← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

မိန်ချီစွမ်းအင်ဆေးလုံးသည် စက္ကန့်ပိုင်းအတွင်းမှာပဲ ကျစ်ယန်ရဲ့ စွမ်းအားများကို ပြန်လည်ပြည့်ဝလာစေခဲ့၏။ မိန်ချီဆေးလုံးတွင် ပါဝင်သော စွမ်းအင်အာနိသင်များကို စက္ကန့်ပိုင်းအတွင်းပင် လျင်မြန်စွာစုပ်ယူနိုင်လိမ့်မည်လို့ ကျစ်ယန်သည် မမျှော်လင့်ထားခဲ့ပေ။

ကျစ်ယန်သည် ပြင်ပကမ္ဘာသို့ ပြန်လည်ထွက်ရှိလာတဲ့အခါ အချိန်သည် မည်မျှ၌ပင် မကြာသေးသည်ကို သိရှိလိုက်ရ၏။ ယန်ရှုအာသည်လဲ မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး " ညမမှောင်ခင် ငါတို့ အမြန်ဆုံးထွက်ခွာကြရအောင် " လို့ ပြောလိုက်ပြီး သူ့ဓားအား ထိန်းချုပ်ကာ ကျစ်ယန်အတူ ဓားပျံစီးကာ တောအုပ်အတွင်းမှ ထွက်ခွာလာခဲ့သည်။

ကျစ်ယန်တို့သည် အချိန်ပိုင်းအတွင်းမှာပဲ ထျန်းလောမြို့နဲ့ မလှမ်းမဝေးတွင် ရှိသော မီးနဂါးမြို့တော်ကို ရောက်ရှိလာခဲ့၏။ မီးနဂါးမြို့တော်သည် ထျန်းလောမြို့ထက်ပင် စည်းကားသိုက်မြိုက်ပြီး ကျင့်ကြံသူဂိုဏ်းများပြားစွာရှိသော မြို့ပင် ဖြစ်သည်။

မီးနဂါးမြို့တော်သည် စည်းကမ်းချက်ပေါင်းများစွာ သတ်မှတ်ထားသဖြင့် မြို့တော်အတွင်းရှိ ကျင့်ကြံရေးဂိုဏ်းများမှာ ရမ်းကားစွာ မပြုလုပ်ရဲကြပေ။ ဒါပေမယ့် တချို့သော ဂိုဏ်းများကတော့ တော်ဝင်နန်းတော်နဲ့ ပူးပေါင်းနေသဖြင့် ရံဖန်ရံခါ သောင်းကျန်းလေ့ရှိ၏။

ကျစ်ယန်နဲ့ယန်ရှုအာကို မြင်လိုက်ရတဲ့အခါ ချီချီနဲ့ယန်ရှုဟွာသည် ဝမ်းသာ၍ သွားပြီး လျင်မြန်စွာ ပြေးလွှားလာခဲ့သည်။ ယန်ရှုအာရဲ့ မျက်နှာမှာ အနည်းငယ်ညိုးငယ်နေသဖြင့် အမဖြစ်သူ ယန်ရှုဟွာသည် "ရှုအာ.......နင်မျက်နှာဘာလို့ ညိုးငယ်နေရတာလဲ ၊ မဟုတ်မှလွဲရော နင်တိုက်ခိုက်ခံရတာလား " လို့ မေးလိုက်၏။

ယန်ရှုအာသည် သူ့စွမ်းအားများအကုန်သုံးကာ မီးနဂါးမြို့တော်ကို လျင်မြန်စွာ ပျံသန်းလာခြင်းပင် ဖြစ်သည်။သူ့ဆရာနဲ့အမဖြစ်သူကို မြင်တဲ့အခါ ယန်ရှုအာသည် စိတ်ချလက်ချဖြင့် ပစ်လဲကျသွားခဲ့၏။

ချီချီသည် သူ့တပည့်မကို လျင်မြန်စွာဖမ်းလိုက်ပြီး သူ့စွမ်းအားဖြင့် စစ်ဆေးလိုက်ပြီး "တော်သေးတယ်......စွမ်းအင်ကုန်ခမ်းသွားလို့ မေ့မြောသွားယုံပဲ " လို့ ပြောလိုက်သည်။ ချီချီသည် ဆေးတစ်လုံးအား ထုတ်လိုက်ပြီး ယန်ရှုအာရဲ့ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်ပြီး ယန်ရှုဟွာထံသို့ လွဲပေးလိုက်၏။

ချီချီသည် ကျစ်ယန်အား ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး "သုညကောင်......မင်းတို့ လမ်းတစ်လျှောက်မှာ ဘာတွေ ဖြစ်ပျက်လာတာလဲ ငါ့ကို အမှန်အတိုင်းပြောစမ်း " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် သစ္စာဖောက်ယန်ရှင်းနဲ့အတူ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို ပြောပြလိုက်၏။ ကျစ်ယန်သည် သု့အကြောင်းအား မသိစေလို သေးတဲ့အတွက် အကြီးအကဲအဖိုးအို တစ်ယောက်မှ သူတို့နှစ်ယောက်ကို ကယ်ထုတ်လာတဲ့အကြောင်း လိမ်ညာကာ ပြောပြလိုက်သည်။

ချီချီသည် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ငွေဒင်္ဂါးထုတ်ကြီးအား ကျစ်ယန်ကို ပေးလိုက်၏။ ကျစ်ယန်သည် ပိတ်စထုတ်အား ဖြည်ကြည့်လိုကိတဲ့အခါ အထဲတွင် ငွေဒင်္ဂါးပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ချီချီသည် တခြားတစ်ဖက်သို့ လှည့်လိုက်၍ "ဒီနေ့ကစပြီး မင်းဘဝကို မီးနဂါးမြို့တော်မှာပဲ ရှင်သန်ရမယ် ၊ မင်းအသက် အန္တရာယ်ရှိနိုင်မယ့် အခြေအနေ ရောက်လာခဲ့ရင် ငါပေးထားတဲ့ အစီအရင်စာရွက်ကို ချေဖျက်လိုက် " လို့ ​တိုးတိတ်စွာ ပြောလိုက်၏။

ကျစ်ယန်သည် ငွေဒင်္ဂါးတုံးများကြားထဲတွင် ရှိနေသော စာရွက်ကိုကြည့်၍ အစီအရင်စာရွက် ဖြစ်မည်လို့ ခန့်မှန်းလိုက်သည်။ ကျစ်ယန်သည် ခေါင်းပြန်မော့ချိန်တွင် ချီချီတို့ သုံးယောက်လုံးသည် သူ့ရှေ့မှ ထွက်ခွာ၍ သွားပြီဖြစ်၏။

ကျစ်ယန်သည် ငွေဒင်္ဂါးများကို သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး မီးနဂါးမြို့တော်ထဲသို့ အေးဆေးပင် လမ်းလျှောက်ကာ ဝင်လာခဲ့သည်။

မီးနဂါးမြို့တော်တွင် စောင့်ကြပ်နေသော အသက်၄၀ကျော် စစ်သည်တော် ၂ယောက်သည် ကျစ်ယန်ကို မြင်တဲ့အခါ "လူငယ်လေး........မင်းကိုကြည့်ရတာ မီးနဂါးမြို့တော်က မဟုတ်ဘူးပဲ" လို့ ပြောလိုက်၏။

ကျစ်ယန်သည် ထိုလူနှစ်ယောက်ရဲ့အခြေအနေကို ကြည့်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးပင် လက်နှစ်ဖက်ဆုပ်ကာ "အကြီးအကဲ.......မီးနဂါးမြို့တော်ထဲကို ဝင်ဖို့ လိုအပ်ချက်ရှိတာလား " လို့ မေးလိုက်သည်။

ထိုအခါ မုယွန်ဟုခေါ်သော စစ်သည်တော်သည် ရယ်ရယ်မောမောဖြင့် "မဟုတ်ရပါဘူး.......မဟုတ်ရပါဘူး ၊ ငါတို့က မင်းကို အကူအညီတောင်းရင်း အကြံဉာဏ်လေး ပေးချင်ရုံပါပဲ " လို့ ပြောလိုက်၏။ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "အကြံဉာဏ်......ဒီကအကြီးအကဲက ကျွန်တော်ကို ဘယ်လိုအကြံဉာဏ်များ ပေးချင်လို့လဲ " လို့ ပြန်မေးလိုက်သည်။

မုယွန်သည် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး ကျစ်ယန်အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ပြောပြလိုက်၏။ ထိုနည်းလမ်းကတော့ မီးနဂါးမြို့တော်ထဲကို ပထဆုံးရောက်ရှိလာမည့် အဆင့်မြင့်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော လန်တုံဟောက်သည် ခိုင်းစေရန် လူတစ်ချို့ လိုအပ်နေခဲ့သည်။

လန်တုံဟောက်သည် အဆင့်မြင့်အဂ္ဂိရတ်ပညာရှင်ဖြစ်သောကြောင့် မီးနဂါးမြို့တော်ထဲရှိ အင်အားကြီး ဂိုဏ်းများအပြင် တော်ဝင်မိသားစုများကပင် သူ့အား ရိုရိုသေသေဆက်ဆံရ၏။ လန်တုံဟောက်သည် တပည့်တစ်ယောက်အား မွေးမြူခဲ့ဖူးသော်လည်း သူ့အားသစ္စာဖောက်သွားတဲ့အတွက် စိတ်နာစွာဖြင့် တပည့်မမွေးတော့ပေ။

သို့သော် သူ့သွားလေရာမြို့မှာ အဆင်ပြေစေရန်အတွက် တော်ဝင်မိသားစုသည် နောက်ကွယ်မှ အမြဲကူညီထားခြင်းပင် ဖြစ်၏။ ယခုအခါတွင်လဲ မီးနဂါးမြို့တော်ရဲ့ မြို့စားမင်းဖြစ်သော အန်ဖိန်သည် လူတချို့အား ရှာဖွေပေးထားရန် သူ့တို့အားခိုင်းစေထားတဲ့အတွက် မုယွန်တို့သည် ကျစ်ယန်အား အကူအညီတောင်းခြင်းပင် ဖြစ်သည်။

မုယွန်တို့ ဆိုလိုတာကို ကျစ်ယန်သည် နားလည်သွား၏။ သူသည်လည်း မီးနဂါးမြို့တော်ကို ပထမဆုံးရောက်ရှိခြင်း ဖြစ်သည့်အတွက် လန်တုံဟောက်နဲ့ဆက်ဆံနေမည်ဆိုရင် မီးနဂါးမြို့တော်တွင် သူ့အား ထိရဲလိမ့်မည်သူမရှိသည်ကို နားလည်၍ သွားသည်။

ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်၍ သဘောတူလိုက်တဲ့အခါ မုယွန်တို့သည် လူထပ်ရှာစရာမလိုတော့သည့်အတွက် ဝမ်းသာသွား၏။

မုယွင်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အမိန့်ပြားတစ်ခုအား ထုတ်လိုက်ပြီး "လူငယ်လေး......ဒီအမိန့်ပြားကို သေချာသိမ်းထားပါ ၊ ဒါက မြို့စားမင်းဖိန် ကိုယ်တိုင်ခံအပ်ထားတဲ့လူလို့ ယူဆရတဲ့အမိန့်ပြားပဲ " လို့ ပြောပြီး ကျစ်ယန်အား အမိန့်ပြားပေးလိုက်သည်။

ကျစ်ယန်သည် အမိန့်ပြားအား သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်၏။ မုယွန်သည် အစီအရင်စာရွက် တစ်ခုအား အသက်သွင်းလိုက်တဲ့အခါ အမွှေးဖြူများစွာရှိသော ဌက်တစ်ကောင်သည် လေဟာနယ်မှ အလိုအလျောက်ထွက်ပေါ်လာခဲ့သည်။

မုယွန်သည် ပြုံးလိုက်ပြီး "လူငယ်လေး......ဒီဌက်က မင်းကို နေရာတစ်ခုစီခေါ်သွားလိမ့်မယ် ၊ အကြီးအကဲတုံဟောက်လာဖို့ အချိန်လိုသေးတဲ့အတွက် မင်းအဲ့ဒီနေရာမှာ လေ့လာသင့်စရာ လေ့လာထားသင့်တယ် " လို့ ပြောလိုက်၏။

ကျစ်ယန်သည် ဌက်ပေါ်သို့ ခုန်တက်လိုက်ပြီး "ကျစ်ယန်........အကြီးအကဲတို့ နှစ်ယောက်ကို နှုတ်ဆက်ပါတယ် " လို့ အရိုအသေပြုရင်း ဌက်ကြီး ခေါ်ဆောင်ရာကို လိုက်ပါလာခဲ့သည်။

ကျစ်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ကြည့်ရတာ......ဒီလူတွေ ငါ့ကိုအသုံးချဖို့ သက်သက်ပဲထင်တယ် " လို့ ရေရွတ်လိုက်ရင်း မီးနဂါးမြို့တော်အား ဌက်ကြီးပေါ်မှ ကြည့်ရှုနေခဲ့၏။အချိန်အနည်းငယ်ကြာပြီးနောက်မှာ ကျစ်ယန်သည် ချူန်အိမ်တော်ဟု ဆိုင်းဘုတ်တပ်ဆင်ထားသော တံခါးရှေ့ကို ရောက်ရှိလာခဲ့သည်။

ကျစ်ယန်ရောက်ရှိလာသည်နှင့် လူတစ်ယောက်သည် တံခါးကို ဖွင့်၍ ထွက်ရှိလာကာ" မင်းရောက်လာပြီလား.....ငါ့နောက်လိုက်ခဲ့" လို့ ပြောကာ ကျစ်ယန်အား အိမ်တော်အတွင်းသို့ ခေါ်ဆောင်လာခဲ့၏။

ကျစ်ယန်သည် ထိုလူရဲ့နောက်ကို လိုက်ကာ တံခါးပေါက်ထဲသို့ ဝင်လာခဲ့သည်။ ကျစ်ယန်သည် ခြံဝန်းအတွင်းကို ရောက်ရှိသည်နှင့် အလွန်ပင် သင်းပျံမွှေးကြိုင်သော ဆေးရနံများကို ခံစားလိုက်ရ၏။

ကျစ်ယန်သည် ခြံဝန်းအတွင်းတွင် စိုက်ပျိုးထားသည့် များစွာသော ဆေးအမယ်များကို တွေ့နေရတဲ့အတွက် လိုချင်စိတ်များဖြစ်ပေါ်သွားခဲ့သည်။

ကျစ်ယန် ရပ်၍ ငေးနေသည်ကို တွေ့တဲ့အခါ ခေါ်ဆောင်လာသော

ချင်တန်သည် "မင်းလုပ်ရမယ့်အရာက ဒီနေရာမဟုတ်ဘူး ၊ ငါ့နောက်မြန်မြန် လိုက်ခဲ့" လို့ ပြောကာ ရှေ့သို့ ဆက်သွားခဲ့၏။

ကျစ်ယန်သည် ထိုလူ​နောက်ကို အဆက်မပြတ် လိုက်သွားခဲ့ပြီး အိမ်တော်အတွင်းကို ရောက်ရှိလာခဲ့သည်။

All Chapters