← Chapters

အသက်မူတည်နေသော ခြိမ်းခြောက်မှု

Vol. 89 Ch. 1243

အသက်မူတည်နေသော ခြိမ်းခြောက်မှု

Vol. 89 Ch. 1243

မိုယွိ၏ မျက်လုံးထဲတွင် မသဲကွဲသော အလင်းတောက်ပသွားသည်။ သူသည် လူသားလောကတွင် ရောက်နေသည်မှာ နှစ်ပေါင်းများစွာရှိကြာပြီဖြစ် သည်။ သူသည် သူမနှင့်အဖွဲ့သားများ၏ အကြောင်းများကိုလည်း ကြားဖူးခဲ့ကာ စုံစမ်းခဲ့သည်။ သူရရှိထားသော သတင်းများအရ ထိုမိန်းကလေးသည် ငယ်ရွယ် သော်လည်း သတ္တိရှိသည်။ လူတစ်ယောက်က ဘယ်လိုဖြစ်လို့ ကြောက်ဖို့ ကောင်းတာတွေ အကုန်လုပ်နိုင်စွမ်းရှိရတာလဲ။

ထို့ကြောင့် သူမနှင့်မျက်နှာချင်းဆိုင်ပြီး လိုအပ်ချက်များကို ပြောရာတွင် သူသည် ခေတ္တမျှသာ အံ့ဩမိသည်။

“ပြောပါဦး အပေးအယူက ဘာလဲ”

“ကွန်ဖူးလက်ဖက်ရည် အကြောင်းကိုပဲဆွေးနွေးချင်တာဆိုရင် လုံးဝကို အဆင်ပြေပါတယ်၊ ကျွန်မရဲ့လက်ဖက်ရည် အခမ်းအနားအကုန်လုံးကို သင်ချင် တယ်ဆိုရင်တော့ အားနာပါတယ် ကျွန်မက ကိုယ့်တပည့်ကိုယ်ပဲ သင်ပေးပါ တယ်” ရှီမာယူယူသည် အကူအညီမဲ့စွာဖြင့် ပခုံးတွန့်လေသည်။

မိုယွိ၏ မျက်နှာသည် ပိုမည်းနက်လာသည်။ သူ၏ ရန်လိုမှုသည် ပေါက်ကွဲထွက်လာသည်။ အဆောင်တစ်ခုလုံးကို လေပွေဝန်းရံလာသည်။

ရှီမာယူယူသည် တည်ငြိမ်နေတုန်းပင်။ လေသည် ပြင်းထန်ပြီး သူမကို အသက်ရှုကြပ်စေသော်လည်း သူမ ကြောက်ရွံ့ခြင်းမရှိပေ။

“ဒီသခင်ကြီးက မင်းကိုသတ်မှာမကြောက်တာလား မဟုတ်ရင် မင်းက လက်ဖက်ရည်အခမ်းအနားကို သိနေလို့ ဒီသခင်ကြီးက မင်းကိုသတ်ဖို့ တွန့်ဆုတ်နေတယ်လို့ ထင်နေတာလား” မိုယွိ၏ အသံသည် ပြင်းထန်သော လူသတ်ရည်ရွယ်ချက်ပါနေသည်။ ဆိုလိုသည်မှာ ရှီမာယူယူပြောသော စကား တွင် အမှားပါပါက သူမကို ချက်ချင်းပင် သတ်ပစ်မည်။

“ကျွန်မကို သတ်ဖို့တွန့်ဆုတ်တယ် ဟုတ်လား အဟွတ် အဟွတ်…” ရှီမာယူယူ ပါးစပ်ဟလိုက်သည်နှင့် လေသည် သူမပါးစပ်ထဲသို့ ဝင်လာသည် “တစ္ဆေမျိုးနွယ်က လူတွေက ဘယ်တုန်းကတွန့်ဆုတ်တတ်တဲ့ နှလုံးသားရှိသွား တာလဲ”

“ကြည့်ရတာ မင်း နည်းနည်းတော့နားလည်သေးသားပဲ… မင်းမှာ အားကိုးစရာရှိနေလို့ ကစားနေတယ်ထင်တာ” သူသည် ရောင်ဝါကိုပြန်သိမ်း လိုက်ရာ ပတ်ပတ်လည်မှ လေသည် ရုတ်တရက်ရပ်တန့်သွားလေသည်။

ရှီမာယူယူသည် ထိုအရာကြောင့် နိုးကြားမှုကို လျော့ချမပစ်ပေ။

“မှန်လည်း မှန်တယ် မမှန်လည်းမမှန်ဘူး”

“ဘာလို့လဲ”

“ကျွန်မမှာ အားကိုးစရာရှိပါတယ် ဟုတ်တယ် ဒါပေမဲ့ ကျွန်မ တောင်းဆို ချက်က ကစားနေတာမဟုတ်ဘူး” ရှီမာယူယူ ပြန်လည်ချေပလေသည် “ကျွန်မ ကို ဆရာအနေနဲ့ မသတ်မှတ်ချင်ရင် ကျွန်မကိုသတ်လိုက်လေ ရှင်လည်း သင်ရ တော့မှာမဟုတ်ဘူး”

သူမသည် ကန်အားကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်သည်။

မိုယွိသည် သူမ အကြည့်နောက်လိုက်ကြည့်လိုက်သည်။ ရှောင်ချီနှင့် အိမ်မက်လေးတို့သည် ကန်တွင်ဆော့နေပြီး ချင်ယိသည် ငေးငိုင်စွာကြည့်နေ သည်။

ချင်ယိသည် မိုယွိ၏ အကြည့်ကိုခံစားမိသောခါ ခေါင်းအနည်းငယ် စောင်း လာသည်။ မျက်လုံးချင်း ဆုံသွားကြသည်။ သို့သော် ထိုတစ်ခဏသည် နှစ်ပေါင်း သောင်းချီကြာသွားသလိုပင်။

“ဒီမှာ ဒီလောက်အင်အားကောင်းတဲ့သူရှိနေတာကိုး… အဲဒါကြောင့် မင်း ကမနေ့ကလို ကျိုးကျိုးနွံနွံ မရှိတော့တာပဲ” မိုယွိသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ သူ့မျက်နှာမှာ မကောင်းလှပေ။

ရှီမာယူယူသည် ပြုံးလိုက်သည် “သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ် သခင်လေးမိုယွိ”

“ဟင်း မင်းက ငါ့ကိုခြိမ်းခြောက်နေတာပဲ” မိုယွိသည် စိတ်ဆိုးလာသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ခြိမ်းခြောက်ခံရသည့်အရသာကိုပင် မေ့လျော့ခဲ့သည်။

“ကျွန်မက မခြိမ်းခြောက်ပါဘူး” ရှီမာယူယူသည် လက်ဖက်ရည်အိုးအစုံ ကိုထုတ်ပြီး ရေနွေးကျိုကာ နှစ်ယောက်လုံးအတွက် ထိုင်ကွမ်ရင်လက်ဖက်ရည် ကျိုချက်လိုက်သည်။

ကျိုချက်သည့် နည်းလမ်းမှာ မနေ့က သူလုပ်ခဲ့သည်နှင့် တူသည်။ သို့သော် သူ အနံ့ရှုကြည့်လိုက်သောအခါ အနံ့သည် ပိုပြင်းလေသည်။

“ကျေးဇူးပြုပြီး”

လက်ဖက်ရည်၏ မွှေးရနံ့သည် သူ့စိတ်ထဲမှ ဒေါသကို များစွာ ပျောက်ကွယ်စေသည်။ သူသည် လက်ဖက်ရည်ခွက်ကိုကောက်ယူပြီး တစ်ကျိုက် သောက်လိုက်သည်။ သန်မာသော လူသတ်မည့် အရိပ်အယောင်နှင့် ဒေါသလေပြင်းတို့သည် မရှိခဲ့သလိုပင်။

လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက်တွင် ရှီမာယူယူသည် ခွက်ထဲ သို့ရေနွေးထည့်လိုက်သည်။

“မင်း နိုင်ပါတယ်” အတန်ကြာပြီးနောက်တွင် သူသည် မတတ်သာစွာ ပြောလိုက်ရတော့သည်။

“ဒါဆိုရင် သခင်လေးမိုယွိက ဘယ်ဟာကိုရွေးချယ်လိုက်လဲမသိဘူး” ရှီမာယူယူသည် ပြုံးပြီးမေးလေသည်။

“မင်းလိုပဲပေါ့ ဘာကိုမှမရွေးဘူး” မိုယွိ ပြောလေသည် “ဒါပေမဲ့ မင်းကို မသတ်ဘူးဆိုတာတော့ ကတိပေးနိုင်တယ်”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး ကြည့်ရတာ သခင်လေးမိုယွိက ကျွန်မဆိုလိုတာကို နားမလည်သေးဘူးထင်တယ်… ရှင်က ကျွန်မကို မသတ် တာမဟုတ်ဘူး မသတ်နိုင်တာပဲ… ဒီဟာကိုအရင် နားလည်အောင်လုပ်ရမယ် ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အခုပြောနေတာက လက်ဖက် ရည် အခမ်းအနား ဆွေးနွေးမှုကို ရေရှည်လုပ်မှာလား ရေတိုလုပ်မလားဆိုတာ ကိုပဲ”

“မင်း ဘယ်လိုထင်လဲ” မိုယွိသည် လက်ဖက်ရည်အား အသာအယာ အနံ့ခံလိုက်သည်။ ဒုတိယမြောက်ခွက်ပင်လျှင် မူးယစ်စရာကောင်းသည်။

“ကျွန်မတွေးသလိုဆိုရင် ဒီနေ့ဆွေးနွေးမှုပြီးရင် သခင်လေးမိုယွိက ဒီလူ သားလေးကို လွှတ်ပေးရင် ကျွန်မသွားမယ်… ပြီးတာနဲ့ နောက်ကို တစ်ယောက် နဲ့တစ်ယောက် ဘာပတ်သတ်မှုမှမရှိတော့ဘူး… ကျွန်မက ရှင့်ကို ကွန်ဖူး လက်ဖက်ရည်နဲ့ ဒီနေ့လက်ဖက်ရည် ကျိုချက်တဲ့နည်းကို သင်ပေးမယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“မင်းက ငါနဲ့ထပ်ပြီး မပတ်သတ်ချင်တော့ဘူးလား” မိုယွိသည် အခိုင်အမာ ပြောဆိုလေသည်။

“သခင်လေးမိုယွိက ဆင်ခြင်တတ်တဲ့သူပဲ… ရှင့်သရုပ်မှန်က ဘာလဲဆို တာကို ကျွန်မမသိပေမဲ့ ရှင်က တစ္ဆေမိဖုရားနဲ့ သဘာဝကျကျနဲ့ ပြောနိုင်မှတော့ ရှင်နဲ့ သူမ ဆက်ဆံရေးက မဆိုးဘူးလို့ထင်တယ်၊ ကျွန်မက သူမသားကို သတ် ခဲ့တယ် ရှင်ကကျွန်မကို ဒီလိုနှောင့်ယှက်နေတယ်… ဒါက အန္တရာယ်များတယ် လို့ ထင်တာပဲ”

“မင်းကို ငါ မသတ်ဘူးဆိုတာ ဘာလို့အဲလောက်သေချာနေတာလဲ”

“ကျွန်မပြောတဲ့ အန္တရာယ်ဆိုတာ ကျွန်မကို ဒုက္ခများစေတယ်လို့ပြော တာ.. ဒုက္ခများမှာကို မကြောက်ပေမဲ့ ပြဿနာများတာကို မကြိုက်ဘူး… အဲဒါ ကြောင့် ရှင်နဲ့ အဆက်အဆံမလုပ်တာ အကောင်းဆုံးပဲ” ရှီမာယူယူသည် ပွင့်လင်းစွာပြောလေသည်။

“ဟား ဟား…” မိုယွိသည် ရယ်မောလိုက်သည်။ ထင်ထားတဲ့အတိုင်းပဲ သူမ သမီးက… သတ္တိရှိတာပဲ။

“ငါ မင်းရဲ့သတင်းပြန်ပို့မှာကို မကြောက်ဘူးလား၊ အဲလိုဆိုရင် ရှေ့လျှောက် မင်း ငြိမ်းငြိမ်းချမ်းချမ်းမနေရတော့မှာကို ကြောက်မိတယ်”

“တကယ်လို တစ္ဆေမျိုးနွယ်က ဒီကိုလာမယ်ဆိုရင်တောင်မှ ရှင့်လောက် အားကောင်းတဲ့သူများမှာမဟုတ်ဘူး ဟုတ်တယ်မလား” ရှီမာယူယူ ပြောလိုက် သည်။ “အဲလိုဆိုရင် ကျွန်မကိုသတ်ဖို့ လူအများကြီးလွှတ်ရမှာပဲ ကျွန်မက လည်း ကျွန်မကိုသတ်ချင်တဲ့သူတွေကို ဘယ်တုန်းကမှ မညှာတာဘူး”

“ဥပမာအနေနဲ့ ယွိဒူလား”

ရှီမာယူယူသည် ပခုံးတွန့်ကာ အတည်ပြုလေသည်။

“ဒါပေမဲ့ ငါက မင်းသတင်းကိုပြောတာ” မိုယွိ ပြောလေသည်။

“ရှင် ဆိုလိုတာက…”

“ဟုတ်တယ် မင်းအမေက ယွိခဲ့လော့ဆိုတာကို တစ္ဆေလောကက လူတွေ သိရင် မင်းရဲ့အနာဂတ်က ဘယ်လိုဖြစ်မယ်ထင်လဲ”

ရှီမာယူယူသည် အနည်းငယ် အကူအညီမဲ့သွားသည်။ သူမသည် တစ္ဆေ မျိုးနွယ်ရောင်ဝါကို မချုပ်တည်းနိုင်ပေ။ ထို့ကြောင့် ထိုအင်အားကြီးများ၏ ကျွမ်းကျင်သူများသည် သူမ တော်ဝင်သွေးပါသည်ကို ခံစားမိကြသည်။ သူမ အသက်အရွယ်ကိုပါ ထည့်တွက်လိုက်လျှင် သူမသည် မည်သူ့ကလေးဖြစ်သည် ကို အလွယ်တကူပင် ခန့်မှန်း၍ ရနေသည်။

“သိရုံပဲ သိသွားမှာမဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ်သ သူတို့က ကျွန်မ အမေကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ ကျွန်မကတော့ တစ္ဆေလောကကို အခု တဟုတ်ရင် နောက်ကျရင်သွားရမှာပဲ” ရှီမာယူယူသည် သူ၏ ခြိမ်းခြောက်မှုကို အတည်မယူပေ။ ထိုသရုပ်မှန်ပေါ်ပေါက်သွားခြင်းသည် မကောင်းသော်လည်း သူမသည် အမေ၏ သမီးဖြစ်ရသည်ကို မကြောက်ရွံ့ပေ။

“မင်းက တော်တော် ပွင့်လင်းတာပဲ” မိုယွိသည် သူမကို ကြည့်လိုက် သည်။ သို့သော် ၁၀ မိနစ်ကြာစကားပြောပြီးနောက်တွင် သူမ အကြောင်းပိုသိ လာသည်။

“ဘာမှမလိုပါဘူး ကျွန်မ ကိုယ့်ဘာသာ ဂရုစိုက်နိုင်ပါတယ်” ရှီမာယူယူ သည် ကိုယ့်ဘာသာပင် လက်ဖက်ရည်ငှဲ့လိုက်သည်။

“မင်းမှာ လက်ဖက်ရည်ကျိုတဲ့နည်းလမ်း ဘယ်လောက်ရှိလဲ”

“ရှင့်ထက်တော့များပါတယ် ဘယ်လိုပဲဖြစ်ဖြစ်” ရှီမာယူယူ ပြောလိုက် သည် “အဲတော့ ကျွန်မတပည့်ဖြစ်ဖို့ စဉ်းစားချင်သေးလား”

“ဟားဟား ငါ့ဆရာဖြစ်ဖို့ဆိုရင် အသက်မရှိမှာစိုးရတယ်” မိုယွိ ပြောလိုက် သည် “ငါ့အသက်က ငါ့ဆရာတွေထက်ပြင်းတယ်”

သူ့ဆရာများသည် အမှန်တကယ်ပင် အားလုံး သေဆုံးကုန်ပြီဖြစ်သည်…

“ဟုတ်လား” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မအသက်ကလည်း ပြင်း တယ် ကျွန်မကိုမနိုင်တဲ့သူက တပည့်မဖြစ်ထိုက်ဘူး”

***

All Chapters