သူမ သဘောကျတဲ့သူက ကျွင်းမိုယွိ
Vol. 89 Ch. 1237
ရှီမာယူယူ နောက်ပိုင်းတွင် အော့အန်သည်မှာများနေသဖြင့် အားလုံး သည် သူမအတွက် စိတမကောင်းဖြစ်ကြသဖြင့် ဘေဂုံထန်သည် ချက်ပြုတ်ပေးထားသည်။ ထိုတည်းခိုဆောင်တွင် မီးဖိုဆောင်အသေးလေးရှိ ကာ ကျောက်အနည်းငယ်ပေးလိုက်သည်နှင့်ပင် အသုံးပြု၍ရလေသည်။ ထို့ကြောင့် ရှီမာယူယူ ဆာလောင်ခြင်းများစွာဖြင့် နိုးလာသည်နှင့် ခမ်းနား သော ဟင်းလျာများသည် သူမကို စောင့်နေကြသည်။
ရှီမာယူယူ အားလုံးကို တစ်ယောက်တည်း အပြီးသတ်လိုက်သည်ကို ရှောင်ဟုန်မြင်သောအခါ တအံ့တသြဖြင့် မေးလေသည်။ “ဘုရားရေ မတွေ့ တာ ဆယ်စုနှစ်တစ်ခုလောက်ပဲရှိသေးတယ် ဘယ်လိုလုပ် ဒီလောက်စားနိုင် သွားတာလဲ”
ရှီမာယူယူသည် ယာဂုနှစ်ပန်းကန်၊ ပေါက်စီနှစ်လုံး၊ ကြက်ပေါင်နှင့် ကြက်တောင်ပံ တစ်ခုကိုက်ပြီးမှပင် နေသာထိုင်သာရှိလေသည်။
ရှောင်ဟုန် အံ့သြနေသည်ကိုမြင်သောအခါ သူမ မျက်လုံးလှန်ပြီး ပြော လိုက်သည် “ရှောင်ဟုန် နင့်ကိုတွေ့ဖို့အတွက်နဲ့တင် ငါဘယ်လောက် ခံစားရ လဲသိလား၊ လက်နက်မြို့တော်ရောက်ရင် ငါ့ကို ကောင်းကောင်းဧည့်ခံပေးရ မယ်၊ မဟုတ်ရင် နင့်အရင်ပုံစံပြောင်းဖို့က ငါ့ အပ်တွေသုံးလိုက်ရုံပဲ”
ရှောင်ဟုန်သည် အနောက်ဆုတ်ကာ သူမ လက်နှစ်ဖက်ကို ရင်ဘတ် တွင် ကာပြီးပြောလေသည် “အကျင့်ပုတ်လိုက်တာ”
“ဟားဟား”
“ဒါပေမဲ့ နင်ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ ဝိတ်တွေလည်း အများကြီးကျသွားတယ်၊ ပြီးတော့ ဝိညာဉ်သခင်ဖြစ်နေလျက်နဲ့ကို ဘယ်လို လုပ် ဗိုက်ဆာနိုင်ရတာလဲ၊ ဒီဖြတ်လမ်းတည်ဆောက်မှုလည်း အတူတူပဲ၊ လက်နက်မြို့တော်ကို ရောက်မဲ့ ဖြတ်လမ်းတည်ဆောက်မှုကို ဘာလို့ နင် မစီစဉ်တာလဲ ကြားထဲမှာ ခဏခဏနားနေသေးတယ် နင် ဖြတ်လမ်း တည် ဆောက်မှု မူးတာသိတယ် ဒါပေမဲ့ တစ်ခါတည်းသုံးလိုက်ရင် ပိုပြီးခံစားရ မသက်သာဘူးလား” ရှောင်ဟုန်သည် သူမ အရသာရှိရှိ စားသောက်နေ သည်ကိုမြင်သည်နှင့် တူကိုကောက်ကိုင်ကာ စတင်စားလေသည်။
“ငါ့မှာ ဝိညာဉ်စွမ်းအင်မရှိတော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါကြောင့် ဗိုက်ဆာတာက ပုံမှန်ပဲ ဝိညာဉ်စွမ်းအင်မရှိဘဲ ဖြတ်လမ်း တည်ဆောက်မှုကို အကြာကြီးမသုံးနိုင်…”
“ဘုတ်…”
ရှောင်ဟုန်၏ ကြက်ပေါင်သည် ပန်းကန်လုံးပေါ်ကျပြီးနောက် ခုန်ထွက် ကာ ကြမ်းပြင်ပေါ်ရောက်သည်နှင့် နှစ်ကြိမ်မျှလှိမ့်ပြီးမှပင် ရပ်သွားလေသည်။
သူမသည် ရှီမာယူယူ၏ လက်ကိုကိုင်ကာ ပြောလိုက်သည် “ဘယ်လို လုပ် ဝိညာဉ်စွမ်းအင်မရှိတော့တာလဲ… ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို လန့်အောင်မလုပ်နဲ့”
“မအံ့သြသွားနဲ့ဦး” ရှီမာယူယူ ဆက်ပြောလေသည် “ငါအဆင်ပြေ တယ် အခုကယာယီပဲ”
“တကယ်လား” ရှောင်ဟုန်သည် မယုံနိုင်သေးပေ။
“ရင်လင်းရဲ့ စကားကို နင်မယုံဘူးလား”
အင်း… ရင်လင်း ပြောတာဆိုရင်တော့ သူမ ယုံရမှာပေါ့။
“ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ”
“ထာဝရရှင်သန်သူ နယ်မြေကထွက်လာတုန်းပဲ… ငါ အထဲမှာတုန်းက အများကြီးရလာခဲ့လို့ ခဏလောက် အပြစ်ပေးတာလို့ ရင်လင်းပြောတာပဲ” ရှီမာယူယူသည် သူမ ထပ်မမေးတော့ရန် ရင်လင်းပြောသည့်စကားကို အနည်းငယ်လွှဲပြောလိုက် သည်။
“အဲလိုတွေဖြစ်လာမှန်း ငါမသိခဲ့ဘူး” ရှောင်ဟုန်သည် မတွေးတတ် တော့အောင် ခံစားရလေသည် “ဒါဆိုရင် နင် ဘယ်တော့ပြန်ကောင်းမယ်ဆို တာ သူ မပြောဘူးလား”
“မပြောဘူး အချိန်ရောက်ရင် ပြန်ကောင်းမှာပါလို့ပဲပြောတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲတော့ အခုလိုပုံစံနဲ့တောင် ဒီအထိရောက် လာတယ် ငါ့ကို ပိုပြီးကောင်းပေးရမယ်မဟုတ်ဘူးလား”
“ဟားဟား မပြောလည်း ကောင်းပေးမှာပဲကို နင်က အခုငါ့ပိုင်နက်ထဲ ရောက်နေပြီ ဘယ်လိုလုပ် ကောင်းကောင်းမကြိုဆိုရမှာလဲ” ရှောင်ဟုန်သည် ရယ်မောရင်း ပြောလေသည်။
“လက်နက်မြို့တော်က ဘယ်တုန်းက နင့်ပိုင်နက်ဖြစ်သွားတာလဲ” ရှီမာယူယူသည် သူမကို မျက်လုံးလှိမ့်ပြလိုက်သည် “ဒါပေမဲ့ စဉ်းစားကြည့်ရင် နင့်အဖေက ဥက္ကဌဖြစ်တော့မယ်၊ နင်က အငယ်ဆုံးသမီးတစ်ယောက်အနေနဲ့ အကုန်လုံးကို ဇောက်ထိုးလှန်ပစ်မှာမဟုတ်ဘူးလား”
“ငါ့ကို မစပါနဲ့” ရှောင်ဟုန် ဆက်ပြောလေသည် “ထာဝရရှင်သန်သူ နယ်မြေက လက်နက်ပြိုင်ပွဲမှာ နိုင်လိုက်တော့ အခု ငါဘယ်သွားသွား လိုက် ကြည့်နေကြတာပဲ ပြီးတော့ ဘာတွေဖြစ်သွားလဲမသိဘူး ငါ့အဖေနဲ့ ငါ့ ဆက်ဆံရေးကို အကုန်သိနေပြီ၊ ငါထွက်လာတော့ အသင်းထဲက လူတိုင်းလဲ သိထားကြတယ်၊ ပြီးတော့… နောက်ဘာဖြစ်လဲ မှန်းကြည့်လို့ရတယ်မလား”
ရှီမာယူယူသည် သူမအား စာနာစိတ်ဖြင့်ကြည့်မိသည်။ သူမကဲ့သို့ ကွယ်မြှုပ်နေတတ်သည့် လူမျိုးသည် လူရှေ့ပေါ်ထွက်လာသည်နှင့် နေရာ တကာမှ အာရုံရသဖြင့် သူမ ဆက်စပ်ကြည့်၍ရနေသည်။
“ဒါပေမဲ့ အခမ်းအနားကနီးလာပြီ နင် ဒီအတိုင်းထွက်လာလို့ အဆင်ပြေ လို့လား” သူမ မေးလိုက်သည်။
“ဘာလို့ မရရမှာလဲ” ရှောင်ဟုန် ဆက်ပြောလေသည် “ထွက်လာတော့ အသက်ရှုတောင်ချောင်သေးတယ် နင် သိတယ်မလား အဲမှာ အသက်ရှုကြပ် လို့သေတော့မယ်”
“အဲလောက်တောင် ချဲ့ကားနေတာလား” ရှီမာယူယူ စိုက်ကြည့်လိုက် သည်။ “နင် အိမ်ထဲမှာပဲ ပုန်းပြီး ထွက်မလာနဲ့လေ”
“မြို့ထဲမှာ ငါပုန်းပြီး ထွက်လာလို့မရတာ ဘယ်နေရာရှိလို့လဲ” ရှောင်ဟုန် ဆက်ပြောလေသည်။ “ပြီးတော့ အဲဒီအင်အားစု အုပ်လိုက်တွေက ငါ့ကိုတွေ့ဖို့လာတာ ငါက သူတို့ကြည့်အောင် ထွက်ပြရတဲ့ ပန်ဒါဝက်ဝံလည်း မဟုတ်ဘူး စိတ်တိုဖို့ကောင်းလိုက်တာ”
“အဲတော့ ထွက်ပြေးလာတာပေါ့” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ ဒီကောင်မလေးက တကယ်ပဲ သူမ ပြောခဲ့တာကို မှတ်မိတာပဲ။
“ထွက်ပြေးတယ်လို့ မပြောပါဘူး” ရှောင်ဟုန် ဆက်ပြောလေသည် “ငါ နင့်ကို လာကြိုမယ်လို့ အဖေနဲ့ အမေကိုပြောတော့ သူတို့သဘောတူလိုက် တာလေ”
“နင့်အဖေနဲ့ အမေက နင့်ကိုအများကြီး ချစ်တာပဲ” ရှီမာယူယူ သက်ပြင်း ချမိသည်။
သူမကို ထွက်လာရန် ပြောသောလူရှိသည်မှာ သူမကို တန်ဖိုးထားသော လူအများအပြားရှိသည်။ ဆက်ခံသူအခမ်းအနား နီးလာသည်နှင့်အမျှ ပြင်ဆင်ရမည့် ကိစ္စများစွာရှိသည်။ သူမသာ ပျောက်သွားပါက အားလုံးသည် သေချာပေါက် မေးခွန်းထုတ်ကြလိမ့်မည်။ သူတို့အလုပ်များနေစဉ်အတွင်း တွင် ထိုကိစ္စကိုဖြေရှင်းပေးသည်က သူတို့သည် သူမကို ချစ်ပြီး များစွာ အလိုလိုက်သည်ကို ပြသနေသည်။
“ဟီးဟီး ဟုတ်တယ် မဟုတ်ရင် နာမည်ပြောင်းဖို့ခွင့်ပြုမှာမဟုတ်ဘူး” ရှောင်ဟုန်၏ စိတ်ဓာတ်ကျနေသော မျက်နှာသည် သူမ မိဘများအကြောင်း ပြောသောအခါ ပြုံးလာသည်။
“ဒါပေမဲ့ ဒီလိုပုန်းလို့မရဘူးလေ ပြန်ရောက်ရင် လုပ်စရာတွေလည်းရှိနေ မှာပဲကို” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကို စဉ်းစားပြီးပြီ နင့်ကိုပဲ အဖော်ပြုပေးမယ်လို့ ပြောထားတယ်၊ နင့်က ငါ့ကယ်တင်ရှင်ပဲ ဒီလိုမှအကျိုးအကြောင်းသင့်မှာလေ” ရှောင်ဟုန် ဆက်ပြောလေသည် “ပြီးရင် ငါနင့်ကို ဧည့်ခံမယ်”
ရှီမာယူယူသည် ရုတ်တရက် သူမ မျက်နှာကိုစိုက်ကြည့်ပြီး ပြောလိုက် သည် “နင့်ကိုကြိုက်တဲ့သူရှိနေပြီလား”
ရှောင်ဟုန်၏ မျက်နှာသည် ရုတ်တရက် နီမြန်းလာပြီး ပြောလေသည် “ဘာမဟုတ်တာတွေ ပြောနေတာလဲ”
“ကောင်းပြီ နင်အခု ဒီလိုပုံကိုကြည့်တာနဲ့ သိနေပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ငြင်းမနေနဲ့ နင့်မျက်နှာထားက ပြောဦး ဘယ်မျိုးနွယ်က ပါရမီရှင်က နင့်ကို သေလောက်အောင် စိတ်အနှောင့်အယှက်ပေးနေတာလဲ”
“ဘယ်ပါရမီရှင်မှမဟုတ်ဘူး လက်ထပ်ဖို့ ဆက်သွယ်ချင်ကြတဲ့သူတွေ လေ ဟင်း သူတို့က အရင်တုန်းက ငါရုပ်ဆိုးပြီး ဝတုန်းက ငါ့သရုပ်မှန်နဲ့ အရည်အချင်းကိုလည်း မသိကြတော့ မလာကြဘူးလေ အခု ထွက်လာပြီး နှစ်လပဲရှိသေးတယ်၊ အဲဒါတွေက ဘာတွေအသုံးဝင်မှာလဲ ” ရှောင်ဟုန် ပြင်းထန်စွာ ညည်းညူလေသည်။
“ငါ မှန်းတာအဲဒါတင်မဟုတ်ဘူးလေ တကယ်ပဲ နင်ပြောသလိုဆိုရင် ခုနက ဘာလို့မျက်နှာရဲသွားတာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “လာဦး ပြောလေ နင့်စိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေပြီလား”
“မကြာသေးခင်က မဆိုးတဲ့လူတစ်ယောက်တော့ရှိတယ် ငါ နည်းနည်း စိတ်လှုပ်ရှားသွားတယ် ဒါပေမဲ့ ကောင်းတာလား မကောင်းတာလားတော့ မသိဘူး ငါ့စိတ်ကိုယ်ကို မသေချာဘူး အဲဒါကို အသေအချာစဉ်းစားရမယ် ပြီးတော့ တခြားသူတွေက ငါ့ကိုလာနှောင့်ယှက်နေကြတာ အဲဒါကြောင့် ငါ ထွက်လာခဲ့တာ” ရှောင်ဟုန်သည် အမှန်ပြောလိုက်သည်။
“ငါသိနေတယ် နင် ဒီထိလာပြီး ငါ့ကိုကြိုတာ ဘာလို့ပါလိမ့်လို့ထင်နေ တာ” ရှီမာယူယူ ရေရွတ်လေသည်။
“အားယား ငါ တကယ်ပဲနင့်ကိုလာကြိုတာပါ မဟုတ်ရင် ဒီလောက် လူတွေအများကြီး မြို့ထဲကိုလွှတ်ထားပါ့မလား” ရှောင်ဟုန်သည် လျင်မြန်စွာ ပင် ရှင်းပြလေသည်။
“ဟုတ်ပါပြီ ငါနင့်ကို နောက်လိုက်တာပါ” ရှီမာယူယူသည် သက်ပြင်းချ ပြီး သူမ စိုးရိမ်တကြီးဖြစ်နေသည်ကိုမြင်သောအခါ ခေါင်းရမ်းလိုက်လေ သည်။
အရည်အချင်းနှင့် နောက်ခံရှိသော မိန်းကလေးသည် ရိုးသားသည်။ သူမကို အမှန်တကယ်ချစ်မြတ်နိုးမည့် လူတစ်ယောက်နှင့်မတွေ့လျှင် တစ် ကိုယ်တည်းနေသည်က ပိုကောင်းမည်။
ရှောင်ဟုန်သည် သူမ ဒေါသမထွက်သည်ကို မြင်သောအခါ ပြုံးလိုက် သည်။
“သြော် ဟုတ်သားပဲ ဘယ်လိုလူမျိုးက နင့်ကိုရင်ခုန်အောင်လုပ်ပြီး ခြောက်လိုက်တာလဲ သူ့နာမည်ကဘာလဲ သရုပ်မှန်နဲ့ အသက်ရော” ရှီမာယူယူ မေးလိုက်သည်။
“သူ့သရုပ်မှန်နဲ့ အသက်တော့မသိဘူး ဒါပေမဲ့ နာမည်ကိုသိတယ် ကျွင်းမိုယွိတဲ့ သူ့နာမည်က ကျွင်းမိုယွိ သူက အင်အားစုတစ်ခုနဲ့လာတာ” ရှောင်ဟုန်သည် နီမြန်းသောမျက်နှာဖြင့် ပြောလေသည်။
“ကျွင်းမိုယွိဟုတ်လား သူ့ကိုတစ်ခါမှမတွေ့ဖူးဘူး ငါ လက်နက်မြို့တော် ရောက်ရင် သွားကြည့်ရမယ်”
“အင်း….”
***