← Chapters

ဒီသားဆိုးရဲ့ ... အသက်နဲ့သေခြင်းကို ငါ့သခင်ပိုင်တယ်။

Vol. 16 Ch. 183

ဒီသားဆိုးရဲ့ ... အသက်နဲ့သေခြင်းကို ငါ့သခင်ပိုင်တယ်။

Vol. 16 Ch. 183

ထိုအဖြေကြောင့် နေမင်းအကယ်ဒမီ ဌာနမှူးဝမ်ချွမ်တု တစ်ယောက် အံ့ဩသွားစဉ် ရှန့်ကျိစုန်မှ ဒေါသဖြင့် အေးစက်စွာ သတိပေး တော့၏။

“ စကားပြော ဆင်ခြင်ပါ ... ဒါက အနည်းဆုံးတော့ မင်းသခင်ရဲ့ အမျိုးအနွယ်ပဲ မင်းသူ့ကို ဘယ်လို လှောင်ပြောင်နိုင်မလဲ။ ”

ထိုအပြုအမူသည် ဌာနမှူးဝမ်ချွမ်တုကို အနည်းငယ်စိတ်ရှုပ်သွားစေ၏။ လီကျန်းက ဂရုမစိုက်ချေ။

“ သူဟာ ငါ့သခင်ရဲ့သား ဖြစ်နေတာ မှန်ပေမယ့် ငါတို့မိသားစုမှာ သူဘယ်လောက် နိမ့်ကျလဲဆိုတာ မသိတဲ့လူ မရှိပါဘူး ...

... ပြီးတော့ ... ဒါက ငါတို့စုမိသားစုရဲ့ အရေးဖြစ်ပြီး ... မင်းနဲ့ မသက်ဆိုင်တဲ့အတွက် စကားပြောဆင်ခြင်ရမှာ မင်းပဲ အစ်ကိုရှန့် ...

... မဟုတ်ရင် တိမ်လွှာသူရဲကောင်း တစ်ယောက် ဖြစ်ရင်တောင် မင်းဒုက္ခရောက်မှာ ကြောက်မိတယ်။ ”

သူ့စကားလုံးများသည် အေးစက်ပြီး ပြတ်သားချေ၏။

“ ဟမ့် ... ဒါမင်းရဲ့ စုမိသားစု အရေးတဲ့လား... မင်းမျိုးရိုးအမည်က စုမို့လား မင်းက စုဟုန်လီရဲ့ လက်ပါးစေထက် မပိုပါဘူး သခင်လေးစုကို ထပ်ပြီး မရိုမသေ ဆက်ဆံရင် ငါ့ကိုရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”

“ အဟွတ် ... အဟွတ် ... ။ ”

ရှန့်ကျိစုန်မှ မယဉ်ကျေးတော့ချေ။ လေထုတစ်ခုလုံး တင်းကြပ်လာသဖြင့် ဌာနမှူး ဝမ်ချွမ်တုမှ ချောင်းခြောက်ဆိုးလျက်၊

“ မင်းတို့ နှစ်ယောက်စလုံးက ... မဟာကျိုးအင်ပါယာရဲ့ သူရဲကောင်းတွေပဲ ဒါဆို ဘာလို့ အသေးအမွှားကိစ္စတွေနဲ့ ပတ်သက်ပြီး ...

... ငြင်းခုံနေရတာလဲ တစ်ယောက်နဲ့ တစ်ယောက် ခြေတစ်လှမ်း ပြန်ဆုတ်ရင်ရော ... ဘယ်လိုလဲ။ ”

-ဟု ဝင်ရောက် ဖျန်ဖြေ၏။

ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော နင်စစ်ဟွာက၊

“ ငါတို့ နောက်မဆုတ်ရင် ဘာဖြစ်မလဲ။ ”

-ဟု တုန့်ပြန်လာခဲ့သည်။

“ နန်းတော်သခင် ... မင်း။ ”

ဝင်ရောက် ဖျန်ဖြေပေးနေသော ဌာနမှူးဝမ်ချွမ်တု၏ မျက်ဝန်းများ မှေးစင်းသွား ပြီး‌နောက်၊

“ ဒါက ဘာကို ဆိုလိုချင်တာလဲ နန်းတော်သခင်။ ”

-ဟု ပြန်မေးလိုက်တော့၏။

“ ဒါက ရှင်းပါတယ် ... သူက ငါ့တာအိုမိတ်ဆွေပဲ ... သူ့ကို ကျိန်ဆဲနေရင် ငါရပ်ကြည့်နေမှာ မဟုတ်ဘူး။ ”

ဤတစ်ကြိမ်၌ ဝမ်ချွမ်တုတစ်ယောက် စကားပြန် မပြောနိုင်တော့ချေ။ နင်စစ်ဟွာ ကဲ့သို့သော လူမျိုးသည် လူငယ်တစ်ဦးကို တာအိုမိတ်ဆွေအဖြစ် အမှန်တကယ် မှတ်ယူနေသည်လော။

ဤအရာသည် သူ့ မျှော်လင့်ချက်ထက် ကျော်လွန်နေပြီး လီကျန်းပြောသောထိုစုရီသည် သားဆိုးမဟုတ်ကြောင်း သတိဝင်လာစေ၏။

သို့သော် လီကျန်းမှ မျက်မှောင်ကြုတ်လျက် နင်စစ်ဟွာထံ လှမ်းကြည့်ကာ၊

“ နန်းတော်သခင်နင် ... မင်းကို တာအိုရှာဖွေသူအဖြစ် ငါလေးစားတယ်၊ မင်းက ငါ့စုမိသားစုရဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်မှာလား။ ”

“ အဟက် ... မင်းလိုကောင်လေး တစ်ယောက်က စုမိသားစုကို ကိုယ်စားပြု နိုင်တာ သေချာလား။ ”

“ မပြုပါဘူး ... ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်လောက်က ငါ့သခင် အမိန့်ထုတ်ပြန် ထားပါတယ် စုရီသာ တောင်းပန်ဖို့ ဆန္ဒရှိရင် ငါလျစ်လျူရှုနိုင်တယ်။ ”

“ ဟမ့် ... စုဟုန်လီကို ငါစကားပါးလိုက်တာ ပြန်မပြောဘူးလား။ ”

ရုတ်တရက် တင်ပျဉ်ခွေထိုင်နေသော စုရီ၏မျက်လုံးများ ပြန်ပွင့်လာပြီး လီကျန်းထံသို့ လှမ်းမေးလိုက်သည်။ လီကျန်းက အေးစက်သောအသွင်ဖြင့်၊

“ ပဉ္စမလရဲ့ ပဉ္စမနေ့မှာ မင်းအမေရဲ့ အုတ်ဂူကို သွားကြည့်ချင်တယ်လို့ မင်းပြော နေတာလား။ ”

စုရီက မတ်တပ်ထရပ်ကာ အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်လျက် လက်ကို နောက်ပို့ကာ၊

“ မှားတယ် ... (၅)လပိုင်း (၅)ရက်နေ့ မတိုင်မီ ငါ့အမေအတွက် စုမိသားစုဆီကနေ တရားမျှတမှုတောင်းမယ် ... ဒါပေမယ့် အခု မင်းသေချင်နေရင် ငါတာဝန်ယူပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

ဌာနမှူး ဝမ်ချွမ်တုမှ မျက်ခုံးပင့် လိုက်မိလေသည်။ ဤလူငယ်သည် မောက်မာ လွန်းချေပြီ။ လေသံနှင့် အမူအရာသည် သူ့ထက်ပင် ဝင့်ကြွားနေ၏။

ထိုအတွေးဖြင့် နင်စစ်ဟွာတို့ထံ ကြည့်လိုက်ရာ မတုန်မလှုပ် ရပ်ကြည့်နေခဲ့ သည်ကို မြင်လိုက်ရသည်။

“ ဟမ့် ... အနောက်တောင် ရေနွေးကြမ်းသောက်ပွဲမှာ မင်းပါဝင်ခဲ့တယ်လို့ ​ငါကြားတယ် ... ပြီးတော့ မင်းက မဟာသခင်ကို သတ်နိုင်တဲ့ အရည်အချင်းရှိတယ် ... ။ ”

လီကျန်းက စကားခဏရပ်ကာ၊

“ ဒါပေမယ့် ငါမယုံဘူး။ ” -ဟု ပြောကြားလိုက်၏။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက် မိကြသည်။ ထိုနေ့၏ အဖြစ်အပျက်များကို ဆဋ္ဌမမင်းသားမှ ဖုံးကွယ်ပေးထားပုံရ၏။

“ ဒါဆို မင်းစမ်းကြည့်လို့ရတယ် ... ။ ”

“ ဝှစ် ... ။ ”

စုရီကပြုံးလျက် ကျောက်ဆောင်ပေါ်မှ ခုန်ချလိုက်သည်။ မြေပြင်ပေါ်ရှိ တစ္ဆေမျက်နှာ သွေးစွန်ရဲ အလောင်းများအပေါ် နင်းဖြတ်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။

“ ဟွေမြစ် သူရဲကောင်း လီကျန်း ... သွေးနတ်ဆိုးတောင်ကိုလာတဲ့ ရည်ရွယ်ချက် မမေ့ပါနဲ့ ... နောက်ပြီး ဒီမှာနန်းတော်သခင်နဲ့ သူရဲကောင်းရှန့်လည်း ရှိသေးတယ်။ ”

ဌာနမှူး ဝမ်ချွမ်တုမှ ​အနည်းငယ် သံသယဝင်လာပြီး သတိပေးလိုက်၏။ သို့သော် လီကျန်းက မျက်မှောင်ကြုတ်လျက်၊

“ နန်းတော်သခင်နင် ... အစ်ကိုရှန့် မင်းတို့ဝင်မစွက်ဖက်ရင် ငါစမ်းကြည့်ချင်တယ်။ ”

-ဟု တုန့်ပြန်လာတော့သည်။

သူသည် စုဟုန်လီထံပါး၌ ငယ်စဉ်တည်းကပင် အမှုထမ်းခဲ့ပြီး ယနေ့တွင် သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့၏။

ထို့ကြောင့် အခွင့်အရေးရပါက သားဆိုးစုရီကို သင်ခန်းစာပေးရန် တွန့်ဆုတ် နေမည် မဟုတ်ချေ။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ နောက်တစ်လှမ်းဆုတ်ကာ တုန့်ပြန်ပြုမူပြ လိုက်သည်။ သေချင်နေသည့် လူအပေါ် သူတို့ တားရန်ဆန္ဒမရှိချေ။ စုရီက ပြုံးပြီး လီကျန်းကို မေးဆတ်ပြ၏။

လီကျန်းက သံသယဖြင့် နင်စစ်ဟွာတို့ထံ ပြန်လှည့်ကြည့်ကာ၊

“ မင်းတို့နှစ်ယောက် ... ရပ်ကြည့်နေမှာ သေချာလား။ ”

-ဟု အတည်ပြုလေသည်။

“ ဒီနေ့ကစပြီး ... မဟာကျိုးမှာ သူရဲကောင်း(၁၇)ယောက်ပဲ ကျန်တော့မယ်။ ”

နင်စစ်ဟွာက ပြုံးကာ အတည်ပြု၏။

“ မင်းသေချင်နေတာကို ငါတို့ ဘာလို့ တားနေရမှာလဲ ဆက်လုပ်ပါ။ ”

ရှန့်ကျိစုန်မှလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေပေးသည်။

“ ခဏ နေကြပါဦး ... ။ ”

ဝမ်ချွမ်တုခမျာ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ရပ်တန့်ရန် ကြိုးစားမိသည်။ တစ်စုံတစ်ရာ မှားယွင်းနေမှန်း သူခံစားနိုင်၏။ လီကျန်းမှ လျစ်လျူရှုသော အမူအရာဖြင့်၊

“ ငါ့သခင်ရဲ့သားဆိုးကို သင်ခန်းစာတစ်ခု သင်ပေးနိုင်ပြီ ငါ ဒီအခွင့်အရေးကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ ... အစ်ကိုဝမ်၊ မင်းငါ့ကို ဖြောင်းဖျနေစရာ မလိုပါဘူး။ ”

ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ဒုနန်းတော်သခင် ရွှမ်ယွီလုံက၊

“ ငါမှာ တစ်ခု အတည်ပြုစရာ ရှိတယ်။ ”

-ဟု စုရီကို ကြည့်ကာပြောသည်။ စုရီမှ ပြန်စိုက်ကြည့်၏။

“ တိမ်မြစ်စီရင်စုသခင် ချင်းဝမ်ယွမ်ကို သတ်လိုက်တာ မင်းလား။ ”

သူဟူသည် ချင်ဝမ်ယွမ်နှင့်အတူ နေမင်းအကယ်ဒမီ၌ နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့ဖူးသည်။ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့၏။

“ မင်းသိနေရင် ... ဘာလို့ မေးနေရတာလဲ လက်စားချေချင်ရင် လာခဲ့။ ”

စုရီမှ ပျင်းရိဟန်ဖြင့် ဖြေကြားလိုက်၏။

​“ တကယ်ပဲပေါ့ ... ။ ”

ရွှမ်ယွီလုံတစ်ယောက် ဒေါသများ ပေါက်ကွဲလာပြီး သတ်ဖြတ်လိုသောရောင်ဝါများ ထုတ်ဖော်လိုက်တော့သည်။

မျက်ဆန်အတွင်း လျှပ်စီးများ လင်းလက်လာပြီး ကြောက်မက်ဖွယ် အငွေ့ အသက်များ လှိုင်းထလာ၏။ ငြိမ်သက်နေသော မီးတောင်တစ်လုံး အသက်ဝင်လာသည်နှင့် တူနေသည်။

ထိုမြင်ကွင်းကြောင့် ဌာနမှူး ဝမ်ချွမ်တုမှ မျက်နှာ မည်းမှောင်သွားပြီး၊

“ ရွှမ်ယွီလုံ ... မင်းက ငါ့အကယ်ဒမီရဲ့ ဒုနန်းတော်သခင်ပဲ ... ဒီအချိန်မှာ ဘယ်လိုများ လက်စားချေချင် နေရတာလဲ။ ”

-ဟု အော်ဟစ် သတိပေးလိုက်၏။

“ ဌာနမှူးဝမ် ... ငါ့ညီချင်းကို သတ်တဲ့ ရန်သူက ငါ့ရှေ့မှာ ရှိနေတဲ့အခါ ငါဘယ်လိုများ နေနိုင်မှာလဲ ... ဒါက သူနဲ့ငါကြားက ပုဂ္ဂိုလ်ရေး ရန်ငြိုးပါ အကယ်ဒမီနဲ့ မဆိုင်ဘူး။ ”

“ မင်း ... ။ ”

ဝမ်ချွမ်တုခမျာ စိတ်ဓါတ်ကျသွားသည်။ ဤရွှမ်ယွီလုံသည် ဒုနန်းတော်သခင်ဖြစ်ကာ ရူးမိုက်သော အမှုကို ပြုနေချေပြီ။

လီကျန်း တစ်ယောက်တည်းဖြင့်ပင် ခေါင်းကိုက်နေပြီဖြစ်သဖြင့် ၎င်းမှ ဝင်ရောက် လာပြီးနောက် ပို၍ခက်ခဲလာတော့သည်။

“ အသိအကျွမ်းဟောင်းဝမ် ... ကိစ္စတွေက ဒီအထိဖြစ်လာနေပြီဆိုတော့ ... ငါတို့ကို ထပ်ပြီး ဖျန်ဖြေနေစရာ မလိုတော့ပါဘူး။ ”

နင်စစ်ဟွာက ဌာနမှူး ဝမ်ချွမ်တု၏ အမူအရာကြောင့် နှစ်သိမ့် ပေးလိုက်လေသည်။ ဝမ်ချွမ်တုမှ သက်ပြင်းချလိုက်ပြီး၊

“ နန်းတော်သခင်နင်၊ မင်းမိတ်ဆွေအတွက် စိတ်မပူဘူးလား။ ”

-ဟု စူးစမ်းတော့၏။

“ ငါ ဝင်မစွက်ဖက်ဘူးလို့ ကတိ ပေးထားပါတယ်။ ”

ဤအဖြေက ဌာနမှူး ဝမ်ချွမ်တုကို ပို၍မသက်မသာဖြစ်စေသည်။

“ ချွင် ... ။ ”

ရွှမ်ယွီလုံက ဓားနှစ်လက်ကို ဆွဲထုတ်လိုက်ပြီး၊

“ စုရီ ... ငါနဲ့တိုက်ပါ။ ”

-ဟု စိန်ခေါ်လာလေသည်။

ထိုစိန်ခေါ်မှုသည် လီကျန်းကို အနည်းငယ် မပျော်မရွှင်ဖြစ်လာစေ၏။ ၎င်းက ရွှမ်ယွီလုံထံ လှည့်ကြည့်ကာ၊

“ အစ်ကိုရွှမ်၊ သူက ငါ့သခင်ရဲ့ အမွေဆက်ခံသူပါ ... ငါနဲ့တိုက်ရင်တောင် မင်းနဲ့ မတိုက်ရဘူး ... သူ့ရဲ့ အသက်နဲ့သေခြင်းကို ငါ့သခင်ပဲ ဆုံးဖြတ်နိုင်မယ်။ ”

“ ငါသဘောမတူရင် ဘာလုပ်မလဲ။ ”

“ အစ်ကိုရွှမ် ... ငါမင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

စုရီကရယ်သည်။ ဤမြင်ကွင်းသည် နင်စစ်ဟွာနှင့် ရှန့်ကျိစုန်ကိုပင် ပြုံးမိသွားစေ၏။ ဤနှစ်ယောက်သည် မည်သူအရင် သေမည်ကို အပြိုင်အဆိုင် ရွေးချယ်နေချေပြီ။

“ မင်းတို့နှစ်ယောက် ... ဘာလို့ အတူတူ မလာကြတာလဲ မရဏကမ္ဘာမှာ ညီအစ်ကိုတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ”

“ မင်းသေချင်နေတာပဲ။ ”

ရွှမ်ယွီလုံက ကျယ်လောင်စွာ အော်ငေါက်လျက် ဓားနှစ်လက်ဖြင့် ချက်ချင်း ခုတ်ချလိုက်တော့သည်။

***

All Chapters