အခန်း (၈)
Vol. 1 Ch. 8
ဖေရန်တို့အဖွဲ့သည် ငွေဒင်္ဂါးတုံးရရှိရန်အတွက် ကျစ်ယန်ရှိမှ ရလာသော ဆေးလုံးအား အဂ္ဂိရတ်ဆရာများအသင်းသို့ သွားရောက်ရောင်းခဲ့ခြင်းဖြစ်၏။ ဒါပေမယ့် ထိုဆေးလုံးသည် အပြင်ဒဏ်ရာကို
ပျောက်ကင်းနိုင်သော ဆေးလုံးမျိုးဖြစ်သဖြင့် ဖေရန်တို့သည် ငွေဒင်္ဂါးများ မရရှိဘဲ အရှက်တကွဲဖြင့် ထိုနေရာမှ အမြန်ထွက်ခွာလာရကြသည်။
ထိုသတင်းသည် ဖေလုံနားထိ ရောက်ရှိသွားသဖြင့် ဖေလုံသည် သူတို့ ဖေမျိုးနွယ်စုကို အရှက်ရအောင် လုပ်သည့် လူအား သတ်ဖြတ်ရန် ရောက်ရှိလာခြင်းပင် ဖြစ်၏။
ကျစ်ယန်သည် သူတို့ပြောတာတွေကို နားထောင်ပြီးနောက် ဂရုမစိုက်စွာဖြင့် ထင်းစည်းများကို နွယ်ကြိုးများဖြင့် တင်းအောင်ချည်နေခဲ့သည်။
ဖေလုံသည် ချက်ချင်းပင် ဒေါသထွက်သော မျက်နှာအဖြစ်သို့ ပြောင်းလဲသွားပြီး "မင်းရဲ့ အပြုအမူတွေအတွက် မင်းနောင်တကောင်းကောင်း ရစေရမယ် " လို့ ပြောကာ သူ့လူနှစ်ယောက်အား ကျစ်ယန်ကို သတ်ပစ်ရန် မျက်လုံးဖြင့် အရိပ်အကဲ ပြလိုက်၏။
ဖေလုံတို့အဖွဲ့ထဲတွင် ဖေလုံတစ်ယောက်ထဲသာလျှင် ချီအခြေခံစုစည်းခြင်းအဆင့်၈ ကိုရောက်ရှိနေခြင်း ဖြစ်ပြီး ကျန်လူများမှာ ချီအခြေခံစုစည်းအဆင့်၇ကို ပင် မရောက်ရှိသေးပေ။
ချူးရန် နဲ့ ထိုက်ကျူန်သည် ဖေလုံအား ခေါင်းငြိမ့်ပြလိုက်ပြီး ကျစ်ယန်အနားကို တဖြည်းဖြည်း လျှောက်လိုက်ပြီး လက်ဖဝါးတွင် စွမ်းအားများ စုစည်းလာခဲ့၏။ ကျစ်ယန်သည် သူ့အား စတင်တိုက်ခိုက်မည်ဆိုရင် တစ်ခါထဲ သတ်ပစ်ဖို့ ဆုံးဖြတ်ထားသည်။
ထိုချိန်မှာ ဓားပျံတစ်ချောင်းသည် ချူးရန်နဲ့ ထိုက်ကျုန်ရဲ့ ရှေ့ကို ရောက်ရှိလာခဲ့ပြီး " သူ့ကို ထိမယ်ဆိုရင် ၊ ဖေမျိုးနွယ်စုတစ်စုလုံး ထျန်းလောမြို့ကနေ အပြီးပျောက်ကွယ်သွားစေရမယ် " ဆိုသော အသံနဲ့အတူ ယန်ရှုဟွာသည် ကျစ်ယန်ရဲ့ အနားကို ရောက်ရှိလာခဲ့၏။
ယန်ရှုဟွာကို မြင်တဲ့အခါ ဖေလုံတို့အဖွဲ့သည် ကြောက်လန့်၍ သွားပြီး ဖေလုံသည် "စီနီယာအမရှုဟွာလား......ဒါဆို သုညကောင်နဲ့ လက်ထပ်မယ်ဆိုတဲ့ သတင်းက သေချာသွားပြီပေါ့ " လို့ မယုံနိုင်စွာဖြင့် တီတိုးစွာ ရေရွတ် ပြောလိုက်မိသည်။
ယန်ရှုဟွာသည် မြေကြီးထဲသို့ စိုက်နေသော သူ့ရဲ့ဓားအား ပြန်ဆွဲနှုတိလိုက်ပြီး "ရှင်တို့မှာ နားမပါဘူးထင်တယ် " လို့ ပြောလိုက်ပြီး သူ့ဓားကို ပုဝါစလေးဖြင့် သုတ်ရင်း ပြောလိုက်၏။
ဖေရန်သည် ရှေ့သို့ ထွက်လာပြီး "မိန်းကလေး........နင်ကသေချင်နေတာပဲ ၊ ငါအကိုက အပြင်စည်းတပည့်ခေါင်းဆောင်တစ်ယောက်ဆိုတာ မသိသေးဘူးထင်တယ် " လို့ လက်နောက်ပစ်ကာ ဆရာကြီး ဆိုဒ်ဖြင့် ပြောလိုက်သည်။
ထိုချိန်မှာပဲ လက်ဝါးတစ်ချက်သည် ဖေရန်၏ မျက်နှာပြင်ပေါ်သို့ ကျရောက်လာခဲ့၏။ ဖေရန်သည် သူ့အကိုမှ သူ့အား ရုတ်တရက် ပါးထရိုက်လိုက်မည်လို့ မမျှော်လင့်ထားပေ။ ဖေလုံသည် ဒေါသထွက်စွာဖြင့် "ဆောက်ရူးကောင် မင်းကသေချင်နေတာပဲ ၊ စီနီယာအမရှုဟွာလို ငါလိုကောင်မျိုးက ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ " လို့ ပြောလိုက်သည်။
ယန်ရှုဟွာဆိုသော အမည် ကြားလိုက်တဲ့အခါ ဖေရန်တို့ အဖွဲ့သည် ကြောက်ရွံသွားကြ၏။ ယန်ရှုဟွာသည် အတွင်းစည်းတပည့်များအကြားတွင် ထိပ်ဆုံးပင် ဖြစ်သဖြင့် ဖေရန်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ဒူးထောက်တောင်းပန်လိုက်သည်။
ယန်ရှုဟွာသည် ဂရုမစိုက်စွာဖြင့် ကျစ်ယန်ဘက်သို့ လှည့်လိုက်ပြီး "နင်ဘာဖြစ်သွားသေးလဲ " လို့ မေးလိုက်၏။ ကျစ်ယန်သည် အေးဆေးပင် ခေါင်းခါပြလိုက်သည်။ ဖေလုံသည် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေဖြင့် "စီနီယာအမရှုဟွာ......ကျွန်တော်တို့ကို ခွင့်ပြုပါအုံး " လို့ ပြောလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်၏။
ယန်ရှုဟွာသည် သူ့ဓားအား ဖေလုံသို့ ဘေးရှိ သစ်ပင်သို့ စိုက်သွင်းလိုက်ပြီး "နင်တို့ကို ဘယ်သူက ထွက်သွားခိုင်းလို့လဲ " လို့ ပြောလိုက်သည်။ ဖေလုံသည် သူ့ရင်ထဲတွင် ဒေါသမီးများတောက်လောင်နေသော်လည်း ပြန်မပြောရဲသဖြင့် "စီနီယာအမရှုဟွာ.......ကျွန်တော်တို့ကို ခိုင်းစရာများ ရှိနေလို့လား " လို့သာ ပြောလိုက်၏။
ယန်ရှုဟွာသည် ခေါင်းငြိမ့်ပြလိုက်ပြီး ကျစ်ယန်နေ့တိုင်းသယ်ပို့နေရသော ထင်းစည်းများအားလုံးကို မကုန်မချင်း မီးဖိုဆောင်သို့ ပို့ခိုင်းလိုက်သည်။
ဖေလုံသည် ခေါင်းငြိမ့်ရုံကလွဲလို့ တခြားအရာမတက်နိုင်ခဲ့ပေ။
ယန်ရှုဟွာသည် သူ့ရဲ့ဓားပျံပေါ်သို့ ကျစ်ယန်အား တက်ခိုင်းလိုက်ပြီး ထိုနေရာမှ နှစ်ယောက်သား ထွက်ခွာလာခဲ့၏။ ဖေလုံသည် သူရင်ထဲရှိ ဒေါသမီးများကို ကြေငြိမ်းစေရန်အတွက် ကျစ်ယန်အား ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
သူတော်စင်ဂိုဏ်းခွဲ၏ ခန်းမဆောင်ထဲတွင် အတွင်းစည်းအကြီးအကဲများနဲ့ အပြင်စည်းအကြီးအကဲများသည် ထိုင်ခုံများပေါ်တွင် စကားရယ်မောစွာ ပြောနေကြ၏။
ထိုချိန်မှာပဲ ဓားပျံနဲ့အတူ ကျစ်ယန်နဲ့ ယန်ရှုဟွာသည် ရောက်ရှိလာခဲ့သည်။ ယန်ရှုဟွာသည် ခေါင်းငုံ၍ လက်နှစ်ဖက်ဆုပ်ကာ အကြီးအကဲများအား အရိုအသေပြုလိုက်၏။ ကျစ်ယန်သည် ကြောင်အစွာဖြစ်နေသဖြင် ယန်ရှုဟွာသည် အရိုအသေပြုရန် မျက်စပစ်လိုက်သည်။
ထိုအခါမှသာ ကျစ်ယန်သည် အကြီးအကဲများကို အရိုအသေပြုလိုက်၏။ ချီချီသည် ပြုံးလိုက်ပြီး "အကြီးအကဲပိုင်......အကြီးအကဲပြောတဲ့ သုညကောင်ဆိုတာ တကယ်ပဲသူလား " လို့ မယုံသင်္ကာဖြင့် မေးလိုက်၏။
အကြီးအကဲပိုင်သည် ချီချီအား "အကြီးအကဲချီ.....သုညကောင်က ကျွန်တော်ရဲ့ မွေးစားသားတစ်ယောက်ဆိုလဲ မမှားပါဘူး ၊ သူရဲ့ ကျင့်ကြံမှု ဒန်တျန် ပျက်စီးနေလို့သာ မီးဖိုဆောင်မှာ မန်လန်ကို ကူညီဖို့ ကျွန်တော်စေခိုင်းထားတာပါ " လို့ ပြောလိုက်၏။
ချီချီသည် ကျစ်ယန်ထံမှ ကျင့်ကြံမှုစွမ်းအား အရှိန်အဝါကို အနည်းငယ် ခံစားနေရသဖြင့် အံ့အားသင့်နေခြင်း ဖြစ်သည်။ အကြီးအကဲပိုင်သည် သူတော်စင်ဂိုဏ်းခွဲရဲ့ အပြင်စည်းအကြီးအကဲတစ်ယောက်ဖြစ်သလို ကျစ်ယန်အား ခေါ်ယူမွေးစားခဲ့သော အကြီးအကဲတစ်ယောက်ပင် ဖြစ်ပေသည်။
အကြီးအကဲပိုင်သည် ထိုင်ခုံမှ ထလိုက်ပြီး "သုညကောင်.........မင်းနဲ့ ယန်ရှုဟွာက အချင်းချင်း သဘောကျနှစ်သက်နေတယ်ဆိုတာ တကယ်ပဲလား " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ယန်ရှုဟွာကို တချက်ကြည့်လိုက်ပြီး အကြီးအကဲပိုင်အား လက်နှစ်ဖက်ဆုပ်ကာ "အမှန်တကယ်ပါ မွေးစားအဖေ ၊ ကျွန်တော်နဲ့ ရှုဟွာက သဘောကျနှစ်သက်နေတာ အတော်ကြာပါပြီ " ဟု လိမ်ညာ ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
ထိုအခါ အကြီးအကဲပိုင်သည် ပြန်၍ ထိုင်လိုက်ပြီး "ကောင်းပြီလေ.......ဒါဆို မနက်ဖြန်ပဲ မင်းတို့ နှစ်ယောက်ရဲ့မင်္ဂလာကို ငါကိုယ်တိုင်စီစဥ်ပေးမယ် " လို့ ပြောလိုက်၏။
ထိုချိန်မှာ လူတစ်ယောက်သည် လျှပ်တစ်ပြက်အတွင်း ခန်းမထဲသို့ ရောက်ရှိလာပြီး "ငါသဘောမတူဘူး " လို့ ပြောလိုက်သည်။ထိုလူရဲ့နာမည်ကတော့ ကျွှမ်မုန်ပင် ဖြစ်ပြီး ချီချီထက် ရာထူးမြင့်သော သူတော်စင်ဂိုဏ်းခွဲ၏ အတွင်းစည်းအကြီးအကဲ တစ်ယောက်ပင် ဖြစ်၏။
ချီချီတို့သည် ကျွှမ်မုန်ကို တွေ့တဲ့အခါ အရိုအသေ ပြုလိုက်သည်။ ကျွှမ်မုန်သည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ငါ့ကို ဟန်ဆောင်ပြီး ရိုသေပြနေစရာမလိုဘူး " လို့ ပြောလိုက်၏။
ချီချီသည် ကျွှမ်မုန်ကို မယှဥ်နိုင်သေးသဖြင့် အေးဆေးပင် လက်နှစ်ဖက်ဆုပ်ကာ "အကြီးအကဲကျွှမ်မုန်......သဘောမတူဘူးဆိုတာ ဘာကိုဆိုလိုတာလဲ မသိဘူး " လို့ ပြောလိုက်သည်။
ကျွှမ်မုန်သည် ချီချီအား ဂရုမစိုက်ဘဲ ယန်ရှုဟွာကို ကြည့်ကာ "ငါမင်းရဲ့ ကျိန်စာဆိုရိုးစကားကို ကြားဖူးပါတယ် ၊ ဘာတဲ့ မင်းက မင်းဘဝကို ပိုင်ဆိုင်မယ့်သူက မင်းရဲ့ ကြင်နာသော အနမ်းပေးခြင်းကို ခံရမယ်ဆိုလား ၊ မင်းငါ့ကို အဲ့တာသက်သေပြနိုင်မယ်ဆိုရင် ငါဒီနေရာကနေ ချက်ချင်းထွက်ခွာသွားပေးမယ် " ဟု ပြောလိုက်၏။
ယန်ရှုဟွာသည် ထိုကျိန်စာဆိုရိုးစကားကို အမှန်တကယ်ပင် ပြောထားခြင်းဖြစ်သည်။ သူသည် မချစ်မနှစ်သက်သူကို နမ်းမိမယ်ဆိုလျှင် သူ့ရဲ့ချောလှပသော မျက်နှာမှ ရုပ်ဆိုးသော မျက်နှာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
ချီချီသည် ယန်ရှုဟွာအား ကြည့်ကာ ခေါင်းခါ နေလေသည်။ ယန်ရှုဟွာသည် ပြုံးလိုက်ပြီး "အကြီးအကဲက တောင်းဆိုမှတော့ ရှုဟွာ မငြင်းရဲပါဘူး " လို့ ပြောကာ ကျစ်ယန်အား ဆွဲဖက်နမ်းလိုက်၏။
ချီချီသည် ကြောက်ရွံစွာဖြင့် "မလုပ်လိုက်နဲ့ " လို့ အော်လိုက်လေသည်။