← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ကျစ်ယန်သည် ပထမဆုံးကျင့်စဥ်ဖြစ်သော နဂါးခေါင်းကျင့်စဥ်အတိုင်း လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ပင်လယ်ရေပြင်ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်၏။

အနီရောင်နဂါးခေါင်းကြီးသည် ကျစ်ယန်၏ လက်သီးရှေ့မှ ထွက်ရှိလာပြီး ပင်လယ်ရေပြင်သို့ ကျရောက်သွားတဲ့အခါ ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။ကျစ်ယန်သည် ကြောင်အ၍ သွားပြီး "ငါက ဒန်တျန်ပျက်စီးနေတဲ့ သုညကောင်လေ ၊ ဒီကျင့်စဥ်ကို ဘယ်လိုလုပ်သုံးလို့ ရနေတာလဲ " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒန်တျန်သည် အကောင်းပကတိအတိုင်း ဖြစ်နေတဲ့အခါ "ငါ.....ငါ အိပ်မက်များ မက်နေတာလား " လို့ ပျော်ရွင်စွာဖြင့် တစ်ယောက်ထဲ ရေရွတ်လိုက်၏။

ကျစ်ယန်သည် ဒန်တျန်ပြန်ကောင်းမွန်တာသိတဲ့အခါ ဘိုးဘေးသွေးကြောရော နိုးထနေမလားလို့ မျှော်လင့် လိုက်သည်။ ကျစ်ယန်သည် ဘိုးဘေးသွေးကြောကို အသက်သွင်းကြည့်တဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ပြေးလွှားနေသော သေးငယ်သည့် လျှပ်စီးကြောင်းများကို စတင်မြင်တွေ့လိုက်ရတဲ့အခါ "ဒါ....ဒါ လျှပ်စီးသွေးကြောလား ...." လို့ ရေရွတ်လိုက်၏။

လျှပ်စီးကြောင်းများသည် တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတဲ့အခါ ကျစ်ယန်သည် သူ့ကိုယ်သူ မယုံနိုင်စွာဖြင့် "ဒါက နတ်ဘုရားလျှပ်စီးသွေးကြောပဲ ......." လို့ အသံတိတ်စွာဖြင့် ရေရွတ်လိုက်မိသည်။

ခဏအကြာမှာတော့ ကျစ်ယန်ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်လျှပ်စီးသွေးကြောများသည် အလိုအလျောက်ပင် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် "ဒါက ဘယ်နေရာလဲ ငါအရင်ဆုံး ထွက်နိုင်အောင် လုပ်ရမယ် " လို့ ပြောကာ ပင်လယ်ရေပြင်ပေါ်သို့ ပြေးလွှားကြည့်လိုက်သည်။

ကျစ်ယန်သည် လျှပ်စီးခြေလှမ်းကျင့်စဥ်အတိုင်း ခြေချောင်းများကို လှုပ်ရှားကာ ပင်လယ်ရေပြင်ပေါ်တွင် ပျော်ရွင်စွာဖြင့် ထွက်ပေါက်အား ရှာဖွေနေခဲ့၏။ အချိန်သည် တဖြည်းဖြည်းကြာမြှင့် လာခဲ့သော်လည်း ပင်လယ်ရေပြင်မှာ အဆုံးမသတ်ပေ။

ကျစ်ယန်သည် တစ်စုံတစ်ရာအား စဥ်းစားမိသွားပြီး "ဟုတ်ပြီ......ဒီနေရာရဲ့ ထွက်ပေါက်က အဲ့ဇရပ်ငယ်လေးပဲ ဖြစ်ရမယ် " လို့ ပြောကာ ဇရပ်ငယ်လေးရှိသို့ လျှပ်စီး​အလျင်ကဲ့သို့ ပြေးလွှားလိုက်၏။

ကျစ်ယန်သည် ဇရပ်ပေါ်သို့ ရောက်လာ၍ ရှာဖွေကြည့်တဲ့အခါ ထူးဆန်းသောအရာမှာ တခုမှာ ရှိမနေခဲ့ပေ။ ကျစ်ယန်သည် စိတ်ပျက်၍ သွားပြီး လှဲချလိုက်ကာ "ငါဒီနေရာကနေ.......ဒီတစ်သက် ထွက်ခွာလို့ မရတော့ဘူးလား " လို့ ​ညဥ်းတွားပြောဆိုလိုက်လေသည်။

ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်သည် လှုတ်ခတ်၍ သွားပြီး ရွှေရောင်စကားလုံးများသည် တန်းစီ၍ ပေါ်လာခဲ့၏။ ကျစ်ယန်လည်း ထထိုင်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ စကားလုံးများအတိုင်း လိုက်လံ လုပ်ဆောင်တဲ့အခါ အပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် မျက်စိပြန်ဖွင့်လိုက်တဲ့အခါ အရင်နေရာကို ပြန်လည်ရောက်ရှိသွားတဲ့အခါ ပျော်ရွင်၍ သွားပြီး "ဒါဆိုခုနရောက ငါ့ရဲ့စိတ်ဝိညဥ်ကမ္ဘာ တစ်ခုပေါ့ " လို့ ရေရွတ်လိုက်၏။ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "မဟုတ်သေးဘူး.......ငါစိတ်ဝိညဥ်ကမ္ဘာထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တာလေ ၊ ခုချိန်

မှောင်သင့်နေပြီမလား " လို့ ​တစ်ယောက်ထဲ ​သစ်ပင်ကို ထိုင်မှီကာ ပြောနေခဲ့သည်။

စိတ်ဝိညဥ်ကမ္ဘာရဲ့အချိန်နဲ့ ပြင်ပကမ္ဘာ၏ အချိန်သည် ကွာဟနေမှန်း သိရှိသွားခဲ့၏။ကျစ်ယန်သည် နဂိုထက်ပေါ့ပါးသလို ခံစားနေရပြီး ကျင့်ကြံသူ တစ်ယောက်ဖြစ်သွားတဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့၏။

ကျစ်ယန် သူ့ထင်းစည်းများကို ကျောတွင် ပြန်လွယ်၍ သူတော်စင်ဂိုဏ်းခွဲစီသို့ ပြန်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် လျှပ်စီးခြေလှမ်းကျင့်စဥ်ဖြင့် ဆော့ကစား၍ ပြန်လာခဲ့သည်။

ကျစ်ယန်သည် သူတော်စင်ဂိုဏ်းခွဲ၏ မီးဖိုဆောင်ခန်းသို့ ရောက်တဲ့အခါ ထင်းစည်းများကို ပစ်ချကာ ထိုင်ချလိုက်၏။ သူတော်စင်ဂိုဏ်းခွဲ၏ စားဖိုမှုးဖြစ်သော မန်လန်သည် ကျစ်ယန်သည် နဂိုကထက် ပိုစောစော ရောက်လာ၍ ထူးဆန်းသလို ဖြစ်နေခဲ့သည်။

မန်လန်သည် "သုညကောင်........မင်းဘာတွေ အချိန်ဆွဲနေတာလဲ ၊ ဟင်းပွဲနောက်ကျရင် မင်းရောငါရော အပြစ်ကလွတ်မယ် ထင်နေတာလား " လို့ ​​လေသံမာမာဖြင့် ပြောလိုက်၏။ ကျစ်ယန်သည် ထိုင်နေရာမှ ပြန်ထလိုက်ပြီး မန်လန်ဘေးမှ သစ်သားရေပုံးနှစ်ပုံးအား ဆွဲကာ ရေကန်သို့ ထွက်လာခဲ့သည်။

ကျစ်ယန်သည် ရေကန်နားသို့ ရောက်လာတဲ့အခါ ရေပုံးနှစ်ပုံးကို ခပ်လိုက်ပြီး ထိုနေရာတွင်ပဲ ထိုင်ချလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲသို့ ပြန်လည်ဝင်ကြည့်လိုက်၏။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲသို့ ​ပြန်လည်ရောက်ရှိလာတဲ့အခါ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ သန့်စင်ခြင်းကျင့်စဥ် ၊ အစီအရင်ကျင့်စဥ် ၊ အနုပညာကျင့်စဥ် လို့ ရေးသားထားသော ရွှေရောင်စကားလုံးများသည် ကျစ်ယန်ရဲ့ နဖူးတည့်တည့်သို့ တိုးဝင်သွားပြန်လေသည်။

ကျစ်ယန်သည် စက္ကန့်ပိုင်းအတွင်းမှာပဲ ရေတွက်မရသော သန့်စင်ခြင်းနည်းလမ်းများ ၊ အစီအရင်ဖန်တီးခြင်းနည်းလမ်းနဲ့ အနုပညာ နည်းလမ်းများကို တစ်ပြိုင်နက် သိရှိလိုက်ရတဲ့အခါ "ငါရဲ့စိတ်ဝိညဥ်ကမ္ဘာက နတ်ဘုရားတစ်ပါးထက် ပိုစွမ်းနေတာများလား...." လို့ ပျော်ရွင်ဝမ်းသာစွာဖြင့် ရေရွတ်လိုက်၏။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲမှ ပြန်ထွက်လာခဲ့ပြီး ရေပုံးနှစ်ပုံးအား ကိုင်ကာ မန်လန်ရှိသို့ ပြန်လည်ရောက်ရှိလာလေသည်။ မန်လန်သည် နဂိုကထက် ပိုမိုသွက်လက်နေသော ကျစ်ယန်ကို တွေ့တဲ့အခါ "သုညကောင်.......မင်းကြည့်ရတာ အရင်ကထက် ပိုသွက်လက်နေသလိုပဲနော် ဘာဆေးကောင်းများ ရထားလဲ ငါ့ကို ပြောစမ်း"လို့ မေးမြန်းလိုက်၏။

ကျစ်ယန်သည် သူ့ခေါင်းအား ကုတ်လိုက်ပြီး "ဦးလေးမန်လန်.....တကယ်တော့ ကျွန်တော်ဒီနေ့ စောစောအနားယူချင်လို့ မြန်မြန်လုပ်နေတာပါ " လို့ ပြုံးကာ ပြန်ပြောလိုက်သည်။

မန်လန်သည် ဟင်းချက်နေရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ကောင်းပြီလေ......မင်းလဲ ပင်ပန်းနေပြီဆိုတော့ သွားအနားယူလိုက်တော့ " လို့ ​ပြောလိုက်၏။ ကျစ်ယန်သည် "ဦးလေးမန်လန်.....ကျွန်တော်ဒီထင်းတွေ မခွဲရတော့ဘူးလား " လို့ ပြောလိုက်သည်။

မန်လန်သည် "သုညကောင်.......မင်းကတော်တော် လျှာရှည်တဲ့ကောင်ပဲ " လို့ မျက်စောင်းထိုးကာ ကြည့်လိုက်၏။ ကျစ်ယန်သည် "ကျေးဇူးပါ......ဦးလေးမန်လန်" လို့ ပြောကာ မီးဖိုချောင်ခန်းထဲမှ ထွက်လာခဲ့ပြီး သူအခန်းကျဥ်းလေးထဲသို့ ဝင်လာခဲ့သည်။

မန်လန်သည် အပေါက်ဆိုးသော်လည်း ကျစ်ယန်အား ဂရုစိုက်ဆိုဆုံးမလေ့ရှိသော လူကြီးလူကောင်စ တစ်ယောက်ပင် ဖြစ်၏။

ကျစ်ယန်သည် လက်ချောင်းများကို စုစည်းလိုက်ပြီး "ငါက ကျင့်ကြံသူ တစ်ယောက်ဖြစ်သွားပြီဆိုပင်မယ့် ချီအခြေခံစုစည်းခြင်းအဆင့်၁ပဲ ရှိသေးတယ် ၊ အရင်ဆုံး ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို မြှင့်ရမယ် " လို့ ပြောကာ စိတ်ဝိညဥ်ကမ္ဘာထဲသို့ ဝင်လိုက်သည်။

စိတ်ဝိညဥ်ကမ္ဘာသည် အပြင်ကမ္ဘာရဲ့အချိန်ထက် နှေးကွေးလွန်းသဖြင့် ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲတွင် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

ကျစ်ယန်သည် တစ်ညလေးအတွင်းမှာပဲ ချီအခြေခံစုစည်းခြင်း အဆင့်၁ ၊ အဆင့်၂ ၊ အဆင့်၃ ၊ အဆင့်၄ သို့ တစ်ညအတွင်းမှပဲ ထိုးဖောက်နိုင်သွားသည်။

ကျစ်ယန်သည် ချီအခြေခံစုစည်းခြင်းကို ရောက်ရှိ့ပြီးနောက် သန့်စင်ခြင်းနည်းလမ်းရဲ့ အခြေခံဖြစ်သော အရာဝတ္ထုများကို စိတ်ဝိညဥ်ဖြင့် ထိန်းချုပ်နည်းကို လေ့ကျင့်နေခဲ့၏။ ကျစ်ယန်သည် သူ့တွင်ရှိသော ဆေးလုံးလေးအား ထိန်းချုပ်၍ လေ့ကျင့်နေခဲ့သည်။

ကျစ်ယန်သည် ဆေးလုံးလေးအား စိတ်ထဲရှိသလို ထိန်းချုပ်နိုင်လာခဲ့၏။ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာအတွင်းမှ ပြန်ထွက်လာခဲ့ပြီးနောက် သူ့စွမ်းအားများကို စုစည်းလိုက်ကာ "ငါထင်ထားတဲ့အတိုင်းပဲ ၊ စိတ်ဝိညဥ်ကမ္ဘာထဲမှာသာ ကျင့်ကြံရင် ငါရဲ့ ကျင့်ကြံခြင်းအရှိန်က တခြားလူတွေထက် ခန့်မှန်းမရနိုင်အောင် မြန်ဆန်လာမှာပဲ " လို့ ပြောလိုက်၏။

ကျစ်ယန်သည် မိုးလင်းနေပြီ ဖြစ်၍ ပုဆိန်အား ခါးမှ ထိုးကာ ထင်းခုတ်ရန် တောအုပ်အတွင်းသို့ မနက်စောစော ပြန်လည် ထွက်ခွာလာခဲ့သည်။ ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် တောအုပ်အတွင်းသို့ လျင်မြန်စွာ ပြေးလွှားနေချိန်တွင် လူသုံးယောက်ကို အဝေးမှ တွေ့လိုက်ရတဲ့အတွက် ရပ်လိုက်ပြီး သစ်ပင်အကွယ်မှ လှမ်းကြည့်လိုက်၏။

All Chapters