← Chapters

မြို့ထဲသို့ဝင်ရန် ရပ်တန့်ခြင်း ၂

Vol. 89 Ch. 1239

မြို့ထဲသို့ဝင်ရန် ရပ်တန့်ခြင်း ၂

Vol. 89 Ch. 1239

လူများသည် ရထားလုံးထဲမှ လူနှစ်ယောက်အား အာရုံခံမိသဖြင့် ရှောင်ဟုန်၏ စကားများကို အလေးအနက်မထားကြပေ။ တစ်ယောက်မှာ အံ့ဖွယ်ဂျူနီယာအဆင့်ဖြစ်ကာ နောက်တစ်ယောက်မှာ ဝိညာဉ်စွမ်းအင်မရှိပေ။ သူတို့က ဘယ်လိုလုပ် အရေးကြီးဧည့်သည်ဖြစ်နိုင်မလဲ။

“အားကောင်းတယ်လို့ နင်ပြောတယ်နော် ဒါဆိုရင် သူတို့ကိုပိုမြင်ချင် သေးတယ်” ဟွမ်ရင်ရင် ပြောလေသည် “ဘာလဲ ဂရုမစိုက်တာလား မဟုတ်ရင် အထဲကလူက ဘာမှအဖြစ်မရှိတာလား”

“ဟင်း ပြောကြည့်လေ နင် ဒီကထွက်သွားရင် မရပ်တည်နိုင်မှာကိုတောင် စိုးရိမ်မိသေးတယ်” ‌ရှောင်ဟုန်သည် မထီမဲ့မြင်ပြောလိုက်သည် “ဟွမ်ရင်ရင် အကုန်လုံးက နောက်ခံကိုသုံးပြီး လူတွေကိုခြိမ်းခြောက်တဲ့ နင့်လိုများထင်နေ လား”

“ရှောင်ဟုန် အဓိပ္ပာယ်မရှိတာမပြောနဲ့” ဟွမ်ရင်ရင် ပြောလိုက်လေသည် “နင် ပြောမှာလား မပြောဘူးလား… ပြောစရာမရှိရင် စည်းမျဉ်းမဖောက်နဲ့လေ မဟုတ်ရင် ဒီစည်းမျဉ်းက နင်ပြောတဲ့အတိုင်းပဲလားဆိုတာကို ဥဣဌကြီးကို သွားမေးရလိမ့်မယ်”

ရှောင်ဟုန်သည် သူမ စကားများကြောင့် သွေးများပင် အန်ချင်မိတော့ သည်။ သူမသာ တကယ်ပဲ ဥဣဌကြီးကိုသွားရှာပါက သူ၏ ဂုဏ်သတင်းသည် ထိခိုက်သွားစေမည်။

“ပြောလိုက်လေ” ရှီမာယူယူ၏ အားဖျော့နေသောအသံ ထွက်လာသည် “ငါက လူတွေကိုမမြင်ရတာလည်းမဟုတ်ဘူး”

ပတ်ဝန်းကျင်သည် မကျေနပ်မှုမျာြဖင့် နှုတ်ဆိတ်သွားသည်ကို ရှောင်ဟုန် သတိထားမိသည်။ သူတို့သည် ဥဣဌကို ဆွဲထည့်လာသည်။ ရှီမာယူယူသဘောတူလိုက်သဖြင့် သူမ လန့်သွားသည် “သိချင်မလားတော့ မသိဘူး ငါအရင်မေးမယ် ထာဝရရှင်သန်သူနယ်မြေမှာတုန်းက တခြားလူတွေနဲ့ ပြိုင်ပွဲရှိခဲ့တာသိလား”

“သိတာပေါ့ အဲဒီပြိုင်ပွဲကြောင့်သာမဟုတ်ရင် အခုလိုရာထူးရမှာမဟုတ် ဘူးလေ” ဟွမ်ရင်ရင် ပြန်ဖြေလေသည်။

“ဒါဆိုရင် ငါနဲ့အတူ ပြိုင်ပွဲမှာပြိုင်တဲ့ လူနောက်တစ်ယောက်ကို သိလား”

“အဂ္ဂိရတ်ပညာရှင်အသင်းက အကျိုးဆောင် အကြီးအကဲ၊ အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်မလေး၊ အသည်းကွဲတောင်ကြားက ဒုခေါင်းဆောင် ရှီမာယူယူလေ.. လက်နက်ပညာကလွဲရင် သူမက အကုန်လုံးမှာ ပါရမီရှင်ပဲ.. သူမက တည်ဆောက်မှုနဲ့ အဂ္ဂိရတ်ပညာမှာ နိုင်ခဲ့လို ငါတို့က ပြိုင်ပွဲ မှာနိုင်သွားပြီး ၁၀နှစ်စာ အချိန်ရခဲ့တာလေ” ဟွမ်ရင်ရင် ပြန်ဖြေလေသည် “အထဲက လူကသူမလို့ဆိုလိုချင်တာလား”

“ဟုတ်တယ် အခု နင်သိပြီဆိုတော့ လမ်းဖယ်တော့”

“ဟား…” ဟွမ်ရင်ရင်သည် အားရပါးရ ရယ်မောလိုက်သည် “ရှောင်ဟုန် အဲဒါက တကယ်ပဲ သူမဆိုရင် ဘာမှမပြောတော့ဘဲ အရိုအသေပေးလိုက်မယ် ဒါပေမဲ့ နင်ပြောတာ သူမလား”

“ဟွမ်ရင်ရင် နင် ငါတို့ကိုလမ်းပိတ်ရဲရင် နင့်ကိုမြို့အပြင်ကိုနှင်ထုတ်ခိုင်း ရလိမ့်မယ် ခေါင်းဆောင်ဟောင် လုပ်လိုက်တော့” ရှောင်ဟုန်သည် သူမနှင့် အဓိပ္ပာယ်မရှိသည်များကို မပြောချင်သဖြင့် အမိန့်ပေးလိုက်သည်။

“ငါတို့အငြင်းပွားတာနဲ့တင် နင်က အင်အားသုံးချင်တာလား ဒါက လက်နက်သခင်များအသင်းက လုပ်နိုင်တဲ့ဟာလား” ဟွမ်ရင်ရင်ပြောလေသည် “ငါ နင့်ကိုမေးခွန်းလေးမေးလိုက်တာ နင်က ငါ့ကိုမြို့အပြင်ကိုနှင်ထုတ်ချင်နေ တယ်… ငါ့နောက်ခံက နင့်ထက်နိမ့်မယ်လို့ထင်နေလား”

ဟွမ်ရင်ရင်၏ ကိုယ်ရံတော်များသည် ဘေးနှစ်ဘက်မှ ပြေးထွက်လာကြ သည်။ သူတို့သည် လက်နက်အသင်းမှ အစောင့်များနှင့် ထပ်တိုက်တွေ့ကာ သူမကိုကာကွယ်ရန် အနောက်မှရပ်လိုက်ကြသည်။

“ဘာဖြစ်ကြတာလဲ” ဟော်ချန်းဒုံ၏ အသံသည် လူအုပ်နောက်မှထွက် လာသည်။ အမြဲတစေအလုပ်များနေသော ဥဣဌကြီး လမ်းပေါ်သို့ ထွက်လာ သည်ကို အားလုံး သတိမထားမိကြပေ။

အားလုံးသည် လမ်းဖယ်ပေးလိုက်ရာ ဟော်ချန်းဒုံနှင့်အဖွဲ့ ရောက်လာကြ သည်။

“အဖေ” ရှောင်ဟုန်သည် ရထားပေါ်မှဆင်းကာ ဒူးညွှတ်ပြီး အရိုအသေ ပေးလိုက်သည်။

“အဖေ” ဟွမ်ရင်ရင်သည် ဟော်ချန်းဒုံအနောက်မှ သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ခေါ်လိုက်သည်။

“ရင်ရင် လက်နက်သခင်များအသင်းက အလုပ်များတယ်.. သူတို့ကိုသွား ပြီး ပြဿနာရှာပြန်တာလား” ဟွမ်ဖန်သည် တည်ငြိမ်စွာြဖင့် မေးလေသည်။

“သမီးမလုပ်ပါဘူး” ဟွမ်ရင်ရင် ပြန်ချေပလေသည် “ဥဣဌရဲ့ အမိန့်ကို ဆန့်ကျင်ပြီး မြို့ထဲကို ရထားလုံးမောင်းလာလို့ သူတို့ကို တားပြီး မေးခွန်းလေး မေးနေတာပါ”

“အဓိပ္ပာယ်မရှိတာ အသင်းရဲ့ သားရဲရထားလုံးဆိုမှတော့ သေချာပေါက် ဧည့်သည်ကြိုလာတာပေါ့… ဘယ်လိုလုပ် ဒီလောက်တောင် မဆင်ခြင်တတ်ရ တာလဲ တစ်ခုခုပြစ်မှားမိရင် ဘယ်လိုလုပ်မလဲ” ဟွမ်ဖန် ကြိမ်းမောင်းလေသည် “ဒီအဘိုးကြီးကပဲ ရင်ရင်ကို သွန်သင်တာလိုသွားလို့ အသင်းရဲ့ဧည့်သည်ကို ပြစ်မှားမိသွားပါတယ် ကျေးဇူးပြုပြီး သူမကို စိတ်မဆိုးပါနဲ့”

“ပြဿနာမရှိပါဘူး” ဟော်ဒုံချန်းနှင့် ဟွမ်ဖန်တို့၏ ဆက်ဆံရေးမှာ ကောင်းသဖြင့် ဟွမ်ရင်ရင်ကို အပြစ်မယူပေ။ သူသည် ရထားလုံးကို လက်သီး ဆုပ်ဖြင့် နှုတ်ဆက်လိုက်သည်။ “မိန်းကလေးယူယူ အဆင်ပြေရဲ့လား”

သူထိုသို့ပြောလိုက်သောအခါ ရထားလုံးထဲမှ လူသည် အမှန်တကယ်ပင် ရှီမာယူယူဖြစ်ပြီး ရှောင်ဟုန် မလိမ်သည်ကို သက်သေပြပြီးဖြစ်လေသည်။

ဖက်တီးကျူနှင့် အဖွဲ့သည် အနောက်မှဆင်းလာကြကာ အရှေ့သို့ လျှောက်လာကြသည်။

“ယူယူ ဦးလေးဟော်ကို နှုတ်ဆက်ပါတယ်၊ ဆက်ခံမှုအတွက် ဂုဏ်ပြုပါ တယ်” ရှီမာယူယူသည် သူ့ကို အရိုအသေပေးလိုက်သည်။

ဟော်ချန်းဒုံသည် ရှေ့တိုးကာ သူမကိုထူပေးရန် ကြိုးစားလိုက်သည် “ဘာလို့ ဆင်းလာတာလဲ နေမကောင်းတာကို အပေါ်မှာပဲနေတာမဟုတ်ဘူး”

“ဦးလေးဟော်က လူကြီးလေ ယူယူက ဘယ်လိုလုပ် ရထားလုံးပေါ်က မဆင်းရမှာလဲ” ရှီမာယူယူသည် သူ့လက်အကူအညီဖြင့် ထလိုက်သည်။

“ခန္ဓာကိုယ် အခြေအနေကဘယ်လိုလဲ”

“ယူယူ အဆင်ပြေပါတယ် တစ်ရက်လောက်ပဲနားဖို့လိုတာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“အဖေ ဒီကိုဘာလို့လာတာလဲ” ရှောင်ဟုန်သည် ရှီမာယူယူကို ထူရင်းမေး လေသည်။

“ဦးလေးဟွမ်နဲ့ အဖေနဲ့က ဒီအတိုင်းဖြတ်သွားတာ… ဒီမှာဆူဆူညံညံ ကြားလို့ လာကြည့်တာ” ဟော်ချန်းဒုံသည် ဖြူဖျော့ပြီး ပိန်နေသော ရှီမာယူယူ ၏ မျက်နှာလေးကိုကြည့်လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ခွဲခွာပြီးတဲ့နောက် ကို ဝိတ်အများကြီးကျသွားတာပဲ၊ မင်းကို စံအိမ်တော်သခင်ဟွမ်နဲ့ မိတ်ဆက် ပေးချင်တယ် ဒါပေမဲ့ ဒါအချိန်ကောင်းမဟုတ်ဘူးထင်တယ်၊ ဒီလိုလုပ်ပါ အခု အရင်ဆုံး နားဖို့နေရာပြင်ပေးမယ် တခြားကိစ္စတွေကို နောက်မှ စဉ်းစားကြတာ ပေါ့”

“ဒါဆိုရင် ယူယူအရင်သွားလိုက်ပါဦးမယ်” ရှီမာယူယူသည် ဟော်ချန်းဒုံ နှင့်ဟွမ်ဖန်တို့ကို တလှည့်စီအရိုအသေပေးပြီးနောက် သားရဲဆွဲရထားလုံးဆီသို့ ပြန်သွားလေသည်။

“အဖေ သမီးလည်းသွားလိုက်ပါဦးမယ်” ရှောင်ဟုန်သည် ရထားလုံးဆီသို့ ပြန်သွားလေသည်။ အားလုံးသည် ဘေးသို့ရွှေ့လိုက်ကြသည်။

“ရင်ရင် သွားပြန်ပြီး ကိုယ့်ကိုယ်ပြန်သုံးသပ်လိုက် ငြင်းဖို့မကြိုးစားနဲ့” ဟော်ဖန်သည် ဟွမ်ရင်ရင်အား ငေါက်ငမ်းလေသည်။

“ဒီအတိုင်းပဲ ဂျူနီယာတစ်ယောက်ပဲကို” ဟွမ်ရင်ရင်သည် တွန့်ဆုတ်စွာ ရေရွတ်လေသည်။

“ဂျူနီယာ ဟုတ်လား  တခြားဟာတွေထားလိုက်ဦး ဂဠုန်ဘုရင် တစ် ယောက်တည်းနဲ့တင် တိုင်းပြည်တစ်ခုလုံးကို နှိမ်နင်းဖို့လုံလောက်နေပြီ တိုင်းပြည်အတွက် သူမယူပေးတဲ့ အကျိုးအမြတ်တွေကိုမပြောနဲ့ဦး၊ ဒီ့ထက် ပိုပြီး အရောင့်တက်နေမယ်ဆိုရင် ကိုယ့်ခြံဝန်းထဲမှာသွားနေလိုက်တော့ အခမ်းအနားမတိုင်ခင်ကို အပြင်မထွက်ရဘူး”

“အဖေ…”

“မြန်မြန်သွားတော့”

“ဟင်း…”

ဟွမ်ရင်ရင်သည် နစ်နာသည်ဟု ခံစားရကာ ခြေဆောင့်ပြီး ထွက်ပြေး သွားလေသည်။ သူမ အဖေသည်စည်းကမ်းတင်းကြပ်လေ့မရှိသော်လည်း ယခုလိုမျိုး လူရှေ့သူရှေ့တွင် ဆူငေါက်ခဲသည်။ အခု အဖေဖြစ်သူသည် သူမ ထက်ပင် ငယ်ရွယ်သောလူတစ်ယောက်အတွက် ရပ်တည်ပေးနေသည်။ မှားယွင်းစွပ်စွဲခံရသည်ဟု ခံစားရသဖြင့် သူမသည် ရှီမာယူယူကို စတင်မုန်းတီး လာသည်။

“ရင်ရင်က ငယ်သေးတယ် ဘာလို့ ဆူနေတာလဲ” ဟော်ဒုံချန်း ပြောလိုက် သည်။

“သူမ မငယ်တော့ပါဘူး၊ မိန်းကလေးယူယူကိုကြည့်လေ သူမ အသက်က ရင်ရင်အသက် အစိတ်အပိုင်းတစ်ခုလောက်ပဲရှိသေးတယ် အကျိုးကြောင်း ဆင်ခြင်နိုင်နေပြီ၊ ပြီးတော့ ရင်ရင့်ကို သူမအမေက အရမ်းအလိုလိုက်လွန်း တယ်”

ပွဲ၏ ဦးဆောင်သူများ ပျော်ကွယ်သွားလေပြီ။ ဟော်ချန်းဒုံသည် လက်ဝှေ့ ယမ်းပြနေစဉ်တွင် ပျော်ရွှင်စွာလာကြည့်သူများလည်း လူစုခွဲသွားကြလေပြီ။ သူ နှင့် ဟွမ်ဖန်တို့သည် သူတို့ကိစ္စဖြေရှင်းရန် ထွက်သွားလိုက်ကြသည်။

လမ်းဘေးမှ လက်ဖက်ရည်ဆိုင်အတွင်းတွင် မိုယွိနှင့် ကျွင်းမိသားစု ခေါင်းဆောင်များသည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

“သခင် အဲဒါရှီမာယူယူပဲ” ကျွင်းမိသားစုခေါင်းဆောင်သည် ဝေးသွား သော သားရဲဆွဲရထားလုံးကို ကြည့်လိုက်သည်။

“အင်း သူမကြည့်ရတာ အားနည်းနေတယ်” မိုယွိ မှတ်ချက်ပေးလေသည် “ဒါပေမဲ့ သူမဆီက အရသာရှိတဲ့ ဝိညာဉ်အနံ့ရနေတယ် အဲဒါကြောင့် ယွိဒူက သူမ သတ်တာခံလိုက်ရတာ… သူက သူမရဲ့ဝိညာဉ်ကို စားချင်နေလို့ဖြစ်မယ်”

“သခင် တစ္ဆေမိဖုရားကို ပြောချင်လား” ကျွင်းမိသားစု ခေါင်းဆောင် မေး လေသည်။

***

All Chapters