← Chapters

ထိုက်တန်ပါတယ် ... ။

Vol. 16 Ch. 184

ထိုက်တန်ပါတယ် ... ။

Vol. 16 Ch. 184

စတုတ္ထအဆင့် မဟာသခင်၏ ရောင်ဝါကြောင့် ကျောက်တုံးများ လွင့်စင်လျက် လေဟာနယ်တစ်ခုလုံး ပုံပျက်လာ၏။

“ ရွှမ်ယွီလုံ ငါ့လမ်းက ထွက်သွားစမ်း ... ”

“ ဝှစ် ... ။ ”

တစ်ဖက်တွင် လီကျန်းမှ စိုးရိမ်တကြီးဖြင့် ရွှမ်ယွီလုံကို ရပ်တန့်စေရန် လှံကိုဖမ်းကိုင်လျက် ထိုးသွင်းလိုက်၏။

“ ဖျပ် ... ။ ”

စုရီသည်လည်း ထိတ်လန့်ခြင်း မရှိဘဲ ခြေတစ်လှမ်း လှမ်းတက်ကာ လက်ကို လေထဲ လှမ်းဆွဲလိုက်သည်။

“ ဝှစ် ... ။ ”

လီကျန်း ထိုးသွင်းလိုက်သော လှံသည် ရုတ်တရက် တုန်ခါသွားကာ တင်းကြပ်စွာ ဖမ်းဆီးခံလိုက်ရ၏။

“ ထန် ... ထန် ... ။ ”

တစ်ချိန်တည်းမှာပင် ဓားနှစ်လက်ထံ ထိုလှံဖြင့် ဟန့်တားလိုက်သည်။ ဓားနှစ်လက်က လွန်ကျလုနီးပါး တုန်ယင်သွား၏။

မဟာသခင် နှစ်ပါး၏ ရှောင်တခင် တိုက်ခိုက်မှု နှစ်ရပ်ကို ချီစုစည်းခြင်း အဆင့်မှ လူငယ်တစ်ဦးသည် အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါးဖြေရှင်းသွား၏။

ယင်းသည် ရွှမ်ယွီလုံနှင့် လီကျန်း၏ အမူအရာများကို ပြောင်းလဲစေပြီးသံသယဖြင့် စုရီထံ ပြန်ကြည့်လိုက်မိ၏။

“ မင်းတို့နှစ် အတူတူလာဖို့ ငါပြောခဲ့တယ်မဟုတ်လား ဘာလို့ အချင်းချင်း လုနေကြတာလဲ ငါ့ကိုမင်းတို့ ခုတ်ထစ်လို့ရတဲ့ ငါးတစ်ကောင်များ ထင်နေတာလား။ ”

“ မင်းဆန္ဒအတိုင်း ... ။ ”

ရွှမ်ယွီလုံက အသက်ပြင်းပြင်းရှူလျက် အနီ၊အစိမ်း၊ရွှေနှင့်အနက်တို့ ရောစွက်နေသည့် ရောင်ဝါကို ထုတ်ဖော်လိုက်၏။

ဤသည်မှာ စတုတ္ထအဆင့် မဟာသခင် စွမ်းအားပေပင်။ အတွင်းအင်္ဂါ လေးပါးအပေါ် သန့်စင်ပြီးနောက် ရရှိသော ဂုဏ်ရည်များ ဖြစ်ချေ၏။

ပဉ္စမအဆင့်သို့ ရောက်သောအခါ အတွင်းအင်္ဂါငါးပါးသည် မီးတောင်တစ်ခုကဲ့သို့ ဖြစ်လာပြီး ရောင်စဉ်ငါးပါး စွမ်းအင်ကို ရရှိပေမည်။

“ သတ် ... ။ ”

ထို့နောက် ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ ခြေဖျားကို မြေပြင်ပေါ် နင်းချလိုက်ပြီး လေထဲခုန်ပျံရွေ့လျားသွားကာ ဓားနှစ်လက်ဖြင့် ကြက်ခြေခတ် ခုတ်ပစ်၏။

“ ဂျိန်း ... ။ ”

လေဟာနယ်သည် ကင်းဗတ်စကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာသည်။ မိုးခြိမ်းသံ၊ လျှပ်စီးလက်သံများ မြည်လာ၏။

ဓားချက်ထိရုံဖြင့် တောင်များကွဲလျက် ပင်လယ်ပြင် ပြိုကွဲသွားနိုင်မည်။ တစ်ချိန်တည်း မှာပင် လီကျန်းသည်လည်း လှုပ်ရှားလာ၏။

“ ဝှီး ... ဝှီး ... ဝှီး ... ။ ”

၎င်းက လှံရှည်ကို လေထဲဝှေ့ရမ်းလျက် ထောင်ပေါင်းများစွာသော သွေးနီအရိပ်များ ဖန်တီးတော့သည်။

“ သွေးမိုးနတ်ဆိုးသတ်လှံ နည်းစနစ်။ ”

ဤသည်မှာ အဆင့်မြင့် ကောင်းကင်အဆင့် ပညာရပ်တစ်ခုဖြစ်သည်။ စုဟုန်လီ ကိုယ်တိုင်မှ သင်ကြားပြသပေးခဲ့သော သတ်ဖြတ်ခြင်း လှံရေးတစ်ရပ် ဖြစ်၏။

အမြင့်ဆုံးအဆင့်အထိ လေ့ကျင့် ပြီးသောအခါ လှံအစွမ်းဖြင့် သွေးမုန်တိုင်း ဖန်တီးနိုင်ပေမည်။

မဟာသခင်ခွန်အားဖြင့် ပေါင်းစပ်ပြီး သွေးနှင့်သရဲတစ္ဆေများ ငိုကြွေးမြည်တမ်းသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာ၏။ အလွန် အစွမ်းထက်ချေပြီ။

ထိုမြင်ကွင်းကို မြင်ချိန်၌ ရှန့်ကျိစုန်ခမျာ အသက်ပြင်းပြင်း ရှူလိုက်မိ၏။ သူသာဆိုသော် ထိပ်တိုက်ရင်ဆိုင်ရန် ဝံ့မည်မဟုတ်။

တစ်ဖက်တွင် စုရီတစ်ယောက် အနည်းငယ်စိတ်ပျက်သွား၏။ ဤနှစ်ယောက် ပေါင်းလျှင်ပင် ချင်းချန်ရှန့်ထက် များစွာ အားနည်းချေပြီ။

“ ဟိတ် ... ။ ”

“ ဝုန်း ... ။ ”

ထို့ကြောင့် ပျင်းရိစွာဖြင့် ကောင်းကင်မှ ကျလာသော ဓားနှစ်လက်ထံ ညာလက်သီးဖြင့် လှမ်းထိုးလိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော တာအို ကြယ်ချီကြောင့် တာအိုတေးသွားအချို့ ဝိုးတဝါး မြည်ကြွေးလိုက်ပါလာသည်။

လက်သီးနှင့်ဓား ထိမှန်သွားပြီးနောက် ကြည်လင်ပြတ်သားသော မြည်သံများနှင့်အတူ ဓားများ လွင့်ထွက်သွားသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ကြွင်းကျန်ရစ်သော စွမ်းအားသည် အရှိန်အဟုန်ဖြင့် ဆက်လက်ရွေ့လျားလာကာ ရွှမ်ယွီလုံထံ ထိမှန်သွား၏။

စတုတ္ထအဆင့် မဟာသခင်ခမျာ ကြိုးပြတ်နေသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြီး ဆယ်ပေအကွာသို့ ပြုတ်ကျသွားချေပြီ။

“ အဟွတ် .. အဟွတ် ... ။ ”

ရင်ဘတ်တွင် လက်သီးရာ နံရိုးများ ချိုင့်ဝင်နေပြီး သွေးချောင်းဆိုးလျက် အတွင်း အင်္ဂါများ ဆိုးရွားစွာ ပျက်စီးသွားသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် လှံသည် သွေးမိုးများသဖွယ် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရောက်ရှိ လာပြီဖြစ်သည်။

စုရီမှ ဘယ်လက်ဖြင့် လေထဲ လွှဲခုတ်လိုက်၏။ ဆယ်ပေရှည်သော ဓားအလင်း ပေါ်လာပြီး နဂါးတစ်ကောင်ကဲ့သို့ ပြေးထွက်သွားသည်။

“ ဘောင်း ...ဘောင်း ဘောင်း။ ”

အဆုံးတွင် ဓားအလင်းသည် လှံကို ထိမှန်သောအခါ ပေါက်ကွဲမှု အသေးစားများ ဖြစ်ပွားလျက် ဝိညာဉ်လက်နက်အဆင့်မှသည် သေမျိုးအဆင့်သို့ ယုတ်လျော့သွားစေ၏။

လီကျန်းမှ ချက်ချင်း ရှောင်တိမ်းလိုက် သော်လည်း အနည်းငယ် နောက်ကျသွားသည်။ ပခုံးပေါ်ထိမှန်ကာ လှံကိုင်လက် မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။

သွေးများ ရေတံခွန်ကဲ့သို့ စီးကျလာချေပြီ။ လီကျန်းတစ်ယောက် နာကျင်စွာ ညည်းတွားပြီး လက်မောင်းကို ချက်ချင်း အုပ်ကိုင်လိုက်၏။

ချီသန့်စင်ခြင်းအဆင့် လူငယ် တစ်ယောက်သည် ဤမျှ ထိတ်လန့်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု မထင်မိချေ။

“ ငါ့ဆီက ဓားတစ်ချက်တောင် ... မခံနိုင်ဘဲနဲ့များ မင်း ငါ့ကိုသင်ခန်းစာပေးချင် နေသေးလား။ ”

စုရီမှ ခေါင်းခါယမ်းကာ စိတ်ပျက်လက်ပျက်နှင့် စိတ်ဝင်စားမှု ကင်းမဲ့ သွားလေသည်။

“ မင်း ... ။ ”

လီကျန်းက တုန့်ပြန်လိုသော်လည်း စကားလုံးများ ပျောက်ဆုံးသွား၏။ တစ်ဖက်လူ အနေဖြင့် တစ်နှစ်အတွင်းများစွာ ပြောင်းလဲ သွားချေပြီ။

“ မဟာသခင်နယ်ပယ်ဆိုတာ အတွင်းအင်္ဂါငါးပါးကို သန့်စင်ပြီး စိတ်ဝိညာဉ်ကို တည်ဆောက်ရတယ် ဒါပေမယ့် မင်းရဲ့ နည်းစနစ်က ...

... ရက်စက်ကြမ်းကြုတ်လွန်းတယ် မြင်းရှေ့မှာမြင်းလှည်းကို နေရာချလိုက်သလိုမျိုး ‌မင်းလမ်းကို ဆက်လျှောက်ဖို့ ခက်ခဲလိမ့်မယ် ... မင်းရဲ့အတွင်းအင်္ဂါတွေအားလုံး သတ်ဖြတ်ခြင်း ရောင်ဝါတွေနဲ့ ပြည့်နှက်နေပြီ ...

... ဒါဆို စစ်မှန်တဲ့ ဝိညာဉ်စွမ်းအင်ကို ... ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ ... ဒါကြောင့် ပဉ္စမအဆင့်ကို အခုထိ မင်းမရောက်နိုင်ခဲ့တာ ... စုဟုန်လီက ဒါကို မပြောပြခဲ့ဘူးလား။ ”

စုရီက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ လီကျန်းခမျာ မျက်နှာပြောင်းလာ၏။ ခန္ဓာကိုယ် ထွင်းဖောက် ကြည့်ခံလိုက်ရသလိုပေပင်။

“ ငါ့သခင်က သွေးနတ်ဆိုး သတ်ဖြတ်ခြင်းလှံကို လေ့ကျင့်ရင် စတုတ္ထ မဟာသခင် အဆင့်အထိပဲ အဆင်ပြေတယ် ... ဖြတ်ကျော်ချင်ရင် ကောင်းကင်ဘုံကို တက်ရတာထက် ခက်လိမ့်မယ်လို့ ပြောပြီးသားပါ ... ။ ”

သို့သော် လီကျန်းခမျာ တစ်စုံတစ်ရာကို တွေးမိလာပြီး တုန်ယင်သွား၏။ ဆိုလိုသည်မှာ ဤသားဆိုးသည် သူ့သခင်နီးပါး အားနည်းချက် များကို မြင်နိုင်သည်ဟု အဓိပ္ပါယ်ရချေပြီ။

“ ကောင်းကင်ကို တက်ရတာထက် ပိုခက်နေသလား ... ဟား ဟား ဟား ... မင်းကို ရွေးချယ်ခွင့်ပေးမယ် မင်းငါ့ဆီ အစေခံရင် မဟာသခင်ပဉ္စမအဆင့် ရောက်အောင် အာမခံတယ် ဘယ်လိုလဲ။ ”

စုရီစကားကြောင့် လီကျန်းတစ်ယောက် အနည်းငယ် အံ့သြမင်တတ်လျက် အဆုံးတွင်၊

“ တတိယသခင်လေး ... မင်းဒီလို လုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ် ဒါပေမယ့် မင်းငါ့ကိုလျှော့တွက်တယ် ငါသေရင်တောင် ငါ့သခင်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။

“ စုဟုန်လီအတွက် သေရတာ ထိုက်တန်သလား။ ”

“ ထိုက်တန်ပါတယ် ... ။ ”

ထိုသို့ပြန်ဖြေပြီးနောက် လက်ဝဲလက်ဖြင့် လှံကိုကောက်ကိုင်လိုက်ကာ အသက်ပြင်းပြင်း ရှူလျက်၊

“ တတိယသခင်လေး ကျေးဇူးပြု၍ ငါလီကျန်းကို သေခွင့်ပေးပါ။ ”

-ဟု တောင်းဆိုလျက် စုရီထံ ပြေးဝင်လာလေသည်။

“ ကောင်းပြီ ... မင်းကို ဂုဏ်သိက္ခာရှိတဲ့ သေခြင်းတစ်ခု ငါပေးမယ်။ ”

စုရီက ကောင်းကင်လမ်းညွှန်ဓားကို ဆွဲထုတ်ပြီး ရုတ်တရက် ရှေ့သို့ ပြေးတက်ကာ ထိုးသွင်းလိုက်၏။ ရိုးရှင်းပြီး ထက်မြက်သော ဓားအလင်း ပြိုးပြက်တောက်ပသွားသည်။

“ အရမ်း လှတယ် ... ။ ”

ထိုအချိန်တွင် လီကျန့်၏ မျက်လုံးများ မှေးစင်းလျက် ရင်သပ် ရှုမောဖွယ်ရာ အလင်းကို မြင်လိုက်ရချေပြီ။

“ စွပ် ... ။ ”

“ ကျေးဇူး ... ကျေးဇူးတင်ပါတယ် ... ငါ့သခင်ကို သစ္စာမဖောက်တော့ဘူး ... ။ ”

သွေးများ ပွက်ခနဲအန်လျက် မြေပြင်ပေါ် ပျော့ခွေလဲကျသေဆုံးသွား၏။ ဤမြင်ကွင်းက နင်စစ်ဟွာနှင့် ရှန့်ကျိစုန်ကို ခံစားရစေသည်။

သစ္စာဖောက်ခြင်းထက် သေခြင်းတရားကိုသာ ရွေးချယ်သွားခြင်းသည် စစ်မှန်သော သူရဲကောင်းတစ်ဦးပေပင်။ စုရီက သက်ပြင်းချ၏။

“ ငါ ... စုဟုန်လီကို လျှော့တွက်ထားမိပုံရတယ် ... ။ ”

စတုတ္ထအဆင့် မဟာသခင်သည်ပင် ၎င်းအတွက် အသေခံရန် အသင့်ရှိနေခဲ့ခြင်းဖြင့် စုဟုန်လီ၏ ထူးကဲသော အရည်အချင်းများကို မြင်သာစေသည်။

လီကျန်းနှင့်သူသည် ရန်ငြိုး မရှိသော်လည်း ဤကမ္ဘာကြီးတွင် ၎င်းကဲ့သို့ သတ္တိရှိရှိ သေဝံ့သူ များအပေါ် သတ်ရန် နောင်တမရှိချေ။

ထို့နောက် ရွှမ်ယွီလုံထံ လှည့်ကြည့် လိုက်သည်။ ဒဏ်ရာပြင်းထန်စွာ ခံစားနေရပြီး သူ့အကြည့်ကို မြင်သောအခါ၊

“ မင်းငါ့ကို သတ်ချင်ရင် သတ်လို့ရတယ် ... တောင်းပန်မှာ မဟုတ်ဘူး။ ”

-ဟု တုန့်ပြန်လာတော့၏။

သူ့တွင် လီကျန်းကဲ့သို့ သေဝံ့သည့် သတ္တိမျိုးရှိသော်လည်း တစ်စုံတစ်ဦးထံပါး၌ ဒူးထောက်ရန် ဆန္ဒမရှိချေ။

“ သခင်လေး ... ကျေးဇူးပြုပြီး ယွီလုံကို အသက်ရှင်ခွင့်ပေးပါ။ ”

ရုတ်တရက် ဌာနမှူး ဝမ်ချွမ်တုမှ ဝင်ရောက်တောင်းပန်၏။ တစ်ဆက်တည်း မှာပင် စုရီသဘောမတူမည်ကို စိုးရွံ့လာပြီး၊

“ အဲဒါကို စဉ်းစားပေးပါ ... ငါ့နေမင်းအကယ်ဒမီကနေ ဆရာစုအပေါ် ကျေးဇူးဆပ်ဖို့ အကြွေးတင်နေပါပြီ။ ”

-ဟု ထပ်မံ တောင်းပန်လိုက်သည်။

စုရီက ခေါင်းခါလျက်၊

“ မင်းရဲ့ကျေးဇူးကို ငါဘာလုပ်ရမှာလဲ။ ”

-ဟု တုန့်ပြန်လိုက်တော့၏။ ဝမ်ချွမ်တု တစ်ယောက် မျက်နှာပျက်သွားသည်။ သို့သော် စုရီမှ စကားဆက်ပြောလာသဖြင့် အံ့အားသင့် သွားတော့၏။

“ ဒါပေမယ့် ... သူ့ကို ငါအခွင့်အရေး ပေးနိုင်ပါတယ် ... သူက သိုင်းညီအစ်ကိုအတွက် ငါ့ကိုလက်စားချေချင်နေတာ ငါ့ကိုသတ်နိုင်ပြီ ထင်လာတဲ့တစ်နေ့ ငါ့ကိုရှာပါစေ။ ”

“ ကျေးဇူးပါ ဆရာစု ... မင်းရဲ့ သဘောထားကြီးမှုအတွက် ... ကျေးဇူး တင်ပါတယ်။ ”

တစ်ဖက်တွင် ရွှမ်ယွီလုံက အဆင်မပြေ ဖြစ်သွားသည်။ အချိန်အတော်ကြာပြီးနောက်၊

“ မင်းငါ့ကို ဘာလို့ မသတ်တာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ မင်းဘာလို့ ငါ့ကို လက်စားချေတာလဲ။ ”

စုရီမှ ပြန်လှန်မေးခွန်းထုတ်သည်။

“ ချင်းဝမ်ယွမ်က ငါ့ဂျူနီယာပဲ ... ဒါဆို ဘာလို့ ငါက လက်စားမချေရမှာလဲ။ ”

“ မှန်တယ် ... ဒါကြောင့် မင်းကို ငါမသတ်ခဲ့တာ ... ငါစိတ်မပြောင်းခင် မင်းသူ့ကို ခေါ်သွားလိုက်တာ ပိုကောင်းလိမ့်မယ်။ ”

စုရီက စကားကို အဆုံးသတ်ပြီး ဌာနမှူးဝမ်ချွမ်တုထံ လှမ်းပြောလိုက်လေသည်။ ဝမ်ချွမ်တုက စုရီထံ ဦးညွှတ်ကာ ရွှီယွီလုံ နှင့်အတူ လှည့်ထွက်သွားတော့၏။

သူတို့ ပုံရိပ်များ ပျောက်ကွယ်သွားချိန်၌ နင်စစ်ဟွာက၊

“ ဒီနည်းလမ်းက အမုန်းတရားကို ရှည်စေတယ် ... ကောင်းတဲ့ ကိစ္စမဟုတ်ဘူး ... ။ ”

-ဟု မှတ်ချက်ပေးသည်။

“ သူ့လိုလူမျိုးကို အသက်ရှင်ခွင့်ပေးရတာ ထိုက်တန်ပါတယ်။ ”

စုရီက သက်ပြင်းချကာ ပြန်ပြောသည်။ စုရွှမ်ကြွယ်ဘဝတွင် ရတနာကြောင့် တပည့်များ တိုက်ပွဲဝင်ကြသည်ကို ပြန်ပြောင်း သတိလာမိတော့၏။

***

All Chapters