← Chapters

ပုံမန်မဟုတ်တဲ့ဘိုင်ရှန်း

Vol. 89 Ch. 1240

ပုံမန်မဟုတ်တဲ့ဘိုင်ရှန်း

Vol. 89 Ch. 1240

သားရဲရထားလုံးထဲတွင် ရှီမာယူယူသည် နူးညံ့သော မှီအုံးကို မှီထား သည်။ သူမ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေသည်။

“ယူယူ ခုနကနင့်ကိုကြည့်နေတဲ့သူရှိတယ်” ဘေဂုံထန် ပြောလိုက်သည်။

“အင်း ငါသိတယ် အာရုံခံလို့ရတယ်”

“ခုနက လူတွေဒီလောက်များတာ သေချာပေါက်ယူယူ့ကို ကြည့်တဲ့သူရှိ မှာပဲ မဟုတ်ဘူးလား”

“အဲလို ရိုးရိုးကြည့်တာမဟုတ်ဘူး” ဘေဂုံထန် ရှင်းပြလေသည် “တမင် တကာစောင့်ကြည့်နေသလိုမျိုး”

“အဲဒါကို သိတယ်ပေါ့” ရှောင်ဟုန်သည် သူတို့ကိုတအံ့တဩကြည့်လေ သည်။

“ငါ ခံစားမိတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။  “ရှောင်ဟုန် ဟွမ်ရင်ရင် ကဘယ်လိုလူမျိုးလဲ… နင်တို့ကြားက ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူးထင် တယ်”

“ဟင်း ဦးလေးဟွမ်နဲ့ ငါ့မိသားစုနဲ့က ဆက်ဆံရေးကောင်းတော့ သူမက ငါ့ သရုပ်မှန်ကို စောစောကတည်းကသိထားတယ်လေ၊ ဒါပေမဲ့ သူမက ငါ့ထက် ကြီးပြီး ငါ့လောက်အရည်အချင်းမရှိတော့ ငါ့အမှားကိုပဲ အမြဲရှာနေတာ” ရှောင်ဟုန် ပြောလိုက်သည်။

“ဒါဆိုရင် သူမက အရင်က နင့်သရုပ်မှန်ကို မဖော်ဘူးလား”

“ဘာကိုဖော်ရမှာလဲ… သူများတွေက ငါ့နောက်ခံကိုမသိကြဘူးလေ ဒါပေမဲ့ သူမကိုတော့သိကြတယ် အဲတော့ သူမက အဲဒါကိုအထက်စီးက ခံစား တယ်လေ” ရှောင်ဟုန်ပြောလိုက်သည်။ “ဒါပေမဲ့ ငါက အဲဒါမျိုးတွေ အာရုံစိုက် ဖို့အချိန်မရှိဘူး… လက်နက်သန့်စင်ရတာနဲ့တင် အချိန်က မလုံလောက်ဘူး”

“မှန်ကန်တဲ့ စိတ်ထားပဲ”

ဟွမ်ရင်ရင်ကဲ့သို့လူမျိုးနှင့် ရန်ဖြစ်ရခြင်းသည် မတန်ပေ။ သူမနှင့် အကောင်းဆုံးဖြေရှင်းရသည့် နည်းလမ်းမှာ လျစ်လျူရှုလိုက်ခြင်းပင်ဖြစ်သည်။

ရှီမာယူယူသည် ထိုစကားပြောပြီးနောက် မျက်လုံးမှိတ်ကာ မည်သည့် စကားမှ မပြောတော့ပေ။ ဘေဂုံထန်နှင့် ရှောင်ဟုန်တို့သည် သူမ အနားယူရန် အတွက် စကားမပြောဘဲနေပေးကြသည်။

သားရဲဆွဲရထားလုံးသည် သူတို့ကို ခြံဝန်းတစ်ခုဆီသို့ ခေါ်သွားပေးသည်။ ရှောင်ဟုန်သည် သူတို့ကိုဦးဆောင်ဝင်သွားကာ တခြားသော အစောင့်များ သည်ထွက်သွားကြလေသည်။

“နင်က တိတ်ဆိတ်တာကြိုက်တာကို ငါသိတယ် အဲဒါကြောင့် ဒီခြံဝန်းကို အထူးတလည် နင့်အတွက်ပြင်ပေးထားတာ၊ အရမ်းမကြီးပေမဲ့ လူရှုပ်တဲ့ အသင်းရဲ့အနောက်မှာရှိပြီး သိပ်လည်းမဝေးဘူး” ရှောင်ဟုန် ပြောလိုက်သည်။

အားလုံးသည် သူမနောက်လိုက်ဝင်လိုက်ကြသည်။ ခြံဝန်းသည် သေးငယ် သော်လည်း ထူးခြားစွာ အလှဆင်ထားသည်ကို တွေ့ရသည်။ သူမ အရင်ဘဝမှ ကျန်းနန်နှင့် ဆင်တူသဖြင့် မြင်မြင်ချင်းပင် သဘောကျသွားရသည်။

“ခြံဝန်းက တကယ်ကောင်းတာပဲ အသင်းကပဲပိုင်တာလား”

“အဲလိုတော့မဟုတ်ဘူး” ရှောင်ဟုန် ပြန်ဖြေလေသည် “ဒါက ငါတို့ ဘိုးဘွားတွေထဲက တစ်ယောက်ရဲ့ ခြံဝန်းပဲ… ဒါပေမဲ့ အခု သူမ မရှိတော့ဘူး လေ… အလှဆင်တာက လူတစ်ယောက်ရဲ့ အကြိုက်အပေါ်မှာ မူတည်တယ်လို့ ပြောကြတယ်၊ ငါ ကလေးကတည်းက ဒီနေရာကို သဘောကျခဲ့တာ ကံမကောင်းစွာနဲ့ပဲ သူမက ဘယ်သူလဲဆိုတာ အခုထိမေးလို့မရခဲ့ဘူး”

ခရီးစဉ်တလျှောက်လုံးတွင်  ဘိုင်ရှန်းစကားနည်းသည်ကို ရှီမာယူယူ သတိထားမိသည်။ သူ ပုံမှန်မဟုတ်သည်ကို သူမ သတိပြုမိသည်။

“ယူယူ နင် အနားယူလို့ရအောင် အရင်ဆုံးနင့်ရဲ့ ခြံဝန်းကို ခေါ်သွား ပေးမယ်” ရှောဟုန် ပြောလိုက်သည် “ဘေဂုံ နင့်ခြံဝန်းကလည်း ယူယူနဲ့အတူတူ ပဲ၊ တခြားသူတွေတော့ ဘေးမှာ ခြံဝန်းအသေးနှစ်ခုရှိတယ် ခြံဝန်းအသေးထဲမှာ တော့ ဘယ်လိုခွဲနေကြမလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ကြပါ အခုတော့ ရှောင်ဟုန် သွားလိုက်ပါဦးမယ်”

ရှီမာယူယူသည် နေထိုင်မကောင်းဖြစ်နေသဖြင့် ဘိုင်ရှန်းကို ဘာမှမမေး ပေ။ မနက်ဖြန်မေးမည်ဟု သူမ တွေးထားလိုက်သည်။ သို့သော် ဆက်ခံသူ အခမ်းအနားမတိုင်ခင်နေ့တွင် သူ ရုတ်တရက်ထွက်လာသည်။

ရှီမာယူယူသည် အိပ်ရာတွင် နှစ်ရက်ကြာမျှလှဲလျောင်းပြီးနောက်တွင် အပြည့်အဝ သက်သာလာသည်။ သို့သော် ထိုနေ့သည် အခမ်းအနားမရောက် ခင် နေ့ဖြစ်သည်။

အရင်နေ့က ရှောင်ဟုန်သည် လက်နက်မြို့တော်ကို အလည်အပတ်လိုက် ပြမည်ဟု သူမကို ပြောထားသဖြင့် ထိုနေ့တွင် ရှောင်ဟုန်သည် မနက် အစောကပင် ရောက်ချလာသည်။

လက်နက်မြို့တော်တွင် တခြားသောဆိုင်များစွာရှိသော်လည်း အများစု မှာ သန့်စင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများဖြစ်ကြသည်။ လူအများစုမှာ လက်နက်သန့်စင်ကြသဖြင့် ထိုကုန်ကြမ်းများသည် လျင်မြန်စွာပင် ရောင်းကုန် လေသည်။

ဖက်တီးကျူသည် ထိုကုန်ကြမ်းပစ္စည်းများကို မြင်သောအခါ တစ်ဖဝါးမှ မခွာနိုင်ပေ။ ကံကောင်းစွာပင် သန့်စင်ထားသော လက်နက်များစွာကို ရောင်းချ ထားသဖြင့် ကုန်ကြမ်းဝယ်ရန် လုံလုံလောက်လောက်ရှိနေသည်။ ရှီမာယူယူ သည် ဝေကျိရွှီတို့အဖွဲ့မှ ထွက်ကာ ဘေဂုံထန်နှင့် ရှောင်ဟုန်တို့နှင့်အတူ ဘေးမှ လက်ဖက်ရည်ဆိုင်သို့လာလိုက်ကြသည်။

“သ.. သခင်မလေး.. ဒီနေ့ ဘယ်လိုဖြစ်လို့ လက်ဖက်ရည်ဆိုင်ကိုလာဖြစ် တာလဲ” ဆိုင်တာဝန်ခံသည် ရှောင်ဟုန်အား သတိထားမိပြီး ကောင်တာ အနောက်မှ အလျင်စလိုနှုတ်ဆက်လေသည်။

သူမ အရည်အချင်းရှိကြောင်းကို သိထားကြသည်၊ သို့သော် ဥဣဌ၏ သမီး ဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။ ထို့ကြောင့် သူတို့သည် သူမအား ကောင်းမွန် စွာဆက်ဆံကြလေသည်။

“ဆိုင်ရှင် လမ်းဘက်ကိုမျက်နှာမူထားတဲ့ သီးသန့်အခန်းတစ်ခန်းလောက် ရနိုင်မလား” ရှောင်ဟုန် မေးလိုက်သည်။

“အိုး.. ကျွန်တော် တကယ်တောင်းပန်ပါတယ် မကြာခင်ကပဲ ဒီကိုလူတွေ အများကြီးရောက်လာကြတယ် လမ်းဘက်ကိုမျက်နှာမူထားတဲ့ သီးသန့်အခန်း မပြောနဲ့ အပေါ်ထပ်ကသီးသန့်အခန်းတွေတောင် ပြည့်နေပါပြီ၊ သခင်မလေး လာမယ်ဆိုတာ သတင်းမရထားတာနဲ့ ဘယ်အခန်းမှ ချန်မထားမိဘူး၊ ဒါပေမဲ့ ဧည့်သည်စောင့်တဲ့ ဧည့်ခန်းမှာတော့ နေရာတချို့ရှိပါသေးတယ်”

“ဘာလုပ်ကြမလဲ” ရှောင်ဟုန်သည် အနည်းငယ် ရှက်ရွံ့သွားသည်။ ရှီမာယူယူသည် သူမ၏ သူငယ်ချင်းဖြစ်သည့်အပြင် ကျေးဇူးရှင်ဖြစ်သည်။ သူမ သည် လူထူထပ်သောနေရာကို မနှစ်သက်ပေ။ သီးသန့်အခန်းရလျှင် အကောင်း ဆုံးဖြစ်မည်။ သို့သော် သူမသည် လူများကို နှင်ထုတ်ရလောက်အောင်အထိ ဘယ်သောအခါမှ မောက်မာခြင်းမျိုးမရှိဖူးပေ။

“ဒါဆိုလည်း ဒီအတိုင်းပဲ ဧည့်ခန်းမှာယူကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဖက်တီးတို့ကိုစောင့်ရဦးမှာပဲ မကြာပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့” ရှောင်ဟုန်သည် အားနာမိလေသည်။

“မိန်းကလေးရှောင်ဟုန် စိတ်မရှိရင် ကျွန်တော်တို့ မှာထားတဲ့အခန်းကို လာရင် ဘယ်လိုလဲ” အသံတစ်သံသည် အပေါ်ထပ်မှ ထွက်လာသည်။ ရှောင်ဟုန်သည် ထိုအသံကြောင့် လန့်သွားသည်။

“ဘာဖြစ်လို့လဲ”

“ဒါက ဒါက ကျွင်းမိသားစုခေါင်းဆောင်ရဲ့ အသံပဲ” ရှောင်ဟုန် ပြောလိုက် သည်။

ရှီမာယူယူသည် မျက်ခုံးများပင့်လိုက်သည်။ ကျွင်းမိုယွိဟုခေါ်သော လူ အကြောင်း သူမ ပြောဖူးသည်ကို အမှတ်ရလိုက်သည်။ သူက ကျွင်းမိသားစုက လား။

“အဲလူလည်း ရှိနေတာလား” သူမ လေသံဖြင့် မေးလိုက်သည်။

ရှောင်ဟုန် ခေါင်းညိတ်လိုက်သည်။ “ပုံမှန်ဆိုရင် သူရှိတဲ့နေရာမှာ ကျွင်း မိသားစု ခေါင်းဆောင်ရှိတတ်တယ်”

“ငါ့ကို အဲလူကို ကူကြည့်စေချင်တယ်မလား… အခုဒီရောက်နေမှတော့ သွားပြီးကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

အပေါ်ထပ်မှလူသည် တုန့်ပြန်မှုပြန်မလာသောအခါ ထပ်မေးလေသည် “မိန်းကလေးရှောင်ဟုန် ဒီအဘိုးကြီးနဲ့ လက်ဖက်ရည်မသောက်ချင်ဘူးထင်ပ”

“ဦးလေးကျွင်းကတော့ ရှောင်ဟုန်ကို မျက်နှာပူအောင်လုပ်နေပြန်ပါပြီ ဦးလေးကျွင်းက ဖိတ်မှတော့ ရှောင်ဟုန်က သူငယ်ချင်းတွေကိုပါ ခေါ်လာမယ် နော်” ရှောင်ဟုန် ပြန်ဖြေလိုက်သည်။

သူမ လက်ကိုဝှေ့ယမ်းလိုက်ရာ ဆိုင်တာဝန်ခံသည် ဘေးသို့ဖယ်ပေးလိုက် သည်။ ထို့နောက်တါင် သူမသည် ရှီမာယူယူနှင့် ဘေဂုံထန်တို့ကို ဦးဆောင်ပြီး သီးသန့်အခန်းသို့ ခေါ်သွားလိုက်သည်။

သူမ တံခါးခေါက်လိုက်ရာ အထဲမှ တံခါးပွင့်လာသည်။ အနက်ဝတ် ကိုယ်ရံတော်သည် ဘေးသို့ရှောင်ပေးလိုက်ကာ သူတို့ဝင်ပြီးသည်နှင့် တံခါးပြန် ပိတ်ပြီး ဘေးတွင်ရပ်နေလေသည်။

ရှီမာယူယူ သူ့နားဖြတ်သွားချိန်တွင် မျက်မှောင်ကြုတ်မိလေသည်။

“ဦးလေးကျွင်း အစ်ကိုကြီးကျွင်း” ရှောင်ဟုန်သည် သူတို့နှစ်ယောက်လုံး ကို အရိုအသေပေးလိုက်သည်။ ထိုမိန်းကလေးအသံသည် သီးသန့်အခန်းသို့ ရောက်သည်နှင့် ပို၍ နူးညံ့လာသည်ကို ရှီမာယူယူ သတိထားမိသည်။

“ကျွင်းမိသားစု ခေါင်းဆောင်ကိုနှုတ်ဆက်ပါတယ်” ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် စိတ်မဝင်စားသလိုပင် အရိုအသေပေးလေသည်။ သူတို့ သည် သူမတို့၏ အကြီးအကဲမဟုတ်သလို သူတို့ကိုလည်းမသိပေ။ ထို့ကြောင့် အပိုလုပ်ရန်မလိုပေ။

“ဒါက တိုင်းပြည်က နာမည်ကြီး မိန်းကလေးယူယူဆိုတာဖြသစ်မယ်၊ ဒီနေ့ မိန်းကလေးကိုတွေ့တော့ တကယ်ပဲဂုဏ်သတင်းတွေနဲ့လိုက်ဖက်ပါပေ တယ်” ကျွင်းမိသားစု ခေါင်းဆောင်သည် ရှီမာယူယူကို ပြုံးပြလေသည်။

“ကျွင်းမိသားစုခေါင်းဆောင်က ချီးကျူးလွန်းနေပါပြီ၊ ယူယူက လူငယ် တစ်ယောက်ပါပဲ ကျွင်းမိသားစုခေါင်းဆောင် ချီးကျူးဖို့ မတန်သေးပါဘူး” ရှီမာယူယူသည် ပြုံးပြီးပြန်ဖြေလေသည်။

“ရပ်မနေကြပါနဲ့ ကျုပ်တို့ လက်ဖက်ရည်တစ်အိုးကျိုထားတယ် အတူတူ သောက်ကြာတာပေါ့” ကျွင်းမိသားစုခေါင်းဆောင် လက်ယက်ခေါ်လေသည်။

ရှီမာယူယူတို့ သုံးယောက်အဖွဲ့သည် ထိုင်လိုက်ကြသည်။ ရှောင်ဟုန် သည် လက်ဖက်ရည် တကျိုက်သောက်လိုက်ပြီး ချီးကျူးလေသည် “လက်ဖက် ရည်ကောင်းပဲ”

“မိန်းကလေးရှောင်ဟုန်က လက်ဖက်ရည်ကို တန်ဖိုးဖြတ်တတ်မှန်း မသိဘူး လက်ဖက်ရည်ကောင်းလို့ပြောမှတော့ ဘာတွေကောင်းလဲဆိုတာ ပြောပြပေးပါဦး” ကျွင်းမိသားစုခေါင်းဆောင် မေးလေသည်။

***

All Chapters