ဓားတစ်ချက်။
Vol. 16 Ch. 192
“ မင်းအသုံးပြုတဲ့ ဝင်္ကပါကို ဒီနေရာမှာ တည်ဆောက်ရတဲ့ အကြောင်းရင်းကအာကာသ အတားအဆီးကို ဖိနှိပ်ဖို့ပဲ။ ”
ကြေးဝါမျက်နှာဖုံးနှင့် အမျိုးသမီးက အေးစက်သော လေသံဖြင့် ပြောကြားလိုက်၏။ ဆိုလိုသည်မှာ ဝင်္ကပါစွမ်းအား ကုန်သွား သည်နှင့် အာကာသအတားအဆီး ပွင့်သွားပေလိမ့်မည်။
ထိုအချိန်၌ အာကာသဆုံမှတ်ကို ဝင်ပေါက်အဖြစ် အသုံးချကာ အခြားကမ္ဘာမှ သက်ရှိများ ဝင်ရောက်လာနိုင်၏။
ဤသို့ဆိုသော် မဟာကျိုးမဆိုနှင့် မိုးပြာတိုက်ကြီးတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြပေလိမ့်မည်။
နင်စစ်ဟွာတစ်ယောက် အေးခဲသွား၏။ ဤသည်မှာ အမှန်တကယ် ဘေးဥပဒ်ဖြစ်ချေပြီ။ မုရှီက မျက်မှောင်ကြုတ်လျက်၊
“ ဒါက ဘာအဓိပ္ပါယ်လဲ ... ။ ”
-ဟု မေးမြန်းလိုက်၏။
“ တာအိုပိုးအိမ်ကနေ ဒီကမ္ဘာကို ဖြတ်ကျော်လာတဲ့ သက်ရှိတိုင်းက ... ခန္ဓာကိုယ် ပျက်စီးပြီး ဝိညာဉ်ပဲထွက်နိုင်တယ် ဒါကြောင့် သူတို့တွေဟာ ဒီကိုရောက်ရင် ခန္ဓာကိုယ်တစ်ခု သိမ်းပိုက်ဖို့ လိုအပ်တယ် ...
... မဟာကျိုးမှာ ဝိညာဉ်စွမ်းအင်တွေ ပါးလျတဲ့အတွက် ... သူတို့ရဲ့ မူလခွန်အားမျိုး ပြန်ရဖို့ ... ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ”
စုရီမှ ရှင်းပြလိုက်သည်။ ထို့နောက် ခေတ္တမျှအနားယူကာ ယင်းကို အလေးအနက် တွေးတောလျက်၊
“ သူတို့လာဖို့ ... ငါတကယ် မျှော်လင့်နေပါတယ် ... ဒါက စိတ်ဝင်စားစရာ ကောင်းတဲ့ အရာပဲ ...
... အနည်းဆုံးတော့ သူတို့ကို ... စိတ်ဝိညာဉ်အတွက် ပြန်လည်သန့်စင်နိုင်မယ် ဒါက ရှားပါးပြီး ... အဖိုးတန်တဲ့ ဝိညာဉ်ရေး ပစ္စည်းတွေပဲ။ ”
-ဟု ပြောကြားတော့၏။
နင်စစ်ဟွာက အံ့အားသင့်သွားသည်။ ယင်းသည် မည်သည့် အဓိပ္ပါယ်ဆောင်သနည်း။ အာကာပြင်ကို ဖြတ်ကျော်လာသူများအပေါ် သားကောင်အဖြစ် ရှုမြင်နေသည်လော။
မုရှီခမျာ အေးစက်သောလေထုကို ရှုရှိုက်လိုက်ရသည်။ ဤလူသည် အာကာသကို ဖြတ်ကျော်လာမည့် သူများထံ ဆေးဘက်ဝင် ပစ္စည်း မှတ်ယူနေ၏။
၎င်းတို့သည် အာကာသဆုံမှတ်အပေါ် ဖြတ်ကျော်နိုင်သည်ဖြစ်ရာ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးဆနိုင်မည်။
သို့သော် စုရီမျက်လုံးထဲတွင် ၎င်းတို့သည် ဆူဖြိုးနေသော သိုးတစ်ကောင်မျှသာ ဖြစ်နေခဲ့ ချေပြီ။ ကြေးဝါမျက်နှာဖုံးနှင့် အမျိုးသမီး သည်လည်း အံ့အားသင့်သွား၏။
ဤသို့မောက်မာသော စကားများပြောကြားရန် တစ်ဖက်လူသည် မည်မျှသတ္တိ ရှိနေသနည်း။
“ ငါစုရီဟာ ဒီလိုဝိညာဉ်မျိုးတွေကို ဒီကမ္ဘာကြီးက လူသားတွေအတွက် သန့်စင် ဖယ်ရှားပေးရမှာ သဘာဝပါပဲ။ ”
စုရီက အနည်းငယ် စိတ်မကောင်း ဖြစ်ဟန်ဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်၏။
“ မင်းဘာကို ပြောချင်နေတာလဲ။ ”
ကြေးဝါမျက်နှာဖုံးနှင့် အမျိုးသမီးခမျာ စိတ်ရှုပ်သွားပြီး ပြန်မေး၏။ စုရီက အနည်းငယ် ပျင်းရိသွားကာ၊
“ မင်း ... မကြားဘူးလား။ ”
-ဟု ပြန်လှန် မေးမြန်းလိုက်သည်။
“ ကောင်းပြီ ... ဒါဆို မင်းအရင် သေလိုက်တော့ ... ။ ”
စကားဆုံးသည်နှင့် ကြေးဝါမျက်နှာဖုံးရှင် အမျိုးသမီးသည် အေးစက်စွာ အော်ဟစ်ပြီး သူမ လက်ထဲရှိ ကြာမီးအိမ်ကို လှုပ်ခါတော့၏။
မှိန်ဖျော့ဖျော့ အလင်းနှင့် အရိပ်များ တဖျပ်ဖျပ်ခတ်လျက် အခိုးအငွေ့များ ချက်ချင်း ထွက်ပေါ်လာသည်။
၎င်းတို့အတွင်း မျက်နှာစိမ်းစိမ်းနှင့် အစွယ်များပါရှိသော တစ္ဆေများသည် ဓားများ၊ လှံများ ကိုင်ဆောင်လျက် စုရီထံ အဟုန်ဖြင့် ပြေးဝင်သွားကြ၏။
၎င်းတို့၏ ပေါင်းစပ်ရောင်ဝါသည် မဟာသခင်နယ်ပယ်ကို ကျော်လွန်နေချေပြီ။ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူပင် ထိုအရာကို လွန်ဆန်နိုင်မည် မဟုတ်ဟု ပြောနိုင်၏။
ဤရောင်ဝါမျိုးသည် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူများ ထိန်းချုပ်နိုင်သော အရာထက် သာလွန်သည်။ စုရီက လက်ဖဝါးကို လေထဲ ညွှန်ပြလိုက်၏။
“ ဝူး ... ။ ”
“ ဝုန်း ... ။ ”
ယဇ်ပလ္လင်(၁၀၈)လုံးမှ ခမ်းနားသော နတ်တောင်ကြီးတစ်လုံး ရောက်ရှိလာခဲ့သည်။ တခဏချင်းမှာပင် မကောင်းဆိုးရွားများအားလုံး စက္ကူတစ်စလို ပေါက်ကွဲသွား၏။
“ ဝှစ် ... ။ ”
စုရီက အမှောင်နတ်သစ်သားဖြင့် ပြုလုပ်သောဓားကို ထုတ်ယူကာ လေထဲပျံသန်း တော့၏။ အဝတ်အစားများ တဖျပ်ဖျပ်ခတ်ကာ သွေးနှင့်ချီ ပွက်ပွက်ဆူလာသည်။
သူ့လက်ထဲရှိ သစ်နက်ဓားသည်လည်း သီချင်းသံကဲ့သို့ ထူးဆန်းသော အသံလှိုင်းများကို ထုတ်ပေးလာသည်။
ဓားအလင်းက ကောင်းကင်ပေါ် ထိုးတက်သွားပြီး နေ၊ လ၊ ကြယ်၊ နတ်ဘုရား၊ နတ်ဆိုးနှင့် သူတော်စင်များ၏ ပုံရိပ်များ နောက်မှ လိုက်ပါသွား၏။
ဤမြင်ကွင်းကြောင့် ကြေးဝါမျက်နှာဖုံးရှင် အမျိုးသမီးမှာ မျက်ဝန်းများ မှေးစင်းသွားချေပြီ။ တစ်ဖက်လူသည် ဓားသန္ဓေသားဖြင့် ဝင်္ကပါ၏ စွမ်းအားကို အကုန်အစင် ထုတ်ယူနိုင်နေ၏။
ချက်ချင်း တုံ့ဆိုင်းမနေတော့ဘဲ တစ်စုံတစ်ရာကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ပေတစ်ထောင်ရှည်လျားသည့် သွေးနီတန်းသည် ရူးသွပ်စွာလည်ပတ်လျက် မကောင်းဆိုးဝါး များကို ရန်လိုအောင် လှုံ့ဆော်ပေး၏။
“ ဝူး ... ။ ”
မြေအောက် ကမ္ဘာကြီး တစ်ခုလုံး ကြောက်မက်ဖွယ် စွမ်းအားများ တဟုန်းဟုန်း တောက်လောင်လျက် ပြိုကျမတတ် ဖြစ်လာသည်။
ထိုစွမ်းအားသည် ကိုယ်ခံပညာနယ်ပယ် လေးရပ်ကိုကျော်လွန်နေပြီဖြစ်၏။ ဖျက်ဆီးခြင်း အရှိန်အဝါသည် အမှန်တကယ်ပင် အံ့ဩစရာ ဖြစ်သည်။
“ ရွှပ် ... ။ ”
“ မကောင်းတော့ဘူး ... ။ ”
သို့သော် စုရီ၏ဓားသည် သွေးနီရောင် အလင်းတန်းကြီးကို ဖောက်ထွင်းလာခဲ့သဖြင့် ကြေးဝါမျက်နှာဖုံးရှင် အမျိုးသမီးမှ ထိတ်လန့်စွာ ချက်ချင်း ရှောင်ထွက်လိုက်ရ၏။
“ ဝုတ် ... ဝုတ် ... ။ ”
ရုတ်တရက် ငုတ်တုတ်ထိုင်နေသော ခေါင်းသုံးလုံးခွေးနက်ကြီးက ထရပ်လိုက်ကာ ထိုးဟောင်တော့သည်။
ရုပ်သွင်သည် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးထွားလာကာ ခေါင်းသုံးလုံးသည်လည်း အိမ် အရွယ်အစား ဖြစ်လာ၏။
ပါးစပ်များမှ မီးလျှံများ ထွက်လာပြီး မီးပင်လယ်အဖြစ် ပြောင်းလဲကာ စုရီဓားကို လောင်မြိုက်ရန် ကြိုးစားချေပြီ။
“ ဝိညာဉ်လောင်မြိုက်ခြင်း ယင်မီးလျှံ။
ဤသည်မှာ မဟာသခင်တစ်ပါးကို အလွယ်တကူ လောင်ကျွမ်းပြာကျစေနိုင်သည်။ သို့သော် စုရီဓားဖြင့် ရင်ဆိုင်ရသောအခါတွင် အလွန်ပင် ထိခိုက်လွယ်သွားတော့၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံများ တဟုန်ထိုးမြည်လျက် မီးပင်လယ်ကို ဖြတ်တောက်သွားရာ မီးပွားများ ရေတံခွန်ကဲ့သို့ ပျံ့လွင့်ကုန်သည်။
“ မလုပ်နဲ့ ... ။ ”
ခွေးနက်သုံးကောင်ခမျာ ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ခန္ဓာကိုယ် ထက်ခြမ်းကွဲသွား ခဲ့၏။ ထို့နောက် ဓားအလင်းက ယဇ်ပလ္လင်ကြီး အပေါ် ကျဆင်းသွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ကြေးဝါမျက်နှာဖုံးနှင့် အမျိုးသမီးက အစွမ်းကုန်ဟန့်တားရန် ကြိုးစားခဲ့သော်လည်း အက်ကွဲကြောင်းကြောင့် နောက်ပြန်ဆုတ်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်ရ၏။
“ ဝုန်း ... ။ ”
အဆုံးတွင် ယဇ်ပလ္လင်ကြီး ကွဲသွားကာ တာအိုပိုးအိမ် မြေပြင်ပေါ် ပြုတ်ကျသွားသည်။ အမျိုးသမီးသည်လည်း နှုတ်ခမ်းမှ သွေးများ စီးကျလျက် ကြာမီးအိမ်ပေါက်ကွဲသွား၏။
ဖြစ်စဉ်တစ်ရပ်လုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းပေပင်။ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းချေ၏။
ထိုမြင်ကွင်းကြောင့် မုရှီနှင့် နင်စစ်ဟွာမှ ထိတ်လန့်သွားပြီး ချွေးများဖြင့် ဖုံးလွှမ်းလာခဲ့ တော့သည်။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များ တုန်ယင်နေခဲ့၏။
ဤဓားသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်လက်နက်သကဲ့သို့ အစွမ်းထက်လွန်းချေပြီ။
***
Book-16