← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

ကျစ်ယန် ထွက်ခွာသွားတဲ့အခါ ချူတန်သည် ချန်ယီခွင်နဲ့ဖူးအာတို့ နှစ်ယောက်အား ကျစ်ယန်ကို ဂရုတစိုက် ဆက်ဆံဖို့ ပြောလိုက်၏။ ချန်ယီလွင်သည် "ဦလေးချူတန်......ကိစ္စရှိလို့လား"လို့ ပြန်မေးလိုက်သည်။

ချူတန်သည် သူတော်စင်ဂိုဏ်းကြီးထံမှ သတင်းတစ်ချို့ ရရှိထား၏။

ထိုသတင်းကတော့ အဂ္ဂိရတ်အကြီးအကဲခေါင်းဆောင်ဖြစ်သော ဇူဟန်သည် တပည့်သစ်တစ်ယောက်ကို မွေးထုတ်နေခြင်း ပင်ဖြစ်၏။

ကျစ်ယန်တောင်းဆိုသည့် ဆေးအမယ်များသည် ဇူဟန်မှ ပို့ချပေးသော ဆေးအမယ်အသစ်များပင် ဖြစ်သည်။ချူတန်သည် သူတောင်ပင် ထိုဆေးအမယ်များကို ကျက်မှတ်နေရတုန်းပင် ဖြစ်၏။ထို့ကြောင့် ကျစ်ယန်သည် ဇူဟန်၏ ပထမဆုံး တပည့်ဖြစ်မည်လို့ ခန့်မှန်းလိုက်ခြင်းပင် ဖြစ်သည်။

ချန်ယီလွင်နဲ့ ဖူးအာသည် လူအားလုံး ပစ်ပယ်ထားသော သုညကောင်သည် အဂ္ဂိရတ်ပညာရပ်မှာဆရာတစ်ဆူဖြစ်သော ဇူဟန်၏ တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ထိုချိန်မှာ ချူတန်သည် "မနက်ဖြန်......မိန်းကလေးရှုဟွာရဲ့ လက်ထပ်ထိပ်မြှားပွဲ ရှိတဲ့အတွက် ငါဖော်စပ်ထားတဲ့ အကောင်းဆုံးဆေးလုံးတွေထဲက ဆယ်လုံးလောက်ကို သေချာထုတ်ပိုးထားပေးပါ " လို့ ပြောလိုက်၏။

ချန်ယီလွင်သည် ဆေးလုံးဘူးများကို သိုလှောင်ကွင်း လက်စွပ်ထဲမှ ထုတ်လိုက်ပြီး "ဦလေးချူတန်.......စီနီယာအမရှုဟွာက ဘယ်သူနဲ့ လက်ထပ်မှာလဲ " လို့ မေးလိုက်သည်။

ချူတန်သည် စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်ပြီး "မီးဖိုဆောင်ရဲ့ သုညကောင်လို့တော့ ပြောသံကြားတယ် ၊ ဘာလို့ချီချီက သူ့တပည့်မကို သုံးစားမရတဲ့ကောင်နဲ့ လက်ထပ်ထိမ်းမြှားပေးလဲ မသိပါဘူး" လို့ ပြောလိုက်၏။

သုညကောင်လို့ ကြားလိုက်တဲ့အခါ ချန်ယီလွင်သည် "ဒါဆိုအဲ့သတင်းက အမှန်ပဲလား ၊ သကောလဟလ မဟုတ်ဘူးပေါ့ " လို့ မယုံနိုင်စွာဖြင့် ရေရွတ်လိုက်လေသည်။

ကျစ်ယန်သည် မီးဖိုဆောင်သို့ ပြန်ရောက်တဲ့အခါ ထင်းစည်းများစွာသည် တော်တော်ပြည့်နေပြီ ဖြစ်၏။ မန်လန်သည် ချက်ပြုတ်နေ၍ မအားသေးသဖြင့် ကျစ်ယန်သည် သူ့အခန်းကျဥ်းလေးထဲကိုသာ ပြန်လာခဲ့၏။

ကျစ်ယန်သည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး လက်ဖဝါးများရှိ စွမ်းအားများကို ထုတ်ကာ ကြည့်လိုက်ပြီး "ဒီစွမ်းအားလောက်နဲ့ စီနီယာအမ ယန်ရှုဟွာကိုတောင် ငါယှဥ်နိုင်သေးမှာ မဟုတ်ဘူး " လို့ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။

ကျစ်ယန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲသို့ ပြန်ဝင်လိုက်၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲကို ရောက်တဲ့အခါ သူ့ဆေးမီးအိုးကို ထိန်းချုပ်လိုက်ပြီး နဂါးဘုံမီးတောက်ကို အသက်သွင်းကာ ဆေးမီးဖိုအား အပူပေးလိုက်သည်။

ထို့နောက် ကျစ်ယန်သည် ဆေးအမယ်များချိန်ဆကာ ဆေးမီးဖိုအိုးအဖုံးကိုဖွင့်ကာ တစ်ခုချင်း စတင် သန့်စင်ခဲ့၏။ ကျစ်ယန်သည် ဒီတစ်ခေါက်မှာတော့ ရွမ်လုံဒြပ်စင်ဆေးရည်ကို ဖော်စပ်ခြင်းပင် ဖြစ်သည်။

ရွမ်လုံဒြပ်စင်သည် ခန္ဓာကိုယ်ရှိ သွေးကြောများနဲ့ အရိုးများကို သန်မာစေသော ဆေးရည်မျိုးပင် ဖြစ်၏။ ကျစ်ယန်သည် ဒီတစ်ခေါက် ဆေးဖော်စပ်ရာမှာတော့ အနည်းငယ်သာ တုန်တုန်ရီရီဖြစ်နေခဲ့သည်။

ကျစ်ယန်သည် နဂါးဘုံမီးတောက်အား တဖြည်းဖြည်းလျော့ချလိုက်ပြီး "ထွက်လာခဲ့လိုက်တော့ " လို့ ပြောလိုက်တဲ့အခါ ဆေးမီးဖိုအိုးအဖုံးပွင့်သွားကာ ငွေရောင်အရည်လေးများသည် လေဟာနယ်သို့ ထွက်ရှိလာခဲ့၏။

ကျစ်ယန်သည် ဆေးအမယ်များနဲ့ အတူဝယ်လာသော ဆေးပုလင်းများစွာကို ထုတ်လိုက်ပြီး ဆေးပုလင်းများထဲသို့ ငွေရောင်ဆေးရည်များကို ခွဲထည့်လိုက်သည်။ ကျစ်ယန်သည် ​အားတင်းကာ ရွမ်လုံဒြပ်စင်ဆေးရည်၁ပုလင်းကို မော့သောက်လိုက်၏။

ရွမ်လုံဒြပ်စင်သည် ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသည်နဲ့ ကျစ်ယန်သည် စွမ်းအားများ တည်ငြိမ်အောင် ဂရုတစိုက် စုပ်ယူလိုက်လေသည်။ သို့သော် ရွမ်လုံဒြပ်စင်သည် သွေးကြောများတစ်လျှောက်ပါ စီးဆင်းသွားခဲ့ပြီး ကျစ်ယန်သည် သေလောက်ပင် မခံမရပ်နိုင်ဖြစ်ကာ ထိုင်လျက်လဲကျသွားခဲ့၏။

ကျစ်ယန်ရဲ့ သွေးကြောများသည် မီးတောက်ချော်ရည်များကဲ့ ခန္ဓာကိုယ်အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။ ကျစ်ယန်သည် ရွမ်လုံဒြပ်စင်မှာ သူ့အသက်ပါလောင်းကြေးထပ်ရလိမ့်မည်လို့ မမျှော်လင့်ထားပေ။

နာကျင်မှုဒဏ်သည် တဖြည်းဖြည်းလျော့ကျသွားတဲ့အခါမှသာ ကျစ်ယန်သည် အားတင်းကာ ပြန်ထိုင်လိုက်ပြီး စွမ်းအင်များ တည်ငြိမ်အောင် လုပ်လိုက်၏။ ကျစ်ယန်သည် သူ့ခန္ဓာကိုယ်အနှံသေချာကြည့်လိုက်တဲ့အခါ နဂိုကထက် ခုခံအားကောင်းသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားတာကို သိရှိလိုက်ရသည်။

ကျစ်ယန်သည် သူကျင့်ကြံခြင်းစွမ်းအားကို စစ်ဆေးကြည့်လိုက်တဲ့အခါ သွေးကြောနယ်ပယ်အဆင့်၁ ကို ရောက်ရှိသွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ကျစ်ယန်သည် သွေးကြောနယ်ပယ်အဆင့်ကို ရောက်ရှိသွားမှန်းသိတဲ့အခါ "ဒါဆိုငါဘိုးဘေးသွေးကြောစွမ်းအားကိုပါ အသုံးပြုလို့ ရပြီပေါ့ "လို့ ရေရွတ်လိုက်၏။

ကျစ်ယန်စကားဆုံးသည်နှင့် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ဘိုးဘေးသွေးကြောကျင့်စဥ် ဟုသော ရွှေရောင်စကားလုံးသည် ကျစ်ယန်၏ အသိဉာဏ်ပင်လယ်ထဲသို့ တိုးဝင်လာလေသည်။

ကျစ်ယန်သည် သူ့ရဲ့စိတ်ဝိညဥ်ကမ္ဘာမှာ အလွန်ပင်ထူးဆန်းနေတဲ့အတွက် အံ့အားသင့်နေရ၏။ ကျစ်ယန်သည် ဘိုးဘေးသွေးကြောကျင့်စဥ်အတိုင်းလက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အချိန်အတော်အတန်ကြာအောင် လေ့ကျင့်နေလေသည်။

အချိန်အတော်ကြာပြီးနောက် ကျစ်ယန်သည် လက်သီးစုပ်လိုက်ပြီး "ငါရဲ့လက်ရှိစွမ်းအားက စီနီယာအမရှုဟွာကိုတောင် ယှဥ်နိုင်လောက်ပြီ ထင်တယ် " လို့ ပြောလိုက်၏။ ယန်ရှုဟွာသည် သွေးကြောနယ်ပယ်အဆင့်၄ ကို ရောက်ရှိနေသူ တစ်ဦးပင် ဖြစ်သည်။

ကျစ်ယန်သည် သွေးကြောနယ်ပယ်အဆင့်၁ကို ရောက်ရှိနေပင်မယ့် သူ့ရဲ့သန်မာသော ခန္ဓာကိုယ်နှင့် အထွဋ်အထိပ်ကျင့်စဥ်များကြောင့် သွေးကြောနယ်ပယ်အဆင့်၅ကိုပင် ယှဥ်ပြိုင်နိုင်မည်လို့ ယုံကြည်ချက်အပြည့်ရှိ၏။

ကျစ်ယန်သည် ပြင်ပကမ္ဘာထဲသို့ ပြန်လည်ထွက်ရှိလာခဲ့ပြီးနောက် ရေချိုးရန် ရေကမ်းစပ်သို့ ထွက်ရှိလာခဲ့သည်။ကျစ်ယန်သည် ရေကမ်းစပ်သို့ ရောက်တဲ့အခါ အပေါ်အင်္ကျီကို ချွတ်ချလိုက်ပြီး ရေကန်အတွင်းသို့ ခုန်ချလိုက်၏။

ကျစ်ယန်သည် ရေကန်အောက်သို့ ရောက်တဲ့အခါ ချောမောလှပသော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုလေးသည် ရှက်ရွံစွာဖြင့် ရေကန်ပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး "နှာဘူးကောင်........ထွက်ခဲ့စမ်း ၊ ငါနင့်ကို သတ်ပစ်မယ် " လို့ ကြိမ်းဝါးလိုက်လေသည်။

ထိုမိန်းကလေးနာမည်ကတော့ ယန်ရှုအာ ဟု ခေါ်ဆိုပြီး ယန်ရှုဟွာရဲ့ညီမအရင်းတစ်ယောက်ပင် ဖြစ်၏။ ကျစ်ယန်သည်လည်း မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် ရေကန်ပေါ်သို့ ပြန်တက်လိုက်ပြီး "နင်ကဘယ်သူလဲ "လို့ ပြန်မေးလိုက်သည်။

ယန်ရှုအာသည် "နှာဘူးကောင်......ငါဘယ်သူလဲ နင်သိစရာမလိုဘူး ၊ ငါနင့်ကို သတ်ပစ်မယ်" လို့ ပြောကာ ဓားကို ထုတ်၍ တိုက်ခိုက်ရန် တရှိန်ထိုး ပြေးဝင်လာခဲ့၏။ ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "ဒီရေကန်က ငါချိုးနေကြနေရာလေ ၊ ချောင်းချင်ချောင်း နင်ချောင်းတယ်ပဲ ဖြစ်ရမှာလေ " လို့ ပြန်ပြောလိုက်သည်။

ယန်ရှုအာသည် ရပ်တန့်လိုက်ပြီး "မဟုတ်မှလွဲရော နင်က ငါ့ခဲအို သုညကောင် ဆိုတာလား " လို့ ပြောလိုက်၏။ ယန်ရှုအာမှ သူ့အ ခဲအိုဟု ခေါ်လိုက်သောကြောင့် ကျစ်ယန်သည် "နင်က စီနီယာအမရှုဟွာရဲ့ ညီမလား " လို့ မေးလိုက်သည်။

ယန်ရှုအာသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျစ်ယန်သည် မင်းရဲ့ရင်ဘတ်ကို တစ်ခုခုနဲ့ အရင်ဖုံးလိုက်အုံးလို့ ပြောလိုက်၏။ ထိုအခါမှသာ ယန်ရှုအာသည် ရှက်ရှက်ဖြင့် တခြားဖက်လှည့်သွားပြီး အဝတ်စတစ်ခုဖြင့် ပတ်လိုက်ပြီး "ရှင်နဲ့ကျွန်မ ကိစ္စမပြီးသေးဘူး " လို့ ပြောကာ ဓားပျံဖြင့် ပျံသန်းသွားလေသည်။

All Chapters