← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

ထိုလူသည် ငွေဒင်္ဂါးတုံးများကို မန်လန်သို့ ထုတ်ပေးလိုက်ပြီး ထွက်ခွာသွားခဲ့၏။ ထိုလူထွက်ခွာသွားတဲ့ မန်လန်သည် ဒေါသထွက်ထွက်ဖြင့် "သေစမ်း.......ခုချိန်မှ လာပြောတော့ ငါက ဘာနဲ့ သွားချက်ရမှာလဲ ၊ ဒီငွေဒင်္ဂါးတုံးတွေကို ထည့်ချက်ရမှာလား " လို့ ပြောလိုက်၏။

ဂိုဏ်းပြင်ပသို့ အမြဲထွက်ဝယ်ပေးလေ့ ရှိသော အပြင်စည်းတပည့်သည် သူ့ဝယ်ရမည့် ရက်မဟုတ်သေးသဖြင့် မန်လန်ရှိသို့ လာမည်မဟုတ်ပေ။ မန်လန်ကိုယ်တိုင်သည်လည်း ဂိုဏ်းညစာအတွက် ချက်ပေးရန် လိုအပ်သေး၏။

ကျစ်ယန်သည် အကြံတစ်ခု ရသွားပြီး "ဦးလေးမန်လန်......ကျွန်တော်ပဲ တောင်အောက်ဆင်းပြီး စားစရာအချို့ သွားဝယ်လိုက်မယ်လေ " လို့ ပြောလိုက်သည်။

မန်လန်သည် ခေါင်းခါလိုက်ပြီး "မဖြစ်သေးပါဘူး......သုညကောင် မင်းက ခုချိန်ထိ သိုင်းကျင့်ကြံသူတွေရဲ့ လောကအကြောင်း နားမလည်သေးဘူးပဲ " လို့ ​ဆူ၍ ပြောလိုက်၏။ မန်လန်သည် အန္တရာယ်ရှိသော အရာမျိုးကို ကျစ်ယန်ကို မခိုင်းချင်ပေ။

ထိုချိန်မှာပဲ ယန်ရှုဟွာသည် မီးဖိုချောင်အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ မန်လန်သည် ယန်ရှုဟွာကို မြင်တွေ့ဖူးသဖြင့် ပြုံးကာ နှုတ်ဆက်လိုက်၏။ ယန်ရှုဟွာသည် "ဦးလေးမန်လန်......ကိစ္စမရှိရင် ရှုဟွာကို အဖော်ပြုဖို့ သုညကောင်ကို တောင်အောက် ခေါ်သွားလို့ရမလား " လို့ မေးလိုက်သည်။

ယန်ရှုဟွာလို့ လူမျိုးများက ကျစ်ယန်လို သုညကောင်ကို သိနေလိမ့်မည်လို့ မန်လန်သည် မထင်ထားပေ။ထို့အပြင် အဖော်ပြုဖို့တောင် ခေါ်ဆောင်နေသဖြင့် ထူးဆန်းနေခဲ့၏။မန်လန်သည် ပြုံးလိုက်ပြီး "ခေါ်သွားပါ......ခေါ်သွားပါ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ပြုံးသွားပြီး "ဦးလေးမန်လန်......ကျွန်တော်ကို ငွေဒင်္ဂါးတွေ တစ်ခါထဲ ပေးလိုက်လေ ၊ ကျွန်တော်ကြည့်ဝယ်ခဲ့ပါမယ်" လို့ ပြောလိုက်၏။

မန်လန်သည် ငွေဒင်္ဂါးများကို ပေးလိုက်ပြီး "သုညကောင်.......မင်းတောင်အောက်ရင် မိန်းကလေးရှုဟွာအနားမှာပဲ နေရမယ်နော်" လို့ သတိပေးလိုက်လေသည်။ကျစ်ယန်နဲ့ယန်ရှုဟွာသည် မန်လန်ကို နှုတ်ဆက်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။

ယန်ရှုဟွာသည် အပြင်သို့ ရောက်တဲ့အခါ ကျစ်ယန်အား"ရှင်......ဓားပျံစီးဖူးလား" လို့ မေးလိုက်သည်။ ကျစ်ယန်သည်

"စီနီယာအမ.......ငါလို့ကျွန်အစေခံတစ်ယောက်က ဘယ်လိုလုပ်ဓားပျံစီးဖူးမှာလဲ " လို့ ပြောလိုက်၏။

ယန်ရှုဟွာသည် တည်ငြိမ်စွာနဲ့ပဲ "အဲ့ဒါဆိုလဲ ရှင်ကျွန်မအင်္ကျီကို ကိုင်ပြီး ငြိမ်ငြိမ်လိုက်ခဲ့ပါ" လို့ ပြောလိုက်ပြီး ဓားပျံကို ထုတ်ကာ တက်လိုက်သည်။ကျစ်ယန်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး ဓားပျံပေါ်သို့ တက်လိုက်ပြီး ယန်ရှုဟွာရဲ့ အင်္ကျီအစလေးကို ကိုင်ထားလိုက်၏။

ကျစ်ယန် ဓားပျံပေါ်သို့ ရောက်ရှိသည်နှင့် ယန်ရှုဟွာသည် ဓားပျံကို ဖြည်းဖြည်းချင်း ထိန်းကာ တောင်အောက်သို့ ပျံသန်းလာခဲ့လေသည်။ ကျစ်ယန်သည် ကလေးဘဝတွင် တစ်ကြိမ်သာ တောင်အောက်ရောက်ရှိဖူးခြင်း ဖြစ်၏။

ကျစ်ယန်သည် ပျော်ရွင်စွာနဲ့ပဲ ဓားပျံစီးရင်း လိုက်ကြည့်နေခဲ့သည်။

ယန်ရှုဟွာသည် ဓားပျံထိန်းနေရင်း နောက်ကို လှည့်ကြည့်၍ ကျစ်ယန်ရဲ့ ပြုံးပျော်ရွင်နေသည်ကို မြင်သွားတဲ့အခါ သူ့စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွား၏။

ယန်ရှုဟွာသည် ရှေ့ကို ပြန်ကြည့်ရင်း "ငါဘာတွေတွေးမိနေတာလဲ " လို့ ရေရွတ်လိုက်ပြီး အရှိန်ကို မြန်လိုက်သည်။ အရှိန်မြန်သွားတဲ့အခါ ကျစ်ယန်သည် ယန်ရှုဟွာရဲ့ ခါးကို ကိုင်လိုက်မိသွား၏။ ယန်ရှုဟွာရဲ့ မျက်နှာသည် နီရဲတက်သွားပြီး "ရှင့်ကို အင်္ကျီစကိုပဲကိုင်ဖို့ ကျွန်မပြောထားတယ်လေ " လို့ ​လေသံမာမာဖြင့် ပြောလိုက်သည်။

ကျစ်ယန်သည် အင်္ကျီစကို ပြန်ကိုင်လိုက်ပြီး "စီနီယာအမ......ဖြည်းဖြည်းသွားလို့ မရဘူးလား" လို့ ပြောလိုက်၏။ ယန်ရှုဟွာသည် ဘာမှဆက်မပြောဘဲ တောက်အောက်သို့ ဆင်းသက်လာခဲ့၏။

အမှန်တကယ်တော့ ကျစ်ယန်သည် သူ့ခါးကို ကိုင်လိုက်ချိန်တွင် သူရင်ဘတ်တစ်ခုလုံး ခုန်နေခဲ့ပြီး အားရကျေနပ်နေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ ကျစ်ယန်နဲ့ ယန်ရှုဟွာသည် တောက်အောက်သို့ ရောက်ရှိလာခဲ့၏။

ကျစ်ယန်သည် ထျန်းလောမြို့၏ စျေးတန်းတွင် လိုအပ်သည်များကို စိစစ်ကာ ဝယ်နေခဲ့သည်။ကျစ်ယန်သည် အားလုံးဝယ်၍ ပြီးစီးသွားသော်လည်း ယန်ရှုဟွာသည် သူ့ငွေဒင်္ဂါးများကို မကုန်မချင်း လိုက်လံဝယ်နေခဲ့၏။

ညအမှောင်ယံ တဖြည်းဖြည်း စတင်လာတဲ့အခါ ကျစ်ယန်နဲ့ယန်ရှုဟွာသည် တိတ်ဆိတ်စွာဖြင့် လူအများစည်းကားနေသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် လှပစွာ ရှိနေသော မြင်ကွင်းကို ပထမဆုံးတွေ့လိုက်ရတဲ့ ပျော်ရွင်၍ သွားပြီး ရှေ့သို့ မြန်မြန်လျှောက်လိုက်၏။

ကျစ်ယန်သည် ကြိုးလေးများဖြင့် တန်းစီ ချည်ထားသော မီးပုံးများကို ကြည့်လိုက်ပြီး "လပြည့်ညမီးပုံးစျေးပွဲတော်လား" လို့ ပြောလိုက်သည်။ယန်ရှုဟွာသည် ထိုကြောင့်မို့ မပြန်သေးသည်ကို ကျစ်ယန်သည် သိရှိသွား၏။

ယန်ရှုဟွာသည် ကျစ်ယန်နားသို့ ရောက်ရှိလာပြီး "ရှင်.....ကျွန်မနောက် ခဏလိုက်ခဲ့ " လို့ ပြောကာ မီးပုံးစျေးပွဲတော်တန်းကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ ယန်ရှုဟွာသည် အဝတ်အစားများရောင်းသော စျေးခန်းလေးတစ်ခုသို့ ကျစ်ယန်နဲ့အတူ ဝင်လာခဲ့၏။

ယန်ရှုဟွာသည် အလွန်လှပသော အထည်လေးများကို လိုက်လံကြည့်ရှု နေခဲ့တဲ့အခါ ဆိုင်ရှင်အမျိုးသမီးသည် "သခင်မလေးက အရမ်းချောတာပဲ ဘယ်အထည်နဲ့ပဲဖြစ်ဖြစ် သခင်မလေးဝတ်ရင် အရမ်းလိုက်ဖက်မှာပဲ " လို့ ပြောလိုက်သည်။

ယန်ရှုဟွာသည် ဆိုင်ရှင်အား ပြုံးပြလိုက်ပြီး "သူ့အတွက်ရော လိုက်ဖက်မယ့် ဝတ်စုံလေး တစ်ထည်လောက် ရွေးပေးပါအုံး " လို့ ​ကျစ်ယန်အား ကြည့်ကာ ပြောလိုက်၏။ ယန်ရှုယွာသည် သူ့အတွက် အဝတ်အစားဝယ်ပေးလိုက်မယ့်လို့ ကျစ်ယန်သည် မျှော်လင့်မထားပေ။

ဆိုင်ရှင်အမျိုးသမီးသည် ဝတ်စုံသုံးလေးစုံကို ရွေးလိုက်ပြီး "သခင်လေး......ရှင်သဘောကျတဲ့ ဝတ်စုံစမ်းဝတ်ကြည့်ပါအုံး " လို့ ပြောကာ ကျစ်ယန်အား ပေးလိုက်သည်။

ကျစ်ယန်လည်း ခေါင်းငြိမ့်လိုက်ပြီး ဝတ်စုံများကို ယူကာ အဝတ်အစားလဲရန် အခန်းလေးထဲသို့ ဝင်သွားခဲ့၏။ ကျစ်ယန်သည်ဝတ်စုံလေးစုံ ဝတ်ပြီးနောက် လိမ္မော်အနက်တခြမ်းစီရှိသော ဝတ်စုံကို ရွေးချယ်ပြီ အခန်းအပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

ယန်ရှုဟွာသည် ကျစ်ယန်ကို မြင်တွေ့လိုက်ရတဲ့အခါ ကြောင်အ၍ ကြည့်နေမိ၏။ ကျစ်ယန်မှာ အမြဲစုတ်စုတ်ပြတ်ပြတ် အဝတ်အစားနဲ့သာ မြင်တွေ့နေရခြင်းဖြစ်၍ ယခုလို အဝတ်အစားအသစ်နဲ့ တွေ့လိုက်တဲ့အခါ သဘောကျမိသွားခြင်းပင်ဖြစ်သည်။

ယန်ရှုဟွာသည် "ငါသူ့ကို တကယ်ပဲ သဘောကျမိသွားတာလား " ဟု စိတ်ထဲတွင် တွေးတောနေခဲ့၏။ ကျစ်ယန်သည် "စီနီယာအမ.......ကျွန်တော်ဒီဝတ်စုံနဲ့ လိုက်ရလား " လို့ ပြောလိုက်သည်။

ယန်ရှုဟွာသည် ကျစ်ယန်ကို ဘာမှ မပြောဘဲ ဆိုင်ရှင်အား ငွေဒင်္ဂါးတုံးပေးလိုက်ပြီး "သွားကြရအောင် " လို့ ပြောကာ ဆိုင်မှ ပြန်ထွက်လာခဲ့ကြသည်။

ကျစ်ယန်သည် မီးပုံးစျေးပွဲတန်းရှိ ဆိုင်တစ်ဆိုင်တွင် ဆေးမီးဖိုအိုးတစ်ခုကို တွေ့သွားတဲ့အခါ "စီနီယာအမ......ငါနင့်ကို တစ်ခုလောက်တောင်းဆိုလို့ ရမလား " လို့ မေးလိုက်၏။ယန်ရှုဟွာသည်

"ရှင်က ဘာတောင်းဆိုစရာရှိလို့လဲ " လို့ ကျစ်ယန်အား ကြည့်ကာ ပြောလိုက်သည်။

ကျစ်ယန်သည် " စီနီယာအမ.......ကျွန်တော်ကို ဆေးမီးဖိုအိုးလေး တစ်လုံးလောက်ဝယ်ပေးလို့ ရမလား " လို့ ပြောလိုက်၏။ယန်ရှုဟွာသည် ကြောင်အသွားပြီး "ရှင်က အဲ့ဆေးမီးဖိုအိုး ဘာလုပ်မလို့လဲ " ပြန်ပြောလိုက်သည်။

ကျစ်ယန်သည် ပြုံးလိုက်ပြီး "ကျွန်တော် သဘောကျနေတဲ့မိန်းကလေးတစ်ယောက်ကို နောက်ဆုံးအနေနဲ့ လက်ဆောင်ပေး

ချင်လို့ပါ " ပြောလိုက်၏။ ကျစ်ယန်လို သုညကောင်က အဂ္ဂိရတ်ပညာရှင်မိန်းကလေးတစ်ယောက်ကို သဘောကျနေလိမ့်မည်လို့ ယန်ရှုဟွာသည် မထင်ထားပေ။

ယန်ရှုဟွာသည် "ကောင်းပြီလေ.....ဒါပေမယ့် ရှင်စျေးကြီးတာထဲကတော့ ဝယ်လို့ မရဘူးနော် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဝမ်းသာ၍ သွားပြီး "စီနီယာအမကို ကျေးဇူးတင်ပါတယ် " လို့ ပြောလိုက်ပြီး ယန်ရှုဟွာနဲ့အတူ ဆေးမီးဖိုအိုးရောင်းတဲ့ ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

All Chapters