အခန်း (၇)
Vol. 1 Ch. 7
ယန်ရှုဟွာသည် ခေါင်းငြိမ့်ပြလိုက်ပြီး "ကောင်းပြီလေ ၊ ငါတို့မြန်မြန်သွားကြရတာပေါ့ " လို့ ပြောလိုက်၏။ ဓားပျံသည် အရှိန်အတော်ပင် မြန်ဆန်လွန်းသဖြင့် ကျစ်ယန်နဲ့ယန်ရှုဟွာသည် အချိန်အတော်ကြာပြီးနောက် သူတော်စင်ဂိုဏ်းခွဲ၏ မီးဖိုချောင်ခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
ယန်ရှုဟွာသည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ကျစ်ယန်ဝယ်ထားသော ပစ္စည်းများကို ထုတ်ပေးလိုက်ပြီး ဓားပျံနဲ့ တစ်ခါထဲ ပျံသန်းထွက်ခွာသွားခဲ့၏။
ကျစ်ယန်ပြန်လည်ရောက်ရှိလာတဲ့အခါ မန်လန်သည် ဝမ်းသာ၍ သွားပြီး "ဘယ်လိုလဲ......ဝယ်လို့ ရခဲ့လား " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် အသားငါးတစ်ချို့နဲ့ အသီးအနှံများအား မန်လန်သို့ ပေးလိုက်၏။
မန်လန်သည် သားငါးနဲ့အသီးအနှံများကို ရရှိတဲ့အခါ ချက်ချင်းချက်ပြုတ်ဖို့ ပြင်ဆင်လေသည်။ ကျစ်ယန်သည် မန်လန်နောက်သို့ လိုက်ခဲ့ပြီး "ဦးလေးမန်လန်......ကျွန်တော်ကူညီဖို့လိုသေးလား " လို့ မေးလိုက်၏။
မန်လန်သည် သူ့အား လာမရှုပ်ဖို့ ပြောလိုက်ပြီး ကျစ်ယန်အား မောင်းထုတ်လိုက်သည်။ကျစ်ယန်သည် ပျော်၍သွားကာ သူ့အခန်းလေးဆီသို့ ပြေးသွားခဲ့ပြီး တံခါးကို လုံအောင် ပိတ်ချလိုက်၏။
ကျစ်ယန်သည် သူစမ်းသပ်ချင်သော အရာတစ်ခုရှိနေခဲ့သည်။ထိုအရာကတော့ ပြင်ပမှ အရာဝတ္ထုပစ္စည်းအား စိတ်ဝိညဥ်ကမ္ဘာထဲသို့ ယူဆောင်ခွင့် ရှိမရှိကို သိချင်နေခြင်းပင် ဖြစ်၏။
ကျစ်ယန်သည် ဆေးမီးဖိုအိုးကို ကိုင်ကာ စိတ်ဝိညဥ်ကမ္ဘာသို့ ဝင်ရောက်လိုက်သည်။ သို့သော် ဆေးမီးဖိုအိုးသည် စိတ်ဝိညဥ်ကမ္ဘာထဲသို့ သူနဲ့အတူ မပါခဲ့ချေ။ ကျစ်ယန်သည် စိတ်ပျက်စွာနဲ့ပဲ "ဒါဆို ငါဆေးဖော်စပ်ဖို့ကို အပြင်မှာပဲ လေ့ကျင့်ရမှာလား " လို့ ရေရွတ်လိုက်၏။
ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်မှ ရွှေရောင်စာလုံးများ ထွက်ပေါ်လာပြီး ကျစ်ယန်၏ အသိဉာဏ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်လာလေသည်။ ကျစ်ယန်သည် သူ့ကိုယ်သူ မယုံနိုင်စွာဖြင့် "ဖြစ်နိုင်တာ......စိတ်ဝိညဥ်ကမ္ဘာက ငါဖြစ်ချင်တာတွေအားလုံးကို သိရှိနေတာလား " လို့ ရေရွတ်လိုက်၏။
ကျစ်ယန်သည် ပြင်ပကမ္ဘာထဲသို့ ပြန်လည်ထွက်လိုက်ပြီး သူ့စိတ်ဝိညဥ်စွမ်းအားဖြင့် ဆေးမီးဖိုအိုးကို ထိန်းချုပ်လိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်လိုက်သည်။
ဒီတစ်ခါမှတော့ ဆေးမီးဖိုးအိုသည် သူနဲ့အတူ စိတ်ဝိညဥ်ကမ္ဘာထဲသို့
ပါရှိလာတဲ့အတွက် ကျစ်ယန်သည် ဝမ်းသာသွားခဲ့၏။ ထို့နောက် ကျစ်ယန်သည် ပြင်ပကမ္ဘာသို့ ပြန်ထွက်လိုက်သည်။ ကျစ်ယန်သည် သူတော်စင်ဂိုဏ်းခွဲတွင် ထင်းခုတ်ရင်း ရံဖန်ရံခါ တွေ့ရှိလေ့ရှိသော ဆေးပင်အချို့ကို ဝါးဘူးလေးထဲတွင် သိမ်းထားလေ့ရှိသည်။
ထို့နောက် သူထင်းမခုတ်ရသော အားလပ်သည့် နေ့များတွင် အဂ္ဂိရတ်ဆရာများအသင်းကို သွားရောင်းလေ့ရှိ၏။ ယခုအခါ သူ့သိမ်းဆည်းထားသော ဆေးအမယ်များမှာ မရောင်းရသေးသဖြင့် ဆေးဖော်စပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ကျစ်ယန်သည် ကုတင်အောက်တွင် ခုထားသော ဝါးဘူးလေးအား ဆွဲထုတ်လိုက်ပြီး အဖုံးအား ဖွင့်ကြည့်လိုက်၏။ ဆေးအမယ်များသည် ဝါးဘူးလေးထဲတွင် ပကတိအတိုင်းပင် ရှိနေသဖြင့် ကျစ်ယန်သည် ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲသို့ ယူဆောင်သွားခဲ့သည်။
ကျစ်ယန်သည် ချက်ချင်းပင် စိတ်ဝိညဥ်ကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိတဲ့အခါ သူ့ရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "နဂါးဘုံမီးတောက်နည်းလမ်း " လို့ ရေရွတ်လိုက်၏။ ဆေးမီးဖိုအိုးလေသည် လေဟာနယ်သို့ အနည်းငယ်တက်လာပြီး အဖြူရောင်မီးတောက်လေးတစ်ခုသည် ဆေးမီးဖိုအိုးအောက်တွင် တောက်လောင်နေလေသည်။
ကျစ်ယန်သည် သူ့တွင် ရှိသော ဆေးအမယ်တချို့အား ရွေးချယ်လိုက်ပြီး တစ်ခုချင်းစီစတင်၍ သန့်စင်နေခဲ့၏။ ကျစ်ယန်၏ အသိဉာဏ်ပင်လယ်ထဲတွင် ရှိနေသော အဂ္ဂိရတ်ပညာရပ်သည် ထိပ်ဆုံးပင်ရောက်ရှိနေသော်လည်း ကျစ်ယန်သည် ပထမဆုံးဖြစ်တဲ့အတွက် တုန်တုန်ချီချီ ဖြစ်နေခဲ့သည်။
တစ်ကိုယ်လုံးတွင် ချွေးများစို့နေခဲ့သော်လည်း ကျစ်ယန်သည် လက်လျော့ဖို့ အစီအစဥ်မရှိပေ။ သူ့ဘဝကို ပြောင်းလဲပေးနိုင်မည့်အရာကို ကျစ်ယန်သည် အသက်ဆုံးရှုံးမှသာ လက်လျော့မည်လို့ နှလုံးသွင်းထားခြင်းဖြစ်၏။
အချိန်သည် တစ်နာရီ ၊ နှစ်နာရီ ကြာမြှင့် လာပြီးတဲ့နောက် ကျစ်ယန်ပထမဆုံး ဖော်စပ်သော ဆေးရည်သည် အောင်မြင်သွားလေသည်။
ကျစ်ယန်သည် ဆေးမီးဖိုအတွင်းမှ ကောင်းကင်အစွယ်ဆေးရည်
အား ဝါးဘူးလေးထဲသို့ ထည့်လိုက်၏။ ကျစ်ယန်သည် ကောင်းကင်အစွယ်ဆေးရည်ကို သေချာကြည့်ရှု့လိုက်ပြီး ဝမ်းသာအားရနေလေသည်။
ကျစ်ယန်သည် လက်သီးဆုပ်လိုက်ပြီး "ငါရဲ့ကျင့်ကြံမှုသာ အဆင့်မြင့်လာခဲ့ရင် ငါဘယ်သူမှ ကြောက်နေစရာမလိုတော့ဘူး " လို့ ပြောကာ ကောင်းကင်အစွယ်ဆေးရည်ကို တစ်ငုံသောက်လိုက်ပြီး
အဆင့်တက်ရန် စတင်ကျင့်ကြံလေသည်။
ကောင်းကင်အစွယ်ဆေးရည် ချီအခြေခံစုစည်းခြင်းအဆင့်ကျင့်ကြံသူများအတွက် အကောင်းဆုံး ဆေးရည်မျိုးပင် ဖြစ်၏။ ကျစ်ယန်သည် ကောင်းကင်အစွယ်ဆေးရည်အား ငါးကြိမ် သောက်ပြီးတဲ့နောက် ချီအခြေခံစုစည်းခြင်းရဲ့ အဆင့်၉ကို ပင် ရောက်ရှိသွားခဲ့သည်။
ကျစ်ယန်သည် မျက်လုံးများပြန်ပွင့်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါ့ပါးနေသလို ခံစားနေရ၏ ပြင်းထန်သောစွမ်းအားများသည် သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေသဖြင့် ကျစ်ယန်သည် သူ့ကိုယ်သူ အားရနေခဲ့သည်။
ကျစ်ယန်သည် ကျန်ရှိသေးသော ကောင်းကင်အစွယ်ဆေးရည်များကို ကြည့်လိုက်ပြီး "ငါဒီဆေးရည်တွေ သွားရောင်းပြီး ၊ ဆေးအမယ်တချို့ ပြန်လည်ဝယ်ခဲ့ရမယ် " လို့ ရေရွတ်ကာ ပြင်ပကမ္ဘာသို့ ပြန်လည် ထွက်ရှိလာခဲ့၏။
ကျစ်ယန်သည် ပြင်ပကမ္ဘာထဲသို့ ပြန်ထွက်လိုက်ပြီး ထင်းများမြန်မြန်သယ်ရန် ပြေးလွှားလာလေသည်။ကျင့်ကြံခြင်းအဆင့်မြင်မြားလည်နှင့် လျှပ်စီးခြေလှမ်းများမှာ ပိုမိုမြန်ဆန်သွက်လက်နေခဲ့၏။
ကျစ်ယန်သည် ထင်းခုတ်နေချိန်တွင် သူ့ရှိ ဦးတည်၍ လာနေသော ခြေလှမ်းသံများကို ကြားနေရသည်။
ကျစ်ယန်သည် ထင်းများကို စုစည်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်သာ နေခဲ့၏။ ထိုချိန်မှာပဲ လူ၆ယောက်သည် ကျစ်ယန်နားသို့ ရောက်ရှိလာလေသည်။
ထိုအဖွဲ့ကတော့ ဖေရန်တို့အဖွဲ့ပင်ဖြစ်ပြီး နောက်၃ယောက်ကတော့ ဖေရန်၏ အကိုပင် ဖြစ်၏။ ဖေရန်တို့ သုံးယောက်ရဲ့ ခန္ဓာကိုယ်တွင် ပတ်တီးများစွာ ရှိနေသဖြင့် ကျစ်ယန်သည် ရယ်ချင်နေမိသည်။
ဖေရန်သည် ကျစ်ယန်အား လက်ညိုးထိုးကာ "အကိုလုံ........ကျွန်တော်တို့ကို လိမ်တာ အဲ့သုညကောင်ပဲ " လို့ ပြောလိုက်၏။
ဖေလုံဟုခေါ်သော လူသည် "မင်းတို့က တော်တော်အသုံးမကျတာပဲ ၊ ဒီသတင်းသာ အပြင်လူတွေရှိ ပေါက်ကြားသွားရင် သူတော်စင်ဂိုဏ်းခွဲမှာတင်မဟုတ်ဘူး......ငါတို့ဖေအိမ်တော်လဲ အရှက်ကွဲရလိမ့်မယ် " လို့ ဒေါသသံဖြင့် ဖေရန်တို့အား ဆူလိုက်သည်။
ဖေရန်သည် သူ့အကိုအား တစ်ခွန်းမှ ပြန်မပြောရဲပေ။ သူစိတ်ထဲတွင် ကျစ်ယန်အန္တရာယ်ကျရောက်ဖို့သာ မျှော်လင့်နေခြင်းပင် ဖြစ်၏။
ဝေကျန်းသည် ကျစ်ယန်အား မကျေနပ်သောအကြည့်ဖြင့် "သုညကောင်.....အကိုဖေလုံက ဘယ်သူလဲဆိုတာ မင်းသိလား "လို့ မေးလိုက်သည်။ ကျစ်ယန်သည် ဖေလုံရဲ့ အကြောင်းကို အမြဲတစေ ကြားနေရသော်လည်း အပြင်တွင် ပထမဆုံး မြင်ရခြင်းပင် ဖြစ်၏။
ဖေလုံသည် သူတော်စင်ဂိုဏ်းခွဲ၏ အပြင်စည်းတပည့်ထဲတွင် အတော်ဆုံးတပည့်တစ်ယောက်ပင် ဖြစ်ပြီး မကြာခင် အတွင်းစည်းတပည့်နေရာကို ရရှိတော့မည် ဖြစ်သည်။
ကျစ်ယန်သည် အသံမထွက်လာသေး၍ ဖေလုံသည် အေးစက်သော အသံဖြင့် "မင်းလို အစေခံ သုညကောင်မျိုးက ....ငါတို့ဖေမျိုးနွယ်စုကို အရှက်တကွဲဖြစ်အောင် လုပ်ရဲလိမ့်မယ်လို့ မထင်ထားမိဘူး" လို့ ပြောလိုက်၏။