← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ယန်ရှုဟွာသည် ဆေးမီးဖိုအိုးတွေကို ကြည့်ကာ "ဒီဆေးမီးဖိုးအိုးတွေက ဘယ်လိုရောင်းလဲ" လို့ မေးလိုက်၏။ ဆိုင်ပိုင်ရှင်ဖြစ်သော အဖိုးအိုငယ်တစ်ယောက်သည် ဆေးမီးဖိုအိုးတွေရဲ့ စျေးနှုန်းများကို လိုက်လံပြောပြလိုက်သည်။

ယန်ရှုဟွာသည် ဆေးမီဖိုအိုးတစ်လုံးကို ယူလိုက်ပြီး ကျသင့်သော ငွေဒင်္ဂါးစျေးနှုန်းအား အဖိုးအိုငယ်ကို ပြောလိုက်၏။ ရုတ်တရက် ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရတဲ့အတွက် အံ့အားသင့်သွားသည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်မှ စာအုပ်သုံးအုပ်သည် တစ်ပြိုင်နက် ထပ်မံထွက်ပေါ်လာခဲ့ပြီး ထိုစာအုပ်သုံးအုပ်ထဲရှိ ရွှေရောင်စကားလုံးများသည် ကျစ်ယန်ရဲ့ နဖူးမှတဆင့် အသိဉာဏ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်လာလေသည်။

ကျစ်ယန်သည် အပြင်ကမ္ဘာသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာတဲ့အခါ အခြေအနေကို ကြည့်လိုက်ပြီး သူ့အား ဘယ်သူမှ သတိမထားတာကို သိလိုရ၏။

ကျစ်ယန်သည် မူလတွင် ရရှိထားသော သန့်စင်ခြင်းကျင့်စဥ် ၊ အစီအရင်ကျင့်စဥ် ၊ အနုပညာကျင့်စဥ် တို့နဲ့ သက်ဆိုင်သော ပညာရပ်များအားလုံးကို တစ်ပြိုင်နက်ထဲ ထပ်မံရရရှိလိုက်တဲ့အတွက် စမ်းသပ်ရန် အချိန်တောင် မစောင့်ချင်တော့ပေ။

ရုတ်တရက် ပွဲစျေးတန်းရှိလူများသည် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး

နေရာတစ်ခုထဲသို့ စုပုံ၍ သွားကြ၏။ ယန်ရှုဟွာသည် ပျော်ရွင်သွားပြီး "သူရောက်လာပြီပဲ " လို့ ရေရွတ်ကာ လူအုပ်ကြီးနောက်သို့ လိုက်သွားသည်။

ကျစ်ယန်လည်း ဘာမှန်းမသိဘဲ ယန်ရှုဟွာနောက်သို့ လိုက်သွားခဲ့၏။ ဝေါလှည်းယာဥ် တစ်ခုအား စစ်သည်ရဲမက်များ သည် တန်းစီစွာ ပတ်လည်ကာထားခဲ့သည်။ လူအားလုံးသည် ဝေါလှည်းယာဥ်ကို ကြည့်ကာ စောင့်ဆိုင်းနေကြ၏။

ယန်ရှုဟွာသည် အဝေးမှ ဝေါလှည်းယာဥ်အား အငန်းမရ လှမ်းကြည့်နေလိမ့်မယ်လို့ ကျစ်ယန်သည် မထင်ထားပေ။ ထိုချိန်မှာပဲ ဝေါလှည်းယာဥ်ထဲမှ အဖြူရောင်အဝတ်အစားဝတ်ဆင်ထားသော ရုပ်ဖြောင့်သော အမျိုးသားတစ်ယောက် ထွက်ပေါ်လာခဲ့၏။

ထိုလူ၏ နာမည်ကတော့ ချန်ဖျောင်ပင် ဖြစ်ပြီး ထျန်းလောမြို့စားမင်းရဲ့ တစ်ဦးတည်းသော သားပင် ဖြစ်သည်။ ချန်ဖျောင်သည် သူ့အဖေကြောင့် နာမည်ကျော်ကြားခြင်းမဟုတ်ဘဲ ပုလွေတီးမှုတ်တဲ့အတက်ပညာမှာ ဆရာတစ်ပါးပင် ဖြစ်သောကြောင့် မိန်းကလေးများ၏ သဘောကျခြင်းကို ခံနေရခြင်း ဖြစ်၏။

ယန်ရှုဟွာသည် ချန်ဖျောင်ကို မြင်တွေ့ပြီးတဲ့နောက် သူ့ဘေးနားရှိကျစ်ယန်အား တစ်ချက်ပြန်ကြည့်လိုက်ပြီး "မြို့စားမင်းရဲ့သားက သူတို့ပြောသလိုလဲ ဟုတ်မနေပါလား ၊ သုညကောင်ကမှ သူထက်သာအုံးမယ် " လို့ တီတိုးစွာရေရွတ်လိုက်သည်။

ချန်ဖျောင်သည် ယန်ရှုဟွာကို အဝေးမှ ရုတ်တရက် လှမ်းမြင်သွားတဲ့အခါ "ထျန်းလောမြို့ထဲမှ အဲ့လောက်လှပတဲ့ မိန်းကလေးမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး " လို့ သူ့ဘေးနာရှိ သက်တော်စောင့်အား ပြောလိုက်သည်။

ချန်ဖျောင်ဘေးမှ သက်တော်စောင့်သည် "သခင်လေး......သူမနာမည်က ယန်ရှုဟွာပါ ၊ သူတော်စင်ဂိုဏ်းခွဲရဲ့ ပါရမီရှင် တစ်ယောက်ပဲ " လို့ ပြောလိုက်၏။ ချန်ဖျောင်သည် ယန်ရှုဟွာ ဘေးမှ ကျစ်ယန်ကို တွေ့တဲ့အခါ "သူကရော......ဘယ်သူလဲ " လို့ မေးလိုက်သည်။

သက်တော်စောင့် ခေါင်းခါလိုက်ပြီး "ကျွန်တော်မျိုး သူ့ကိုမသိပါဘူး......သခင်လေး" လို့ ပြန်ဖြေလိုက်၏။ ချန်ဖျောင်သည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ပုလွေတစ်ခုအား ထုတ်လိုက်ပြီး သီးချင်းတစ်ပုဒ်အား စတင်တီးမှုတ်လိုက်သည်။

ချန်ဖျောင်ရဲ့ တီးမှုတ်မူသည် အလွန်ပင်သာယာနေသောကြောင့် အားလုံးသည် သီးချင်း၏ တေးသွားထဲမှာ ငြိမ့်ညောင်းနေခဲ့ပြီး တိတ်ဆိတ်၍ နေကြ၏။ ထိုချိန်မှာ ကျစ်ယန်သည် ခေါင်းခါလိုက်တဲ့အခါ ချန်ဖျောင်သည် ပုလွေ တီးမှုတ်မှုကို ရပ်တန့်လိုက်ပြီး ကျစ်ယန်အား ကြည့်လိုက်ပြီး "မင်းကဘာကိစ္စကြောင့် ခေါင်းခါ လိုက်တာလဲ " လို့ မေးလိုက်သည်။

ထိုအခါ အားလုံးသည် ကျစ်ယန်အား လှည့်ကြည့်လိုက်၏။ စစ်သည်ရဲမက်များသည် ကျစ်ယန်ဘေးသို့ ရောက်ရှိလာပြီး "ကောင်စုတ်လေး.......မင်းက ဘာကြောင့် သခင်လေးပုလွေတီးမှုတ်နေချိန်မှာ ခေါင်းခါလိုက်ရတာလဲ " လို့ မေးလိုက်သည်။

ယန်ရှုဟွာသည်လည်း ကျစ်ယန်ခေါင်းခါသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။ ချန်ဖျောင်သည် ကျစ်ယန်အား ရှေ့သို့ ခေါ်လိုက်ပြီး "ကောင်စုတ်လေး......မင်းခေါင်းခါတဲ့ကိစ္စကို မရှင်းပြရင်တော့ ဒီနေရာက ထွက်ခွာဖို့ မစဥ်းစားနဲ့ " လို့ ခြိမ်းခြောက်ကာ ပြောလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "ဒီကိစ္စ......မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ပြောလို့ရမလား......" လို့ ပြောလိုက်၏။ ထိုအခါ ချန်ဖျောင်၏ သက်တော်စောင့် "ကောင်စုတ်လေး.......မင်းက ကို့ယ်အခြေအနေကို မသိတက်ဘူးပဲ " လို့ အော်ကာ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။

ချန်ဖျောင်သည် လက်ဝါးထောင်ကာ သူ့လူအား တားလိုက်ပြီး အစီအရင်စာရွက်တစ်ခုအား အသက်သွင်းလိုက်သည်။ချန်ဖျောင်နဲ့ကျစ်ယန်သည် အကာအကွယ်ဖန်တီးထားသော စက်ဝိုင်းအတွင်းသို့ ရောက်ရှိသွား၏။

ချန်ဖျောင်သည် "မင်းခုပြောလို့ရပြီ ၊ လုံလောက်တဲ့ဖြေရှင်းချက်မျိုး မပေးနိုင်ရင်တော့ ငါ့အဆိုးမဆိုနဲ့ " လို့ပြောကာ သူ့လက်ချောင်းများကို ချိုးလိုက်သည်။ ကျစ်ယန်သည် "မင်းပုလွေ ငါ့ကို ခဏပေးလို့ ရမလား " လို့ ပြောလိုက်၏။

ချန်ဖျောင်သည် ပုလွေအား ပေးလိုက်ပြီး ကျစ်ယန် ဘာလုပ်မလဲ စောင့်ကြည့်လိုက်သည်။ ကျစ်ယန်သည် ပုလွေကို ရရှိတဲ့အခါ

လက်ချောင်းများကြားမှ တချက်လှည့်ကစားလိုက်ပြီး ချန်ဖျောင်တီးမှုတ်လိုက်သော သီးချင်းတေးသွားတစ်ပုဒ်ကို ပြန်လည်တီးမှုတ်လိုက်၏။

ကျစ်ယန်၏ ပုလွေတီးမှုတ်သံကို ကြားရတဲ့အခါ ချန်ဖျောင်သည် အံ့အားသင့်စွာနဲ့ပဲ ကျစ်ယန်အား ကြည့်နေလေသည်။ ကျစ်ယန်တီးမှုတ်လိုက်သော တေးသွားသည် ခက်ခဲနက်နဲပြီး ချန်ဖျောင် သည် မှန်ကန်အောင် မတီးမှုတ်နိုင်သေးပေ။

ထို့အပြင် သူ့အား မျက်စိပွင့် နားပွင့် ဖြစ်စေသောကြောင့် ချန်ဖျောင်သည် ကျစ်ယန်အား လေးစား၍ သွားပြီး သူ့အမှားအား တောင်းပန်လိုက်၏။ ချန်ဖျောင်သည် အကာအကွယ်အစီအရင်ကို ဖယ်ရှားလိုက်တဲ့အခါ ကျစ်ယန်သည် ပုလွေကို ပြန်ပေးကာ "ငါဒီနေရာက ထွက်သွားလို့ရပြီလား " လို့ ပြောလိုက်သည်။

ချန်ဖျောင်သည် လက်နှစ်ဖက်ဆုပ်တာ တရိုတသေဖြင့် "ကျွန်တော်......သခင်လေးရဲ့ တည်နေရာကို သိခွင့် ရှိမလား " လို့ မေးလိုက်၏။ ကျစ်ယန်သည် ယန်ရှုဟွာရှိသွားလိုက်ပြီး သူတော်စင်ဂိုဏ်းခွဲတွင် သူ့ကို လာရှာနိုင်သည်လို့ ပြောရင်း ယန်ရှုဟွာနဲ့အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

အားလုံးသည် ကြောင်အစွာနဲ့ပဲ ထွက်ခွာသွားသော ကျစ်ယန်နဲ့ ယန်ရှုဟွာကို လိုက်လံကြည့်မိနေ၏။ ချန်ဖျောင်လို အလွန်ပင်မောက်မာသော သခင်လေးတစ်ယောက်မှ တစ်ဖက်လူအား ရိုသေစွာဆက်ဆံနေတဲ့အတွင် သက်တော်စောင့်အစေခံနဲ့ စစ်သည် ရဲမက်သွားသည် မယုံကြည်နိုင်ဖြစ်သွားသည်။

ချန်ဖျောင်သည် သူ့၏ သက်တော်စောင့်ဖြစ်သော လင်းဖိန်အား ကျစ်ယန်နဲ့နောက်တစ်ခါဆုံတွေ့ရင် ရိုသေစွာဆက်ဆံပြီး အိမ်တော်ကို ဖိတ်ကြားဖို့ အမိန့်ပေးလိုက်၏။ လင်းဖိန်သည် ခေါင်းငြိမ့်ရုံကလွဲရင် ဘာမှ ပြန်မပြောရဲခဲ့ပေ။

ချန်ဖျောင်သည် ဝေါယာဥ်ပေါ်သို့ ပြန်တက်လိုက်ပြီး "ဒီကိစ္စကို ဆရာနဲ့တွေ့ရင် ငါသေသေချာချာပြောပြရမယ် "လို့ ရေရွတ်နေခဲ့သည်။

ယန်ရှုဟွာသည် အဝေးတစ်နေရာသို့ လမ်းလျှောက်လာရင်း သူ့စိတ်ထဲတွင် ကျစ်ယန်ဖုံးကွယ်ထားသော အရာများကို သိချင်နေခဲ့၏။အလွန်ပင်မောက်မာသော မြို့စားမင်းရဲ့သားသည် အပြစ်လုပ်လိုက်သော ကျစ်ယန်လို လူမျိုးကို လွတ်ပေးလိုက်တဲ့အပြင် ရိုရိုသေသေဆက်ဆံနေသည့်အတွက် ထူးဆန်းသလို ဖြစ်နေခဲ့သည်။

ကျစ်ယန်သည် လမ်းလျှောက်ရင်း ရပ်လိုက်ပြီး "စီနီယာအမ.....ကျွန်တော်တို့ ဂိုဏ်းကို အမြန်ဆုံး ပြန်သင့်တယ် ထင်တယ် ၊ မဟုတ်ရင် ဦးလေးမန်လန် စိတ်ပူနေလိမ့်မယ် " လို့ ပြောလိုက်သည်။

All Chapters