ကြာနန်းတော်ကိုးလုံး ... ။
Vol. 16 Ch. 186
“ မတွေ့ရတာ ကြာပြီနော် … တောင်တန်းဘုရင်၊ မင်းရဲ့ စွမ်းဆောင်ရည်က အရင်ထက် ပိုပြီး အထင်ကြီးစရာ ကောင်းလာတယ်။ ”
ရှန့်ကျိစုန်မှ နှုတ်ဆက်လိုက်၏။
“ တိမ်လွှာသူရဲကောင်း ... မင်း ချဲ့ကားလွန်းနေပါပြီ။ ”
ထို့နောက် ၎င်းက နင်စစ်ဟွာထံ လှည့်ကြည့်ကာ လက်သီးဖြင့် လက်ဖဝါးဖိကပ် ပြလိုက်ပြီး၊
“ ငါသာ မမှားရင် ... မင်းက ကောင်းကင်မူအကယ်ဒမီရဲ့ နန်းတော်သခင် နင်စစ်ဟွာပဲ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
သူ့အသွင်သည် ကျိုးနွံပြီး ယဉ်ကျေး သိမ်မွေ့နေခဲ့သည်။ နင်စစ်ဟွာမှ ခေါင်းညိတ် ပြကာ စကားဖြင့် ပြန်မဖြေတော့ချေ။
သို့တိုင် မုရှီက အပြုံးမပျက်ဘဲ စုရီဘက် လှည့်ကြည့်လိုက်ပြီး၊
“ ငါ့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ မင်းရဲ့နာမည်ကို မေးလို့ရမလား။ ”
-ဟု နှုတ်ဆက်လိုက်၏။ ရှန့်ကျိစုန်မှ ခြေတစ်လှမ်း လှမ်းတက်လိုက်ကာ၊
“ တောင်တန်းဘုရင် ... ဒီသခင်လေးက သခင်လေးစုပါ။ ”
-ဟု မိတ်ဆက်ပေးလာသည်။ မုရှီက စုဟူသော မျိုးရိုးအမည်ကြောင့် အနည်းငယ် တွေးတောလျက်၊
“ ဒါဆို ကျောက်စိမ်းမြို့တော်ရဲ့ စုမိသားစုဝင်လား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
ရှန့်ကျိစုန်မှ တုံ့ဆိုင်းစွာဖြင့် စုရီထံ လှည့်ကြည့်လိုက်သည်။ စုရီက စိတ်ဝင်စားမှု မပြသောကြောင့်၊
“ တောင်တန်းဘုရင်ရဲ့ ခန့်မှန်းချက်က မှန်ကန်ပါတယ် သခင်လေးစုက စုဟုန်လီရဲ့ တတိယသားပါ။ ”
“ အိုး ... ။ ”
မုရှီတစ်ယောက် ပြုံးလိုက်၏။
“ စုမိသားစုက နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေရှိပြီး ကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းမျိုးနွယ်တစ်ခုပါ ... ။ ”
ဤသည်မှာ စုရီအပေါ် တိုက်ရိုက် မဟုတ်သော်လည်း ယဉ်ကျေး သိမ်မွေ့လွန်း၏။ အဆုံးတွင် ရှန့်ကျိစုန်နှင့် နင်စစ်ဟွာတို့ဘေးတွင် လိုက်ပါနိုင်သူသည် သာမန် မဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်သည်။
စုရီက ခေါင်းညိတ်သည်။ တစ်ဖက်လူတွင် လျှို့ဝှက်စိတ်ဝိညာဉ် အကာအကွယ် ရတနာများ ရှိနိုင်ပေမည်။
( ဒီကောင် ငါ့ရန်သူဖြစ်ရင် အရမ်းကောင်းမယ် သူ့မှာ လျှို့ဝှက်ရတနာ ဘယ်လောက်ရှိမလဲ သိခွင့်ရမှာ။ )
သူ့အတိတ်ဘဝ၏ အသိပညာနှင့် အတွေ့အကြုံအရ တစ်ဖက်လူ၏ ရတနာသည် ရှားပါးမည်မှာ သေချာ၏။
သို့သော် ထိုရတနာအတွက် ၎င်းကို သားကောင်အဖြစ် သတ်ဖြတ်ပစ်ရန် ဆန္ဒမရှိ သည်မှာ သဘာဝပေပင်။
ထို့နောက်တွင် မုရှီက နင်စစ်ဟွာနှင့် ရှန့်ကျိစုန်ကို အတူခရီးဆက်ရန် ဖိတ်ခေါ်လိုက် လေသည်။ နင်စစ်ဟွာတို့က ပြန်မဖြေဘဲ စုရီထံ လှည့်ကြည့်၏။ စုရီမှ ခေါင်းညိတ်ပြသည်။
ထိုအပြုအမှုကြောင့် မုရှီတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ သူ့ရှေ့ရှိ လူငယ်သည် မရိုးရှင်းကြောင်း နားလည်လိုက်၏။ စုမိသားစု ဝင်ဟူသည်ထက် ပိုလေးနက်ချေမည်။
ထို့နောက်တွင် မုရှီနှင့် ရှန့်ကျိစုန်တို့သည် အချင်းချင်း စကားစမြည်များ ပြောကြားလျက် နင်စစ်ဟွာသည်သာ ကျောက်ဆောင်ပေါ်၌ တစ်ယောက်တည်း ထိုင်နေ၏။
မလှမ်းမကမ်းတွင် စုရီသည် ကြိမ်ကုလားထိုင်ကြီးပေါ်ကျောမီကာ အိပ်နေ တော့သည်။
များမကြာခင် ဒဏ်ရာများ ကုစားရာမှ ပြန်လည် နိုးထလာခဲ့သော ကျန့်တန်ယွင်နှင့် လုကျန်းဖန်တို့က မတ်တပ်ထရပ်လိုက်၏။
“ ဘယ်လိုနေလဲ ... ။ ”
မုရှီက ပြုံးပြီး မေးမြန်းတော့သည်။ နှစ်ယောက်စလုံးက ချက်ချင်း အရိုအသေပေး လိုက်ကာ၊
“ တောင်တန်းဘုရင် မင်းရဲ့အကူအညီ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ငါတို့ အသက်ကို ကယ်ခဲ့တဲ့ ဒီကြင်နာမှုအပေါ် တစ်သက်လုံး အမှတ်ရနေမှာပါ။ ”
-ဟု ပြန်လည် စကားဆို၏။
“ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”
ထို့နောက် စုရီ၊ ရှန့်ကျိစုန်နှင့် နင်စစ်ဟွာတို့ကို မိတ်ဆက်ပေးသည်။ စုရီက ခေါင်းညိတ်ပြပြီး ထရပ်ကာ၊
“ သွားရအောင်။ ”
-ဟု ပြောကြားလိုက်၏။
ထိုအပြုအမူက ကျန့်တန်းယွင်တို့ကို မျက်ခုံးပင့်မိစေသည်။ တစ်ဖက်တွင် ရှန့်ကျိစုန်၊ နင်စစ်ဟွာက ငြင်းဆန်ခြင်း မပြုဘဲ လိုက်ပါသွား၏။
“ သခင်လေးစုက ထူးဆန်းတယ် ... သာမာန်စည်းမျဉ်းတွေနဲ့ သူ့ကို အကဲဖြတ်လို့ မရဘူး ... ကျေဇူးပြုပြီး သတိထားပါ။ ”
မုရှီက ကျန့်တန်းယွင်တို့ အတွေးကို မှန်းဆနိုင်ပြီး အပြုံးဖြင့် ပြောကြားလိုက်သည်။
“ ဘုရင်ငယ် ... အစောပိုင်း ကလေး အလောင်းကောင်က ... မရဏတံခါးဂိုဏ်းဝင် မဟုတ်လား။ ”
ကျန့်တန်ယွင်မှ မေးလိုက်သည်။
“ မှန်တယ် ... မရဏတံခါးဂိုဏ်းက သွေးနတ်ဆိုးတောင်ရဲ့ ... သားရဲဒီရေအတွက် လှုပ်ရှားလာမယ်လို့ သတင်းရထားတယ် ...
... အဲဒီကလေးအလောင်းကောင်က ... ... သူတို့ဌာနချုပ်ရဲ့ ကာကွယ်သူ ကိုးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အလောင်းထိန်းချုပ်သူရဲ့ အလောင်းကိုယ်ပွားပဲ ...
... စစ်မှန်တဲ့ အလောင်းထိန်းချုပ်သူက စတုတ္ထမဟာသခင်ဖြစ်ပြီး အလောင်းရုပ်သေး ပညာရပ်ကြောင့် နာမည်ကြီးတယ်။ ”
ထိုစကားကို ကြားလိုက်သောအခါ ကျန့်တန်ယွင်နှင့် လုကျန်းဖန်တို့နှစ်ယောက် စလုံး လေးနက်လာကြသည်။
သူတို့သည် ကပ်ဘေးကြီးကို ရှောင်လွဲ နိုင်ခဲ့သော်လည်း ဤမျှ ရွံစရာကောင်းလှသည့် ရန်သူများနှင့် ထပ်မံရင်ဆိုင်ရဦးမည်ကို သိရှိ လိုက်သဖြင့် သက်ပြင်းချလိုက်မိ၏။
တစ်နာရီခန့် လျှောက်လှမ်းလာစဉ် အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးနှင့်ဆုံ၏။
“ တောင်တန်းဘုရင် ... ဒီနေရာကနေ မိုင်သုံးဆယ်ခန့်အကွာမှာ ချောက်ကမ်းပါးကြီး တစ်ခုရှိတယ် ... အဲဒီမှာ မရဏတံခါးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ စခန်းချနေတယ်။ ”
ဤသည်မှာ ကြယ်အလင်းအကယ်ဒမီ၏ အထွတ်အထိပ် စတုတ္ထအဆင့် မဟာသခင် ပုရီ ဖြစ်သည်။ ပုရီက သူတို့ကို မြင်ချိန်၌ လေးနက်စွာ မျှဝေလာ၏။
မုရှီမှ ခေါင်းညိတ်လျက် သူ့ကို နင်စစ်ဟွာတို့ဖြင့် မိတ်ဆက်ပေးတော့သည်။ ထို့နောက် ပုရီသည်လည်း သူတို့နှင့်အတူ ခရီးဆက်လာခဲ့ကြ၏။
လေထုအတွင်း သွေးမြူများသည် ပို၍ထူထပ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက် မည်သည့် သားရဲမျှ မရှိချေ။
ထိုအခြေအနေက လူတိုင်းအတွက် အလိုမကျဟန်ဖြင့် လက်နက်များထုတ်ယူကာ အသင့်ပြင်မိစေ၏။
တောင်တန်းဘုရင် မုရှီသည်ပင် တစ်စုံတစ်ရာသံသယများဝင်လာပြီး ရွှေလှံကို ထုတ်ကိုင်ထား၏။
စုရီသာလျှင် လက်နှစ်ဖက် နောက်ပို့လျက် သက်တောင့်သက်သာအသွင်ဖြင့် ဆက်လျှောက် နေ၏။ ထိုအမူအရာက ကျန့်တန်းယွင်အတွက် မကျေမနပ်ဖြစ်မိစေသည်။
“ သခင်လေးစု ... မင်းသတိထားပါ ဒီလိုသာလုပ်နေရင် ငါတို့ မင်းကို ကူညီတဲ့အခါ အခက်တွေ့လိမ့်မယ်။ ”
မုရှီနှင့် နင်စစ်ဟွာကဲ့သို့သော ကျွမ်းကျင်သူများသည်ပင် သတိကြီးစွာထားနေ ရချိန်၌ ဤလူငယ်သည် အပန်းဖြေခရီးတစ်ခုလို ပြုမူပြနေ၏။ စုရီမှ ပြန်မဖြေချေ။
“ ဟမ့် ... ။ ”
ခဏအကြာတွင် စုရီမှ ရုတ်တရက် ခေါင်းမော့ပြီး ကောင်းကင်ပေါ် မျှော်ကြည့်လိုက် တော့၏။
တစ်ချိန်တည်းမှာပင် မုရှီ၊ နင်းစစ်ဟွာနှင့် အခြားသူများသည်လည်း တစ်စုံတစ်ရာကို ခံစား လိုက်ရကာ မျှော်ကြည့်လိုက်ကြသည်။
ထိုနေရာ၌ ကြီးမားသော ကြာနန်းတော် ကိုးလုံး လေထဲမျောနေ၏။ အရွယ်အစားသည် ပေကိုးဆယ်ခန့်ရှိသည်။
ကြာနန်းတော်များ အထက်တွင် အဆုံးမရှိတွင်းနက်ကြီး ကဲ့သို့ သွေးမြူများပင် ရစ်သိုင်းနေ၏။ အဝေးမှ လှမ်းကြည့်ရုံဖြင့် သူတို့ နှလုံးသားများ တုန်ယင်လာတော့သည်။
“ ဒါ ဝင်္ကပါလား ... ။ ”
မုရှီတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ချောက်ကမ်းပါးအတွင်း ငုံ့ကြည့်လိုက်မိသည်။ ချောက်ကမ်းပါးသည် နက်ရှိုင်းလွန်းပြီး အောက်ခြေ မမြင်ရချေ။
မြေပြင်၌ ရှေးဟောင်း ယဇ်ပလ္လင် (၁၀၈)လုံးရှိ၏။ ယဇ်ပလ္လင်တစ်ခုစီတိုင်းသည် အနက်ရောင်ဖြစ်ပြီး အမြင့်ကိုးပေရှိသည်။
၎င်းတို့သည် ကြာနန်းတော်များနှင့် ဆက်စပ်နေကာ သွေးမြူများကို စုပ်ယူလျက် ကြာနန်းတော်များထံ ထောက်ပံ့ပေး၏။
“ တုံ ... တုံ ... တုံ ... ။ ”
စုရီနှင့် အပေါင်းအသင်းများ ရောက်ရှိလာသောအခါ ယဇ်ပလ္လင်မှ ဗုံသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
အသံသည်ထူးခြားပြီး ကြောက်မက်ဖွယ် စွမ်းအားများ သယ်ဆောင်လျက် စည်းချက်များ ပါရှိ၏။
နှလုံးခုန်သံများ ပေါက်ကွဲမတတ် သွေးနှင့်ချီများ ဝရုန်းသုန်းကား ဖြစ်သွားသည်။ နာကျင်ပြီး မနှစ်မျို့ဖွယ်ကောင်းချေပြီ။
နင်စစ်ဟွာနှင့် စုရီသာလျှင် ထိုစည်းချက်အပေါ် မခံစားရဟန်ဖြင့် ရပ်နေ၏။ ဤသည်မှာ စိတ်ဝိညာဉ်ကို ထိခိုက်စေသော မူလပင်ရင်း ဖြစ်ချေပြီ။
“ တောင်တန်းဘုရင် ... မင်းကို မပါဝင်ဖို့ ငါပြောခဲ့ပေမယ့် နားမထောင်ဘဲ မင်းအသက် စွန့်ချင်နေတာ သေချာလား ... ။ ”
ရုတ်တရက် ကျောက်ဆောင်အကွယ်မှ အေးစက်သော အသံနှင့်အတူ လူတစ်ယောက် ထွက်ပေါ်လာလေသည်။
***