← Chapters

သူမကိုဖော်ထုတ်ခြင်း

Vol. 89 Ch. 1242

သူမကိုဖော်ထုတ်ခြင်း

Vol. 89 Ch. 1242

မိုယွိသည် သူမကို တစ်ခါတစ်ခါအမှတ်တမဲ့ ကြည့်နေခဲ့သည်ကို  အခုချိန်ထိပင် ရှီမာယူယူခံစားမိသည်။ သတ်ပစ်ရန် ပြင်းထန်သည့် ရည်ရွယ် ချက်မရှိသော်လည်း သူ့လိုလူအတွက် အရှေ့တွင် ဒေါသကိုပြရန်မသင့်ပေ။

“ကျွင်းမိသားစုခေါင်းဆောင်ကလည်း တစ္ဆေမျိုးနွယ်ကလား” ဘေဂုံထန် မေးလိုက်သည်။

“သူကတော့ ငါလည်းမသေချာဘူး သူက အလယ်မှာထိုင်ပေမဲ့ မိုယွိကို ပြေတဲ့စကားနဲ့ အပြုအမူတွေက သူ့ကိုလေးစားနေတယ်ဆိုတာကို မြင်နိုင် တယ်.. အဲဒါက တစ်ဖက်လူက သူ့ထက်ရာထူးမြင့်တယ်ဆိုတာကို ပြနေတာပဲ ပြီးတော့ သူက ကျွင်းမိသားစုဝင်မဟုတ်ဘူး”

“နင်က ဒီလောက်အန္တရာယ်များတဲ့လူကို ဒီကိုလာခိုင်းတာ နင့်ကို နောက်ကျရင် သတ်မယ်ဆိုဘယ်လိုလုပ်မှာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“သူက ငါ့ကိုဒီနေ့လွှတ်ပေးလိုက်မှတော့ အချိန်တစ်ခုလောက်တော့ ငါ့ကို မသတ်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ နောက်တစ်ခါဆိုရင် ချင်ယိကို အကူအညီတောင်းရမယ်”

ဖြစ်နိုင်သည်မှာ သူမ ဘေးမှလူများထဲမှ သူနှင့်ယှဉ်နိုင်သူသည် ချင်ယိ တစ်ယောက်သာ ဖြစ်မည်။

“ဟုတ်သားပဲ အဘိုးဘိုင်ရှန်းရော”

“မသိဘူးလေ ပြီးခဲ့တဲ့ရက်တွေကလည်း သူ့ကိုမမြင်မိဘူး” ဝေကျိရွှီ ပြော လိုက်သည်။

“အဘိုးဘိုင်က စိတ်ထဲမှာ တစ်ခုခုရှိနေသလိုပဲ” ဝူရန်ဖေ ပြောလိုက်သည် “ဒီကိုရောက်တဲ့နေ့ကတည်းက သူ့အမူအရာမမှန်ဘူးလို့ ထင်တယ်”

“အဘိုးဘိုင်ကလည်း ဇာတ်ကြောင်းရှိတဲ့လူပဲ… သူ့ဇာတ်ကြောင်းက ဒီနေရာနဲ့ ဆက်စပ်နေလို့နေမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“နင် ဘယ်လိုသိတာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“ရှောင်ယိ ဖိတ်စာလာပေးတုန်းက လက်နက်သခင်များအသင်းဆိုတာကို ကြားတော့ အဘိုးဘိုင်ရဲ့ မျက်နှာထားပြောင်းသွားတယ်၊ ငါ သူ့ကို ကာကွယ် ပေးဖို့ပြောတော့လည်း လုပ်ရမလား မလုပ်ရဘူးလားဆိုတာကို တွေဝေနေသေး တယ်… အဲဒါကြောင့် ဒီနေရာနဲ့ပတ်သတ်နေမယ်လို့ ငါ ခန့်မှန်းလိုက်တာ”

“အရင်ပိုင်ရှင်နဲ့များ ဆက်စပ်နေမလား” ဘေဂုံထန် မေးလိုက်သည်။

“မိန်းကလေးလက်နက်သခင်အကြီးအကဲလား”

“နောက်ကျရင် အဲအကြီးအကဲအကြောင်းကို ရှောင်ဟုန်ကိုမေးလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ မိုယွိက ပြဿနာမဖြစ်နိုင်ဘူးလား” ရှီမာယူလင်းသည် စိုးရိမ်တ ကြီးပြောလေသည်။

“သူက တစ္ဆေမျိုးနွယ်ကဖြစ်သရွေ့ ငါကလည်းပြင်ဆင်ထားရင် အဲလောက်မြန်မြန်ကြီးမသတ်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကြက်သွေးရောင်မီးတောက်ကလည်း သူတို့ရန်သူပဲလေ”

“ချင်ယိက ငါအသတ်ခံရတာကို ကြည့်မနေပါဘူး၊ သူ မလှုပ်ဘဲနေရင် တောင် တစ်ဖက်လူက သူရှိတာကိုသိရုံနဲ့တင် အံ့ဩသွားမှာပဲ” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ သူကကျွင်းမိသားစုကို အကာအကွယ်အဖြစ်သုံးထား တော့ သူက တစ္ဆေမျိုးနွယ်ဆိုတာကို လူတွေကိုမသိစေချင်လို့ပဲ အဲတော့ သူ လက်လွတ်စပယ် မလှုပ်ရှားပါဘူး”

“ဒါဆိုရင် သူ လက်ဖက်ရည်အခမ်းအနားကိုဆွေးနွေးဖို့လာမယ်လို့ပြော တာ ဘယ်တော့လဲ”

ရှီမာယူယူ ခေါင်းခါလိုက်သည်။ တစ်ဖက်လူသည် ဘာမှမပြော သော်လည်း နောက်ရက်အနည်းငယ်အတွင်း ဖြစ်လာနိုင်သည်။

သူမ ထင်ထားသည့်အတိုင်းပင်… မိုယွိသည် ထိုမျှစောစီးစွာ လာရှာလိမ့် မည်ဟု မမျှော်လင့်ထားပေ။

မိုယွိရောက်ာလာချိန်တွင် ပုံမှန်ခရီးစဉ်ကဲ့သို့ သတင်းပို့ခြင်းမရှိပေ။ သူသည် ရှီမာယူယူ၏ ခြံဝန်းသို့ တည့်တည့်သွားလေသည်။ သူမသည် မနက်စာ စားနေသည်… တင့်တင့်တယ်တယ်ကို။

မိုယွိသည် သူမ စားပွဲပေါ်မှ ပန်းကန်များကို မြင်လိုက်သည်နှင့် မှင်တက် သွားပြီးမှ ချက်ချင်းပင် နားလည်သွားလေသည်။

ရှီမာယူယူသည် ပါးစပ်အပြည့် ယာဂုသောက်နေသည်။ မိုယွိ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ သေတော့မည့်အတိုင်း သီးသွားကာ အဆက် မပြတ် ချောင်းဆိုးလေသည်။

“ရှင်.. ဘယ်လိုလုပ် ဒီကိုလာတာလဲ” သူမသည် လည်ချောင်းထဲမှ နာကျင်မှုကို ခံစားမိသည်။ သူမသည် စိတ်ထဲမှ အံ့ဩမှုကို အောင့်မခံနိုင်ပေ။

မိုယွိ၏ မျက်နှာသည် မည်းနက်သွားသည် “လက်ဖက်ရည် အခမ်းအနား ကို ဆွေးနွေးဖို့ပြောထားတာမဟုတ်ဘူးလား”

“အဟွတ် အဟွတ်… ဒါဆိုရင် ဒီလောက်စောစောကြီးလာစရာမလိုဘူး လေ” ရှီမာယူယူသည် ချောင်းဆိုးရင်းနှင့်ပင် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

လက်ရှိတွင် ချင်ယိသည် အပြင်တွင်ရှိနေသည်။ သူမသည် သူ့ကို ဂရုမစိုက်ပေ။ ထပ်ပေါင်းပြောရလျှင် အဆက်မပြတ် ချောင်းဆိုးလိုက်ရသည့် အတွက် ဒေါသအနည်းငယ်ထွက်သွားသည်။

“နေတောင်ထွက်နေပြီကို” မိုယွိ ပြန်ဖြေလေသည်။

“ဒါဆိုရင်လည်း တိုက်ရိုက်ကြီးမလာသင့်ဘူးလေ အရင်ခေါ်ဦးလေ” ရှီမာယူယူ ထပ်ပြောလိုက်သည်။

“အရှေ့တံခါးကိုဖြတ်လျှောက်ရတာ ရှုပ်တယ်” မိုယွိ ပြောလေသည် “မင်း စားပြီးပြီဆိုတော့ အဆင်ပြေပါတယ် လက်ဖက်ရည်အခမ်းအနားအကြောင်း ပြောရအောင်လေ”

“….”

သူမသည် စိတ်ထဲမှ ကျိန်ဆဲနေမိသော်လည်း နာခံစွာပင် ခြံဝန်းထဲရှိ ကန်ဘေးမှ အဆောင်ငယ် တစ်ခုဆီသို့ခေါ်သွားလိုက်သည်။

ရှောင်ဟုန်သည် တခြားသောခြံဝန်းများနှင့် ယှဉ်ပြီး သေးသည်ဟုပြော သော်လည်း အမှန်တယ်တော့ အတန်အသင့်ကြီးလေသည်။ အနည်းဆုံးတော့ အရှေ့အနောက် ခြံလေးသည် ကန်ကိုကြည့်ရန် လုံလောက်လေသည်။

အဆောင်ငယ်သည် သူမ နေသောနေရာနှင့် အနည်းငယ်လှမ်းသည်။ သူမ ဝိညာဉ်စွမ်းအင် အသုံးပြုမရသဖြင့်  ထိုနေရာသို့ရောက်ရင် ၁၀ မိနစ်ကြအောင် လျှောက်ရလေသည်။

“ဘာလို့ဒီကိုလာတာလဲ” မိုယွိ မေးလေသည်။

“ဒီကအဆောင်က ကန်ဘေးက ကျောက်တုံးတွေကြားမှာရှိတာလေ ဒီက ရှုခင်းက အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည်။

ဟင်း သူ ဒီနေရာရောက်နောကို တြခါးသူတွေ သိသွားမှာစိုးလို့ ဒီအထိ လာတာလို့ ပြောလို့မှမဖြစ်တာ။

ထိုရှုခင်းသည် အမှန်တကယ်ပင် လှပသည်ကို မိုယွိမြင်ရသည်။ ထို့ကြောင့် တခြားအကြောင်းအရင်းများကို မတွေးတော့ပေ။ သူသည် သူမ ပခုံးကို ကိုင်ပေးရင်း အဆောင်ငယ်ဆီသို့သွားလိုက်သည်။

အဆောင်ငယ်ဆီသို့ မည်သူမှမလာသည်မှာ အတော်ကြာပြီဖြစ်သည်။ ကျောက်စားပွဲနှင့် ခုံတန်းများသည် ဖုန်တက်နေသည်။

မိုယွိသည် မျက်မှောင်ကြုတ်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ဖုန်များ သည် ပြောင်သွားလေသည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်ချိုးလိုက်သည်။ ဒါပေမဲ့ ကံကောင်းလို့ ဒီလူက သူမကို ဖုန်မခါခိုင်းလို့။

“ကျေးဇူးပြုပြီး” မိုယွိသည် တွေ့သည့်နေရာတစ်ခုကိုရွေးပြီး မတ်တပ်ရပ် နေသေးသော ရှီမာယူယူကို ကြည့်နေလေသည်။

ရှီမာယူယူသည် တခြားတစ်ဖက်သို့သွားပြီး သူ့ကိုကြည့်လိုက်သည် “ရှင်က ကွန်ဖူးလက်ဖက်ရည်ကို သင်ချင်လို့လား”

“မင်းရဲ့ လက်ဖက်ရည်အခမ်းအနားကို သင်ချင်တာပါ” မိုယွိ ပြန်ဖြေလေ သည်။

“ဒါဆိုရင် အကြာကြီးသင်ရမှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “လက်ဖက်ရည်တစ်မျိုးမှာ ကျိုတဲ့နည်းလမ်းတွေက အများကြီးရှိတာ ပြီးတော့ ကျိုချက်ရတဲ့နည်းလမ်းတစ်ခုစီကလည်း လက်ဖက်ရည်အမျိုးမျိုးအတွက် လိုအပ်တာတွေက မတူကြဘူး ထင်သလောက်မရိုးရှင်းဘူး”

“ဒါဆိုရင် မင်းနောက်လိုက်ပြီး အကုန်လုံးတတ်တဲ့အထိ ဖြည်းဖြည်းချင်း သင်သွားမယ်လေ”

“…” ရှီမာယူယူ၏ နှုတ်ခမ်းသည် အနည်းငယ်တွန့်လိမ်သွားသည်။ သူမ သည် အရည်အချင်းရှိလူများ၏ စိတ်ထားကိုပိုင်ဆိုင်ထားပြီး အမှန်တကယ်ပင် လုပ်ချင်သည့်အရာကို လုပ်တတ်သူဖြစ်သည်။

“အများကြီးနားလည်ထားတာက လက်ဖက်ရည်မြည်းစမ်းဖို့ကို စိတ်ဝင် စားမှုလျော့သွားလိမ့်မယ် ထင်တယ်.. သခင်လေးမိုယွိ တကယ်ပဲ လက်ဖက် ရည်ကြိုက်တယ်ဆိုရင် အဲလောက်လေးနက်ဖို့မလိုပါဘူး အထူးသဖြင့် လက်ဖက်ရည်ကိုပါ” သူမသည် သူ့ကို‌ဖျောင်းဖျလေသည်။

ရှီမာယူယူရဲ့ ဆိုလိုရင်းကို မိုယွိက နားမလည်ဘဲ ဘယ်နေပါ့မလဲ။ ကွန်ဖူး လက်ဖက်ရည်သင်ပြီးတာနဲ့ သူ့ကိုပြန်ခိုင်းတာကို ချောင်ပိတ်ပြောနေတာ မလား။

“ဘဝကရှည်လျားပါတယ် အဲဒါကြောင့် ကိုယ်ဝါသနာပါတာလေးကို ရှာ နေတာပါ” မိုယွိ ပြောလိုက်သည် “လက်ဖက်ရည် အခမ်းအနားက နက်နဲပေမဲ့ ဘဝကြီးနဲ့ယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်ပဲရှိပါသေးတယ်”

“….”

ဆိုလိုတာက သူမက တစ်ချိန်လုံး ရှိနေပေးရမှာလား။

သူမ သူ့ကိုစိုက်ကြည့်လိုက်သည်။ သူမ မေးချင်မိသည်။ တစ္ဆေလောက ကိုမပြန်ဘူးလား။ လူသားလောကမှာ ပေါ်သွားမှာကိုမကြောက်ဘူးလား… ဆက်နေရင် သူမက ဘာလုပ်ပေးနိုင်မှာလဲ…

“မညှိနှိုင်းပါနဲ့” မိုယွိ ပြောလိုက်သည် “လုပ်စရာက ကျွန်တော့်ကို ကျေနပ်အောင်လုပ်ပေးဖို့ပါပဲ”

“ဘာလို့လဲ” ရှီမာယူယူ နှာမှုတ်လိုက်သည်။

ယခုဘဝတွင်‌ နောက်ဆုံးလုပ်ရမည့်အလုပ်သည် တခြားသူကို ကျေနပ်‌ အောင်လုပ်ပေးရမည့်အရာဖြစ်နေသည်။

“ဘာလို့လဲဆို မင်းရဲ့ သတင်းကငါ့လက်ထဲမှာရှိနေပြီ အမှောင်မင်းသမီး ရဲ့သမီး… တစ္ဆေမိဖုရားက မင်းသတင်းကို စုံစမ်းခိုင်းထားတယ် အကောင်းဆုံး ကတော့… မင်းကိုသတ်လိုက်ဖို့ပဲ”

ရှီမာယူယူသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ စိတ်ထဲတွင် နစ်ဝင်သွားသည်။ ဒီမိုယွိက သိတာများနေပြီ။

အဲဒါကြောင့် သူက သူမကို သတ်ချင်တဲ့ရည်ရွယ်ချက်ရှိနေတာကိုး။

“ကြောက်နေတာလား” မိုယွိ ပြောလိုက်သည် “မင်းက လက်ဖက်ရည် အခမ်းအနားနဲ့ ရင်းနှီးနေတော့ အချိန်တစ်ခုအထိ မင်းကိုမသတ်ချင်တာတော့ ကျေးဇူးတင်လိုက်သင့်တယ်.. အဲတော့ ဘယ်လိုမျိုး ငါ့ကိုကျေနပ်အောင် လုပ် ပေးမလဲ”

ရှီမာယူယူသည် အသက်ပြင်းပြင်းရှုလိုက်သည် “ကျွန်မက အမေ့ ဗိုက်ထဲ ကတည်းက သူများကိုကျေနပ်အောင်လုပ်ပေးတဲ့ ဝါသနာပါမလာဘူး.. တကယ် ပဲ လက်ဖက်ရည်အခမ်းအနားကိုသင်ချင်ဆိုရင် တောင်းဆိုချက်ရှိတယ်”

***

All Chapters