← Chapters

မင်းသေသင့်တယ် ... ။

Vol. 17 Ch. 200

မင်းသေသင့်တယ် ... ။

Vol. 17 Ch. 200

ရှန့်ကျိစုန်နှင့် ချန်ကျန့်ပင် အနည်းငယ် အံ့သြသွားသည်။ ဤလူများသည် သူတို့ထက် တစ်ရက်ဦးပြီး ထွက်ခွာသွားသူများဖြစ်၏။

အင်ပါယာမြို့တော်၌ ပြန်ပေါ်လာမည်ဟု မထင်ထားချေ။ ခန်းမအတွင်းရှိ လေထုသည် ပို၍ တိတ်ဆိတ်သွားတော့သည်။

မုရှီနှင့်အဖွဲ့ ရောက်ရှိလာသည်မှာ မုန်တိုင်းတစ်စင်းလို စုမိသားစုဝင်များအပေါ် အငိုက်မိစေ၏။

“ ဘုရင်ငယ် မုရှီ၊ မင်းက ငါတို့ စုမိသားစုရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်မှာ သေချာပြီလား။ ”

ရှဟိုလင်းမှ လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။

“ စုမိသားစုက ငါ့အတွက်ကြောက်ဖို့ မလုံလောက်သေးဘူး ... ဒီနေ့ သခင်လေးစုကို ဆန့်ကျင်တဲ့သူ မှန်သမျှ ငါ့ရန်သူပဲ။ ”

ရောက်ရှိလာသူအားလုံး မျက်နှာများ ပြောင်းလဲသွားသည်။ အသက် (၁၇)နှစ် အရွယ် လူငယ်တစ်ယောက်အတွက် စုမိသားစုအပေါ် အပြစ်ပြုဝံ့သည်လော။

ရှဟိုလင်းမှ မထီမဲ့မြင်ပြုသော အပြုံးမျိုး ပြသလာပြီး၊

“ ဒါပေမယ့် မင်းတို့အားလုံး အတူတူ လာရင်တောင် ... အခြေအနေကို ပြောင်းလဲဖို့ မလွယ်သေးပါဘူး ...

... အစ်ကိုစန်း၊ မင်းရဲ့သားမက်အတွက် လက်စားချေချင်ရင် ကျေးဇူးပြုပြီး ထွက်လာ​ပေးပါ။ ”

-ဟု တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်လိုက်တော့သည်။

သူ့ စကားဆုံးသည်နှင့် အနက်ရောင် မုတ်ဆိတ်မွေးနှင့် အနက်ဝတ်အဘိုးအိုတစ်ဦး လှမ်းဝင်လာသည်။

အဖြူဟူ၍ ရှည်လျားလှသော မျက်ခုံးမွေးတစ်စုံသာလျှင် တွဲလျောင်းကျနေ၏။ နောက်ကျောတွင် အနက်ရောင် ဓားသေတ္တာကို ပိုးလွယ်ထားသည်။

“ မျက်ခုံးဖြူဘုရင် စန်းကျန့်ဟိုင် ... ။ ”

လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်က ရှန်ရှင်းအဆင့်သို့ ဝင်ရောက်လာခဲ့ပြီး ဘုရင်ဘွဲ့ ရရှိထားသူ ဖြစ်သည်။ ယွီပိုင်တျန်း၏ ယောက္ခမလည်း ဖြစ်၏။

“ ဘုရင်ငယ်မုရှီ၊ မင်း ငါ့စုမိသားစုကို ဆန့်ကျင်ချင်တာ သေချာသေးလား။ ”

မီးဘုရင် ရှဟိုလင်းမှ လှောင်ပြုံးဖြင့် မေးမြန်းလိုက်သည်။

“ ငါ့ကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးအရာက ... နောက်ကွယ်မှာ မကောင်းမှုတွေ ပြုလုပ်တတ်တဲ့ လူကြီးလူကောင်းတွေကိုပဲ ...

... ဟမ့် မျက်ခုံး​​ဖြူဘုရင်ရှိလို့ ငါကြောက်နေလိမ့်မယ်လို့ ထင်နေတာလား ... လာ ... မင်းကစားချင်ရင် ငါကစားပေးမယ်။ ”

မုရှီက ရွှေလှံကို ထုတ်ယူကာ တစ်လှမ်းတိုးလိုက်၏။ သို့သော် စုရီမှ ခွင့်မပြုချေ။

“ ဖယ် ... ဒါ ငါ​ပြဿနာပဲ။ ”

မုရှီခမျာ အံ့အားသင့်သွားပြီး နှာခေါင်းကိုပွတ်သပ်လျက် လိမ္မာပါးနပ်စွာဖြင့် နောက်ပြန် ဆုတ်သွားခဲ့သည်။

“ ဘယ်လို အသက်ရှင်ရမလဲ ... သေရမှန်းတောင် မသိကြတဲ့ လူမိုက်တစ်စု၊ ဟား ဟား ဟား ... ။ ”

သို့တိုင် ရှဟိုလင်းနှင့်အဖွဲ့ကို သနားစရာ​ ကောင်းသော အပြုံးမျိုးဖြင့် လှောင်ပြောင်သွား သေးသည်။

မျက်ခုံးဖြူဘုရင်က သူ့နောက်ကျောရှိ ဓားသေတ္တာထဲမှ ထူထဲကြီးမားသော ဓားကို ထုတ်ယူကာ၊

“ ယွီပိုင်တျန်ကို မင်းသတ်ခဲ့တာလား။ ”

-ဟု မေးမြန်းလိုက်တော့၏။

“ မင်းသိနေတာပဲ လက်စားချေချင်ရင် လာခဲ့။ ”

စုရီမှ တုန့်ပြန်လိုက်သည်။

“ အစ်ကိုစန်၊ သူက စုမိသားစုရဲ့ တတိယသခင်လေးပါ ... ဘယ်လောက်ရိုင်းစိုင်း နေပါစေ ... သူ့ဘဝကို မင်းဆုံးဖြတ်လို့မရဘူး ... နားလည်လား။ ”

မီးဘုရင် ရှဟိုလင်းက သတိပေး၏။

“ ကောင်းပြီ ... ။ ”

ထို့နောက် မျက်ခုံးဖြူဘုရင်က ရှန်ရှင်းရောင်ဝါကို ထုတ်ဖော်ကာ ခန်းမတွင်းရှိ လူတိုင်းအပေါ် အဝေးသို့ တွန်းထုတ်လိုက်၏။

“ တတိယသခင်လေး ... ၊ မင်းအခု နောင်တရရင် သိပ်နောက်မကျသေးဘူး။”

ယွီချင်းက ပြုံးပြီး ထပ်ပြောသည် ။

“ မင်းစကားအရမ်းများတယ် မင်းနဲ့အရင် စလိုက်ရအောင်။ ”

“ မင်းရဲ့ ပြိုင်ဘက်က ဒီဘုရင်ပဲ။ ”

စုရီမှ သတိရသွားပြီး ယွီချင်းထံဦးတည် လျှောက်လှမ်းသွား၏။ ထိုအဆိုပါပြုအမူကြောင့် မျက်ခုံးဖြူဘုရင်က မျက်မှောင်ကြုတ်လျက် ဓားဖြင့် ဟန့်တားခုတ်ချလိုက်သည်။

“ ရွှပ် ... ။ ”

ဓားရည်ရွယ်ချက်က မိုးကြိုးမုန်တိုင်း တစ်စင်းအလား တဟုန်ထိုး ပြေးထွက်သွား လေသည်။

ဤသည်မှာ ခရမ်းရောင်မိုးကြိုးတစ်ထောင် ဓားရေးဖြစ်၏။ မျက်ခုံးဖြူဘုရင်၏ ထူးခြားသော ဓားရေးပေပင်။ မြေကြီးအဆင့် ကျွမ်းကျင်သူ တစ်ပါးထံမှ အမွေရရှိထားခြင်းဟု ကောလဟာလများ ရှိခဲ့ဖူး၏။

အဆုံးစွန်ထိ နားလည်သွားသောအခါ၊ ဓားရည်ရွယ်ချက်သည် မိုးကြိုးမုန်တိုင်းကဲ့သို့ တောင်တန်းများကို ဖြိုခွဲနိုင်မည်။

မဟာကျိုးတွင် မဟာသခင်အဆင့် ကျွမ်းကျင်သူများသည် နဂါးများဖြစ်ပြီး ရှန်ရှင်း အဆင့် ကျွမ်းကျင်သူသည် အထွတ်အထိပ် တည်ရှိမှုဖြစ်၏။

“ ဒီဓားက တကယ့်ကို အထင်ကြီးစရာပဲ။ ”

မီးဘုရင် ရှဟိုလင်းက ခေါင်းညိတ် လိုက်သည်။ မျက်ခုံးဖြူဘုရင်သည် သူတို့ဘုရင် ကိုးပါးအနက် အသန်မာဆုံးဖြစ်၏။

ထို့ကြောင့် ဤဓားအောက်တွင် စုရီတစ်ယောက် သနားစဖွယ် မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ကို မျှော်လင့်နေမိသည်။

“ ဝှစ် ... ။ ”

သို့သော် စုရီက လမ်းလျှောက်နေရာမှ လက်ဖဝါးဖြင့် ပြန်၍ရိုက်ချလိုက်၏။ အနီရောင် လက်ဖဝါးပုံရိပ်ကြီးတစ်ဖက် လေထုထဲ ထွက်ပေါ်လာသည်။

ဤသည်မှာ ဝိညာဉ်စွမ်းအင်များကို ကိုယ်ခံပညာဖြင့် ထိန်းချုပ်ပြီး လေထဲထုတ်ဖော် လိုက်ခြင်းမျိုးပေပင်။

နတ်ဘုရားများက တောင်တစ်လုံးကို ကောက်ကိုင်ကာ လွှဲရိုက်လိုက်သလို ပြင်းထန် လှ၏။ ကြည်လင် တောက်ပနေသည်။

“ ခရစ် ... ။ ”

၎င်းရှေ့တွင် မိုးကြိုးမုန်တိုင်းကဲ့သို့ ထူထဲသော ခရမ်းရောင်ဓားရည်ရွယ်ချက်သည် ဖန်ခွက်အလား အပိုင်းပိုင်း ကွဲသွား၏။

“ ထန် ... ။ ”

လက်ကျန် စွမ်းအင်များက ထိုမျှဖြင့် ရပ်တန့်မသွားဘဲ ဓားပြားကြီးပေါ်ထိမှန်ကာ လွတ်ကျလုနီးပါး ဖြစ်သွားစေသည်။

အဆုံးတွင် မျက်ခုံးဖြူဘုရင်ခမျာ မျက်နှာနီရဲလာပြီး နဖူးရှိသွေးပြန်ကြောများ တွန့်ခေါက်လျက် သွေးနှင့်ချီများ ပွက်ပွက်ဆူ သွားတော့၏။

“ အဟွတ် ... အဟွတ် ... ။ ”

ထို့နောက် လည်မျိုအတွင်း ပျို့တက်လာသော ညှီစို့စို့အရသာများကို ပြန်မျိုချကာ ဆုတ်ခွာလိုက်ရသည်။

ဤသည်မှာ (၁၇)နှစ်အရွယ် လူငယ်တစ်ယောက် ပိုင်ဆိုင်သည့် စွမ်းအားမျိုး ပင်လော။ အဓိပ္ပါယ် မရှိချေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။

မျက်ခုံးဖြူဘုရင်ကဲ့သို့ အစွမ်းထက်သော ကျွမ်းကျင်သူအနေဖြင့် စုရီလက်ဖဝါးတစ်ချက် အပေါ် ခံယူနိုင်သင့်သည်။

“ ဒါ ... ။ ”

လူတိုင်း အမြင်တွင် ကျင့်ကြံမှု၊ ခွန်အား စသည့် မည်သို့ပင်ဖြစ်စေ မျက်ခုံးဖြူဘုရင်သည် စုရီထက် သာလွန်သည်။

လက်ထဲရှိ ဓားကြီးသည်ပင် ဝိညာဉ်လက်နက် ဖြစ်သည်။ ဤသို့ နောက်ပြန် မဆုတ်သင့်ဟု မြင်၏။

လူတိုင်း အံ့အားသင့်နေချိန်တွင် စုရီက ယွီချင်းထံ ဆက်လျှောက်သွားခဲ့သည်။ ပန်းခြံထဲ လမ်းလျှောက်နေသလိုမျိုး လက်နှစ်ဖက်ကို နောက်ပို့ထား၏။

“ ..... ။ ”

ယွီချင်းခမျာ မျက်နှာ ပြောင်းလဲသွားပြီး သူ့နှုတ်ခမ်းမှ ထူးဆန်းသော မန္တန်တစ်ပုဒ်ကို ချက်ချင်းရွတ်ဆိုကာ တံဆိပ်တစ်ခု ဖန်တီးသည်။

လက်ဆယ်ချောင်းကြားတွင် အနီရောင်စွမ်းအင်ကြိုးမျှင်များ ပိုက်ကွန်သဖွယ် ဖြစ်ပေါ်လာ၏။

ကောင်းကင်အဆင့် ထိပ်တန်း သိုင်းပညာ တစ်ရပ်ပေပင်။ ထိုပိုက်ကွန်ဖြင့် ဖုံးအုပ်ခံရပါက အသွေးအသားပုံကြီးအဖြစ် ပြောင်းလဲ သွားနိုင်မည်။

“ သွားသေလိုက်တော့ ... ။ ”

သို့တိုင် စုရီ၏ မျက်လုံးများသည် အထင်အမြင်သေးစွာဖြင့် ပျံသန်းလာနေသော စွမ်းအင်ပိုက်ကွန်ကို လက်နှစ်ချောင်းနှင့် ခုတ်ချပစ်လိုက်သည်။

“ ဘောင် ... ဘောင်း ဘောင်း။ ”

တာအိုကြယ်ချီနှင့် ပေါင်းစပ်ထားသော ဓားရည်ရွယ်ချက်ဖြစ်သဖြင့် စွမ်းအင်ပိုက်ကွန် ခမျာ စက္ကူတစ်စလို ပေါက်ကွဲသွားတော့၏။ မီးပွားများ ရွာကျကုန်သည်။

“ ဒူးထောက် ... ။ ”

“ မဟုတ်ဘူး ... မလုပ်နဲ့ ... ။ ”

စုရီက ယွီချင်း အနားရောက်သွားပြီး ပြောကြားလိုက်၏။ ထိုစကား တစ်ခွန်းသည် ယွီချင်းအတွက် အမိန့်ဖြစ်သည်။ အသိစိတ် ပင်လယ်ပြင်၌ ဓားတစ်လက်ပေါ်လာကာ ချက်ချင်း ဒူးထောက်ကျသွား၏။

“ ဒုန်း ... ။ ”

ရှက်ဒေါသဖြင့် ရုန်းကန်ထရပ်လိုက် သော်လည်း ဓားကြီးက ခွင့်မပြုချေ။ ချွေးများ စီးကျလျက် ဆက်ကာ ဒူးထောက်ခိုင်း ထားသည်။

စုရီက ယွီချင်း ရှေ့တည့်တည့်တွင် ရပ်လိုက်ကာ၊

“ မနေ့က တိမ်ပင်လယ် စံအိမ်မှာ ... မင်းပြောခဲ့ ... လုပ်ခဲ့တာတွေအတွက် ... မင်း သေသင့်တယ်။ ”

-ဟု ပြောကြားလေသည်။

ထိုစကားကြောင့် ယွီချင်းခမျာ မျက်နှာ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ဤမြင်ကွင်းသည် မီးဘုရင်ရှဟိုလင်းကို မျက်မှောင်ကြုတ်သွားစေ၏။ သူ သိထားသော အချက်အလက်အရ စုရီသည် ချီစုဆောင်းခြင်း အဆင့်၌ ဖြစ်သည်။ ယခုမူ မှားနေပုံပင်။

“ သတိထား ... တတိယသခင်လေးက ... မဟာသခင်အဆင့် ပထမအဆင့်ကို ဝင်ရောက် သွားပြီ။ ”

အဆုံးတွင် ၎င်းကို ရိပ်မိသွားကာ မျက်ခုံးဖြူဘုရင်ထံ အော်ဟစ်သတိပေးလိုက် တော့သည်။

သို့မှသာ အခြားလူများသည်လည်း အံ့သြတုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်လာကုန်ကြသည်။

(၁၇)နှစ်အရွယ် ပထမအဆင့် မဟာသခင်တစ်ပါးဟူသည် မဟာကျိုးအတွက် ချီးမြှောက်ခံ ဘုရင်တစ်ပါးပေပင်။

“ သတ် ... ။ ”

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ် လာသည်။ မျက်ခုံးဖြူဘုရင်သည် ဓားကြီးကို လွှဲကာ ထပ်မံတိုက်ခိုက်ခြင်းဖြစ်၏။

ပထမတစ်ကြိမ်တွင် ရှဟိုလင်း၏ သတိပေးချက်ကြောင့် သူ့ခွန်အားများစွာကို ထိန်းချန်ထားခဲ့ရသည်။ ဤတစ်ကြိမ်တွင်မူ ထိန်းထားစရာ မလိုတော့ချေ။

“ ခရစ် ... ။ ”

ရှန်ရှင်းရောင်ဝါနှင့် ပေါင်းစပ်ထားသော ဓားအလင်းက စားပွဲများနှင့် ကုလားထိုင်များကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ခန်းမအတွင်း ကမောက်ကမ ဖြစ်ကုန်၏။

အဆုံးတွင် အဆိုပါဓားအလင်းသည် သုံးမီတာရှည်သည့် ခရမ်းရောင်လျှပ်စီးမြွေကြီး အဖြစ် ပြောင်းလဲသွားကာ စုရီကို မျိုချရန် ကြိုးစားလာတော့သည်။

***

All Chapters