← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

ထိုချိန်မှာပဲ အပြင်ဘက်မှ တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာခဲ့၏။ ထိုအခါ ယန်ရှင်းလို့ခေါ်သောလူသည် ကျစ်ယန်နဲ့ ယန်ရှုအာအား လိုက်ကာလေး နောက်တွင် အမြန်ဝင်ခိုင်းလိုက်သည်။

ကျစ်ယန်နဲ့ယန်ရှုအာသည် သေးငယ်သောခန်းစီး လိုက်ကာလေးနောက်တွင် ခန္ဓာကိုယ်ချင်း နီးကပ်စွာ နေရသဖြင့် မျက်နှာများ ရှောင်လွဲထားကြ၏။

ယန်ရှင်းသည် တံခါးအား ဖွင့်လိုက်တဲ့အခါ လူနှစ်ယောက်သည် အခန်းအတွင်းသို့ ချက်ချင်းပင် ဝင်လာခဲ့ပြီး အခန်းတစ်ခုလုံးအား ပတ်ကြည့်လိုက်သည်။ ယန်ရှင်းသည် ရယ်ရယ်ပြုံးပြုံးဖြင့် "သခင်လေးတို့ ဘာလက်နက်များသန့်စင်ချင်လို့ ကျွန်တော်ရှိလာရတာလဲ " ဟု လက်နှစ်ဖက်ဆုပ်ရင်း ဖော်ရွှေကာ ပြောလိုက်၏။

သို့သော်နှစ်ယောက်လုံးသည် ဘာမှထူးခြားတာကို မတွေ့တဲ့အခါ ချက်ချင်းအခန်းအပြင်ကို ပြန်ထွက်သွားခဲ့သည်။ ကျစ်ယန်နဲ့ ယန်ရှုအာသည်လဲ ခန်းစီးလိုက်ကာလေးနောက်မှ ပြန်ထွက်လာခဲ့၏။

ယန်ရှုအာ၏ မျက်နှာတစ်ခုလုံးသည် နီရဲနေသဖြင့် "သခင်မလေး......နင့်မျက်နှာတစ်ခုလုံး နီရဲနေတာပဲ ၊ နင်ဒဏ်ရာရလာတာလား " လို့ မေးလိုက်သည်။

ယန်ရှုအာသည် ခေါင်းခါလိုက်ပြီး "ဦလေးယန်ရှင်း......ဆရာတို့စိတ်ပူနေလောက်ပြီဖြစ်တဲ့အတွက် သတင်းအမြန်ပို့ပေးပါအုံး " လို့ ပြောလိုက်၏။

ထိုအခါ ယန်ရှင်းလဲ အခန်းအတွင်းသို့ အမြန်သွားလိုက်ပြီး စာတစ်စောင်ရေးကာ စာပို့ခိုလေးအား ပြတင်းပေါက်မှ ပစ်လွှတ်လိုက်သည်။ ယန်ရှင်းသည် အခန်းအတွင်းမှ ပြန်ထွက်လာပြီး "သခင်မလေး......ဒီနေ့တော့ နင်တို့ နှစ်ယောက်ဒီမှာ အနားယူတာ အကောင်းဆုံးပဲ " လို့ ပြောလိုက်၏။

ယန်ရှုအာသည်လည်း ယန်ရှင်းအား ခေါင်းငြိမ့်ပြလိုက်ပြီး ကျစ်ယန်ကို ကြည့်ကာ "သုညကောင်......နင့်မှာ တခြားသွားစရာနေရာရှိလား " လို့ မေးလိုက်သည်။ သူတော်စင်ဂိုဏ်းခွဲရှိ မီးဖိုဆောင်သည် သူ့ရဲ့ ကိုယ်ပိုင်နေရာတစ်ခုထဲ ဖြစ်သည်မို့ ကျစ်ယန်သည် ခေါင်းခါပြလိုက်၏။

ယန်ရှုအာသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး ကျစ်ယန်အတွက်နေရာစီစဥ်ပေးဖို့ ယန်ရှင်းအား ပြောလိုက်သည်။ ယန်ရှင်းသည် ပန်းအိုတစ်လုံးကို ရွေ့လိုက်တဲ့အခါ ကျောက်နံရံကြီးသည် တံခါးပေါက်ဖြစ်သွားပြီး အခန်းကျယ်တစ်ခုရှိနေသည်ကို ကျစ်ယန်သည် တွေ့လိုက်ရ၏။

ယန်ရှင်းသည် ကျစ်ယန်နဲ့ ယန်ရှုအာတို့ နှစ်ယောက်အား အခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အခန်းလွတ်များကို လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထိုအခန်းငယ်လေးသည် လှပသေသပ်ပြီး သူ့အခန်းထက်ပင် ကျယ်နေသဖြင့် ကျစ်ယန်သည် နေရတာ တစ်မျိူးပင် ဖြစ်နေခဲ့၏။

ကျစ်ယန်သည် အခန်းငယ်ရှိ ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲသို့ ပြန်ဝင်လိုက်သည်။ ကျစ်ယန်သည် သွေးကြောနယ်ပယ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် အတွက် သူဖော်စပ်ထားသော ရွမ်လုံဒြပ်စင်ဆေးရည်ပုလင်းအား မော့ချလိုက်ပြီး စွမ်းအားများကို စတင်စုစည်းလိုက်၏။

ရွမ်လုံဒြပ်စင်ရဲ့ဆေးအာနိသင်သည် သူရဲ့သွေးကြောများကို သန်မာအားကောင်းစေလာသော်လည်း သေလောက်သော နာကျင်မှုဒဏ်အား ကျစ်ယန်သည် ကြိတ်မှိတ်ကာ သည်းခံနေခဲ့သည်။ တစ်ရက်နဲ့တစ်ညပင် ကုန်ဆုံးသွားတဲ့အခါ ကျစ်ယန်သည် သွေးကြောနယ်ပယ်အဆင့်၅ကိုပင် ထိုးဖောက်နိုင်သွားခဲ့၏။

ထိုချိန်မှာ" သုညကောင်.....သုညကောင် ၊ နင်ခုချိန်ထိမထသေးဘူးလား "လို့ အော်ခေါ်နေသော ယန်ရှုအာရဲ့အသံကို ကျစ်ယန်သည် ကြားလိုက်ရသည်။ ကျစ်ယန်သည် တံခါးဖွင့်ကာ အပြင်ဘက်သို့

ထွက်လာခဲ့ပြီး "စီနီယာအမ.......ဘာကိစ္စရှိလို့လဲ " လို့ မေးလိုက်၏။

ယန်ရှုအာသည် ဓားစက်ဝိုင်းတံဆိပ်ပါသော နက်ပြာဝတ်ရုံအား ပေးလိုက်ပြီး "နင်ကိုရှင်းပြဖို့ အချိန်မရှိဘူး ၊ ဒီဝတ်ရုံကို သေချာလုံအောင် ဝတ်ပြီး ငါနောက်က အေးဆေးလိုက်ခဲ့" လို့ ပြောလိုက်သည်။

ယန်ရှုအာသည် သူ့ဆရာရှိမှ အမိန့်စာရရှိပြီးပြီဖြစ်၏။ ချီချီသည် သူ့တပည့်နှစ်ယောက်ဖြစ်သော ယန်ရှုဟွာနဲ့ ယန်ရှုအာအား ထျန်းလောမြို့မှ ထွက်ခွာ၍ တခြားသော အမျိုးသမီးသီးသန့်ရှိသော ကြာပန်းနတ်သမီးဂိုဏ်းတစ်ခုတွင် နေစေရန် စေခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

လူ၅ယောက်စီအဖွဲ့ရှိသော အဖွဲ့၁၀သည် ကုန်းလှည်းများကို တွန်းကာ ထျန်းလောမြို့၏ မြို့တံခါးပေါက်သို့ ရောက်ရှိလာကြ၏။ ထိုအဖွဲ့ထဲတွင် ကျစ်ယန်နဲ့ယန်ရှုအာသည် ပါနေခဲ့ကြသည်။

တခြားသော ကုန်သည်သမားများသည်လည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ မြို့ပြင်ဘက်သို့ ထွက်သွားနေကြ၏။ တံခါးပေါက်တွင် စောင့်နေသော စစ်သည်တော်များသည် ပစ္စည်းများကိုသာ အဓိက စစ်ဆေးနေကြသဖြင့် ကျစ်ယန်တို့သည် ထျန်းလောမြို့၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့သည်။

ကျစ်ယန်နဲ့ယန်ရှုအာသည် ကုန်သည်အဖွဲ့မှ ခွဲထွက်၍ တောတစ်ခုအတွင်းကို ပြေးလာခဲ့ကြ၏။ ထိုချိန်တွင် "ဟားဟားဟား.....ရှုအာ ၊ မင်းက ကိုယ့်လက်ထဲက လွတ်မြောက်မယ်ထင်နေတာလား " ဟုသော အသံတစ်ခုအား ကျစ်ယန်တို့သည် ကြားလိုက်ရသည်။

ယန်ရှုအာသည် သူ့ရဲ့ဓားအား ထုတ်လိုက်ပြီး "ကြည့်ရတာငါတို့ သစ္စာဖောက်ခံလိုက်ရပြီထင်တယ် "လို့ ပြောလိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျစ်ယန်တို့သည် လူ၁၀ယောက်ကျော်ရဲ့ ဝန်းရံခြင်းကို ခံလိုက်ရသည်။

ထိုထဲမှ လူတစ်ယောက်သည် လက်နှစ်ဖက်ဆုပ်ကာ "သခင်မလေး.....ငါ့တောင်းပန်ပါတယ် "ဟု ပြောလိုက်၏။ ထိုလူတော့ ယန်ရှင်းမှ လွဲ၍ တခြားလူမဟုတ်ပေ။ ယန်ရှင်းသည် ရှောင်ဟွမ်တို့အဖွဲ့နဲ့ ပူပေါင်းနေမှန်း ယန်ရှုအာသည် သိလိုက်ရ၏။

ယန်ရှုအာသည် သူ့ရဲ့ဓားအား ပွတ်ဆွဲလိုက်ပြီး "ငါသေရမယ်ဆိုရင်တောင် နင်တို့ နောက်ကို လိုက်မှာ မဟုတ်ဘူး " လို့ ရေရွတ်လိုက်ပြီး စတင်တိုက်ခိုက်လိုက်၏။

ထိုအခါ လူတစ်ချို့သည်လည်း သူတို့လက်နက်အချို့ကို ထုတ်ကာ ယန်ရှုအာကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ယန်ရှုအာနဲ့ လူတချို့ တိုက်ခိုက်နေချိန်တွင် ရှောင်ဟွမ်သည် ကျစ်ယန်အား လက်ညိုးထိုးကာ "သခင်လေး......သုညကောင်ဆိုတာ အဲ့ကောင်ပဲ " လို့ ပြောလိုက်၏။

ထိုအခါ နတ်ဓားသခင်လေးလို့ အမည်တွင်သော လီဟုန်သည် ရက်စက်သောအပြုံးဖြင့် "ငါခုချက်ချင်း သူ့အသက်လိုချင်တယ်" လို့ ပြောလိုက်သည်။ လီဟုန် ပြောလိုက်သည်နဲ့ ရှောင်ချွမ်သည် သူ့ရဲ့ဓားကို ထုတ်ကာ "လေဟုန်ဖြတ်ဓားကျင့်စဥ်" လို့ အော်ဟစ်လိုက်ပြီး ကျစ်ယန်အား ခုတ်ချလိုက်၏။

ယန်ရှုအာသည် ရှောင်ဟွမ်ဓားချက်ကို မြင်လိုက်တဲ့အခါ ကျစ်ယန်အားကာကွယ်ချင်ပေမယ့် သူ့အား ပိတ်ပင်ခံထားရသဖြင့် ရုန်းထွက်၍ မရခဲ့ပေ။ တစ်ချိန်ထဲမှာပဲ လီဟုန်သည် "နတ်ဓားတံဆိပ်လက်ဖဝါး" လို့ ရေရွတ်လိုက်ပြီး သူ့လက်ဖဝါးဖြင့် ယန်ရှုအာအား အလစ်တိုက်လိုက်၏။

ယန်ရှုအာသည် "နင်....နင် " လို့ ပြောရင်း မြေပေါ်သို့ ပစ်လဲကျသွားသည်။ လီဟုန်သည် ကိစ္စပြီးပြတ်သွားပြီထင်၍ ယန်ရှုအာကို ပွေ့ချီလိုက်ပြီး နောက်လှည့်ကြည့်လိုက်တဲ့အခါ ကျစ်ယန်သည် ဘာမှမဖြစ်သေးတာကို တွေ့တဲ့အခါ ဒေါသထွက်၍ သွားသည်။

လီဟုန်သည် ဒေါသထွက်စွာအသံဖြင့် "ရှောင်ဟွမ်......မင်းဘာလို့

အချိန်တွေ ဆွဲနေတာလဲ" လို့ ပြောလိုက်၏။ ရှောင်ဟွမ်သည် သူ့ရဲ့ဓားချက်များကို အလွယ်တကူ ရှောင်နိုင်နေသောကြောင့် ကျစ်ယန်ကို အံ့အားသင့်သောအကြည့်ဖြင့် ကြည့်ကာ "မင်းက သုညကောင်ဆိုတာ ဟန်ဆောင်ထားတာပဲ " လို့ ပြောလိုက်သည်။

ထိုစကားကြောင့် ဘေးတွေ ရှိနေသော လူများ အားလုံး ကြောင်အသွားကြ၏။ လီဟုန်သည် ရက်စက်သော အကြည့်ဖြင့် "ရှောင်ဟွမ်......သူ့က ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် သူ့ကို သတ်နိုင်ဖို့ မင်းမှာ စွမ်းအားမရှိဘူးလား " လို့ ပြောလိုက်သည်။

ရှောင်ဟွမ်သည် သူ့ဓားအား စွမ်းအားများပို့လွှတ်လိုက်ပြီး ကျစ်ယန်အား ဓားဖြင့် ရွယ်ကာ "ငါမင်းကို အထင်သေးမိသွားတယ် " လို့ ပြောလိုက်ပြီး သူ့ဓားအား လေပေါ်သို့ ထောင်လိုက်၏။

ထိုအခါ ရှောင်ဟွမ်ဓားထိပ်မှ အဖြူရောင်အလင်းတန်းကြီးသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားပြီး ကောင်းကင်ယံမှာ မှောင်မဲကာ မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာခဲ့သည်။ လီဟုန်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် "လက်စသတ်တော့ မင်းက ကောင်းကင်မိုးကြိုးဓားကျင့်စဥ်ကို တက်မြောက်သွားပြီပဲ" လို့ ချီးကျူးပြောဆိုလိုက်၏။

All Chapters