← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

ရှောင်ဟွမ်သည် သူ့ရဲ့ဓားတွင် စွမ်းအားများပြည့်ဝလာတဲ့အခါ "သွားသေလိုက်တော့....... " အော်ဟစ်ကာ သူ့ဓားအား ခုတ်ချလိုက်သည်။

အဖြူရောင်ဓားချီအလင်းတန်းကြီးသည် သူ့နဲ့တစ်ပေအကွာသာ ရောက်ရှိလာတဲ့အခါ ကျစ်ယန်သည် သူ့လက်သီးတွင် စွမ်းအားများစုစည်းလိုက်ပြီး "သဏ္ဍာန်မဲ့ပေါက်ကွဲလက်သီး" လို့ အော်ဟစ်ကာ ထိုးချလိုက်၏။

သုံးဆင့်ပေါက်ကွဲလက်သီးသည် ဘိုးဘေးသွေးကြောစွမ်းအားကို အသုံးပြုရသော သိုင်းကျင့်စဥ်တစ်ခုပင် ဖြစ်သည်။ ရွှေဝါရောင်ရှိသော လျှပ်စီးလက်သီးစွမ်းအင်ကြီးသည် အဖြူရောင်ဓားချီအလင်းတန်းအား တစ်ချက်ထဲနဲ့ ဖျက်ဆီးလိုက်တဲ့အခါ လီဟုန်တို့ တစ်ဖွဲ့လုံးသည် ရူးခါ၍ သွား၏။

ရှောင်ဟွမ်သည် မယုံနိုင်စွာဖြင့် "ဒါဘယ်လိုဟာသကြီးလဲ.......ငါအိပ်မက်မက်နေတာများလား...." လို့ ရေရွတ်လိုက်မိသည်။ ကြောက်စရာကောင်းသော စွမ်းအားအရှိန်အဝါတစ်ခုသည် သူတို့အား ဦးတည်လာတာကို ခံစားလိုက်ရသဖြင့် လီဟုန်သည် အားလုံးကို နောက်ဆုတ်ဖို့ အော်ဟစ်လိုက်ပြီး ခုခံရေးသံချပ်ကာ စွမ်းအင်အား အမြန် ဖော်ထုတ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ လီဟုန်မှ လွဲ၍ ကျန်သော သူအားလုံးသည်

လွင့်ပြန်ထွက်သွားပြီး သွေးများပင် အန်ထွက်ကာ အသက်သေဆုံးသွားကြ၏။ လီဟုန်သည် သူ့လူများသေဆုံးသွားသည်ကို တွေ့လိုက်ရတဲ့အခါ ယန်ရှုအာကို ပစ်ချလိုက်ပြီး "ကြည့်ရတာ မင်းရဲ့အစွမ်းအစက ငါ့ထက်မနိမ့်ကျဘူးပဲ " လို့ ပြောလိုက်သည်။

သဏ္ဍာန်မဲ့ပေါက်ကွဲလက်သီးကျင့်စဥ်သည် ကျင့်စဥ်အမည်အတိုင်းပင် ပျောက်ကွယ်နေသော လက်သီးများစွာပင် ပါဝင်နေခဲ့၏။ အဆင့်မြင့်ကျင့်ကြံသူတွေသာ ပျောက်ကွယ်နေသည့် လက်သီးစွမ်းအားကို အပြည့်အဝကို သိမြင်နိုင်စွမ်း ရှိနိုင်မည် ဖြစ်သည်။

လီဟုန်သည် ကွဲကြေသွားသော သူရဲ့ ခုခံရေးသံချပ်ကာစွမ်းအင်ကို ဖယ်ရှားလိုက်ပြီး သိုလှောင်ကွင် လက်စွပ်ထဲမှ သူ့ရဲ့ဓားကို ထုတ်လိုက်၏။ လီဟုန်သည် သူ့ရဲ့ဓားအား ပွတ်ဆွဲလိုက်ပြီး "မင်းနဲ့ငါရဲ့ ကြားက ကွာခြားမှုကို ပြရသေးတာပေါ့ " လို့ ပြောလိုက်ပြီး သူ့ရဲ့ဓားဖြင့် ကျစ်ယန်အား ပစ်သွင်းတိုက်ခိုက်လိုက်သည်။

လီဟုန်ရဲ့ ဓားကြီးသည် လေထဲတွင်ပဲ ဧရာမဓားကြီးအဖြစ်သို့ ပြောင်းလဲကာ လျင်မြန်သောနှုန်းဖြင့် ကျစ်ယန်ရှိသို့ ဦးတည်သွားခဲ့သည်။

ကျစ်ယန်သည် သွေးကြောနယ်ပယ်အဆင့်၅ကိုသာ ရောက်ရှိနေသေးသော်လည်း ဝိညဥ်ပလ္လင်အဆင့်ကျင့်ကြံသူကို တိုက်ခိုက်ဖို့ ယုံကြည်ချက်အပြည့် ရှိနေ၏။ ကျစ်ယန်သည် မြေပြင်တွင် ရှိနေသော ဓားတစ်လက်အား စုပ်ယူလိုက်ပြီး ဓားတစ်သောင်းကျင့်စဥ်ကို ပုံဖော်ကာ တိုက်ခိုက်လိုက်သည်။

ထိုအခါ ကျစ်ယန်ရဲ့ ဘေးနားရှိ လေဟာနယ်အပေါက်များစွာမှ ရွှေရောင်လျှပ်စီးဓားများစွာ ထွက်ရှိလာပြီး လီဟုန်၏ ဧရာမဓားကြီးကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်တဲ့အပြင် အားမလျော့သည့်အရှိန်ဖြင့် လီဟုန်ရှိသို့ ရောက်ရှိသွားခဲ့၏။

လီဟုန်သည် သူ့ရှိလာနေသော ဓားများကို တွေ့ရတဲ့အခါ ကြောက်လန့်သော မျက်နှာအဖြစ်သို့ ပြောင်းလဲကာ "အဲ့တာ ဓားတစ်သောင်းကျင့်စဥ်မလား " လို့ တိုးတိတ်စွာရေရွတ်လိုက်သည်။ လီဟုန်သည် ​ချက်ချင်းပင် သူ့စွမ်းအားများကို စုစည်းလိုက်ပြီး ခုခံရေးသံချပ်ကာ ဝတ်ရုံစွမ်းအင်အား ထပ်မံဖန်တီးလိုက်၏။

သို့သော် လီဟုန်သည် သူ့ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ကျစ်ယန်ရဲ့ ဓားတစ်သောင်းကျင့်စဥ်စွမ်းအင်သည် သူ့ထင်ထားတာထက်ပင် ပို၍ သန်မာအားကောင်းလွန်းနေခဲ့၏။

စက္ကန့်ပိုင်းအတွင်းမှာပင် လီဟုန်ရဲ့ခုခံရေးသံချပ်ကာဝတ်ရုံ စွမ်းအင်မှာ ပျက်စီးသွားပြီး ​သေလောက်အောင်နာကျင်ခံစားရမှုနဲ့ အတူ လီဟုန်သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့သည်။ လီဟုန်သည်

သူ့အားမသတ်ဖို့ ကျစ်ယန်အား တောင်းဆိုချင်ပင်မယ့် များစွာသော ဓားများသည် သူ့ခန္ဓာကိုယ်အား ထိုးဖောက်သွားသဖြင့် သေဆုံးသွားခဲ့၏။

ကျစ်ယန်သည် သူ့လက်ထဲရှိ ဓားအား ကြည့်လိုက်ပြီး "ကြည့်ရတာ ငါတက်မြောက်ထားတဲ့ ကျင့်စဥ်တွေက ​နတ်ဘုရားတစ်ပါးမှာ

ရှိတဲ့ ကျင့်စဥ်တွေပဲ ဖြစ်ရမယ် " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် ဘိုးဘေးသွေးကြောကျင့်စဥ်ထဲတွင် ပါဝင်သော ဖျက်ဆီးခြင်းကိုးပါးကျင့်စဥ်အား အသုံးပြုကာ အလောင်းများ အားလုံးကို လက်စဖျောက်လိုက်၏။ ထိုအခါ လီဟုန်ရဲ့ သိုလှောင်ကွင်း လက်စွပ်လေးသည် မြေပြင်ပေါ်တွင် ကျန်နေခဲ့သည်။

ကျစ်ယန်သည် ထိုသိုလှောင်ကွင်း လက်စွပ်အား စုပ်ယူလိုက်ပြီး သူ့လက်တွင် စွပ်ထားလိုက်၏။ ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်ပေါ်သို့ သူ့သွေးစက်အားချလိုက်တဲ့ သိုလှောင်ကွင်းလက်စွပ်အား အသုံးပြု၍ ရသွားခဲ့သည်။

ကျစ်ယန်သည် မေ့မြောနေသော ယန်ရှုအာကို ကုန်းပိုးကာ ယန်ရှုအာရဲ့ ဓားကို ဆုပ်ကိုင်၍ ထိုနေရာမှ ထွက်ခွာလာခဲ့၏။ အချိန်သည် တစ်နာရီမျှ ကြာတဲ့အခါ ယန်ရှုအာသည် နိုးလာခဲ့သည်။ ယန်ရှုအာသည် မျက်လုံးများပွင့်လာတဲ့အခါ ​ကျစ်ယန်ရဲ့ ကျောပေါ်သို့ ရောက်ရှိနေမှန်း သိလိုက်ရ၏။

ယန်ရှုအာသည် အားပျော့စွာဖြင့် "ငါ့ကိုအောက်ချပေး.....ငါ့ကိုအောက်ချပေး " လို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ကျစ်ယန်သည် သစ်ပင်အောက်တစ်ခုသို့ ရောက်တဲ့အခါ ချပေးလိုက်ပြီး "စီနီယာအမ......နင်သတိရလာပြီလား " လို့ မေးလိုက်၏။

ယန်ရှုအာသည် သူ့ရဲ့ခေါင်းကို ပြန်ကိုင်လိုက်ပြီး "ငါတို့ ဒီနေရာကို ဘယ်လို လုပ်ရောက်လာတာလဲ " လို့ ပြောလိုက်သည်။ယန်ရှုအာသည် ဘာတွေဖြစ်ပျက်သွားမှန်း မသိတဲ့အတွက် ကြောင်အနေခဲ့၏။

လီဟုန်တို့ လက်ထဲမှ လွတ်မြောက်လာလိမ့်မည်ဟု ယန်ရှုအာသည် မျှော်လင့်မထားပေ။ယန်ရှုအာသည် ပတ်ဝန်းကျင်အား သေချာကြည့်လိုက်ပြီး "ဆရာတို့နဲ့ ချိန်းထားတဲ့နေရာရောက်ဖို့ သိပ်မလိုတော့ဘူးပဲ " လို့ ပြောလိုက်ပြီး ထဖို့ လုပ်လိုက်၏။

သို့သော် ယန်ရှုအာသည် မတ်တပ်မရပ်နိုင်ဘဲ လဲကျမလို ဖြစ်သွားသည်။ ကျစ်ယန်သည် အချိန်မှီလှမ်းဆွဲလိုက်နိုင်တဲ့အတွက် ယန်ရှုအာသည် ကျစ်ယန်ရဲ့ ရင်ခွင်ထဲသို့ ကျရောက်သွားခဲ့၏။

ယန်ရှုအာသည် ရှက်ရှက်ဖြင့် ကျစ်ယန်အား တွန်းထုတ်၍ သစ်ပင်အား ကိုင်ကာ ပြန်ထိုင်ချလိုက်သည်။ ယန်ရှုအာသည် စိတ်ပျက်သော အမူအယာဖြင့် "ငါ့စွမ်းအင်တွေ ပြန်ပြည့်ဝဖို့ ဒီမှာ ခဏနားရမယ် ထင်တယ် " လို့ ​ရေရွတ်လိုက်၏။

ယန်ရှုအာသည် သိုလှောင်ကွင်း လက်စွပ်ထဲမှ ဆေးပုလင်းအား ထုတ်၍ လိမ္မော်ရောင် ဆေးလုံးတစ်လုံးအား မော့ချလိုက်သည်။ဆေးလုံးသောက်ပြီးနောက် ယန်ရှုအာသည် မျက်လုံးပြန်မှိတ်သွားခဲ့ပြီး သူ့ဒဏ်ရာများကို ပြန်လည်ကုသနေခဲ့၏။

ကျစ်ယန်သည်လည် ထိုနေရာမှာပဲ ထိုင်ချလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာအတွင်းသို့ ဝင်လိုက်သည်။ ကျစ်ယန်သည် ဆေးအမယ်များကို ထုတ်လိုက်ပြီး "ဒီတစ်ခေါက်တိုက်ခိုက်မှုက ငါရဲ့စွမ်းအားတွေ တော်တော်ကုန်ခမ်းသွားလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ငါ မိန်ချီဆေးလုံးကို ဖော်စပ်ကြည့်ရမယ် " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် ပြောပြီးသည်နှင့် ဆေးမီးဖိုအား အသက်သွင်းကာ ဆေးအမယ်များကို ထည့်၍ စတင်သန့်စင်လိုက်သည်။ ဆေးလုံးဖော်စပ်မှုသည် ကျစ်ဟန်အတွက် ပထမဆုံးစမ်းသပ်ဖော်စပ်မှု ဖြစ်သော်လည်း စိုးရိမ် ပူပန်မှုမရှိခဲ့ပေ။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ ဆေးလုံးအား ဖော်စပ်နေခဲ့၏။ ဆေးရည်ဖြစ်တည်လာတဲ့အခါ ကျစ်ယန်သည် သူလက်ချောင်းများကို လှုပ်ရှားကာ အစီအရင်စက်ဝိုင်းအား ဆေးမီးဖိုအိုးထဲသို့ ထည့်သွင်းလိုက်သည်။

ထိုအခါ စက္ကန့်ပိုင်းအတွင်း ဆေးရည်များသည် တဖြည်းဖြည်းခဲလာခဲ့ပြီး ဆေးလုံးပုံစံအဖြစ်ပြောင်းလဲသွား၏။ ကျစ်ယန်သည် ဆေးမီးဖိုအား ကြည့်ကာ "ထွက်လာခဲ့တော့....." လို့ ရေရွတ်လိုက်တဲ့အခါ အဖြူရောင်နဲ့အစိမ်းနုရောင်စင်းကြောင်းပါသော ဆေးလုံးများသည် ဆေးမီးဖိုအိုးအတွင်းမှ ထွက်ရှိလာခဲ့သည်။

ကျစ်ယန်သည် ဆေးလုံးများကို ထိန်းချုပ်ကာ စုပ်ယူလိုက်ပြီး တစ်လုံးချင်းစစ်ဆေးကြည့်လိုက်၏။ ထို့နောက် ဆေးတစ်လုံးအား မျိုချလိုက်ပြီး ကျန်သော ဆေးလုံးများအား ဆေးပုလင်းထဲသို့ ထည့်လိုက်သည်။

S (1) end

All Chapters