မဟာမိတ်များ ... ။
Vol. 17 Ch. 199
မဟာကျိုးတွင် သူရဲကောင်းဟူသည် အင်ပါယာ၏ ကျက်သရေကို ကိုယ်စားပြုနိုင် လေသည်။
သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့နှစ်ယောက်သည် စုရီနောက်လိုက်ရန် ဆန္ဒရှိနေ၏။ ဤသည်မှာ ပညာမဲ့လွန်းချေပြီ။
မီးဘုရင် ရှဟွာလင်းက မျက်မှောင်ကြုတ်လျက်၊
“ သူရဲရောင်းချန် ... မင်းငါပေးလိုက်တဲ့စာကို လက်ခံခဲ့တယ် မဟုတ်ဘူးလား။ ”
-ဟု ချန်ကျန်ထံမေးမြန်းသည်။
“ မှန်တယ် ... ဖတ်ပြီး ငါပစ်လိုက်ပြီ။ ”
“ ဟမ့် ... ။ ”
ထိုအဖြေကြောင့် ရှဟိုလင်းခမျာ တည့်မတ်အောင် ပြင်ထိုင်လိုက်ပြီး ချန်ကျန့်ကို ပြန်ကြည့်၏။
“ ငါတို့ရဲ့ခင်မင်မှုကြောင့် ... မင်းကို ဆွဲထုတ်ဖို့ကြိုးစားပေးနေတာ ... ဒါကို မင်းက ငါ့စုမိသားစုရဲ့ ရန်သူ ဖြစ်ချင်နေသေးတယ်။ ”
အဆုံးတွင် သူ့အသံ၌ မကျေနပ်မှုများ ပါရှိနေ၏။
“ ဒီနေ့က စပြီး ... ငါ့ဘဝကို ဆရာစုပိုင်တယ်။ ”
ချန်ကျန့်မှ ပြတ်သားစွာ ပြန်ပြောသည်။ ရှဟိုလင်းခမျာ သက်ပြင်းချလျက် ခန်းမထဲရှိ အခြားသူများသည်လည်း အံ့အားသင့် ကုန်တော့၏။
“ သနားစရာ ကောင်းလိုက်တာ ... ရထားလုံးကိုရပ်တန့်ဖို့ ကြိုးစားနေကြတဲ့ ပုရွက်ဆိတ်တွေပဲ။ ”
မီးဘုရင် ရှဟိုလင်းမှ ညည်းတွားလိုက်သည်။ ချန်ကျန့်ကပြုံးလျက် အခန်းအတွင်းရှိ လူတိုင်းထံ ဝေ့ကြည့်ကာ၊
“ ငါ့အမြင်အရတော့ မင်းတို့အားလုံး ဆရာစုလမ်းကို ဟန့်တားချင်နေတဲ့ ဖားသူငယ် လေးတွေပါပဲ ... မင်းတို့ခေါင်း အရောင်းခံ လိုက်ရပြီ။ ”
-ဟု တုန့်ပြန်၏။
“ ဟား ဟား ဟား ... ။ ”
ထိုစကားကြောင့် ရှဟွာလင်း အပါအဝင် လူတိုင်းမျက်ခုံးပင့်ကာ ဟာသများ ကြားလိုက်ရ သကဲ့သို့ ရယ်မောကုန်တော့၏။။
“ မင်းက ဟာသတွေ အရမ်း ပြောတတ်တာပဲ သူရဲကောင်းချန်၊ ကောင်းပြီ ငါ့ခေါင်းကို ရောင်းရင် ဘယ်လောက် တန်ဖိုးရှိမလဲ။ ”
“ အမှိုက်ပဲ ... ဒါဟာ တန်ဖိုးမရှိဘူး။ ”
စုရီက ပြန်ဖြေသည်။ ထို့နောက် ကျောက်စိမ်းရောင်ဝတ်ရုံ တဖျပ်ဖျပ်ခတ်လျက် ခန်းမအတွင်း ဝေ့ကြည့်ကာ၊
“ မင်းတို့ စကားပြောနေမှာလား တိုက်မှာလား။
-ဟု မေးမြန်းလိုက်တော့၏။
လေထုအတွင်း အငွေ့အသက်များ ရုတ်တရက် တင်းကြပ်လာသည်။ အားလုံးက စုရီထံ ပြန်ကြည့်ကုန်ကြ၏။
ဤလူငယ်သည် အသက် (17)နှစ် အရွယ်သာ ရှိသေးသော်လည်း အနည်းငယ် မျှပင် ကြောက်ရွံ့မှု မပြချေ။ ရှဟွာလင်းက၊
“ တတိယသခင်လေး ... မင်း စိတ်အားထက်သန် နေတာကြောင့် မင်းလိုချင် တာကို ငါတို့ဘာလို့ ခွင့်မပြုနိုင်ရမှာလဲ ... ဒါနဲ့ သူရဲကောင်းရှန့် ဒီမင်းရဲ့သား ပေးလိုက်တဲ့စာပါ ဖတ်ကြည့်လိုက်ဦး။”
-ဟု ဆိုကာ စာတစ်စောင်ကို ရှန့်ကျိစုန်ထံ ပစ်ပေးလိုက်သည်။
ရှန်ကျိစုန်မှ မလှုပ်ချေ။ မနေ့ညက ရိုက်ခတ်လာမည့် လှိုင်းများအပေါ် ရင်ဆိုင်ရန် ပြင်ဆင်ထား၏။
သို့သော် သူ့သားကို ကျောက်စိမ်းမြို့တော် ဖီးနစ်အကယ်ဒမီထံ ငယ်စဉ်တည်းက စေလွှတ် ထားခဲ့သဖြင့် မေ့လျော့နေမိခဲ့သည်။
၎င်းသည် ယခုနှစ်တွင် အသက် ဆယ့်ကိုးနှစ်ရှိပြီဖြစ်ပြီး လူငယ်တစ်ယောက်၏ အကောင်းဆုံး အချိန်ကာလပေပင်။
နှလုံးသားတစ်ခုလုံး တင်းကြပ်လာပြီး လူတိုင်း၏ အကြည့်အောက်၌ အံကြိတ်လျက် ငြိမ်သက်သွားတော့သည်။
“ ဟမ့် ... မင်းမဖတ်ကြည့်ဖူးလား။ ”
ထိုအပြုအမူကြောင့် လူတိုင်းက အံ့အားသင့်သွား၏။ ရှဟွာလင်းသည်ပင် မျက်ခုံးပင့် လိုက်မိသည်။
ရှန့်ကျိစုန်မှ စိတ်ပိုင်းဖြတ်ထားသော အသွင်ဖြင့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော စာရွက်ကို လျစ်လျူရှုကာ၊
“ ဖခင်တစ်ယောက်အနေနဲ့ ငါ့သားတစ်ခုခုဖြစ်ရင် သူ့အတွက် တရားမျှတမှု ပြန်ယူပေးမယ် ... ဒီလိုနည်းလမ်းမျိုးနဲ့ ငါ့ကို ဖိအားပေးဖို့ စဉ်းစားထားရင် မေ့လိုက်ပါ။ ”
-ဟု အေးစက်စွာ ပြန်ဖြေလိုက်၏။
“ ဒါက မင်းရဲ့သား အသက်ထက် အရေးကြီးလား။ ”
ယွီချင်းမှ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားတော့သည်။
“ ငါ့သားလေးကို မင်းတို့သတ်နိုင်တယ် ဒါပေမယ့် ငါအသက်ရှင်နေသရွေ့ စုမိသားစုရဲ့ ကလေးတိုင်း အသက် မရှင်ရဘူးလို့ ငါကျိန်ဆိုတယ်။ ”
ဤတစ်ကြိမ်တွင် စုရီက သက်ပြင်းချ လိုက်တော့၏။ ရှန်ကျိစုန်မှ လှည့်ကြည့်သည်။
“ မင်းဒီလို မလုပ်သင့်ဘူး။ ”
“ ဆရာစု၊ ငါ့ကို လှောင်ပြောင်ဖို့ မကြိုးစားပါနဲ့ ... ငါအသက်ရှင်ခွင့်ရထားတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ ...
... ငါ့မှာ တခြား အရည်အချင်းတွေ မရှိပေမယ့် ... သစ္စာတရားကိုတော့ အမြဲ တန်ဖိုးထားပါတယ်။ ”
“ ဟား ဟား ဟား ... ။ ”
ရှန့်ကျိစုန် စကားကြောင့် ယွီချင်းက အော်ဟစ်ရယ်မောလိုက်သည်။
“ ငါတို့ စုမိသားစုနဲ့ သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သူရဲကောင်း တစ်ယောက်ကို ငါ ပထမဆုံးအကြိမ် မြင်လိုက်ရတာပဲ ... ဟမ့် မင်းဒီလိုလုပ်ရင် ... မင်းရဲ့သား အပါအဝင် မင်းမိသားစုပါ ငြိစွန်းရလိမ့်မယ်။ ”
“ သူ့သားနဲ့ သူ့မိသားစု သေခဲ့ရင် ... မင်းရဲ့မိသားစုတစ်ခုလုံးကို မျိုးတုံးအောင် ငါလုပ်မယ်။ ”
စုရီမှ ဝင်ပြောလိုက်သည်။ ယွီချင်းတစ်ယောက် အံ့အားသင့်သွားစဉ် ရှဟွာလင်းက၊
“ အဟား ... တတိယသခင်လေး ... စိတ်အေးအေးထားပါ ... ငါတို့ ပျော်စရာတွေ အခုမှ စမှာ။ ”
-ဟု ဆိုလျက် လက်ဝှေ့ယမ်း ပြလိုက်၏။
ရုတ်တရက် လူတစ်စု ခန်းမအတွင်း လှမ်းဝင်လာသည်။ ကွမ်လင်မြို့သခင် ဖူရှန်းနှင့် နီပိုင်ဟွာဖြစ်၏။ ၎င်းတို့ဘေးတွင် အဘိုးကြီး တစ်ယောက်လိုက်ပါလာသည်။
စုရီမျက်ဝန်းများ အနည်းငယ် မှေးစင်းသွားပြီး များမကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
“ ဆရာစု မတွေ့တာကြာပြီနော်။ ”
ဖူရှန်းက ရှုပ်ထွေးသောအမူအရာဖြင့် ဦးညွှတ်နှုတ်ဆက်၏။
“ မင်း ဘာလာလုပ်တာလဲ။ ”
“ ဆရာစု ... စုမိသားစုနဲ့ မင်းရန်ငြိုးကို မေ့ပစ်လိုက်ပါ ... ဒါက ကိုယ့်မျိုးနွယ်စုကို ကိုယ် သစ္စာဖောက်တာနဲ့ အတူတူပါပဲ ... မင်းက စုမိသားစုရဲ့ သခင်ငယ် မဟုတ်လား။ ”
ထိုစကားကြောင့် စုရီတစ်ယောက် မျက်မှောင်ကြုတ်လိုက်ကာ၊
“ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကြောင့် ... ဒီတစ်ကြိမ် မင်းကို ခွင့်လွှတ်လိုက်မယ် ပါးစပ် ပိတ်ထားပါ ... ငါ့ကို ဘာလုပ်ပါလို့ ပြောရအောင် မင်းမှာ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေတာလား။ ”
-ဟု အော်ငေါက်လိုက်သည်။ မြို့သခင် တစ်ယောက်သည် သူ့ကို ဤစကားမျိုးပြောရန် သတ္တိရှိသည်လော။
သည့်နောက် နီပိုင်ဟွာထံ ထပ်မံလှည့်ကြည့်လိုက်ပြီး၊
“ မင်းလည်း ... သူနဲ့အတူတူ ဆိုရင် ပါးစပ်ပိတ်ထား။ ”
-ဟု သတိပေးလိုက်၏။
နီပိုင်ဟွာခမျာ ကူကယ်ရာမဲ့စွာဖြင့် အသံမထွက်ဝံ့တော့ချေ။ စုရီက သူ့အကြည့်ကို အဘိုးကြီးထံ ရွေ့လိုက်၏။
“ မင်းက ဘယ်သူလဲ။ ”
“ သခင်လေး ... ငါက ကွမ်လင်မြို့ ဟွမ်မိသားစုရဲ့ မဟာအကြီးအကဲပါ မျိုးနွယ်စု ခေါင်းဆောင် ဟွမ်ယွင်ချုံးကို ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ ... မင်းနဲ့ ငါတို့ မသက်ဆိုင် တော့ကြောင်း လာပြောတာပါ။ ”
“ ပါးစပ်ပိတ်ထား ... ကွမ်လင်မြို့မှာ ဟွမ်ယွင်ချုံးနဲ့ ဟွမ်ချမ့်ကျွယ်ကိုပဲ ငါသိတယ်။ ”
ထိုမြင်ကွင်းကြောင့် ရှဟိုလင်းက ပြုံးသည်။
“ ငါးလေးတွေ ပုဇွန်လေးတွေနဲ့ ငါတို့ရဲ့ တတိယသခင်ငယ်လေးကို မဆွဲဆောင်နိုင်ဘူး ထင်တယ် .... ခေါ်လာစမ်း ။ ”
သူ့စကားဆုံးသည်နှင့် ဝမ်အဘွားအို၊ ဝမ်မိသားစု ခေါင်းဆောင်ဝမ်ချန်းကျင်း၊ ဝမ်ချန်တုံနှင့် ချင်းချင်းတို့ ဝင်ရောက်လာ တော့သည်။
၎င်းတို့သည် အကျဉ်းချခံထားရသည့် အကျဉ်းသားများကဲ့သို့ ထိတ်လန့် တုန်လှုပ် နေကြ၏။ အဘွားအိုမှ ရှုပ်ထွေးသော အမူအရာဖြင့်၊
“ တတိယသခင်လေး၊ နတ်ဘုရာတွေ ရန်ဖြစ်တဲ့အခါ သေမျိုးတွေက အသုံးမဝင်ပါဘူး ငါသေရမှာ မကြောက်ပေမယ့် ... ဝမ်မိသားစုက အပြစ်ကင်းပါတယ်။ ”
-ဟု ပြောကြားလာသည်။
“ ငါနားလည်တယ် ... ။ ”
စုရီက နောက်ဆုတ်နေရန် လက်ဝှေ့ရမ်းပြလိုက်၏။
“ ဒါဆို မင်းခေါင်းငုံ့ထားမှာလား။ ”
ချင်းချင်းမှ အံကြိတ်လျက် မေးသည်။
“ ဝမ်မိသားစုအတွက် ငါအာမခံနိုင်တယ်။ ”
စုရီက ပြန်ဖြေသည်။ အမေးတခြား အဖြေတခြားဖြစ်၏။
“ ဟားဟားဟား ... တတိယသခင်လေး မင်းအရမ်းမောက်မာတာပဲ ဒါက ဘာလဲဆိုတာ ထပ်ကြည့်ပါဦး။ ”
“ ချွင် ... ။ ”
ယွီချင်းက ဓားတစ်လက်ကို ဆွဲထုတ်ပြလိုက်သည်။ ဓားသည် ဝိညာဉ်ရေးရာ အရိပ်အမြွက်များ ပြသနေသော်လည်း သာမန်သာဖြစ်၏။
“ မရဏအစွယ်။ ”
စုရီ မျက်လုံးများ မှေးစင်းသွားချေပြီ။ ဤဓားသည် အတိတ်ဘဝ အမှတ်တရများစွာ နိုးထလာပြီးနောက် သူသွန်းလုပ်ခဲ့သော ပထမဆုံးဓားဖြစ်၏။
“ တတိယသခင်လေး စိတ်မပူပါနဲ့ ... ယွမ်မိသားစုနဲ့ ဖန်မောင်နှစ်မတို့ ဘေးကင်း နေပါတယ် ...
... မျိုးနွယ်စုခေါင်းဆောင်က တတိယသခင်လေးကို ရန်စချင်တာနဲ့ပဲ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ မသုံးဖို့ မှာကြားထားပါတယ်။ ”
“ ဘာရှိသေးလဲ ။ ”
စုရီက မေးသည်။
“ ဟမ့် ... ပြည်နယ်သခင် မုကျန်းတုံကို ရာထူးကနေဖယ်ရှားပြီး အကျဉ်းသားချတယ်။ ”
“ ဆက်ပြောပါ ... ။ ”
“ ဆဋ္ဌမမင်းသားအတွက်တော့ ... ဧကရာဇ်မင်းကို ကျေနပ်အောင် စွမ်းဆောင်ပြ နိုင်ခဲ့ပေမယ့် ... အခု နန်းတော်ထဲမှာ ချုပ်နှောင် ထားရပါတယ် ...
... ပြီးတော့ နတ်ဘုရား အကယ်ဒမီနဲ့ ရေလမင်းအကယ်ဒမီတို့လည်း ကောင်းကင် မူလအကယ်ဒမီဆီကို သွားရောက် လည်ပတ်နေပါပြီ။ ”
ယွီချင်းစကားဆုံးသည်နှင့် ပေ့ဝမ်ရှန်က သက်ပြင်းချလိုက်ပြီး၊
“ တတိယသခင်လေး၊ ငါတို့ဆီ မင်းကို ဦးညွှတ်ခိုင်းနေတာ မဟုတ်ပါဘူး၊ မင်းရဲ့အဖေ အရင်းကို ဦးညွှတ်ရမှာပါ ... ဒီအတွက် ရှက်စရာ ဘာမှ မရှိပါဘူး။ ”
-ဟု ဖြောင်းဖျတော့၏။
“ နောက်တစ်လှမ်း ဆုတ်ရုံနဲ့ ကမ္ဘာကြီးမှာ နေပျော်စရာ ကောင်းလာပါလိမ့်မယ် အဲဒီအချိန် ဘယ်သူက မင်းကို နှိမ့်ချဝံ့မှာလဲ။ ”
မီးဘုရင် ရှဟိုလင်းမှလည်း ဝင်ပြောလာ၏။ လူတိုင်းက စုရီထံ ကြည့်နေသည်။ လေထုသည် စိတ်ပျက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။
“ ငါသိချင်တာ တစ်ခုရှိတယ် မင်းတို့ကို ဒီလိုလုပ်ခိုင်းတာ စုဟုန်လီလား ... ဒါမှမဟုတ် တခြားတစ်ယောက်လား။ ”
“ ရိုင်းလိုက်တာ ... ဟမ့် ... သားတစ်ယောက်အနေနဲ့ ကိုယ့်အဖေကို ဘယ်လိုများ နာမည်ခေါ်ဝံ့သလဲ။ ”
ရှဟိုလင်းမှ ဒေါသထွက်သွားကာ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားချေပြီ။ ပေ့ဝမ်ရှန်က အေးစက်သော အသွင်နှင့်၊
“ တတိယသခင်လေး ... မင်း မပျော်ဘူးဆိုတာ ငါတို့သိပါတယ် ... ဒါပေမယ့် မင်းလက်ခံလိုက်တာ ပိုကောင်းမယ် မဟုတ်ရင် ငါတို့ကို ရိုင်းတယ်လို့ အပြစ်မတင်ပါနဲ့။ ”
-ဟု ပြောကြားလာ၏။
“ ဟမ့် ... ငါ့ရှေ့မှာ ဘယ်သူဝံ့သလဲ ငါကြည့်မယ်။ ”
ရုတ်တရက် အေးစက်သော အသံနှင့် လူတစ်စု လှမ်းဝင်လာသည်။ ခေါင်းဆောင်သည် ဘုရင်ငယ်မုရှီဖြစ်၏။
သူ့ကိုမြင်ချိန်၌ ရှဟိုလင်းနှင့်အဖွဲ့မှာ မျက်မှောင်ကြုတ် လိုက်မိသည်။ အခြားသူများ သည်လည်း တိတ်ဆိတ်ကုန်၏။
အခြားမျိုးရိုးနှင့် ဘုရင်များအနက် အသက်ငယ်ဆုံးသော ဤဘုရင်ငယ်အသွင်ကို မည်သူမျှ မသိဘဲ မနေချေ။
“ ဒီလောက် ရယ်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို ငါပထမဆုံးအကြိမ် ကြုံဖူးတာပဲ အဖိုးကြီးတစ်စုက လူငယ်တစ်ယောက်ကို အရှက်မရှိတဲ့ နည်းလမ်းတွေနဲ့ ခေါင်းငုံ့ခိုင်းချင်နေတယ်။ ”
ကြယ်အလင်း အကယ်ဒမီသခင် ပုရီမှ မုရှီဘေးနားသို့ လှမ်းတက်လာပြီး လှောင်ပြောင် မှတ်ချက်ပေးလိုက်၏။
“ မှန်တယ် ... မင်းတို့တွေအားလုံး သူရဲကောင်းဆန်ဆန် တိုက်ရင် လေးစားမိမယ် ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးကတော့ အရမ်း စက်ဆုပ်ဖွယ် ကောင်းလွန်းတယ်။ ”
ထိုစဉ် အလင်းအကယ်ဒမီ၏ ဌာနမှူးကျန့်တန်ယွင်မှ လှမ်းတက်လာကာ ပြောကြားပြန်သည်။ သူ့ဘေးတွင် ဒုနန်းတော် သခင် လုချန်ဖန် လိုက်ပါလာ၏။
ဤသည်မှာ စုမိသားစု၏ အရေးကိစ္စ ဖြစ်သော်လည်း အားလုံးသည် စုရီနှင့်အတူ ရပ်တည်ရန် ရွေးချယ်ထားကြသည်။
“ ဘာတွေ ဖြစ်ကုန်တာလဲ။ ”
ဖူရှန်း၊ နင်ပိုင်ဟွာနှင့် ဝမ်အဘွားအိုတို့ မိသားစုခမျာ ရှုပ်ထွေးသော အမူအရာများဖြင့် စောင့်ကြည့်လာကြတော့သည်။
***