိကျောက်တုံးထုတ်ပြီးမှပင် သူမတွင် ဝိညာဉ်စွမ်းအင်မရှိသည် ကို သတိရသွားကာ ရှီချန်းကိုသာ ဆက်သွယ်ခိုင်းရတော့သည်။

ခဏအကြာတွင် ရှီမန်ဖန်၊ ဘိုင်ရှန်း၊ ဖန်ကျိနှင့် ဖန်ခိုင်တို့ လေးယောက် သည် သူမ ခြံဝန်းသို့လာကြလေသည်။ သတင်းအချက်အလက်စုံစမ်းရေးကို စနစ်တကျ ဖွဲ့စည်းမည်ဟု သူတို့ကြားသည်နှင့် ထောက်ခံကြသည်။

သူတို့သည် ညဉ့်နက်သည်အထိ ဆွေးနွေးကြကာ နောက်ဆုံးတွင် အမှတ်တရစားသောက်ဆိုင်ကို သတင်းစုံစမ်းရေးအဖွဲ့အစည်းဗဟိုချက် အဖြစ် ထားရန်ဆုံးဖြတ်လိုက်ကြသည်။

ရှီမာယူယူသည် အကြိမ်အနည်းငယ် သမ်းဝေပြီးနောက် အားလုံးကို ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည် “ဒီကနဦးအစီအစဉ်က ပြင်ဆင်ဖို့လိုသေး တယ် တခြားကိစ္စရှိရင် ငါ့ကိုသတင်းပေးဖို့မလိုတော့ဘူး ညရောက်ပြီဆိုတော့ ငါ သွားအိပ်တော့မယ် ပင်ပန်းလို့သေတော့မယ်”

သူမ ထပြီးအိမ်ထဲသို့ဝင်သွားလိုက်သည်။ မနေ့က လက်နက်နှင့် ပတ်သတ်သည့်စာအုပ်ကို စွဲနေသဖြင့် မအိပ်လိုက်ရပေ။ အခုတစ်ရက်တာ ကုန်သွားပြီဖြစ်သဖြင့် နှစ်ရက် တစ်ညမအိပ်လိုက်ရသည်နှင့် အတူတူ လောက်ပင်။

“နောက်တစ်ချိန်အတွက် အစည်းအဝေးခန်းမကို သွားပြီး ဆွေးနွေးရ အောင်” ရှီမန်ဖန် ပြောလိုက်သည်။

သူတို့ ထိုနေရာတွင် စကားပြောနေပါက ရှီမာယူယူ အိပ်သည်ကို သေချာပေါက် အနှောင့်အယှက်ဖြစ်သွားနိုင်သည်။

“ကောင်းပြီ”

တခြားသူများကို လမ်းပြပေးသည့် လူတစ်ယောက်အနေနှင့် သူမသည် ကနဦးအစီအစဉ်ကိုသာ ပေးရန်လိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်ကို သူတို့ အဆုံးသတ်ရမည်။

ဒီလူတွေက တကယ်ပဲ စိုးရိမ်စရာတွေဖြစ်ခဲ့တာပဲ။

မည်သို့ပင်ဖြစ်စေကာမူ ရှီမာယူယူ အမှန်တကယ်ပင် ဂရုမစိုက်ပေ။ သူမ သည် အရာအားလုံးကို သူတို့ကို လက်လွှဲပေးလိုက်သည်။

ရှောင်ယိသည် အသည်းကွဲတောင်ကြားတွင် နှစ်ရက်ကြာနေပြီးနောက် ပြန်သောအခါ “အထူးပစ္စည်း” တချို့ကိုပြန်ယူသွားလေသည်။ အဆိပ်သတ္တဝါ များနှင့် ပြုလုပ်ထားသည့် အဆိပ်မှုန့်များသုံးသည်ကို တွေးပြီး ဧည့်သည်ကို လကဆောင်အနေနှင့် ထိုပစ္စည်းများပေးမလားဆိုသည်ကို သူ သိချင်ခဲ့သည်။ ကံကောင်းစွာပင် သူတို့သည် သူ့အတွက် အသီးဝိုင်များပြင်ဆင်ထားရာ သေးသိမ်သည်ဟု မမြင်နိုင်တော့ပေ။

သူ မသိသည်မှာ အဆိပ်မှုန့်သည် အသီးဝိုင်များထက် ပို၍ တန်ဖိုးရှိ သည်ကိုပင်… ရှီမာယူယူ၏ စကားကိုသုံးရမည်ဆိုလျှင် ထိုသည်မှာ ထောက်ပံ့ မှုနှင့် ရောင်းလိုအားပင်ဖြစ်သည်။

အသည်းကွဲတောင်ကြားတွင် အဆိပ်မှုန့်ထက် အသီးဝိုင်ပိုများသဖြင့် ထိုသည်မှာ တန်ကြေးမရှိပေ။

နောက်လတစ်ဝက်ကြာသောအခါ ရှီမာယူယူသည် ဖက်တီးကျူနှင့် တခြားသူများကို ခေါ်ကာ အသည်းကွဲတောင်ကြားမှထွက်သွားပြီး ဖိတ်စာ ကတ်မှ ညွှန်ပြထားသော နေရာသို့ ရှေ့ဆက်သွားလေသည်။

၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော တိမ်ပင်လယ်မြို့တော်နှင့် ကွာခြား သည်။ လက်နက်သခင်များအသင်း တည်နေရာကို လူတိုင်းသိကြသည်။

သူတို့သည် တောင်ပိုင်းလွင်တီးခေါင်တွင်ရှိကြကာ လက်နက်သခင်များ အသင်းသည် မြောက်ပိုင်းကန္တာရတွင် တည်ရှိလေသည်။ နေရာမည်မျှ ဖြတ် သွားရမည်ကို သူတို့မသိကြပေ။ ထို့အပြင် သူမတွင် ဝိညာဉ်စွမ်းအင်မရှိသဖြင့် ရှည်လျားသော ဖြတ်လမ်းတည်ဆောက်မှုအသုံးပြု၍ မရနိုင်ပေ။ သူတို့သည် လမ်းလျှောက်လိုက် နားလိုက်လုပ်ရင်းကပင် ဆက်သွားရသည်။

“အိုး…”

ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုမှ ထွက်လာသည်နှင့် အန်ချ ရာ သူမ အတွင်းကလီစာများ အကုန်ထွက်ကျသလိုပင် ခံစားရလေသည်။

ဝိညာဉ်စွမ်းအင်မရှိဘဲနှင့် သူမသည် ဖြတ်လမ်းတည်ဆောက်မှု မဆောက်နိုင်ပေ။ အစပိုင်း သူတို့ထာဝရရှင်သန်သူနယ်မြေမှ ထွက်လာစဉ်က သူမ၏ ကိုယ်ပိုင်ဖြတ်လမ်းတည်ဆောက်မှုကို ဆောက်လုပ်မှုတွင် အဆင်ပြေ သေးသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဖြတ်လမ်းတည် ဆောက်မှုတွင် ထပ်မံမူးလိမ့်မည်ဟု ထင်မထားပေ။

သူတို့ စောစီးစွာ ခရီးထွက်ခဲ့၍တော်သေးသည်။ မဟုတ်လျှင် သူတို့ အချိန်မှီရောက်နိုင်မည်မဟုတ်ပေ။

ဖက်တီးကျူနှင့် တခြားသူများသည် ရှီမာယူယူ ထိုသို့ရုန့်ရင်းဆန်ခတ် ဖြစ်ပြီးနောက်တွင် စိတ်မကောင်းဖြစ်ကြလေသည်။

“ယူယူက သူမကိုကာကွယ်ပေးမဲ့ ဝိညာဉ်စွမ်းအင်မရှိတော့လို့ ဖြတ်လမ်းတည်ဆောက်မှုကို မူးတာထင်တယ်”

“ဟုတ်လောက်မယ်” ဘေဂုံထန် ဆက်ပြောလေသည် “သူမ အဆင်ပြေ နေခဲ့တာကို ဝိညာဉ်စွမ်းအင်မရှိတော့တာနဲ့ ပြန်ဖြစ်မယ်လို့ထင်မထားဘူး”

“သူမ ဝိညာဉ်စွမ်းအင်က ဘယ်တော့ပြန်ကောင်းမလဲမသိဘူး” ရှီမာယူ လင်း ပြောလိုက်သည်။

“ခရီးတစ်ခုလုံး လျှောက်လိုက် နားလိုက်နဲ့တော့ မကြာခင်ရောက် လောက်မှာပါ” ဝူရန်ဖေ ပြောလိုက်သည်။

“ဖြတ်လမ်းတည်ဆောက်မှုနှစ်ခုလောက် ဖြတ်ပြီးရင် ရောက်တော့မှာ” ဖက်တီးကျူ ပြောလေသည်။

အန်ပြီးသွားသော ရှီမာယူယူသည် သူတို့ပြောလိုက်သည့်စကားကို ကြားသောအခါ ကွေးပြန်းထပ်အန်တော့သည်။

သူမ စိတ်ထဲတွင် ငိုကြွေးမိသည်။ ထိုခရီးစဉ်သည် သူမအတွက် တစ်ကြိမ်သာ အော့အန်မည့်ခရီးဖြစ်လိုက်ရင် ကောင်းမှာပဲ။ သို့သော် သူမ ခန္ဓာကိုယ်ကို ကာကွယ်မည့်ဝိညာဉ်စွမ်းအင်မရှိသဖြင့် တည်ဆောက်မှုတွင် ကြာရှည်စွာမနေနိုင်ကာ ခရီးတိုများကိုသာ သုံးရလေသည်။ ထိုခရီးတိုင်း သည် နာကျင်စရာများပင်။

တခြားသူများသည် တိုက်ရိုက်ဖြတ်လမ်းတည်ဆောက်မှု မသုံးရလျှင် မူးဝေနိုင်သည်။ သူမနှင့်တော့ မတူပေ။ တည်ဆောက်မှု နှစ်ခုဖြတ်ပြီးနောက် တိုက်ရိုက်ရောက်မည့် တည်ဆောက်မှုတစ်ခုရှိသေးသည်။ သို့သော် သူမ မသုံးနိုင်ပေ။ စဉ်းစားလိုက်လျှင်ကို သူမ ရင်နာမိသည်။

သူမ အော့အန်ပြီးနောက် ခရီးမဆက်ခင်ကို တစ်ရက် နှစ်ရက် အနားယူ လို့ရမည့် အနီးအနားနေရာတစ်ခုကို ရှာလိုက်ကြသည်။

အခု သူတို့သည် မြောက်ပိုင်းကန္တာရ အတွင်းပိုင်းထဲရောက်နေပြီဖြစ် သည်။ လက်နက်သခင်များအသင်းရှိသော မြောက်ပိုင်းကန္တာရအလယ်ပိုင်း သို့ ရောက်ရန် လေးရက်ကြာ ခရီးနှင်ရဦးမည်ဖြစ်သည်။

ကံကောင်းစွာပင် လတစ်ဝက်အချိန်ရသေးသည်။ လမ်းတွင် ခရီးဖင့် သွားသော်လည်း သုံးရက်မှ ငါးရက်အနားယူလိုက်လျှင်ပင် လက်နက်သခင် များအသင်းသို့ေရောက်နိုင်သည်။

ရှီမာယူယူသည် စိတ်ထဲမှကြွေးကြော်မိသည်။ သူမသည် ဆက်ခံသူ အခမ်းအနားတက်ရောက်မယ်လို့ သဘောတူလိုက်တာက အရက်မူးသွား လို့ဖြစ်မယ်။

“ရှောင်ဟုန်ရေ ရှောင်ဟုန် ငါ နင့်ကိုသာ ကတိပေးမထားရင် ဒီလို အပြစ်ပေးခံရမှာမဟုတ်ဘူး” သူမသည် အိပ်ရာပေါ်တွင်လှဲလျောင်းကာ နာကျင်စွာဖြင့် ရေရွတ်ပြီးနောက် အိပ်ပျော်သွားလေသည်။

သူမသည် နောက်နေ့ နေ့လည်ရောက်သည်အထိ အိပ်ပျော်သွားသည်။ သူမ ဆာလောင်စွာဖြင့် နိုးလာရာ တံခါးဖွင့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာကိုမြင်လိုက်ရသည်။

“ငပျင်းမလေး နောက်ကျတဲ့အထိ တကယ်ကိုအိပ်နေတာပဲ” ရှောင်ဟုန် သည်ပြုံးပြီးပြောလေသည်။

“နင်က ဘာလို့ ဒီကိုရောက်လာတာလဲ”  ရှီမာယူယူသည် လုံးဝ ပုံစံ ပြောင်းသွားသော ရှောင်ဟုန်ကိုကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“နင့်ကိုလာကြိုတာလေ” ရှောင်ဟုန် ဆက်ပြောလေသည် “နင်တို့ ထွက်လာတာကြာပြီကို ဒါပေမဲ့ ရောက်မလာနိုင်သေးဘူးဆိုတာ ကြားလိုက် တယ် အဲဒါနဲ့ နင်တို့ တစ်ခုခုဖြစ်မလားဆိုတာကို စိုးရိမ်ပြီး စုံစမ်းခိုင်းလိုက်တာ နင့်တို့ လမ်းကြောင်းကိုရပြီး ဒီရောက်မယ်လို့ မှန်းပြီး ကြိုလာပြီးနင့်ကိုစောင့် နေတာ နင် ဒီကိုရောက်တာနဲ့ ငါသတင်းပေးချက်ရတယ်လေ”

“ငါ ဒီကိုရောက်မလာရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ မေးလိုက်သည်။

“ကိစ္စမရှိဘူးလေ ငါ အနီးအနားကို အကုန်လုံးလူလွှတ်ထားတယ် နင် ရှိတဲ့နေရာကိုသွားမှာပဲ” ရှောင်ဟုန်သည် ပါးမို့များတက်အောင် ရယ်ရင်း ပြော လေသည် “ဒါပေမဲ့ ဘာလို့ နင်ဒီလောက်ဖြူဖျော့နေတာလဲ”

ရှီမာယူယူသည် သူမ ဝမ်းဗိုက်ကိုကိုင်ပြီး ပြောလေသည် “ငါတို့ စားပြီးမှ ဆက်ပြောကြမယ် အခုဗိုက်ဆာနေပြီ သွားပြီးစားစရာရှာလိုက်ဦးမယ်”

ဗိုက်ဆာတယ် ဟုတ်လား။

ရှောင်ဟုန်သည် နားကြားများမှားသလားဟု တွေးနေချိန်တွင် ရှီမာယူယူ စားစရာရှာရန် အလျင်အမြန်ထွက်သွားသည်ကို မြင်လိုက်ရ သည်။ ထို့နောက်တွင် သူမ ဗိုက်ဆာသည်ဟု ပြောသည်မှာ အမှန်တကယ်ပင် ဗိုက်ဆာသောကြောင့်ဖြစ်သည်ကို နားလည်သွားသည်။

***

All Chapters