အခန်း (၉)
Vol. 1 Ch. 9
ယန်ရှုဟွာသည် ကျစ်ယန်အား နမ်းလိုက်သော်လည်း သူ့ရဲ့မျက်နှာမှာ ဘာမှမဖြစ်သွားခဲ့ပေ။ အနမ်းပေးခြင်းသည် မရပ်တန့်သေးသဖြင့် ကျွှမ်မုန်သည် "လုံလောက်ပြီ လုံလောက်ပြီ ၊ ဒါက မင်းတို့နှစ်ယောက်မင်္ဂလာပွဲအတွက် ငါရဲ့လက်ဆောင်ပဲ " လို့ ပြောကာ သေတ္တာဘူးလေးအား ပစ်ပေးလိုက်ပြီး ခန်းမထဲမှ ချက်ချင်း ထွက်ခွာသွားခဲ့၏။
ချီချီသည် သူ့တပည့်မှ သုညကောင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးသွားလိမ့်မည်လို့ မမျှော်လင့်ထားပေ။ အကြီးအကဲပိုင်သည်
ဟန်ဆောင်လက်ထပ်ထိမ်းမြှားခြင်းပင် ဖြစ်မည်လို့ တွေးထားခဲ့သော်လည်း အမှန်တကယ်ပင် ဖြစ်နေတဲ့အတွက် အံ့အားသင့်သွားရ၏။
ယန်ရှုဟွာသည် သေတ္တာဘူးအား ကျစ်ယန်ကို ပေးလိုက်ပြီး "ရှင်ယူထားလိုက် " လို့ ပြောလိုက်သည်။ ချီချီသည် ပြသာနာမှာ အေးဆေးပင် ဖြစ်သွားသည့်အတွက် စိတ်အေးကာ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး "ကျန်တာငါတို့ စီစဥ်မှာမို့လို့ နင်တို့ ဒီနေရာကနေ သွားလို့ရပြီ " လို့ ပြောလိုက်၏။
ထိုအခါ ယန်ရှုဟွာနဲ့ ကျစ်ယန်သည် ပြန်လည်ထွက်ခွာလာခဲ့သည်။ ယန်ရှုဟွာသည် ဓားပျံအား ထုတ်လိုက်ပြီး " နင်မီးဖိုဆောင်ကို ပဲ ပြန်မှာမလား..." လို့ မေးလိုက်သည်။ ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး "စီနီယာအမ......ကျွန်တော်ကို အဂ္ဂိရတ်ဆရာများအသင်းကို လိုက်ပို့ပေးလို့ ရမလား " လို့ ဆိုလိုက်၏။
ယန်ရှုဟွာသည် ရုတ်တရက်မျက်နှာသည် ပြောင်းလဲ၍ သွားပြီး ကျစ်ယန်အား မခေါ်ဆောင်သွားဘဲ ဓားပျံစီးကာ ထွက်ခွာသွားလေသည်။ ကျစ်ယန်သည် ကြောင်အစွာဖြင့် ခေါင်းကုတ်လိုက်ပြီး "ငါဘာအမှားများ လုပ်မိလိုက်လို့လဲ" ဟု ရေရွတ်လိုက်ရင်း အဂ္ဂိရတ်ဆရာများအသင်းကို လမ်းလျှောက်လာပါတော့သည်။
ယန်ရှုဟွာသည် ဓားပျံစီးရင်း "ဆောက်ရူးကောင်.....သေသွားတာပဲ ကောင်းတယ်" လို့ ပြောကာ ဒေါသထွက်စွာဖြင့် တစ်ယောက်ထဲ ရေရွတ်နေ၏။ကျစ်ယန်သည် အဂ္ဂိရတ်ဆရာများအသင်းတွင် ရှိသော မိန်းမပျိုကို သွားရောက်ကြည့်ရှု့သည်ဟု ယန်ရှုဟွာသည် ထင်သွားဖြစ်၍ သူဝန်တိုမနာလိုမှု ဖြစ်သွားခြင်းဖြစ်သည်။
ကျစ်ယန်သည် အဂ္ဂိရတ်ဆရာများအသင်းကို ရောက်တဲ့အခါ ဖူးအာလို့ ခေါ်သော မိန်းမပျိုတစ်ယောက်သည် လက်ပိုက်လိုက်ပြီး "သုညကောင်........ဒီတစ်ခါရော ဘယ်လိုဆေးအမယ်များ ပါလာလဲ " လို့ မေးလိုက်၏။
ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး သူ့တွင်ပါရှိလာသော အရာများကို ထုတ်ပေးလိုက်သည်။ ဖူးအာသည် မယုံနိုင်စွာဖြင့် ကျစ်ယန်ထုတ်ပေးလိုက်သော အရာများကို ကြည့်လိုက်ပြီး "ဒါ.....ဒါတွေကို နင်ဘယ်ကရတာလဲ " လို့ မေးလိုက်၏။
ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "မိန်းကလေးဖူးအာ.....ငါအဲ့တာတွေ ပြောဖို့ လိုသေးလို့လား " ဟု ပြောလိုက်သည်။ ကျစ်ယန်ရဲ့ ပုံစံသည် နဂိုနဲ့ ကွဲပြားနေသဖြင့် ဖူးအာသည် "ခဏစောင့်အုံး.....ငါ့အမချန်ကို သွားစစ်ဆေးကြည့်ခိုင်းလိုက်အုံးမယ် " ပြောကာ ကျစ်ယန်ကို ထိုင်စောင့်ခိုင်းလိုက်၏။
ချန်ယီလွင်လို့ ခေါ်သောမိန်းမပျိုလေးသည် ဆေးအမယ် ၊ ဆေးရည် ၊ ဆေးလုံးများရဲ့ အရည်အသွေးကို စစ်ဆေးပေးသောမိန်းမပျိုတစ်ယောက်ပင် ဖြစ်သည်။ ဖူးအာသည် ကျစ်ယန်ပေးလိုက်သော ဒန်တျန်ပြန်ကောင်းမွန်စေသည့် ဆေးလုံးနဲ့ ကောင်းကင်အစွယ် ဆေးရည်ကို ချန်ယီလွင်ကို ပေးလိုက်၏။
ချန်ယီလွင်သည် အေးဆေးပင် ဆေးလုံးအားအရင်စစ်ဆေးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကောင်းကင်အစွယ်ဆေးရည်အား စစ်ဆေးလိုက်ပြီး ကြောင်အသွားပြီး ချက်ချင်းပင် ထလိုက်ကာ "ဖူးအာ......ဒီဆေးရည်ကို လာရောင်းတာဘယ်သူလဲ" လို့ မေးမြန်းလိုက်၏။
ဖူးအာသည် ကြောက်လန့်သွားပြီး "စီနီယာချန်......ဒီဆေးရည်မှာ ပြသာနာရှိနေလို့လား...." လို့ မေးမြန်းလိုက်သည်။ချန်ယီလွင်သည် ခေါင်းခါလိုက်ပြီး "ငါထင်တာမမှားရင် ဒါကောင်းကင်အစွယ်ဆေးရည်ပဲ " လို့ ပြောလိုက်၏။
ကောင်းကင်အစွယ်ဆေးရည်လို့ ကြားတဲ့အခါ ဖူးအာသည်လည်း ကြောင်အသွား၏။ ကောင်းကင်အစွယ်ဆေးရည်သည် အဂ္ဂိရတ်ဆရာများအသင်းရဲ့ ခေါင်းဆောင်အကြီးအကဲတစ်ဦးဖြစ်သည့် ဇူဟန်သာ ဖော်စပ်နိုင်သော ဆေးရည်မျိုးသာ ဖြစ်သည်။
ဇူဟန်သည် သူတော်စင်ဂိုဏ်းခွဲတွင်သာမက သူတောင်စင်ဂိုဏ်းကြီးမှာပင် သူ့ထက်တော်သောသူ တစ်ယောက်မှ မရှိပေ။ ထို့ကြောင့် ချန်ယီလွင်သည် ထိုဆေးရည်လာရောင်းသောသူမှာ အကြီးအကဲခေါင်းဆောင်ဇူဟန်နဲ့ ပက်သက်သောသူသာ ဖြစ်မည်လို့ တွေးထင်လိုက်ခြင်း ဖြစ်၏။
ချန်ယီလွင်သည် စိတ်မရှည်စွာဖြင့် "ဖူးအာ......ဒီဆေးရည် ဘယ်သူလာရောင်းတာလဲဆိုတာ နင်မဖြေသေးဘူးလား " လို့ ပြောလိုက်သည်။ ဖူးအာသည် တံတွေးမျိုချလိုက်ပြီး "စီနီယာအမချန်......အဲ့ဆေးရည်ကို သုညကောင်ရှိကနေ ရလာတာပဲ " လို့ ပြောလိုက်၏။
သုညကောင်လို့ ကြားလိုက်တဲ့အခါ ချန်ယီလွင်သည် "ဒါဆို အကြီးအကဲဇူဟန်နဲ့ သုညကောင်က တစ်ခုခု ပက်သက်နေတာလား " လို့ ရေရွတ်လိုက်သည်။ဖူးအာသည် ဆေးလုံးနဲ့ဆေးရည်ကို ထည့်သိမ်းလိုက်ပြီး "စီနီယာအမချန်......ငါတို့ သူ့ကို အရင်ဆုံး စောင့်ကြည့်လိုက်ရအောင် " လို့ ပြောလိုက်၏။
ချန်ယီလွင်သည် ဖူးအာရဲ့ စကားကို ခေါင်းငြိမ့်ပြလိုက်ပြီး များစွာသော ငွေဒင်္ဂါးတုံးများကို ထုတ်ပေးလိုက်သည်။ဖူးအာသည် အပြင်သို့ ပြန်ထွက်လာပြီး ငွေဒင်္ဂါးတုံးများစွာကို ကျစ်ယန်ကို ပေးဖို့ လုပ်လိုက်၏။
ကျစ်ယန်သည် ငြင်းလိုက်ပြီး "မိန်းကလေးဖူးအာ.....ငါကို အဲ့ဒီအစား ဆေးအမယ်တချို့ ထုတ်ပေးလို့ ရမလား" လို့ ပြောလိုက်သည်။ ဆေးအမယ်များကို အမြဲလာရောင်း၍ ငွေဒင်္ဂါးတုံးများ ယူဆောင်သောသူမှ ယခုအခါ ဆေးအမယ်များ ယူဆောင်မည်ဖြစ်တဲ့အတွက် ဖူးအာသည် သူတို့ထင်သလို ဖြစ်နေမလားလို့ တွေးနေခဲ့၏။
ဖူးအာသည် ဆေးအမယ်များရှိသော နေရာသို့ သွားလိုက်ပြီး "နဆင်က ဘယ်လိုဆေးအမယ်မျိုး လိုချင်လို့လဲ " လို့ မေးလိုက်သည်။ကျစ်ယန်သည် ဖူအားရှိသော နေရာသို့ သွားလိုက်ပြီး "မိန်းကလေးဖူးအာ.....ငါ့ကို မှင်စုတ်တံနဲ့ စာရွက်တစ်ရွက် ခနလောက်ဌားပါလား" လို့ ပြောလိုက်၏။
ဖူးအာသည် ကျစ်ယန်အား တစ်ချက်ကြည့်လိုက်ပြီး သူ့သိုလှောင်ကွင်းထဲမှ စာရွက်နဲ့မှင်စုတ်တံအား ထုတ်ပေးလိုက်သည်။ ကျစ်ယန်သည် စာရွက်နဲ့စုတ်တံကို ရရှိသည်နှင့် သူ့လိုအပ်သည့် ဆေးအမယ်များ အားလုံးကို ချရေးလိုက်၏။
ချန်ယီလွင်သည် အခန်းအတွင်းမှ ကျစ်ယန်လုပ်ဆောင်နေသည်များကို ကြည့်ရှုနေလေသည်။ ကျစ်ယန်သည် လျင်မြန်စွာရေးပြီးသည်နဲ့ စာရွက်အား ပြန်ပေးလိုက်ပြီး ဖူးအာကို ချက်ချင်းပြန်ပေးလိုက်ပြီး
"မိန်းကလေးဖူးအာ......အဲ့ထဲက ဆေးအမယ်အားလုံး ရနိုင်မလား " လို့ ပြောလိုက်၏။
ဖူးအာသည် ကျစ်ယန်ပေးသော စာရွက်ကို ကြည့်လိုက်ပြီး ဆေးအမယ်များစွာကို ဖတ်ရှု့ပြီးနောက် ကြောင်အ၍ သွားသည်။ ကျစ်ယန်ရေးသားထားသည့်ထဲတွင် သူမမြင်ဖူးသော ဆေးအမယ်များပင် ပါရှိနေခြင်းပင် ဖြစ်၏။
ဖူးအာသည် စာရွက်ကို ကိုင်ထားရင်း "သုညကောင်......နင်ဘာတွေလျှောက်ရေးထားတာလဲ" လို့ ပြောလိုက်သည်။ လူတစ်ယောက်သည် ကျစ်ယန်သို့ နားကို ရောက်ရှိလာပြီး "ဖူးအာ.......နင်လက်ထဲက စာရွက်ငါ့ကို ပေးစမ်း " လို့ ပြောလိုက်သည်။
ဖူးအာသည် ထိုလူကို မြင်တဲ့အခါ "အကြီးအကဲချူတန်ကို ဖူးအာနှုတ်ဆက်ပါတယ်" လို့ ပြောလိုက်ပြီး စာရွက်ကို ပေးလိုက်၏။ ချူတန်ကို မြင်တဲ့အခါ ချန်ယီလွင်လဲ ထွက်လာပြီး နှုတ်ဆက်လိုက်သည်။
ချူတန်သည် ကျစ်ယန်ရေးထားသော စာရွက်ကို ဖတ်ရှု့လိုက်ပြီး အံ့အားသင့်သလို ဖြစ်သွား၏။ ချူတန်သည် ကျစ်ယန်ခန္ဓာကိုယ်ကို သေချာကြည့်လိုက်ပြီး "ကောင်ကလေး......မင်းရေးထားတဲ့ ဆေးအမယ်တချို့က မနက်ဖြန်မှပဲ ရလိမ့်မယ်" လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ရိုရိုသေသေပင် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ကျွန်တော်မနက်ဖြန်မှပဲ ပြန်လာခဲ့ပါ့မယ်......အကြီးအကဲ"လို့ ပြောလိုက်ပြီး ရှိနေသော ဆေးအမယ်ထုပ်များကို ယူသွားခဲ့၏။