အခန်း (၁)
Vol. 1 Ch. 1
ထျန်းလောမြို့ ၊ သူတော်စင်ဂိုဏ်းခွဲ၏ ပူပြင်းလွန်းသော နေရာတစ်ခုတွင် လူတစ်ယောက်သည် ပုဆိန်တစ်လက်ကိုင်ကာ ထင်းခွဲနေခဲ့၏။ သူ့ရဲ့ နာမည်ကတော့ ကျစ်ယန်ပင်ဖြစ်ပြီး သူတော်စင်ဂိုဏ်းခွဲရဲ့ ကျွန်အစေခံတစ်ယောက်ပင် ဖြစ်သည်။
ကျစ်ယန်ရဲ့ ဘိုးဘေးသွေးကြောသည် အသက်၂၀တိုင်အောင်ပင် မနိုးထလာသေးပေ။ သို့ဖြစ်၍ လူအများခေါ်ဆိုသော ကျစ်ယန်၏ နာမည်ပြောင်ကတော့ သုညကောင်ပင် ဖြစ်၏။ ကျစ်ယန်သည် မွေးကတည်းကပင် မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူတော်စင်ဂိုဏ်းခွဲမှ ခေါ်ယူမွေးစားထားခြင်းဖြစ်သည်။
ကျစ်ယန်သည် သူ့ကိုယ်သူ ကျင့်ကြံသူ တစ်ယောက် အမြဲ ဖြစ်ချင်နေခဲ့၏။ သို့သော်များလည်း သူတွင် ဘိုးဘေးသွေးကြောမှာ မနိုးထတဲ့အပြင် ကျင့်ကြံခြင်း ဒန်တျန်မှာလဲ ပျက်စီးနေခဲ့သည်။ ထို့ကြောင့် ကျစ်ယန်သည် သူတော်စင်ဂိုဏ်းခွဲ၏ ကျွန်အစေခံတာဝန်ကို ထမ်းဆောင်နေခဲ့၏။
သို့သော်များလည်း တနေ့တွင် ကျစ်ယန်သည် အလွန်ချောမောလှပသော မိန်းမပျိုနဲ့ ထိမ်းမြှားလက်ထပ်ရမည်ဖြစ်သည့် သတင်းသည်
သူတော်စင်ဂိုဏ်းခွဲရှိ ဂိုဏ်းသားများ အားလုံးကို အံ့အားသင့်စေခဲ့သည်။
သူတော်စင်ဂိုဏ်းခွဲတွင် အပြင်စည်းတပည့် ၊ အတွင်းစည်းတပည့် ဟု၍ နှစ်မျိူးခွဲခြားထား၏။ အတွင်းစည်းတပည့်များထဲမှ ထူးချွန်သော သူများသည် သူတော်စင်ဂိုဏ်းကြီး၏ ဆရာအကြီးအကဲများ၏ တပည့်အဖြစ် ရွေးချယ်ခြင်းကို ခံရသည်။
ကျစ်ယန်နဲ့ လက်ထပ်ထိမ်းမြှားမည့် မိန်းမလှသည် အတွင်းစည်းတပည့်များထဲမှ ထူးချွန်သော မိန်းကလေးတစ်ယောက်ပင် ဖြစ်၏။
ထိုမိန်းကလေးနာမည်ကတော့ ယန်ရှုဟွာပင် ဖြစ်ပြီး သူ့ရဲ့အလှသည် သူတော်စင်ဂိုဏ်းခွဲရှိ ဂိုဏ်းသားများအားလုံးကို ဆွဲဆောင်စေလေသည်။
သူတော်စင်ဂိုဏ်းခွဲ၏ အတွင်းစည်းတပည့်များနေသော အခန်းတစ်ခန်းထဲတွင် ယန်ရှုဟွာသည် စိတ်ပျက်သော အမူအယာဖြင့် "ဆရာ......ရှုဟွာ သူ့ကို တကယ်ပဲ လက်ထပ်ရမှာလား " လို့ မှန်ကို ကြည့်နေရင်း မေးလိုက်၏။
ယန်ရှုဟွာရဲ့ ဆရာမိန်းကလေးဖြစ်သော ချီချီသည် "ရှုဟွာ......မင်းက ငယ်သေးတဲ့အတွက် ယောကျာ်းတွေအကြောင်းကို သိပ်မသိသေးဘူး ၊ သူတော်စင်ဂိုဏ်းအတွင်းရဲ့ ထိပ်တန်းကျင့်ကြံသူတွေသာ
နင့်အလှကိုသာ မြင်ရင် နင်ကို လပ်ထပ်ရဖို့ အတင်းကြံစည် ကြလိမ့်မယ် " လို့ ပြောလိုက်သည်။
ယန်ရှုဟွာသည် ချီချီဘက်သို့ ပြန်လှည့်လိုက်ပြီး "ဆရာအဲ့တာနဲ့ ရှုဟွာ.......သုညကောင်ကို လက်ထပ်ရမှာက ဘာဆိုင်လို့လဲ " လို့ ပြန်မေးလိုက်၏။
ထိုအခါ ချီချီသည် သူ့တပည့် ယန်ရှုဟွာ နားလည်အောင် သေချာ ရှင်းပြလိုက်သည်။ ယန်ရှုဟွာသည် လက်ထပ်ပြီးသား မိန်းမပျိုတစ်ယောက်ဆိုလျှင် ဘယ်သူမှ သိပ်စိတ်ဝင်စားမည် မဟုတ်တော့ပေ။ ထို့အပြင် ကျစ်ယန်နဲ့ ဟန်ဆောင်လက်ထိပ်ထိမ်းမြှားခြင်း ခိုင်းတာ ဖြစ်ပြီး အချိန်တစ်ခုရောက်ရင် လမ်းခွဲလို့ ရနိုင်ကြောင်း ရှင်းပြလိုက်၏။
ထိုအခါမှသာ ယန်ရှုဟွာသည် သူ့ဆရာ၏ သဘောထားကို နားလည်သွားပြီး ကျစ်ယန် နဲ့ အရင်ဆုံး သဘောတူညိုနှိုင်းဖို့ ထွက်ခွာလာခဲ့သည်။
နေပူထဲတွင် ချွေးများ တစ်ကိုယ်လုံး ထွက်နေသော ကျစ်ယန်သည် ပုဆိန်အား ကိုင်ကာ သစ်ပင်အပိုင်းအစ တစ်ခုအား ပိုင်းဖြတ်နေခဲ့၏။ ထိုချိန်တွင် ယန်ရှုဟွာသည် ဓားပျံတစ်ချောင်းအား စီးကာ ကျစ်ယန်အနားကို ဆင်းသက်လာခဲ့သည်။
ကျစ်ယန်သည် ယန်ရှုဟွာအား တစ်ခါမှ မမြင်ဖူးပေ။ ယန်ရှုဟွာကို မြင်တဲ့ ကျစ်ယန်သည် ပုဆိန်ခုတ်တာကို ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ "ကျစ်ယန်......စီနီယာအမကို အရိုအသေပြုပါတယ် " လို့ ပြောလိုက်၏။
ကျစ်ယန်ရဲ့ စိတ်ထဲတွင် {အတွင်းစည်းတပည့်တစ်ယောက်က ဘယ်လိုလုပ် ငါ့ဆီကို ရောက်လာရတာလဲ } ဟု တွေးနေခဲ့သည်။ ယန်ရှုဟွာသည် ကျစ်ယန်ကို ခြေအစခေါင်းအဆုံး ကြည့်လိုက်ပြီး
"ကျစ်ယန်ဆိုတာ နင်လား " လို့ မေးလိုက်၏။
ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျစ်ယန်မှာ ချောမောသော လူငယ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ယန်ရှုဟွာသည် မထင်ထားပေ။ သို့သော် ကျင့်ကြံ၍ မရသော လူတစ်ယောက်ဖြစ်နေသဖြင့် သူရှေ့တွင် အမှိုက်လိုပင် ဖြစ်နေခဲ့၏။
ယန်ရှုဟွာသည် ကျစ်ယန်အတွက် ဆေးသေတ္တာတစ်ဘူးအား ထုတ်ပေးလိုက်ပြီး "အဲ့ထဲမှာပါတဲ့ ဆေးလုံးက ဒန်တျန်ကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အဆင့်၂ ဆေးလုံးတစ်လုံးပဲ " လို့ ပြောေ။
ကျစ်ယန်သည် ဒန်တျန်ကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ ဆေးလုံးမှန်းသိသွားတဲ့အခါ ဝမ်းသာစွာဖြင့် ဆေးသေတ္တာဘူးသေးလေးအား ဖွင့်ကြည့်လိုက်၏။ အညိုရောင်ရှိသော ဆေးလုံးလေးတစ်လုံးကို တွေ့ရှိတဲ့အခါ ကျစ်ယန်သည် အဖုံးကို ပြန်ဖုံးလိုက်ပြီး "စီနီယာအမ......အဲ့ဒီအတွက် ကျွန်တော်က ဘာပြန်ပေးဆပ်ရမှာလဲ " ဟု မေးလိုက်သည်။
ယန်ရှုဟွာသည် တည်ငြိမ်စွာနဲ့ဖြင့် "နင်ငါနဲ့ လက်ထပ်ရမယ် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ကြောင်အသွားလေသည်။ ဒန်တျန်ကို ပြန်ကောင်းမွန်စေတဲ့ဆေးလုံး ရရှိယုံတင်မက မိန်းမလှလေးတစ်ယောက်နဲ့ လက်ထပ်ရမည်ဟုသော တစ်ကြိမ်တစ်ခါတောင် အိပ်မက်မမက်ဖူးပေ။
ထိုချိန်မှာပဲ ယန်ရှုဟွာသည် "ဒါပေမယ့်......အဲ့လက်ထပ်ပွဲက ဟန်ဆောင် လက်ထပ်ခြင်းပဲ ၊ အချိန်တစ်ခုရရင် နင်ကိုယ်တိုင် ငါ့ကို့ လမ်းခွဲပေးရမယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ရေရေရာရာ မသိပင်မယ့် သူ့အား အသုံးချနေမှန်းတော့ သိနေခဲ့၏။
သို့သော် ကျင်ကြံရေးလောကထဲသို့ ဝင်ရောက်နိုင်စေမည့် အတွေးသည် သူ့အား ဆွဲဆောင်နေလေသည်။ ယန်ရှုဟွာသည် သူ့ရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲမှ စာချုပ်တစ်ခုအား ထုတ်လိုက်ပြီး ကျစ်ယန်အား သဘောတူလတ်မှတ် ရေးဆွဲခိုင်းလိုက်၏။
ကျစ်ယန်သည် ယန်ရှုဟွာခိုင်းသည်အတိုင်း သူ့လက်မအား ပါးစပ်ဖြင့် ကိုက်ဖောက်လိုက်ပြီး စာချုပ်ပေါ်တွင် သွေးလက်မ တံဆိပ် ဖိနှိပ်လိုက်သည်။ ယန်ရှုဟွာသည် လက်ထပ်ဖို့ ကိစ္စကို မကြာခင်မှာ သူ့ဘက်မှ အကုန်ဆောင်ရွက်မည်ဟု ပြောကာ စာချုပ်အား ပြန်သိမ်းလိုက်ပြီး ဓားပျံကို စီးကာ ပြန်လည် ထွက်ခွာသွား၏။
ကျစ်ယန်သည် ယန်ရှုဟွာထွက်ခွာသွားတာကို ငေးကြည့်လိုက်ရင်း "ငါလဲ တနေ့ လေပေါ်မှာ ပျံဝဲစေနိုင်ရမယ်" လို့ ရေရွတ်လိုက်ပြီး
ဆေးသေတ္တာဘူးလေးအား အင်္ကျီကြားထဲသို့ ထည့်သိမ်းလိုက်သည်။
ထို့နောက် ထုံးစံအတိုင်း သူထင်းများကို မြန်မြန်ခွဲပြီး နွယ်ကြိုးနဲ့တုတ်ကာ တောအုပ်ထဲမှ သူတော်စင်ဂိုဏ်းခွဲသို့ ပြန်လာခဲ့၏။ ကျစ်ယန်သည် ထင်းစည်းကြီးများကို သယ်ကာ လမ်းလျှောက်လာစဥ်တွင် သူ့နောက်တွင် လူလိုက်လာသည်ကို ခံစားလိုက်ရ၍ နောက်လှည့်ကြည့်လိုက်သည်။
ကျစ်ယန် နောက်လှည့်ကြည့်သော်လည်း တစ်ယောက်မှ မတွေ့ရှိပေ။ ကျစ်ယန်သည် ရှေ့သို့ မြန်မြန်ဆက်သွားပြီး "ငါပဲ စိတ်ထင်နေတာများလား " လို့ ရေရွတ်လိုက်၏။
ထိုချိန်မှာပဲ အပြာရောင်အလင်းတန်းစွမ်းအား တစ်ခုသည် ကျစ်ယန်ရဲ့ ညာခြေထောက်ပေါ်သို့ ကျရောက်လာခဲ့သည်။ ကျစ်ယန်သည် အလွန်နာကျင်သော ဒဏ်ကို ခံစားလိုက်ရပြီး ထင်းစည်ကြီးများနဲ့ အတူ မြေပြင်ပေါ်သို့ ပစ်လဲ ကျသွား၏။
ကျစ်ယန်သည် ကျောပေါ်ရှိ ထင်းစည်းများကို ချလိုက်ပြီး သစ်ပင်တစ်ခုတွင် လှဲမှီလိုက်သည်။
ထိုအခါ လူ၃ယောက်သည် ကျစ်ယန်ရှေ့သို့ တဖြည်းဖြည်း လမ်းလျှောက်လာခဲ့ပြီး ဖီးရှန်းလို့ခေါ်သောလူသည် လက်ဖြန့်ကာ "မင်းရှိမှာရှိတဲ့ ဆေးသေတ္တာဘူး ငါတို့ပေးစမ်း သုညကောင် " လို့
အာဏာသံဖြင့် ပြောလိုက်၏။
ကျစ်ယန်သည် ဖီးရှန်းတို့ကို မြင်တဲ့အခါ ဒေါသထွက်ထွက်ဖြင့် "မင်း....မင်းတို့ကို ငါအကြီးအကဲပိုင်နဲ့ တိုင်ကြားပစ်မယ် " လို့ ပြောလိုက်သည်။ ဝေကျန်းလို့ ခေါ်သောလူသည် "မင်းတို့ကြားလိုက်လား......သုညကောင်က ငါတို့ကို အကြီးအကဲပိုင်နဲ့ တိုင်ကြားပစ်မယ်ဆိုပဲ...... ဟားဟားဟား " လို့ အော်ဟစ်ရယ်မောလိုက်ကြ၏။