အဘိုးဘိုင် နောက်ယောင်ခံ လိုက်ခံရခြင်း
Vol. 89 Ch. 1245
မိုယွိသည် ရှောင်ဟုန့်အပေါ်တွင် အေးစက်စက်နိုင်သည်။ သူမ ဆယ်ခွန်း ပြောလျှင် တစ်ခွန်းသာ ပြန်ဖြေလေသည်။ သို့သော် သူသည် ရှီမာယူယူ့အပေါ် တွင် စိတ်ရှည်ပြီး သူကသာ စကားစပြောလေသည်။ ရှောင်ဟုန်၏ အကျင့်သည် ကျယ်လောင်ပြီး မထီတရီဖြစ်သော်ငြား သူနှင့် နေ့တစ်ဝက်နီးပါး ဆက်ဆံပြီး နောက်တွင် သူမလည်း သတိထားမိသည်။ ညနေမရောက်ခင်တွင် သူမ တစ်ခုခု လုပ်စရာရှိသည်ဟု ပြောပြီးထွက်သွားလေသည်။
ရှီမာယူယူသည် သူမ၏ ကြင်နာသူကင်းမဲ့သော အရိပ်ထွက်သွားသည်ကို ကြည့်ပြီး အကူအညီမဲ့စွာ ခေါင်းရမ်းမိသည်။
သူမ ရက်များစွာ ဝမ်းနည်းခြင်းက သူ၏ တကယ့်သရုပ်မှန်အစစ်ကို သိပြီး နာကျင်သည်ထက် ကောင်းသေးသည်။
နောက်ပိုင်းရက်များတွင် ရှောင်ဟုန် အလာကျဲသွားသည်။ သူမ လာချိန် တိုင်းတွင် မိုယွိမရှိသည့် အချိန်ဖြစ်သည်။ မိုယွိလာသည်နှင့် သူမ ထွက်သွား သည်။
ရှီမာယူယူသည် မိုယွိ သူမ လက်ဖက်ရည်သောက်သည်ကိုပင် တွန့်တို လာသည်။ သူ့ကြောင့်ပင် ရှောင်ဟုန်နှင့် စကားကောင်းကောင်းမပြောရကာ ထိုအကြီးအကဲ အကြောင်းကို ဘာမှမမေးရပေ။
“ရှင်က ကျွန်မဘဝမှာ တော်တော်ကို ထိခိုက်စေတာပဲ” သူမ စောဒက တက်လေသည်။
ရက်အနည်းငယ် ဆက်ဆံပြီးနောက်တွင် သူတို့ရင်းနှီးလာသည်။ သူမ သည် သူ၏သရုပ်မှန်ကိုသိလာသည်။ သူသည် တစ္ဆေလောကတွင် တခြားသူ များကို တာဝန်ခွဲပေးသည့် ပထမဆုံးမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ သူ၏ ခွန် အားသည် တော်ဝင်မျိုးနွယ်၏ နောက်ရောက်သော်လည်း တစ္ဆေမိဖုရား၏ မိခင် ဘက်မျိုးနွယ်ထက် သာလွန်သည်။
ထို့ကြောင့်ပင် တစ္ဆေမိဖုရားသည် သူ့ကို သွေးဆောင်လှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်သည်။ သူသည် လက်ဖက်ရည်ကို စွဲလမ်းသည်ဟု သိသည် နှင့် အန္တရာယ်အားလုံးကို ကျော်ဖြတ်ကာ လူသားလောကအထိလာပြီး သူ့ အတွက် လက်ဖက်ရည် ပြင်ဆင်တတ်ရန် သင်ခဲ့သည်။
သူသည် မည်သူ့ကိုမှ အကြွေးတင်သည်ကို မနှစ်သက်သဖြင့် တစ္ဆေ မိဖုရားကို ပြန်ကူညီပေးခဲ့သည်။ တခြားသူများ၏ မျက်လုံးထဲတွင် သူတို့ ဆက်ဆံရေးမှာ ကောင်းမွန်သည်။ သို့သော် မိုယွိအတွက် အလဲအလှယ် တစ်ခု သာဖြစ်သည်။
ထိုအရာများသည် သူတို့လက်ဖက်ရည်သောက်နေချိန်တွင်း သူ သူမကို ပြောပြခဲ့ခြင်းဖြစ်သည်။ သူသည် တစ္ဆေမိဖုရား ဘက်တော်သား မဟုတ်သည်ကို သိသောအခါ သူမ ပိုပွင့်လင်းလာသည်။
တစ္ဆေမိဖုရားက သူ့ကို ဖြားယောင်းဖို့ လက်ဖက်ရည်ကိုသုံးမှတော့ သူမ လည်း သူမဘက်ကို သူပါလာအောင် လက်ဖက်ရည်သုံးပေးရမှာပေါ့။
ရှီမာယူယူသည် သူ့ကို မျက်နှာပြောင်တိုက်ပြီး ပြောလာသည်ကို တွေ့ သောအခါ သူ့ကိုမကြောက်တော့သည်ကို မိုယွိ သတိထားမိသည်။ မဟုတ်လျှင် သူမ ဘယ်လိုလုပ် သူ့ကိုအပြစ်တင်ရဲမှာလဲ။
သူသည် လက်ဖက်ရည်ကျိုချက်နည်းများကို ရင်းနှီးခဲ့သော်လည်း သူမ အရည်အချင်းကိုမှီရန်လိုသေးသည့်ပုံပင်။
“ငါက ဘယ်လိုလုပ် မင်းဘဝကိုထိခိုက်စေတာလဲ”
“ဘယ်လိုလုပ် မထိခိုက်စေရမှာလဲ ရှောင်ဟုန်က ကျွန်မနဲ့ မကစားတော့ ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သူမက ဥက္ကဌရဲ့သမီးဖြစ်ပြီး နောက်တစ်ချိန်ကို အခမ်းအနား ဆက်ခံ သူဖြစ်လာမှာ သူမက သေချာပေါက် အကူအညီဖြစ်လာမှာပဲ” မိုယွိသည် သဘောမတူစွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သူမကို မေးချင်တာတွေ ရှိသေးတယ် အခု သူမက ရှင့်ကိုမြင် တာနဲ့ ထွက်ပြေးတာ လေထက်တောင်မြန်သေးတယ်၊ ရှင်က သူမရဲ့ ဖြူစင်တဲ့ နှလုံးသားကို ထိခိုက်အောင်လုပ်လိုက်တာပဲ”
“သူမ ဘဝကိုထိခိုက်အောင် လုပ်တာထက်စာရင်တော်ပါသေးတယ်” မိုယွိ ပြောလိုက်သည် “လူတစ်ယောက်က ငါ့ကိုနှောင့်ယှက်တာကို မကြိုက်ဘူး ဒါက ငါ့စိတ်ရှည်မှု အတိုင်းအတာကို တွန်းပို့နေတယ် အဲဒါကြောင့် သူမ စောစောစီးစီး လက်လျော့လိုက်တာ မင်း ဝမ်းသာသင့်တယ်”
ရှီမာယူယူသည် သူ၏ မျက်နှာအမူအရာကိုမြင်သောအခါ ချဲ့ကားပြော ခြင်းမဟုတ်သည်ကို သိသွားသည်။
“သူမကို ဘာမေးချင်တာလဲ”
“သူတို့ အဖွဲ့အစည်းနဲ့ဆိုင်တာပါ ရှင်သိမှာမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည်။
“ဒါဆိုရင် ကျွန်တော် တကယ်ကူညီလို့မရဘူးပဲ” မိုယွိ ပြောလိုက်သည်။
“မဟုတ်ဘူး ကူညီလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်မကို လာရှာတာရပ်လိုက်မယ်ဆိုရင် ရှောင်ဟုန်နဲ့ တစ်နေကုန် စကားပြောလို့ရပြီ”
“….”
လှည့်ပတ်ပြောဆိုပီးနောက်တွင် သူသည် သူမအတွက် နှစ်ရက်အကြာ လက်ဖက်ရည်ဖျော်ပေးသည်ကို သူမ စေဒကတက်နေသည်။ သူမသည် သူ့ကို ထပ်ပြီး အဖော်မပြုပေးလိုတော့ပေ။
“နှစ်ရက်လောက်တော့ အနားပေးပါဦး မကြာခင်ထွက်သွားမဲ့လူလည်း မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ကိုယ့်ကိစ္စလေးကိုယ် ဖြေရှင်း ဖို့လည်း အချိန်ပေးပါဦး”
သူမသည် သူအမြန်သဘောတူရန် တောင်းဆိုနေသကဲ့သို့ ရုတ်တရက် သူ့ကို မျက်တောင်ခတ်ပြသည်ကို မိုယွိ မြင်လိုက်ရသည်။ သူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ပြောလိုက်သည် “ငါတို့ လက်ဖက်ရည်သောက်စရာ မလိုတော့ဘူး ဒါပေမဲ့ ငါမင်းကို အဖော်ပြုပေးချင်သေးတယ် မင်းဘာလုပ်မလဲ ကြည့်မယ်လေ”
“ဘာလို့လဲ”
“မင်းပဲ ပြောထားတာလေ ငါက မင်းလုံခြုံရေးကို တာဝန်ယူထားတယ် မင်း ဘာတွေလုပ်နေလဲဆိုတာမသိမှ သေချာစောင့်ရှောက်နိုင်မှာမဟုတ်ဘူး လား” မိုယွိသည် အမှန်အတိုင်းပြောလိုက်သည်။
သူမနှင့် ရက်အနည်းငယ် အပြန်အလှန်ဆက်ဆံပြီးနောက်တွင် သူမကို ပို၍ စိတ်ဝင်စားခဲ့သည်ကိုတော့ ဝန်မခံချင်ပေ။ သူမနှင့် သူမအမေကြားတွင် မည်သူက ပိုအားကောင်းသည်ကို သူ သိချင်သည်။
“…” ရှီမာယူယူ သူ့ကို စိုက်ကြည့်လိုက်သည်။ ဒီလူက ရူးများနေသလား။
သို့သော် သူမသည် သူ့ကို မဖျောင်းဖျနိုင်သလို နိုင်အောင်လည်း မတိုက်နိုင်ပေ။
ထို့ကြောင့် သူမတွင် ဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်မရှိပေ။
သို့သော် ကိစ္စကောင်းမှာ သူမသည် လက်ဖက်ရည်မသောက်ရတော့ပေ။
နောက်တစ်နေ့တွင် လက်ဖက်ရည်မသောက်ရတော့ဘဲ နောက်ဆုံးတွင် ဘိုင်ရှန်းကိုသွားရှာဖြစ်တော့သည်။
အမှန်တကယ်တော့ သွားရှာခြင်းမဟုတ်ပေ။ နီရဲပျားများဆီမှရသော သတင်းဖြင့် ရှာလိုက်ခြင်းဖြစ်သည်။
သို့သော် သည်တစ်ချိန်တွင် သူသည် အခြေအနေမကောင်းပေ။ သူသည် လက်ရှိတွင် နောက်ကလိုက်ခံနေရသည်။
ရှီမာယူယူသည် ရှောင်ချီနှင့် တခြားသူများကို ခေါ်သွားသည်… အာ.. တကယ်တော့ ရှောင်ချီနှင့် တခြားသူများက ဘိုင်ရှန်းရှိရာသို့ခေါ်သွားခြင်းဖြစ် သည်။ ဘိုင်ရှန်းကို သူ့လောက်အင်အားရှိသော လူဆယ်ယောက်လောက်က ဝန်းရံထားလျက်ရှိသည်ကို သူမ မြင်လိုက်ရသည်။ သူသည် ကြီးမားသော ဒဏ်ရာများလည်း ရထားသည်။
“သေစမ်း သူတို့က ဘယ်လိုတွေတောင် ငါ့အဘိုးဘိုင်ကို သတ်ရဲနေတာ လဲ ဒီကောင်မလေးက ဘယ်လိုရှင်းမလဲဆိုတာ ကြည့်နေလိုက်” ရှောင်ချီနှင့် ဘိုင်ရှန်းတို့သည် ဆက်ဆံရေးကောင်းကြသည်။ သူ ဒဏ်ရာရထားသည်ကိုမြင် သောအခါ သူမသည် ချက်ချင်းပင် ဒေါသထွက်ကာ ရှီမာယူယူတို့အား ဘေးတွင် ပစ်ထားခဲ့ကာ ပျံသွားလေသည်။
အိမ်မက်လေးနှင့် ပန်းလေးတို့လည်း လိုက်သွားကြသည်။ တစ်ဖက်လူ မှာ အားမနည်းပေ။ ရှောင်ချီသည် သန်မာသည်။ သို့သော် ဘိုင်ရှန်၏ ဒဏ်ရာရ ထားသောအခြေအနေကိုပါ ထည့်တွက်လျှင် အနည်းငယ် အန္တရာယ်များသည်။
ချင်ယိ၊ မိုယွိနှင့် သူမတို့သည် တစ်နေရာတွင် အတူရပ်နေကြသည်။ သူတို့ သည် ကာကွယ်ရေးစက်ဝန်းလုပ်မထားသော်လည်း စွမ်းအင်များသူတို့ဆီသို့ ရောက်သည်နှင့် အလိုလိုပျော်ကွယ်သွားလေသည်။
ထိုသည်မှာ သန်မာသောကျွမ်းကျင်သူများနှင့် ရပ်နေခြင်းသည် ခံစားချက်ကောင်းလွန်းသည်ကို ရှီမာယူယူ ပထမဆုံးခံစားဖူးခြင်းဖြစ်သည်။
တစ်ဖက်တွင် ရှောင်ချီတို့သည် ထိုလူများကို လျင်မြန်စွာပင် ရှင်းပြီးလေ သည်။ သူတို့သည် တချို့ကိုသတ်လိုက်ပြီး တချို့ကို အရှင်ထားလိုက်ကြသည်။ အသက်ရှင်သန်သူများသည် ပန်းလေး၏ ပန်းများတွင် ပိတ်မိနေကြသည်။
ရှီမာယူယူ လျှောက်သွားလိုက်ပြီး ဘိုင်ရှန်းအား ဆေးတချို့ကျွေးလိုက် သည်။ သူမ မျက်နှာမှာ တည်နေပြီး စကားမပြောပေ။
သူမ၏ အပြုအမူကိုမြင်သောအခါ ဒေါသထွက်နေပြီကို ဘိုင်ရှန်းသိလိုက် သည်။ သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားပြောရမည်ကို မသိတော့ ပေ။
“ဘိုင်ရှန်း အဲလူတွေက ဘယ်သူတွေလဲ ဘယ်လိုလုပ်တိုက်ခိုက်နေကြ တာလဲ” ရှောင်ချီသည် စိုးရိမ်တကြီးမေးလေသည်။
“အိမ်ရောက်မှပြောကြတာပေါ့” သူတို့အနားတွင် လူတချို့ရှိနေသည်ကို ရှီမာယူယူမြင်လိုက်သောအခါ ထိုနေရာသည် လက်နက်မြို့တော်ဖြစ်နေသဖြင့် လူအားလုံးရှေ့တွင် မေးခွန်းမေးခြင်းသည် မကောင်းနိုင်ဟု တွေးမိသည်။
သူတို့ထွက်သွားသည်နှင့် မီးတောက်လွှတ်လိုက်သည်။ ငှက်ပေါက်စသည် အလောင်းများကို လောင်ကျွမ်းစေကာ သူတို့၏ မှော်ဝင်လက်စွပ်များကို ယူ လိုက်သည်။
ငှက်ပေါက်စသည် သူတို့၏ မှော်ဝင်လက်စွပ်များကို ယူပြီး သူမလက်ထဲ သို့လာထည့်သည်ကို ရှီမာယူယူကြည့်ပြီး နှုတ်ခမ်းတွန့်မိသည်။
ဒါကိုဘယ်ကနေသင်ထားတာလဲ။
“အဘိုးဘိုင်ကိုရှာချင်တဲ့သူရှိရင် ကျွန်မတို့နေတဲ့နေရာကို ရှာဖို့မခက်ဘူး လို့ထင်ပါတယ်” သူမသည် လက်စွပ်များကိုသိမ်းပြီး ပုံမှန်လေသံဖြင့်ပြောပြီး နောက် လူအုပ်နှင့်ပြည့်နေသော လမ်းမှထွက်လာခဲ့သည်။
သူမ ပြောလိုက်သောစကားသည် နောက်ကွယ်တွင် ကြံစည်နေသော လူ ကို ကြားစေရန်ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် ထိုလူများကိုမြင်စေရန် မီးရှို့ပေးလိုက်ခြင်းဖြစ်သည်။ သူတို့က သူမလူကိုလာထိရဲမှတော့ ဘာမှမကျန် အောင် ရှင်းပေးရမှာပေါ့။
ထိုလူများသည် အင်အားကြီးသောလူများဖြစ်ကာ လူမြင်ကွင်းအများရှေ့ တွင် ပြာအဖြစ်သို့ မီးမြှိုက်ခံရသည်။ ဒါက အာရုံကိုဆွဲဆောင်လွန်းတယ်။ နောက်ကွယ်ကလူတွေတော့ ဒေါသထွက်လို့သေသွားလိမ့်မယ်။
သူတို့သည် နေထိုင်ရာခြံဝန်းသို့ရောက်သောအခါ ဖက်တီးကျူနှင့် တခြား သူများရောက်လာကြသည်။
“ဘာဖြစ်လာတာလဲ အဆင်ပြေရဲ့လား” ဘေဂုံထန်သည် ဘိုင်ရှန်းအဝတ် ပေါ်မှ သွေးများကိုမြင်သောအခါ မေးလိုက်သည်။
“ကြီးကြီးမားမားတော့ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဧည့်ခန်း မှာပြောကြတာပေါ့”
သူမသည် နှစ်လှမ်းမျှ လှမ်းပြီးနောက်တွင်ရပ်လိုက်သည်။ သူမသည် မိုယွိအားပြောလိုက်သည် “ရှင်အခုသွားသင့်ပြီ မဟုတ်ဘူးလား”
“ငါနေပြီး ပွဲကြည့်သင့်တယ်လို့ထင်တယ်” မိုယွိ ပြောလိုက်သည် “ဘယ်သူသိမလဲ မင်း အကူအညီလိုနိုင်တာပဲ”
အကူအညီဟုတ်လား။ ရှီမာယူယူသည် သူ့ကို စိတ်ပျက်စွာကြည့်လိုက် သည်။ သူမသည် သူဆိုလိုရင်းကိုနားလည်သည်။
“ပွဲကို အလကားတော့ကြည့်လို့မရဘူး”
ထိုသို့ပြောပြီးနောက်တွင် သူမကို အားလုံးကိုဧည့်ခန်းသို့ ဦးဆောင်သွား လိုက်သည်။
“အဘိုးဘိုင် ဘာလို့ကျွန်မတို့ကို မဆက်သွယ်တာလဲ အဘိုးကို ပျားတွေ လွှတ်ပြီးသာမရှာလိုက်ရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ သိလား”
***