← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

ကျစ်ယန်တစ်ယောက်ကတော့ ကြောင်အစွာဖြင့် တစ်ယောက်ပဲ ကျန်နေခဲ့၏။ ကျစ်ယန်သည် သူ့အဝတ်အစားများကို ပြန်လဲဝတ်လိုက်ပြီး မီးဖိုဆောင်သို့ ပြန်လာခဲ့သည်။

မီဖိုဆောင်တွင် အဝတ်အစား သားနားစွာ ဝတ်ဆင်ထားသော လူများစွာကို ကျစ်ယန်သည် တွေ့လိုက်ရ၏။ ကျစ်ယန်ကို မြင်တဲ့အခါ အကြီးအကဲပိုင်သည် "သုညကောင်.......မင်းခုချိန်ထိ ပြင်ဆင်လို့ မပြီးသေးဘူးလား " လို့ ဆူဟောက်လိုက်သည်။

မန်လန်သည် အနီရောင်သတို့သားဝတ်စုံအား ယူလာ၍ ကျစ်ယန်ကို ပေးလိုက်ပြီး "မင်းမြန်မြန်ပြင်ဆင်ပြီး ထွက်လာခဲ့ " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဝတ်စုံကို ယူကာ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အခန်းထဲသို့ ​ဝင်ကာ သတို့သားဝတ်စုံအား လဲဝတ်လိုက်သည်။

ကျစ်ယန် ပြန်လည်ထွက်ရှိလာတဲ့အခါ မန်လန်သည် မီးဖိုဆောင်၏ အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့၏။ အပြင်ဘက်သို့ ရောက်တဲ့အခါ စည်းကားလွန်းလှသော လူအုပ်ကြီးနဲ့အတူ ဝေါယာဥ်တစ်ခုကို ကျစ်ယန်သည် တွေ့ရှိလိုက်ရသည်။

မန်လန်သည် ကျစ်ယန်ပုခုံအား တစ်ချက် ပုတ်လိုက်ပြီး "သုညကောင်......မင်းမသွားသေးဘူးလား " လို့ ဆူဟောက်လိုက်၏။ ထိုအခါမှသာ ကျစ်ယန်သည် မြန်မြန်လမ်းလျှောက်လိုက်ပြီး ဝေါ်ယာဥ်ရှေ့ရှိ မြင်းပေါ်တက်လိုက်သည်။

ကျစ်ယန်မြင်းပေါ်တက်လိုက်သည်နှင့် လူအုပ်ကြီးသည် စတင်ထွက်ခွာလာခဲ့၏။ ​ကြေးစည်ဆိုင်းချက်တီးသံများနဲ့ ဗြောက်အိုးဖောက်သံများနဲ့အတူ လူအုပ်ကြီးသည် ပျော်ရွင်စွာ အော်ဟစ်နေကြလေသည်။

ကျစ်ယန်သည် ဝေါ်ယာဥ်အတွင်းအား တချက် နောက်လှည့်ကြည့်လိုက်ပြီး ရှေ့ကို ဆက်သွားဖို့ မြင်းအား ခြေထောက်ဖြင့် ပုတ်လိုက်၏။ ကျစ်ယန်တို့သည် တောင်စွန်းနားသို့ ရောက်ရှိလာတဲ့အခါ ရုတ်တရက် လျှပ်စီးစွမ်းအင်အလင်းတန်းနဲ့အတူ ဓားတစ်ချောင်းသည် ကျစ်ယန်သို့သွားမည့် ရှေ့သို့ ကျရောက်လာခဲ့သည်။

ခဏအတွင်းမှာ ဓားပျံများစီးလာသော လူအဖွဲ့ထဲမှ ရှောင်ချွမ်လူတစ်ယောက်သည် "မိန်းကလေးရှုအာ......မင်းဝေါယာဥ်ထဲမှာ ရှိနေတာ ငါတို့မသိဘူး ထင်နေတာလား " လို့ ပြောလိုက်၏။ ရှုအာလို့ကြားလိုက်ရတဲ့ ကျစ်ယန်သည် ကြောင်အစွာဖြင့် "ဝေါ်ယာဥ်ထဲမှာ ရှိနေတဲ့လူက.....စီနီယာအမရှုအာလား " လို့ ရေရွတ်လိုက်မိသည်။

ဝေါယာဥ်အတွင်းမှ ဘာတုန့်ပြန်မှုမှ မရှိလာတဲ့အခါ ရှောင်ချွမ်သည်

"မိန်းကလေးရှုအာ.......မင်းကအသားနာချင်နေတာပဲ" လို့ ပြောလိုက်ပြီး သူ့ဘေးမှ လူအား မျက်စပြူလိုက်၏။ ထိုအခါ လူနှစ်ယောက်သည် ဓားပျံနဲ့အတူ ဝေါယာဥ်ရှိသို့ ပျံသန်းသွားလေသည်။

ထိုချိန်မှာပဲ အပ်ချောင်းနှစ်ချောင်းသည် ဝေါ်ယာဥ်အတွင်းမှ ထွက်ရှိလာပြီး ဓားပျံဖြင့် ပျံသန်းလာသော လူနှစ်ယောက်ရှိသို့ ရောက်ရှိသွား၏။

ဓားပျံစီးနေသော လူနှစ်ယောက်သည် သူတို့လက်ဖဝါးများဖြင့် စွမ်းအင်များထုတ်လိုက်ပြီး အပ်ချောင်းကို တိုက်ခိုက်လိုက်သည်။

အပ်ချောင်းများလွင့်ထွက်သွားသည်နှင့် ထိုနှစ်ယောက်သည် သူတို့ဓားများကို စုပ်ယူလိုက်ပြီး "ဖျက်စီးခြင်းဓားချက်"လို့ ရေရွတ်လိုက်ပြီး ဝေါ်ယာဥ်အား တိုက်ခိုက်လိုက်၏။

ဝေါ်ယာဥ်အတွင်းမှ အနီရောင်သတို့သမီး ဝတ်စုံနဲ့ မိန်းမပျိုသည် လျင်မြန်စွာ ထွက်ရှိလာပြီးနောက် ဝေါယာဥ်တစ်ခုလုံးသည် ဓားချက်စွမ်းအားနဲ့ ပျက်စီး၍ သွားသည်။ ထိုအခါ ရှောင်ချွမ်သည် ဓားပျံပေါ်မှ ခုန်ဆင်းလာခဲ့ပြီး လက်နောက်ပစ်ကာ "မိန်းကလေးရှုအာ

......နတ်ဓားသခင်လေးက မင်းကိုလိုချင်နေတဲ့အတွက် ကျွန်တော်တို့နဲ့ အေးဆေးလိုက်ခဲ့ပါ " လို့ ပြောလိုက်၏။

ယန်ရှုအာသည် ဒေါသထွက်စွာဖြင့် "အဲ့တဏှာရူးကောင်နဲ့ နေရမယ့်အစား ငါသုညကောင်နဲ့ပဲ လက်ထပ်လိုက်မယ် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဘာတွေဖြစ်လို့ ဖြစ်နေမှန်း သေသေချာချာ မသိပေ။

ရှောင်ဟွမ်သည် ကျစ်ယန်အား တချက်ကြည့်လိုက်ပြီး "သုညကောင်ဆိုတာမင်းလား.....ငါမင်းရဲ့ဂုဏ်သတင်းကိုတော့ ကြားမိနေတာ အတော်ကြာပြီ.... ဟားဟားဟား"လို့ သူ့အဖွဲ့နဲ့အတူ အော်ဟစ်ရယ်မောလိုက်ကြ၏။

ရှောင်ဟွမ်ဘေးမှ ကောလုံဆိုသော လူသည် ပြုံးစွာဖြင့် "စီနီယာအကိုဟွမ်......ကျွန်တော်တို့ ဒီကောင်ကို သတ်လိုက်မယ်ဆိုရင် ဘယ်လိုလဲ " လို့ ပြောလိုက်သည်။

ထိုအခါ ရှောင်ဟွမ်ရဲ့ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအဖြစ်သို့ ချက်ချင်း ပြောင်းလဲ၍ သွားပြီး "ကောလုံ......မင်းအကြံဉာဏ်မဆိုးဘူး " လို့ ပြောလိုက်၏။

ရှောင်ဟွမ်တို့သည် ကျစ်ယန်အား မကောင်းကြံတော့မည်ကို သိတဲ့အခါ ယန်ရှုအာသည် ကျစ်ယန်ရှိသို့ လျင်မြန်စွာသွားလိုက်ပြီး လက်ဆွဲခေါ်ကာ လျင်မြန်စွာ ထွက်ပြေးပါတော့သည်။ ရှောင်ဟွမ်သည် ပြုံးလိုက်ပြီး "မင်းတို့အဆင့်နဲ့ ငါတို့လက်ထဲက လွတ်မြောက်ဖို့ဆိုတာ စိတ်ကူးယှဥ်နေတာပဲ "လို့ ပြောလိုက်ပြီး ဓားပျံများစီးကာ ကျစ်ယန်တို့ နောက်ကို လိုက်ပါတော့သည်။

ယန်ရှုအာသည် သူရဲ့ဓားပျံနဲ့အတူ ကျစ်ယန်အား ခေါ်ဆောင်ကာ တောင်စွန်းပေါ်မှ ​ပျံသန်းလာခဲ့၏။ ရှောင်ဟွမ်တို့ အဖွဲ့သည်လည်း ကျစ်ယန်တို့နောက်မှ အဆက်မပြတ်လိုက်ကာ လိုက်လံတိုက်ခိုက်နေလေသည်။

ရှောင်ဟွမ်သည် ဓားပျံနဲ့အတူ ပျံသန်းရင်း သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "နတ်ဆိုးနဂါးအလင်းတန်း " လို့ ရေရွတ်လိုက်၏။ ထိုအခါ ရှောင်ဟွမ်ရှေ့ရှိ အပြာရောင်စက်ဝန်းထဲမှ နဂါးပါရှိသော အလင်းတန်းကြီးထွက်ရှိလာပြီး ကျစ်ယန်တို့ရှိ စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားခဲ့သည်။

ယန်ရှုအာသည်လည်း သူ့လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်တဲ့အခါ ရွှေဝါရောင်အကာအကွယ်အစီအရင်စက်ဝိုင်း တစ်ခု ထွက်ရှိလာပြီး ရှောင်ဟွမ်ရဲ့ တိုက်ခိုက်မှုကို ကာနိုင်လိုက်၏။

ယန်ရှုအာသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးလုံးတစ်ခုအား ထုတ်လိုက်ပြီး သူ့စွမ်းအားနဲ့ အသက်သွင်းလိုက်တဲ့အခါ ချက်ချင်းပင် ပတ်ဝန်းကျင်မှာ မြူဆိုင်းသွားပြီး ဘာမှ မမြင်ရတော့ပေ။ ယန်ရှုအာသည် သူ့အားမြဲမြဲကိုင်ထားဖို့ ကျစ်ယန်အား ပြောလိုက်ပြီး ဓားပျံရဲ့ အရှိန်နှုန်းအား မြှင့်တင်လိုက်သည်။

ရှောင်ဟွမ်သည် သူတို့ ရှေ့ရှိ မြူဆိုင်းကို တွေ့လိုက်ရတဲ့အခါ သူ့လက်ထဲက ဓါးကို ဝှေ့ရမ်းကာ တိုက်ခိုက်လိုက်ပြီး "အဲ့လောက်နဲ့ ငါတို့လှည့်စားဖို့ ကြံစည်နေတာလား " လို့ ရယ်မောစွာ ပြောလိုက်၏။

ရှောင်ဟွမ်ရဲ့ဓါးချက်ကြောင့် မြူဆိုင်းကြီးသည် ချက်ချင်း ပျောက်ကွယ်၍ သွားလေသည်။ ထိုချိန်မှာ ယန်ရှုအာနဲ့ ကျစ်ယန်သည် ရှောင်ဟွမ်တို့ ရှေ့မှ လုံးဝ ပျောက်ကွယ်၍ သွားခဲ့ပြီ ဖြစ်၏။

ရှောင်ဟွမ်သည် ကျစ်ယန်တို့ကို မတွေ့တဲ့အခါ ဒေါသထွက်စွာဖြင့် "သေစမ်း.......ဘယ်ပျောက်သွားတာလဲ ၊ မင်းတို့တွေ အမြန်လိုက်ကြစမ်း " လို့ အမြန် ပြောလိုက်သည်။

ထိုအခါ ကျန်ရှိသော လူများသည် ရှောင်ဟွမ်ရှေ့မှ တစ်ယောက်ပြီးတစ်ယောက် ဓားပျံများဖြင့် ပျံသန်းသွားကြ၏။တောင်ခြေအောက်သို့ ရောက်တဲ့အခါ ယန်ရှုအာသည် ကျေးရွာတစ်ရွာထဲသို့ လျင်မြန်စွာ ပျံသန်းဝင်လာသည်။

ထိုရွာ၏ နာမည်ကတော့ ချင်းရှန်ရွာပင် ဖြစ်ပြီး လက်နက်သန့်စင်တဲ့နေရာမှာ နာမည်ကြီးသော ရွာတစ်ရွာပင် ဖြစ်၏။ယန်ရှုအာသည် ခြံဝန်းတစ်ခုထဲသို့ ဝင်လာခဲ့ပြီး တံခါးကို လျင်မြန်စွာ ပိတ်လိုက်သည်။

ကျစ်ယန်တို့ နောက်အား လူတစ်ယောက်သည် ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့၏။ ထိုလူသည် ယန်ရှုအာကို မြင်တဲ့အခါ "သခင်မလေး......ဘယ်လိုလုပ်ပြီး ဒီကိုရောက်ရှိလာတာလဲ " လို့ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ထိုအခါ ယန်ရှုအာသည် စိတ်ပျက်သော အမူအယာဖြင့် ဖြစ်ကြောင်း အကုန်ပြောပြလိုက်သည်။ ယန်ရှုအာပြောသောစကားများကြောင့် ကျစ်ယန်သည် ကြောင်အသွားခဲ့၏။ ကျစ်ယန်တို့အား လိုက်လံသတ်ဖြတ်သော အဖွဲ့သည် သူတော်စင်ဂိုဏ်းကြီး၏ အတွင်းစည်းတပည့်ဝင်များထဲမှ လက်ရွှေးစင် တပည့်တစ်ယောက်ပင် ဖြစ်သည်။

ထိုလူသည် နတ်ဓားသခင်ဟူသော အမည်နဲ့ ကျော်ကြားပြီး ဝိညဥ်ပလ္လင်အဆင့်ကျင့်ကြံသူပင် ဖြစ်၏။ဝိညဥ်ပလ္လင်အဆင့်ကျင့်ကြံသူသည် သူတို့ရဲ့စွမ်းအားကို တိုက်ခိုက်ရေးအတွက်ပင် မဟုတ်ဘဲ ခုခံကာကွယ်ရေးသံချပ်ကာအဖြစ်ပင် ပြောင်းလဲနိုင်သည်။

All Chapters