← Chapters

မျက်နှာချင်းဆိုင် ... ။

Vol. 17 Ch. 198

မျက်နှာချင်းဆိုင် ... ။

Vol. 17 Ch. 198

အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာပြီးနောက် စုရီမှ ချန်ကျန့်ထံ လှည့်ကြည့် လိုက်သည်။

“ သူရဲကောင်းချန် ... ငါအားလပ်တုန်း မင်းရဲ့အသိစိတ်ပင်လယ်ထဲက ဝိညာဉ်အပေါ် သန့်စင်နိုင်တဲ့ နည်းစနစ်သင်ပေးမယ် ကျေးဇူးပြုပြီး သေချာနားထောင်ပါ။ ”

ချန်ကျန့်ခမျာ စိတ်လှုပ်ရှားလာပြီး အာရုံထွေပြားသော အတွေးများကို ချက်ချင်း ဖယ်ရှားကာ ဂရုတစိုက် နားထောင်၏။

စုရီက စိတ်ဝိညာဉ် သန့်စင်ခြင်းကျမ်းကို သင်ကြားပေးလိုက်သည်။ စကားလုံး ရာဂဏန်း မျှသာ ရှိသော်လည်း စကားလုံးတိုင်းသည် ဆန်းကြယ်မှု အမျိုးမျိုးပါရှိ၏။

၎င်းဝါကျများကို တစ်ခုပြီးတစ်ခု အလွတ်ကျက်စေကာ ပထမဝါကျမှ စတင်လျက် လေးနက်စွာ ရှင်းပြခဲ့သည်။

စုရီ စကားဆုံးသွားသည့် တိုင်အောင် ချန်ကျန့်တစ်ယောက် အတွေးထဲ နှစ်မြုပ်နေခဲ့ သေးသည်။

စုရီမှ ၎င်းအပေါ် မနှောင့်ယှက်ချေ။ နေရောင်အောက်တွင် ရေကန်ထဲ တလှုပ်လှုပ် ဖြစ်နေသော ကြာပန်းများထံ တိတ်တဆိတ် ကြည့်နေခဲ့သည်။

ဤရက်အနည်းငယ်အတွင်း စုမိသားစုကြောင့် အရာအားလုံး ပြောင်းလဲသွား တော့၏။ ထိုပြောင်းလဲမှုသည် အတော်ပင် သူ့ကို စိတ်ရှုပ်စေသည်။

“ ဒီကိစ္စတွေပြီးရင် ကျောက်စိမ်းမြို့တော်ကို သွားရမယ် ... ။ ”

တစ်ကိုယ်တည်း ညည်းညူလျက် ချန်ကျန့်ထံ လှည့်ကြည့်လိုက်သည်။

“ သင်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ”

ချန်ကျန့်က အချိန်အတော်ကြာ နစ်မျောနေရာမှ နိုးထလာခဲ့ပြီး စိတ်ပိုင်းဖြတ် ထားသောအသွင်ဖြင့် ဒူးထောက်တော့၏။

စုရီက ညာလက်ကို အနည်းငယ် မြှောက်လိုက်၏။ ချန်ကျန့်ခမျာ ​အေးခဲသွားပြီး ဒူး​မထောက်​ နိုင်တော့ချေ။

“ လူတစ်ယောက်ရဲ့ ဒူးခေါင်းတွေကို ရွှေနဲ့လုပ်ထားတယ် ... ငါတို့လို ကျင့်ကြံသူတွေ အတွက် ကောင်းကင်နဲ့ မြေကြီးကိုတောင် ဒူးထောက်လို့ မနေသင့်ဘူး ...

... သေမှာ မကြောက်နဲ့ .. မင်းက ငါ့တပည့်မဟုတ်တာမို့ ပေါ့ပေါ့ပါးပါးနေပါ ယဉ်ကျေး မနေပါနဲ့။ ”

“ မင်းရဲ့ သွန်သင်ဆုံးမမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”

ထိုအချိန်တွင် ရှန့်ကျိစုန်သည် အစားအသောက်ပုံးတစ်ပုံးနှင့် ဝိုင်ပုလင်းများ သယ်ဆောင်လျက် ရောက်ရှိလာသည်။

အဝေးမှ ဤမြင်ကွင်းကို မြင်ချိန်တွင် ဖော်မပြနိုင်သော မနာလိုမှုများ ဝင်ရောက် လာခဲ့၏။

“ သူရဲကောင်းချန် ဂုဏ်ယူပါတယ် ... ဆရာစုရဲ့ လမ်းညွှန်မှုကြောင့် မင်းအနာဂတ်မှာ စစ်မှန်တဲ့ကျင့်ကြံသူ မဖြစ်လာမှာ စိုးရိမ်နေစရာ မလိုတော့ပါဘူး။ ”

သို့မှသာ ချန်ကျန့်တစ်ယောက် ရွှင်လန်းသွားသည်။ ဤတစ်ကြိမ်၌ တကယ့် ဘေးဆိုးကြီးကို ကောင်းချီးအဖြစ် ပြောင်းလဲ နိုင်လိုက်ခြင်းဖြစ်ချေပြီ။

ညရောက်သောအခါ သုံးယောက်သား ရေကန်ဘေးတွင် စကားစမြည် ပြောကြားနေ ခဲ့ကြသည်။

ကောင်းကင်တွင် ကြယ်များ ပွင့်နေကာ ကြည်လင်နေ၏။ ရေကန်အတွင်း လရောင်များ အလင်းပြန်လျက် လေပြေလေညင်းများ ဖြတ်သန်းနေသည်။

“ ကျီး ... ။ ”

ထိုစဉ် လင်းယုန်စိမ်း ရောက်ရှိလာပြီး စာတစ်စောင် ပေးလာ၏။ စာတွင်ပါရှိနေသော အကြောင်းအရာသည် အလွန်ရိုးရှင်းသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ကြွယ်ဝခြင်း အကယ်ဒမီ၏ ဒုနန်းတော်သခင် တကျန်းနှင့် လရောင်ရေစင်အကယ်ဒမီ၏ ဒုနန်းတော်သခင် မိုဟွာချုံးတို့သည် ကောင်းကင်မူလ အကယ်ဒမီသို့ လာရောက်လည်ပတ်၏။

အကြောင်းပြချက်သည် အကယ်ဒမီ သုံးခုအကြား အမာခံတပည့်များ အချင်းချင်း ကိုယ်ခံပညာ ယှဉ်ပြိုင်ရန် ပေပင်။

ထို့နောက် စာထဲတွင် ၎င်းတို့နှစ်ဦးသည် စုမိသားစုနှင့် ပတ်သတ်ပုံကို ရှင်းပြထား၏။ စုရီ တစ်ယောက် ဖတ်ရန် ပျင်းရိလာသောကြောင့် စာရွက်ကို စားပွဲပေါ် တင်လိုက်သည်။

တစ်စုံတစ်ဦးသည် သူ့ပတ်ဝန်းကျင်ရှိ လူများအပေါ် နာကျင်အောင် လုပ်ဝံ့ခဲ့သော် သတ်ပစ်လိုက်ရုံပေပင်။ ခွေးအချို့အတွက် အချိန်မဖြုန်းနိုင်ချေ။

“ ဒေါက် ဒေါက် ဒေါက် ... ။ ”

ရုတ်တရက် ခြံတံခါး ခေါက်သံ ကြားလိုက်ရသည်။

“ ဦးလေး ပြန်ရောက်ပြီလား။ ”

ကျန်းမူယောင်၏ စိတ်လှုပ်ရှား တုန်ရင် နေသောအသံထွက်ပေါ်လာသည်။ ရှန်ကျိစုန်က တံခါး ထဖွင့်ပေးလိုက်၏။

နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် ရင့်ကျက်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက် နေခဲ့သည်။ သူမက စုရီကို မြင်သောအခါ မျက်ရည်များ ပြည့်လျှံလာပြီး၊

“ ဦးလေးစု ကျေးဇူးပြုပြီး ငါ့အဖေ့ကို ကယ်ပါဦး။ ”

-ဟု ဒူးထောက်ချလိုက်သည်။

“ မိန်းကလေး၊ စိတ်အေးအေးထားပြီး ဖြည်းဖြည်းပြောပါ။ ”

ရှန့်ကျိစုန်မှ ဖေးမကာ ပြောလိုက်သည်။

“ ဘာဖြစ်တာလဲ ... ။ ”

စုရီက မေး၏။ ကျန်းမူယန်မှ တုန်လှုပ်ချောက်ချားနေသော စိတ်ခံစားမှုများ ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူကာ၊

“ မနေ့တုန်းက စုမိသားစုဝင်တစ်ယောက် ... ငါ့အဖေကို ဦးလေးစုနဲ့ အဆက်အသွယ် ဖြတ်ပြီး ရပ်တည်ချက် ပြောင်းသင့်တယ်လို့ ...

... သတိပေး ပြောကြားလာပါတယ်၊ မဟုတ်ရင် ... ငါ့တို့ရဲ့ကျန်းမိသားစုကို ဖျက်ဆီး ပစ်မယ်တဲ့ ... အဖေက ငြင်းဆိုထားပေမယ့် မိသားစုရဲ့ အကြီးအကဲအုပ်စုက အဖေ့ကို ဖမ်းဆီးပြီး မြေအောက်ခန်းမှာ ...

... အကျဉ်းချထားပါတယ် အဖေရဲ့ မျိုးနွယ်စုခေါင်းဆောင်ရာထူးကိုလည်း သူတို့က ရုတ်သိမ်းထားပါတယ်။ ”

“ မင်းအဖေ အသက်အန္တရာယ်ရှိလား။ ”

“ အန္တရာယ်မရှိပါဘူး ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်ရာထူးကို မက်မောပြီး အဖေ့ကို လုပ်ကြံမှာ ကြောက်မိပါတယ်။ ”

“ စိတ်မပူပါနဲ့ မနက်ဖြန်မှာ အားလုံး အဆင်ပြေသွားမှာပါ ... မင်းအဖေ ရာထူးကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ လူတွေက လူပြက်တွေချည်းပါပဲ ... ဒီပြဿနာနဲ့အတူ သူတို့ကို စာရင်းရှင်းလို့ရပြီ။ ”

ကျန်းမူယောင်ခမျာ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် စိုးရိမ်စွာဖြင့်၊

“ ဦးလေးစု … အဖေ အဆင်ပြေမှာ သေချာလား။ ”

-ဟု ပြန်မေးတော့၏။

“ ဆရာစုက အဆင်ပြေတယ်ဆို သေချာပေါက် အဆင်ပြေပါတယ် ... ပြီးတော့ ဒါက မင်းအဖေရဲ့ ...

... အတိုက်အခံတွေကို ဖယ်ရှားပြီး မျိုးနွယ်စုအပေါ် ပြန်ဖွဲ့စည်းဖို့ အခွင့်အရေးပဲ မဟုတ်လား။ ”

ချန်ကျန့်သည်လည်း ရှန့်ကျိစုန်စကားကို ခေါင်းညိတ်ထောက်ခံကာ၊

“ မှန်တယ် ... စိတ်အေးအေးထားပါ။ ”

-ဟု နှစ်သိမ့်ပေးလေသည်။

ဆိုလိုသည်မှာ စုရီသည် ဤမုန်တိုင်းတွင် စုမိသားစုနှင့် ပတ်သတ်သူများကို သုတ်သင်ရန် ကြံရွယ်ထားပုံရချေပြီ။

“ ဦးလေးစု ... ငါ ... ငါကျေးဇူး အများကြီးတင်ပါတယ် ငါမင်းကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ”

ကျန်းမူယောင်ခမျာ သမင်မလေး တစ်ကောင်ကဲ့သို့ ကြောက်လန့်နေခဲ့ရာမှ ပြန်၍ တည်ငြိမ်သွားတော့သည်။

သို့သော် သူမမျက်လုံးများ နီရဲလျက် ချစ်စရာကောင်းသော မျက်နှာပေါ်တွင် ပင်ပန်း နွမ်းနယ်ရိပ်များ ထင်ဟပ်နေသေး၏။

စုရီက ကြိမ်ကုလားထိုင်ပေါ်မှ မတ်တပ်ထရပ်ကာ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။

“ အဲဒါကို ပြောရရင် ... မင်းအဖေက ငါနဲ့ ပတ်သက်နေတယ် ဒီအတွက် ငါတာဝန်ယူမှာပါ ဘာမှမဖြစ်သလို မနေပါဘူး မင်းစိတ်အေးအေး ထားပြီး အိမ်ပြန်သင့်တယ်။ ”

“ နားလည်ပါပြီ ... ။ ”

ဦးလေးစုမှ မျက်ရည်များ သုတ်ပေးကာ နှစ်သိမ့်ပေးလိမ့်မည်ဟု မျှော်လင့်မထားလေရာ ကျန်းမူယောင်ခမျာ နှလုံးသားတစ်ခုလုံး နွေးထွေးသွား၏။ ထို့ကြောင့် အရဲစွန့်ကာ မေးမြန်းလိုက်သည်။

“ ဦးလေးစု ... ငါမင်းနဲ့အတူ နေလို့ရမလား။ ”

စုရီက ခေါင်းညိတ်ပြသည်။ ထို့နောက် နှလုံးသားထဲ လူသတ်လိုသည့် ရည်ရွယ်ချက် များဖြင့် ကုလားထိုင်ပေါ် ပြန်၍ ထိုင်ချ လိုက်တော့သည်။

စုမိသားစုသည် ချန်ကျန့်ကို ဦးစွာ အဆက်အသွယ်ဖြတ်ရန် ခြိမ်းခြောက်စာပေးပြီး ချန်ကျင်းလုံထံ ဖိအားပေး၏။

​တစ်ဆက်တည်းမှာပင် ကောင်းကင်မူလ အကယ်ဒမီသို့ လူအချို့ပို့လွှတ်ကာ စောင့်ကြည့် စေခဲ့သည်။

ယခုမူ ကျန်းမိသားစု ခေါင်းဆောင်အပေါ် ခြိမ်းခြောက်နေပြန်၏။ ယင်းသည် သူ့ဒေါသကို အကြိမ်ကြိမ် စမ်းသပ်ရာ ရောက်ချေပြီ။

နောက်တနေ့ မနက်တွင် ပြည်နယ်သခင်စံအိမ်၌ လူအများအပြားဖြင့် စည်ကားနေ၏။ မီးဘုရင် ရှဟိုလင်းသည် ရေပြာရောင်၀တ်စုံဖြင့် ခန်းမအလယ် ထိုင်နေခဲ့သည်။

အသက်လေးဆယ် နီးပါးရှိသော်လည်း စိမ်းလန်းသော ထင်းရှူးပင်ကဲ့သို့ ပြောင်မြောက် သန်မာချေ၏။ ၎င်းဘေးတွင် ပေ့ဝမ်ရှန်နှင့် ယွီချင်းထိုင်နေသည်။

ရှဟိုလင်းက ပေ့ဝမ်ရှန်ထံ လှည့်ကြည့်ကာ၊

“ အားလုံး အဆင်သင့်ဖြစ်ပြီလား။ ”

-ဟု မေးမြန်းလိုက်သည်။

ပေ့ဝမ်ရှန်မှ ခေါင်းညိတ်ပြပြီး၊

“ ဒီတစ်ကြိမ်တော့ စုမိသားစုရဲ့ စွမ်းအား ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲ ဆိုတာ ... တတိယသခင်လေး နားလည်မယ် ထင်ပါတယ်။ ”

-ဟု ပြန်ဖြေ၏။

သူ့စကားကြောင့် ယွီချင်းက ခေါင်းညိတ်လေသည်။

“ မှန်တယ် ... မရူးမိုက်ဖို့ မျှော်လင့်ရတာပဲ။ ”

၎င်းတို့ သုံးဦးအပြင် အင်ပါယာမြို့၏ ထိပ်တန်းမိသားစုငါးခု၏ ဘိုးဘေးအသစ်များ၊ ပြည်နယ်သခင်အသစ်တို့ ရောက်ရှိနေသည်။

များမကြာမီ လူတိုင်း၏ အကြည့် အောက်တွင် စုရီ၊ ရှန့်ကျိစုန်နှင့် ချန်ကျန်တို့ သုံးဦး ထွက်ပေါ်လာ၏။

စုရီကို တွေ့လိုက်ရသောအခါတွင် မိသားစုငါးခု၏ ခေါင်းဆောင်အသစ်များသည် အနောက်တောင် လူသတ်ပွဲအကြောင်း သတိရကုန်ကြသည်။

“ ဟမ့် ... တိမ်လွှာသူရဲကောင်းနဲ့ ဝိညာဉ်သိုင်းသမားတို့လည်း လိုက်လာတာလား ဒါက မင်းတို့အတွက် ဘယ်လောက် အန္တရာယ်ရှိလဲ မသိဘူးလား။ ”

လူအချို့က စိတ်ရှုပ်ထွေးကုန်ကြသည်။ ဤသူရဲကောင်း နှစ်ယောက်သည် အစွမ်းထက် လွန်းချေ၏။ သို့သော် စုမိသားစုကို အံတုရန် မလုံလောက်သေးချေ။

***

All Chapters