မြို့ထဲသို့ဝင်ရန် ရပ်တန့်ခြင်း
Vol. 89 Ch. 1238
ရှီမာယူယူသည် ကျွင်းမိုယွိကို မြင်ချင်မိသည်။ သူသည်လည်း သူမလာ သည်ကို စောင့်မျှော်နေခဲ့သည်ကို သူမ အနည်းငယ်သိနေသလိုပင်။
ပြီးနောက် သူမ မသိခဲ့သည်မှာ သူ့ကိုတွေ့သည့်အချိန်တွင် သူမသည် သေခြင်းကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးဖြစ်လေသည်။
သူမသည် နောက်ပိုင်းဖြတ်လမ်းတည်ဆောက်မှုကိုစိုးရိမ်နေဆဲဖြစ်ကာ နှစ်ကြိမ်မျှပြောင်းအသုံးပြုရန်လိုသည်ကို တွေးလိုက်သည်နှင့် နောက်ထပ် နှစ် ကြိမ်အန်မိတော့သည်။
သူမ ဖြတ်လမ်းတည်ဆောက်မှုကို မူးဝေသည်ဟု ပြောသည်ကို ရှောင်ဟုန်ကြားသော်လည်း အရင်ကတစ်ခါမှမမြင်ဖူးသည့်အပြင် ဖြတ်လမ်း တည်ဆောက်မှုကို မူးဝေသည်ဆိုသည့်အရာကို နားမလည်ပေ။ ထို့ကြောင့်ပင် ဖြတ်လမ်းတည်ဆောက်မှုမှ ထွက်လာသည်နှင့် ရှီမာယူယူ အော့အန်နေသည် ကို မြင်သောအခါ အံ့ဩကာ စိတ်မကောင်းဖြစ်မိသည်။
“သူမ အမြဲတမ်းဒီလိုပဲလား”
“ဟုတ်တယ်” ဖက်တီးကျူဆက်ပြောလေသည် “သူမ တစ်လကျော် အတွင်းကို ဒီလိုပဲအန်နေတာ”
ရှောင်ဟုန်သည် ရင်ထိခံစားသွားရသည်။ အရာအားလုံးမှာ သူမ အတွက် ကြောင့်သာြဖစ်သည်။ သူမသာ မဖိတ်ကြားခဲ့ပါက ယူယူသည် သည်နေရာ အထိ ယခုလိုလာရမည်မဟုတ်ပေ။
“အဲဒါကြောင့် အရင်တစ်ခေါက်နဲ့ယှဉ်ရင် ဝိတ်တွေအများကြီးကျသွားတာ ကိုး ငါ့ကြောင့်သာမဟုတ်ရင် သူမ ဒီလိုဖြစ်မှာမဟုတ်ဘူး” သူမသည် ကိုယ့်ကိုယ်ကို အပြစ်တင်မိလေသည်။
နှစ်ရက်ကြာဆက်ဆံပြီးနောက်တွင် ဘေဂုံထန်သည် ရှောင်ဟုန်၏ စရိုက် ကို သဘောကျခဲ့သည်။ သူမကိုယ် သူမ အပြစ်တင်နေသည်ကို ကြည့်ရင်းနှင့် သူမ ပြောလိုက်သည် “ယူယူကိုယ်တိုင်ကလည်း လာချင်လို့ပါ သူမ အကျင့်ကို ဘယ်သူကများ အတင်းပြောင်းနိုင်မှာမို့လို့လဲ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့”
ရှောင်ဟုန် ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်နေတုန်းပင်။
“သူမ ဘယ်တော့မှ အန်တာရပ်မှာလဲ တကယ်လို့ ဒီလိုပုံစံနဲ့သာသွားနေ မယ်ဆိုရင် အပြန်ကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ”
“သူမ ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာရင် အဆင်ပြေသွားမှာပါ” ဘေဂုံထန် ဆက်ပြောလေသည် “မဟုတ်ရင် အရမ်းငြိမ်တဲ့ ဖြတ်လမ်းတည် ဆောက်မှုသုံးရင် အဆင်ပြေလောက်တယ်”
“အရမ်းငြိမ်တဲ့ ဖြတ်လမ်းတည်ဆောက်မှုဟုတ်လား အဲဒါနဲ့တင် အလုပ် ဖြစ်ပါ့မလား” ရှောင်ဟုန်မေးလိုက်သည်။
“အများကြီး အထောက်အကူဖြစ်မှာပါ” ဘေဂုံထန် ဆက်ပြောလိုက်သည် “သူမက လေဟာပြင်လောကကို အရမ်းအာရုံခံစားရလွယ်လို့ ဖြတ်လမ်း တည်ဆောက်မှုသုံးရင် မူးတာလေ၊ ပြီးတော့ အခုဖြတ်လမ်းတည်ဆောက်မှုက လည်း မငြိမ်ဘူး၊ တကယ်လို့ ငြိမ်တဲ့ဖြတ်လမ်းတည်ဆောက်မှုသာဆိုရင် လုံးဝ ကြီးကောင်းသွားမှာမဟုတ်ပေမဲ့ မူးဝေတာကိုတော့ သက်သာစေမှာပါ”
“ဒါဆိုရင် မင်းတို့ပြန်ဖို့အတွက် လူရှာပြီးကြိုးစားခိုင်းရမယ်” ရှောင်ဟုန် ပြောလိုက်သည်။
ရှီမာယူယူ အန်ပြီးသည့်နောက်တွင် သူတို့သည် တစ်ရက်တာအနားယူ ကြလေသည်။ နောက်တစ်နေ့တွင် သူတို့သည် လက်နက်မြို့တော်သို့ ဦးတည် ကြသည်။
အစပိုင်းတွင် လက်နက်မြို့တော်သို့ ရောက်ရန် မြို့များကိုဖြတ်ပြီး အထူး ဆက်သွယ်ထားသော ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုရန်ဖြစ်သည်။
သို့သော် ရှီမာယူယူ ခံစားနေရသည်ကိုကြည့်ပြီး ရှောင်ဟုန်သည် တိုက်ရိုက်ရောက်မည့် ယာယီဖြတ်လမ်းတည်ဆောက်မှုကို ရှာခိုင်းလိုက်ရ သည်။
အရင်က အသုံးမဝင်ဟုထင်ခဲ့သည့်အရာသည် ယခု စဉ်းစားကြည့်ရာ ယူလာမိ၍တော်သေးသည်။
ရှောင်ဟုန်သည် အတည်ငြိမ်ဆုံးရှာလာရန် ပြောလိုက်သောကြောင့် သည်တစ်ခေါက် ရှီမာယူယူ ထွက်လာသည့်အချိန်တွင် မအန်တော့ဘဲ မူးဝေမှုကိုသာ ခံစားရလေသည်။
“မြို့အဝင်ဂိတ်က အရှေ့တင်ပဲ ခံနိုင်ရည်ရှိသေးလား” ရှောင်ဟုန် မေး လိုက်သည်။
ရှီမာယူယူသည် ဘေဂုံထန်၏ လက်မောင်းကိုကိုင်ကာ သူမကို မှီတွယ် ထားရသည်။ မီတာရာအနည်းငယ်သာဝေးတော့သော မြို့တံတိုင်းကို ကြည့်ပြီး ခေါင်းရမ်းပြီး ပြောလိုက်သည် “ခဏလောက်နားချင်သေးတယ်”
ဘေဂုံထန်သည် သူမစားရန် ဆေးတစ်လုံးထုတ်ပြီး နူးညံ့သော ခေါင်းအုံး ထုတ်ပြီး သူမ လှဲရန်ကူညီပေးလိုက်သည်။ “အရင်ဆုံး ဒီမှာခဏလောက် နား နေလိုက်”
ရှီမာယူယူသည် လှဲလိုက်သည်။ သူမ၏ ဖြူဖျော့သော မျက်နှာကိုကြည့် ပြီး ရှောင်ဟုန်သည် နှုတ်ခမ်းကိုက်ကာ သူမကိုယ်သူမ ဆိုးဝါးစွာ အပြစ်တင်မိ သည်။
ရှီမာယူယူသည် မျက်လုံးများပွင့်လာြပီး သူမကိုကြည့်ကာ ပြောလိုက် သည် “ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ နောက်မှငါ့ကို ဖြည့်စွက်စာအများကြီး ပေးလိုက်ရင် အဆင်ပြေသွားမှာပါ”
“စကားမပြောနဲ့တော့ ကောင်းကောင်းအနားယူလိုက်” မြို့ရောက် သည်နှင့် သူမကို ကောင်းကောင်း ဆက်ဆံမည်ဟု ရှောင်ဟုန်သည် စိတ်ထဲမှ လေးလေးနက်နက်ပြောမိလေသည်။
မြို့တံခါးပွင့်သည်နှင့် လှပသောသားရဲရထားလုံးသည် ပြေးထွက်လာ သည်။ အစောင့်တစ်သိုက်သည် သူတို့ဆီသို့လာကာ ပြောလေသည် “သခင်မ လေး ဥဣဌကြီးက သခင်မလေးတို့ကို လာကြိုခိုင်းလိုက်လို့ပါ”
“အဖေက စီစဉ်ထားတာလား” ရှောင်ဟုန် အံ့အားသင့်နေလေသည်။
“ဟုတ်ပါတယ် သခင်မလေးတို့ ရောက်ချိန်ကျလို့ လာကြိုဖို့ ဥဣဌကြီး ပြောပါတယ် သခင်မလေးတို့ မရောက်မချင်းစောင့်ဖို့လည်းမှာလိုက်ပါသေး တယ်” အစောင့်ပြောလေသည်။
“ငါ ဖြတ်လမ်းတည်ဆောက်မှုကို သွားယူခိုင်းလိုက်လို့ အဖေတို့က သိသွားတာြဖစ်မယ်၊ အခု သားရဲ ရထားလုံးရှိပြီဆိုတော့ အရင်ပြန်ကြတာပေါ့” ရှောင်ဟုန် ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ သဘောတူလိုက်သဖြင့် ကျန်လူ များလည်း သဘောတူလိုက်ကြသည်။
ရှောင်ဟုန်သည် သန်မာလှသည်။ သူမသည် ရှီမာယူယူကို ပွေ့ချီကာ သားရဲရထားလုံးထဲသို့ တင်ပေးလိုက်သည်။ ထို့နောက်တွင် သူမသည် ဘေဂုံထန်တို၌နှင့်အတူ ဝင်လိုက်သည်။ ကျန်လူများသည် အနောက်မှ သားရဲ ရထားလုံးများဆီသို့ တက်လိုက်ကြသည်။
အစောင့်ခေါင်းဆောင်သည် လက်ဝှေ့ရမ်းလိုက်သည်နှင့် ဝိညာဉ်သားရဲ များသည် မြို့ဆီသို့ ကဆန်ပေါက်ပြေးလေသည်။
မြို့တံခါးတွင် အထဲတွင် မည်သူမည်ဝါလိုက်ပါလာသည်ကို အစောင့်များ မသိသော်လည်း တစ်စုံတစ်ယောက်မှလာကြိုရသည်အထိဖြစ်သောကြောင့် အရေးပါသောသူဖြစ်မည်ကို သိကြသည်။ ထို့ကြောင့် သူတို့သည် တလေးတစား နှုတ်ဆက်ကာ ရထားလုံးများ မြင်ကွင်းမှပျောက်ကွယ်သွား သည် အထိရပ်ပြီးကြည့်ကြလေသည်။
လက်နက်မြို့တော်ဟု ခေါ်ဆိုရခြင်းသည် ပကတိနာမည်အတိုင်းပင်ဖြစ် သည်။ လူငယ်များမှစ၍ သက်ကြီးရွယ်အိုများအထိ လက်နက်ပညာကိုတတ် ကျွမ်းကာ စီးပွားရေးလုပ်သူ နည်းပါးသည်။
ဆက်ခံသူအခမ်းအနား နီးလာသဖြင့် လက်နက်မြို့တော်သည် ပုံမှန်အတိုင်းမဟုတ်ဘဲ ဆူညံသံများ စိတ်လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိ သည်။ မြို့မှာ သေးငယ်သော်လည်း လူဦးရေထူထပ်သောကြောင့် ဤကာလ၌ လမ်းများပေါ်တွင် သာမန်ပြည်သူများ ရထားသုံးခွင့်ကို ခွင့်မပြုထားပေ။ လမ်းပေါ်တွင် ရထားသုံးလာသည့် လူကိုမြင်သောအခါ အားလုံးသည် စပ်စုစွာ ဖြင့်ကြည့်ကြလေသည်။
“အဲဒါ ဘယ်သူလဲ ဒီအချိန်ကြီးကို ရထားသုံးရဲသေးတယ်”
“ဘယ်သူပဲနေနေ သူတို့သရုပ်မှန်က သေချာပေါက်ထူးခြားမှာပဲ.. အစောင့်တွေကို ကြည့်လိုက်ဦးလေ… အဲဒါ လက်နက်သခင်များအသင်းက အဖွဲ့ဝင်တွေပဲလေ”
“ဟင်း လက်နက်သခင်များအသင်းဆိုလည်း ဘာြဖစ်လဲ ဘယ်သူလဲဆိုတ တာ ငါတော့သွားမေးမှာပဲ… ငါတို့ကျရထားသုံးမရဘဲ သူတို့ကျ ဘာလို့သုံးလို့ရ နေတာလဲ”
အဝါရောင်ဝတ်ထားသော မိန်းကလေးတစ်ယောက်သည် လမ်းပေါ်ထွက် ကာ အလယ်တွင်ရပ်ပြီး တပ်ဖွဲ့များ၏ လမ်းကိုပိတ်ကာ အော်လေသည် “ရပ်”
အစောင့်ခေါင်းဆောင်၏ အမိန့်မဟုတ်သော်ငြား ထိုဝိညာဉ်သားရဲများ သည် အလိုလိုရပ်သွားကြလေသည်။
“မိန်းကလေးဟွမ် ဒါဘာလုပ်တာလဲ” အစောင့်ခေါင်းဆောင်သည် မျက်နှာတင်းမာစွာြဖင့်မေးလေသည်။
“ခေါင်းဆောင်ဟောင် မြို့ကသေးပြီး လူဦးရေထူထပ်လို့ သားရဲရထားလုံး သုံးလို့မရဘူးဆိုပြီး ရှင်တို့ လက်နက်သခင်များအသင်းက ပြောကြတယ်လေ… ဒီရထားလုံးထဲက ဘယ်သူမို့လို့ စည်းမျဉ်းကိုဖျက်ပြီး လမ်းမပေါ်မှာ သားရဲ ရထားလုံးကို ပေါ်ပေါ်တင်တင်စီးနေရတာလဲ”
“ဒါက ဥဣဌကြီးရဲ့ အမိန့်ပဲ မိန်းကလေးဟွမ် ကျေးဇူးပြုပြီး မနှောင့်ယှက် ပါနဲ့” ခေါင်းဆောင်ဟွမ် ပြောလိုက်သည်။
“ဥဣဌအမိန့်ဟုတ်လား ဒါဆိုရင် ဒီလူအကြောင်းကို ပိုသိချင်သွားပြီ ဥဣဌ ကိုယ်တိုင်တောင် ကြိုခိုင်းရတယ်ဆိုတော့ သာမန်အင်အားစုတော့ မဟုတ် လောက်ဘူး ဟုတ်တယ်မလား၊ ဒီလူက ဘယ်သူလဲဆိုတာ မသိစေချင်လို့ ဒီ ဆင်ခြေနဲ့ ကျွန်မတို့ကို ပ,ထုတ်နေတာလား” မိန်းကလေးသည် ကိုယ့်ကိုယ်ကို အထင်ကြီးစွာပြောလေသည် “ဒီကိုလာရင် လူတိုင်းက အထောက်အထားကို ပြောရမယ်”
ရှောင်ဟုန်သည် လိုက်ကာကိုဘေးသို့ဆွဲပြီး အထဲမှ ခေါင်းပြူကာ အရှေ့မှ မိန်းကလေးကို အော်လိုက်သည် “ဟွမ်ရင်ရင် ဖမ်းစမ်း”
“အိုး… ဘယ်သူလဲမှတ်တယ် တကယ်ပဲ လူမသိအောင်နေတဲ့ အသင်းရဲ့ သခင်မလေးပဲ.. ဘာလဲ အရေးကြီးတဲ့ဧည့်သည်လို့ ပြေထားတော့ နင်လည်း ဧည့်သည်ပဲလား၊ ဥဣဌရဲ့သမီးတစ်ယောက်ဖြစ်တာနဲ့ စည်းမျဉ်းကိုဖောက်စရာ ဘာအခွင့်မှမရှိဘူး” ဟွမ်ရင်ရင်သည် သဲ့သဲ့ပြုံးကာ ပြောလေသည်။
“ဟင်း အခုလေးတင် နင်က သရုပ်မှန်အကြောင်းပြောသွားတယ်မလား ဒီကဧည့်သည်က နင့်ထက် အများကြီးသာတယ်၊ အခုလမ်းမဖယ်ရင် အခမ်းအနားမတိုင်ခင်အထိ နင် ဒီမှာနေနိုင်မလားဆိုတာ မသေချာဘူး” ရှောင်ဟုန် ပြောလိုက်သည်။
“အဲလိုပြောလိုက်တော့ ငါကြောက်သွားတယ်ပေါ့” ဟွမ်ရင်ရင်သည် ကြောက်သည့်ပုံစံလုပ်ပြလေသည် “နင်က ကြောက်ဖို့ကောင်းအောင်လုပ်နေမှ တော့ သူမ သရုပ်မှန်ကိုပြောလိုက်လေ… ဝိညာဉ်စွမ်းအင် အတက်အကျ ဘာမှ မရှိတဲ့လူတစ်ယောက်ရဲ့ တော်ဝင်သရုပ်မှန်ကို အရမ်းကိုသိချင်နေပြီ”
“ရထားလုံးပေါ်ကနေ သူမကို ဆင်းခိုင်းရအောင် နင်က ဘာလုပ်ပိုင်ခွင့်ရှိ လို့လဲ” ရှောင်ဟုန် ပြောလိုက်သည် “သူမ သရုပ်မှန်ကိုသိရင် ရှက်လို့ တွင်းသာ တူးမနေနဲ့”
***