← Chapters

သားဆိုး ... ။

Vol. 16 Ch. 182

သားဆိုး ... ။

Vol. 16 Ch. 182

“ အဲဒီစွမ်းအားက ဘာဖြစ်နိုင်လဲ။ ”

နင်စစ်ဟွာမှ သိချင်သွားသည်။

“ ရတနာတစ်ခုခု ဒါမှမဟုတ် သက်ရှိတစ်ကောင်ကောင် ဖြစ်နိုင်တယ်။ ”

ထိုစဉ်အဝေးမှ စူးစူးဝါးဝါး အော်မြည်သံများနှင့်အတူ ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော အနီရောင်တိမ်တိုက်ကြီးတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်။

ဤသည်မှာ ကြေးနီရောင် တောင်ပံများဆန့်လျက် ရွှေလက်သည်းများ ပါရှိသော ငှက်အုပ်ကြီးဖြစ်၏။

ဦးခေါင်းသည် အစိမ်းရောင်ဖြစ်ကာ နှုတ်သီးနှင့်မျက်လုံးများမှာ အနီရောင်ဖြစ်သည်။ ဓားနှစ်လက် ပွတ်တိုက်ကဲ့သို့ မနှစ်မြို့ဖွယ် အသံများဖြင့် အော်ဟစ်နေကြ၏။

တစ္ဆေမျက်နှာ သွေးစွန်ရဲများ ပေပင်။ ၎င်းသည် မီးစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် သတ္တမအဆင့်ဝိညာဉ်သားရဲ ဖြစ်သည်။ အထူးသဖြင့် ကြောက်စရာ အကောင်းဆုံးမှာ အုပ်စုလိုက် တိုက်ပွဲဝင်ခြင်း ဖြစ်သည်။

ဤတစ္ဆေမျက်နှာ သွေးစွန်းရဲ့အုပ်သာ ဝိုင်းရံခံရပါက ပဉ္စမအဆင့် မဟာသခင်သည်ပင် ဒဏ်ရာအပြင်းအထန် ရရှိပေလိမ့်မည်။

နင်စစ်ဟွာက ထိုကဲ့သို့ ငှက်တစ်အုပ်နှင့် လုံးထွေး မနေချင်တော့သဖြင့် ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် စုရီက မလှုပ်ချေ။ အဆုံးတွင် သူ့အတွက်ထိုက်တန်သော ပြိုင်ဘက်ကိုတွေ့ပြီ ဖြစ်သည်။ အပျင်းကျောဆန့်လျက်၊

“ ဒီအကောင်တွေကို ... ငါ တစ်ယောက်တည်း ဖြေရှင်းလိုက်မယ် နောက်မှ သူတို့ရဲ့နှုတ်သီးတွေကို စုဆောင်းဖို့ ကူညီပါ။ ”

စကားဆုံးသည်နှင့် ရိပ်ခနဲ တောင်ပေါ် ပြေးတက်သွားသည်။ တစ္ဆေမျက်နှာ သွေးစွန်ရဲ များသည် စုရီကိုမြင်ချိန်၌ မီးတောက်များဖြင့် မှုတ်ထုတ်လာကြသည်။

မီးတောက်သွားရာ လမ်းတလျှောက် ကျောက်တုံးနှင့် အပင်များအားလုံး ပြာအဖြစ် ပြောင်းလဲသွား၏။ မြင်ကွင်းသည် ထိတ်လန့်စရာပေပင်။

“ တာအိုမိတ်တွေက သာမန်မဟုတ်ပါဘူး ဒါကြောင့် သူ့လုပ်ရပ်တွေက ထူးထူးခြားခြားပါပဲ ငါတို့ စောင့်ကြည့်ကြရအောင်။ ”

နင်စစ်ဟွာမှ မှတ်ချက်ပေး၏။

“ ချွင် ... ။ ”

ထိုအချိန်တွင် ကြည်လင်သော ဓားမြည်သံသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ကောင်းကင်လမ်းညွှန်ဓားထံမှ ဆယ်ပေခန့်ရှည်သော အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။

“ ဝှစ် ... ။ ”

“ ဘောင်း ... ။ ”

တခဏချင်းမှာပင် ပထမအဆင့် မဟာသခင်နှင့် ယှဉ်နိုင်သော တစ္ဆေမျက်နှာ သွေးစွန်ရဲနှစ်ဆယ်ကျော် ထက်ခြမ်းကွဲကုန်၏။

“ ကျီး ... ။ ”

ယင်းက တစ္ဆေမျက်နှာ သွေးစွန်ရဲများကို ဒေါသတကြီး ဆူညံစွာ အော်ဟစ်လာစေသည်။ အဆုံးတွင် ငှက်အုပ်ကြီးသည် မီးမုန်တိုင်းကဲ့သို့ စုရီထံသို့ ထိုးဆင်းလာတော့၏။

ထိုမြင်ကွင်းကြောင့် ရှန့်ကျိစုန်ခမျာ အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အနားရှိ နင်စစ်ဟွာက အစိမ်းရောင် မီးတောက် လခြမ်းသွား ပုစိန်ဓားလှံကို ကိုင်ဆောင်လျက် ကူညီရန် အသင့်ပြင်ထား၏။

“ ဟိတ် ... ။ ”

စုရီက ကောင်းကင်ပေါ် မော့ကြည့်ကာ အဆက်မပြတ်ဝှေ့ယမ်းလျက် ဓားအလင်းများ ထုတ်ဖော်လိုက်သည်။

ဓားအလင်းတိုင်းတွင် နားမလည်နိုင်သော စွမ်းအားများနှင့် ထူးခြားသည့် ကျက်သရေများ ပါရှိနေ၏။

“ ဝှစ် ... ။ ”

ဤသည်မှာ ဓားသုတ္တန်၏ အနှစ်သာရ အပြည့်အစုံဖြစ်လေသည်။ ချည်မျှင်များကဲ့သို့ လေထုအတွင်း ယှက်သိုင်းလျက် တစ္ဆေမျက်နှာ သွေးစွန်ရဲအုပ်စုထံ ဝင်ရောက်သွား၏။

ခြေလက်အင်္ဂါများနှင့် အတောင်ပံများ ကျိုးပဲ့သွားကာ နေရာအနှံ့ အော်ဟစ်သံများ အဆက်မပြတ် ကြားလာရသည်။ သွေးမိုးများ ရွာသွန်းလျက် တောင်တန်းတစ်ခုလုံး ဖုံးလွှမ်းသွား၏။

“ ဒါ ... ။ ”

ရှန့်ကျိစုန်မှ တုန်လှုပ်သွားတော့၏။ ဤသည်မှာ တစ်ဖက်လူ၏ စစ်မှန်သော တိုက်ပွဲဝင်စွမ်းအားပင်လော။

အလွန်ထက်ရှလှသည့် ဓားကဲ့သို့ လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်း၊ ရက်စက်ခြင်းစသည့် ပြယုဂ်များ အပြည့်ရှိနေသည်။

အောင်မြင်ခြင်း ဓားသုတ္တန်၏ အနှစ်သာရသည် ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ရှာဖွေရန်ဖြစ်၏။ နှလုံးသားသည် လေကဲ့သို့ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့သည်။

ဓားရည်ရွယ်ချက်၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပေါင်းစည်းလိုက်သောအခါ သူ့ဓားရေးသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာတော့၏။

“ ကျီး ... ။ ”

တစ္ဆေမျက်နှာ သွေးစွန်ရဲအလောင်းများ မြေပြင်အနှံ့ ပျံကျဲလာသည်။ အဆုံးတွင်၎င်းတို့မှ ကြောက်ရွံ့ကာ ချက်ချင်း ပြန်လှည့်ပြေးကုန်၏။ ဤမြင်ကွင်းက စုရီအပါအဝင် နင်စစ်ဟွာနှင့် ရှန့်ကျိစုန်တို့ကို အံ့သြသွားစေသည်။

ဤသားရဲများသည် သေခြင်းကို မကြောက်သော သားရဲအဖြစ် နာမည်ကြီး၏။ ယခုမူ လှည့်ပင် မကြည့်တော့ချေ။

စုရီမှ သက်ပြင်းချကာ မကျေမနပ်ဖြင့် တိုက်ပွဲဝင်ဆန္ဒများကို ​ရုတ်သိမ်းလိုက်ရသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လျက် စွမ်းအင်ကို ပြန်လည်ရယူနေမိ၏။

“ နန်းတော်သခင် ... သခင်လေးစုက ကောင်းကင်ဘုံကနေ ... လူဝင်စားလာတဲ့ တန်ခိုးရှင်လို့ ထင်မိလား။ ”

တစ္ဆေမျက်နှာ သွေးစွန်ရဲများ၏ ‌‌ရွှေနှုတ်သီးများကို စုဆောင်းနေလျက်မှ ရှန့်ကျိစုန်က မေးမြန်းလိုက်သည်။

“ ကောင်းကင်မှာ တကယ်ပဲ တန်ခိုးရှင်တွေရှိတယ်လို့ မင်းထင်လား။ ”

“ ဘယ်သူသိမှာလဲ ... ရှိရင် ရှိမှာပေါ့။ ”

“ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်​တွေရှိတဲ့အတွက် ဒီကမ္ဘာပေါ်မှာ လူထူးလူဆန်း​ကြီးတွေ ရှိနေတာ ပုံမှန်ပါပဲ ...

... မူလတာအိုနယ်ပယ် ရောက်တဲ့အခါ မြေကြီးအဆင့် တန်ခိုးရှင်ဆိုတာ ဒီကမ္ဘာကြီးရဲ့ သတ်မှတ်ချက်ပဲဆိုတာ မင်းနားလည် လာပါလိမ့်မယ် ...

... ဒါပေမယ့် တကယ့် စစ်မှန်တဲ့ ကျင့်ကြံသူတွေရဲ့ အမြင်မှာ မူလတာအိုဆိုတာ ခရီးရဲ့ အစပဲ။ ”

နင်စစ်ဟွာမှ ရှင်းပြလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှန့်ကျိစုန်က စိတ်ထိန်းမနိုင်တော့ဘဲ သိမ်ငယ်သောလေသံဖြင့်၊

“ နန်းတော်သခင်နင် ... ဒီတစ်သက် ငါကစစ်မှန်သော ကျင့်ကြံသူဖြစ်ဖို့ အခွင့်အရေး ရှိတယ်လို့ မင်းထင်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ မထင်ပါဘူး ... ဒါပေမယ့် တစ်စုံတစ်ယောက်ကသာ လက်ကမ်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် လွယ်ပါလိမ့်မယ်။ ”

“ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် နန်းတော်သခင် ငါအခု နားလည်သွားပါပြီ။ ”

ထိုနောက်စုရီထံ လှည့်ကြည့်လိုက်၏။ များမကြာခင် တစ္ဆေမျက်နှာ သွေးစွန်ရဲများ၏ ရွှေနှုတ်သီး (၅၀၀)ကျော်ကို မြေပြင်၌ ပုံလျက် စုရီနိုးထလာမည့်အချိန်ထိ စောင့်ဆိုင်း နေမိကြသည်။

ဤ‌‌ရွှေနှုတ်သီးများသည် တတိယတန်း ဝိညာဉ်ပစ္စည်းများဖြစ်ကာ အမှုန့်ကြိတ်လျက် ဆေးဝါးနှင့် လက်နက်အဖြစ် သန့်စင်နိုင်မည်။

လက်ရှိအရေအတွက်သည်ပင် တတိယတန်းဝိညာဉ်ကျောက်တုံး တစ်ရာခန့် တန်ကြေးရှိသည်။

နာရီဝက်အကြာတွင် လေထုအတွင်း ရွေ့လျားလာသော လူရိပ်များ မြင်လိုက်ရသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ အရပ်ရှည်ရှည် မုတ်ဆိတ်မွေးနှင့် အဖိုးကြီးဖြစ်၏။

ကျန်နှစ်ယောက်သည် ဓားရှည်နှစ်လက် ကိုင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးနှင့် လှံတစ်စင်းကိုင်ဆောင်ထားသော အနက်ဝတ် အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုလူသုံးယောက်ကို မြင်သောအခါ နင်စစ်ဟွာမှ အနည်းငယ် အံ့သြသွားတော့၏။ ဤသည်မှာ နေမင်းအကယ်ဒမီ၏ ဌာနမှူး ဖြစ်ချေပြီ။

“ နန်းတော်သခင်နင် ... ငါတို့ မတွေ့တာကြာပြီနော်။ ”

အဖိုးအိုက နင်စစ်ဟွာကိုမြင်သည်နှင့် ပြုံးကာနှုတ်ဆက်စဉ် ပြန့်ကျဲနေသော သွေးစွန်ရဲ အလောင်းများထံ အကြည့်ရောက်သွား၏။

“ ဒီမှာ ... အသိအကျွမ်းဟောင်း တစ်ယောက်နဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး။ ”

“ နန်းတော်သခင်နင် ... ငါလည်းမင်းကို ဒီသွေးနတ်ဆိုးတောင်တန်းဆီ လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ... ။ ”

အဖိုးအိုက အံ့အားသင့်မှုကို ဖုံးကွယ်လျက် ပြုံးကာ တုန့်ပြန်လိုက်သည်။ ထို့နောက် ဘေးရှိ အမျိုးသားထံ ညွှန်ပြကာ၊

“ နန်းတော်သခင်နင် ... သူက ဒုနန်းတော်သခင် ရွှမ်ယွီလုံပါ ... သူကတော့ သူရဲကောင်း လီကျန်း။ ”

-ဟု မိတ်ဆက်ပေးတော့၏။

ရွှမ်ယွီလုံမှ လက်သီးကို လက်ဖဝါးဖြင့် ဖိကပ်လျက် အရိုအသေပြု လိုက်လေသည်။

“ ရွှမ်ယွီလုံက နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်။ ”

သူ့ရှေ့ရှိ နင်စစ်ဟွာသည် မိန်းမငယ် တစ်ယောက်ကဲ့သို့ နုနယ်နေခဲ့သော်လည်း ရွှမ်ယွီလုံမှ မလေးမစား မလုပ်ဝံ့ချေ။

ဧကရာဇ်ဥသျှောင် ဟုန်ရှန့်ရှန်သည်ပင် သူမကို နတ်ဆိုးတစ်ကောင်အဖြစ် ထင်ကြေး ပေးထားသည်။

နင်စစ်ဟွာက ခေါင်းညိတ်ပြီး စကားမဆိုခဲ့ချေ။ ထိုအချိန်တွင် လီကျန်းမှ လှမ်းတက်လျက်၊

“ သူရဲကောင်း လီကျန်း ... နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်။ ”

-ဟု နှုတ်ဆက်လာပြန်၏။

ဤတစ်ကြိမ်တွင်လည်း နင်စစ်ဟွာမှ ခေါင်းညိတ်သည်။ သူမသည် သူစိမ်းများနှင့် စကားပြောရန် မကြိုက်ချေ။

“ နန်းတော်သခင်၊ မင်းမှာ နုပျိုစေပြီး ထာဝရရှင်သန်စေနိုင်တဲ့ လျှို့ဝှက်နည်းပညာ တစ်ခု ရှိနိုင်တယ်လို့ ... ငါ့သခင်ဆီက ကြားခဲ့ဖူးပါတယ်။ ”

“ စုဟုန်လီလား ... ။ ”

နင်စစ်ဟွာက မျက်ခုံးပင့်လိုက်သည်။ စုဟုန်လီအမည်အကြောင်း ပြောသောအခါ၌ လီကျန်းမျက်နှာတွင် လေးစားမှုများ ဖြစ်ပေါ်လာပြီး၊

“ မှန်ပါတယ် ... ။ ”

-ဟု ခေါင်းညိတ်ပြတော့၏။

“ စုဟုန်လီနဲ့ တစ်ခါမှ မဆုံဖူးသလို ... ငါ့အပေါ် ဒီလိုအကဲဖြတ်လိမ့်မယ်လို့ မထင်ထား မိဘူး တကယ့်ကို အံ့သြမိပါတယ်။ ”

နင်စစ်ဟွာက မျက်ဝန်းများ မှေးစင်းလျက် တုန့်ပြန်လိုက်တော့သည်။ ထိုနောက် လီကျန်းမှ ရှန့်ကျိစုန်ထံ လှမ်းကြည့်ပြီး၊

“ အစ်ကိုရှန့်၊ လွန်ခဲ့တဲ့ သုံးရက်က ... မင်း စုရီနဲ့အတူရှိနေတယ်လို့ ... ကျောက်စိမ်းတောင် သူရဲကောင်း ပေ့ဝမ်ရှန်းဆီက ငါသတင်း ကြားမိပါတယ်။ ”

ရှန့်ကျိစုန်နှင့် လီကျန်းသည် အချင်းချင်း မဆုံဖူးသော်လည်း နာမည်ဂုဏ်သတင်းအပေါ် ရင်းနှီးနေကြသည်။ ရှန့်ကျိစုန်မှ ဖြန်မဖြေခဲ့ဘဲ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ကျောက်ဆောင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ယောက်ကို လူတိုင်းမြင်လိုက်ရသည်။

“ သူက ဘယ်သူလဲ ... ။ ”

နေမင်းအကယ်ဒမီ ဌာနမှူးက စိတ်ဝင်စားသွား၏။ လီကျန်းခမျာ မျက်နှာ ချက်ချင်း အေးစက်သွားပြီး၊

“ ဒါ ... ငါ့သခင်ရဲ့ သားဆိုးပဲ။ ”

-ဟု ဖြေကြားလိုက်တော့၏။

***

All Chapters