← Chapters

အနာဂါတ်အတွက် မဟာမိတ်ဖွဲ့ခြင်း ... ။

Vol. 17 Ch. 204

အနာဂါတ်အတွက် မဟာမိတ်ဖွဲ့ခြင်း ... ။

Vol. 17 Ch. 204

ကျန်းမိသားစု မြေအောက်ခန်းအတွင်း ကျန်းတျန်းဟီတစ်ယောက် ဆံပင်များ ပွထကာ မွဲခြောက်ခြောက်အသွင်ဖြင့် လမ်းလျှောက် နေသည်။

“ နောင်တရလား ... ။ ”

ဤတစ်ရက်အတွင်း ဒေါသ၊ နာကြည်းမှုနှင့် စိုးရိမ်ပူပန်မှုများအားလုံး ငြိမ်သက် သွားခဲ့သည်။ ထိုမေးခွန်းက ပထမဆုံး သတိဝင်လာချိန်၌ ထွက်ပေါ်လာခြင်းဖြစ်၏။

အဆုံးတွင် ခေါင်းရမ်းလျက် ရွေးချယ်ခွင့် ရှိလျှင်ပင် သေချာပေါက် စုရီကို ရွေးချယ်မည်ဟု ကတိပြုလိုက်မိသည်။

ဤသည်မှာ သတ္တိကောင်း၍ မဟုတ်ချေ။ အနောက်တောင်ထိပ် ရေနွေးကြမ်းသောက်ပွဲ၌ စုရီကြောင့် ဆဋ္ဌမမင်းသားသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခြင်းဖြစ်သည်။

“ ဒီအဘိုးကြီးတွေမှာ ... မာန မရှိတာ သနားစရာပဲ။ ”

“ ကျွီ ... ။ ”

ထို့နောက်သက်ပြင်းချကာ ညည်းတွားလိုက်၏။ ရုတ်တရက် အခန်းတံခါး ပွင့်လာပြီး အလင်း​ရောင်​​များ ​ဝင်ရောက်​လာ​သည်​။

“ မိသားစုခေါင်းဆောင် ငါ့အပြစ်တွေကို ဝန်ခံဖို့ ရောက်လာပါပြီ။ ”

ပိန်လှီနေသော အဘိုးအိုတစ်ဦးက ကျန်းတျန်းဟီရှေ့တွင် ဒူးထောက်ချလိုက်၏။ ကျန်းတျန်းဟီမှ မျက်ခုံးပင့်ကာ၊

“ တတိယဦးလေး ... ။

-ဟု ရေရွတ်လိုက်သည်။

ချက်ချင်းပင် တစ်ခုခုကို နားလည်သွားကာ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာ၏။

“ ဒါဆို ဆရာစု အနိုင်ရသွားပြီပေါ့။ ”

“ ဟုတ်ပါတယ် ... ငါတို့အနိုင်ရပါပြီ ... ငါတို့အနိုင်ရပါပြီ ... ။ ”

အဘိုးအိုက ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။

“ တတိယဦးလေး၊ မနေ့တုန်းက ငါ့ရဲ့ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ဖယ်ရှားဖို့ ဦးဆောင်ခဲ့တာ မင်း ... မဟုတ်လား။ ”

“ ဒါ ... ငါ့အမှားပါ၊ ငါတာဝန်အပြည့် ယူပါ့မယ် ... ကျန်းမိသားစု မျက်နှာကို ငဲ့ညှာပြီး ဆုံးဖြတ်ပေးပါ မိသားစုခေါင်းဆောင်။ ”

“ ဟမ့် ... ဒါဆိုမျိုးနွယ်စုထဲက အဲဒီလူယုတ်မာတွေရဲ့ ခေါင်းကို အခုဖြတ်ပြီး ဆရာစုဆီ သွားဖို့လုပ်ပါ။ ”

အဘိုးအိုက ထိတ်လန့်သွားကာ၊

“ ခေါင်းဆောင် ... ဒါရက်စက်လွန်းတယ် မဟုတ်လား။ ”

-ဟု ပြန်လှန် မေးခွန်းထုတ်လိုက်၏။

“ ဟမ့် ... ရက်စက်လွန်းတယ်လား ... သူတို့ခေါင်းမပါရင် ဆရာစုကို ငါ ဘယ်လိုလုပ် ရှင်းပြနိုင်မှာလဲ ... ကျန်းမိသားစုက ဆရာစုနဲ့ မပတ်သတ်တော့ပါဘူးလို့ သတင်းလွင့်ခဲ့တာ ဘယ်သူတွေလဲ။ ”

ထိုစကားကြောင့် အဘိုးအိုခမျာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီး အဆုံးတွင် ခေါင်းညိတ်လျက်၊

“ နားလည်ပါပြီ ... ။ ”- ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။

များမကြာခင် ကျန်းမိသားစုအတွင်း သွေးလွှမ်းသော သတ်ဖြတ်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။ မိသားစု ခေါင်းဆောင်ရာထူးကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော လူတိုင်း ခေါင်းဖြတ်ခံခဲ့ရသည်။

***

ယနေ့ ပြည်နယ်သခင် စံအိမ်ရှိ စုရီနှင့် စုမိသားစု၏ ဆွေးနွေးပွဲသတင်းကို လူတိုင်း သိရှိထားကြသည်။

ထို့ကြောင့် စုရီသည် ဤဘေးဆိုးမှ လွတ်မြောက်နိုင်မည် မဟုတ်ဟု လူအများက ခန့်မှန်းခဲ့ကြ၏။

သို့သော် ပြည်နယ်သခင်စံအိမ်မှ စုရီပြန်လာသောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

မရေမတွက်နိုင်သော လူများစွာက အံ့ဩတုန်လှုပ်လျက် အသက် ဆယ့်ခုနစ်နှစ် အရွယ် ကောင်လေးတစ်ယောက်မှ စုမိသားကို ဖြုတ်ချခဲ့သည့်အပေါ် ယုံရခက်ကုန်သည်။

မျက်ခုံးဖြူဘုရင်၊ မီးဘုရင်နှင့် သူရဲကောင်း နှစ်ယောက် အပါအဝင် ဒု-တပ်မှူးများ အားလုံး ခေါင်းဖြတ်ခံခဲ့ရ၏။

ယနေ့မှစကာ ဘုရင်(၉)ပါးနှင့် သူရဲကောင်း(၁၈)ယောက်တို့တွင် ဘုရင် (၇) ပါးနှင့် သူရဲကောင်း (၁၆)ယောက်သာ ကျန်ရှိတော့သည်။

ရယ်စရာကောင်းသည်မှာ မိသားစုလေးခုဖြစ်သည်။ အနောက်တောင်ထိပ် လူသတ်ပွဲ ပြီးနောက် မျိုးနွယ်စုခေါင်းဆောင် ရာထူးအတွက် သွေးမြေကျခဲ့ရ၏။

အဆုံးတွင် ခေါင်းဆောင် အသစ်များ တင်မြောက်ကာ ယနေ့ ပြည်နယ်သခင်စံအိမ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သူမျှ ပြန်မလာနိုင်တော့ချေ။

ထိုအချိန်တွင် စုရီက တိမ်ပင်လယ်သို့ ပြန်ရောက်လာပြီး ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ မရဏအစွယ်ကို သန့်ရှင်းရေး လုပ်ပေးနေခဲ့သည်။

ဤဓားသည် မှတ်ဉာဏ်များ နိုးထလာပြီးနောက် သူကိုင်ဆောင်ခဲ့သည့် ပထမဆုံးသော ဓားလည်း ဖြစ်၏။

လက်ရှိကျင့်ကြံမှုဖြင့် ကိုင်ဆွဲရန် မထိုက်တန်တော့သော်လည်း နှလုံးသားတွင် နေရာတစ်ခု ရှိသေးသည်။

“ ဝှစ် ... ။ ”

သန့်ရှင်းရေးလုပ်ပြီးနောက် ဓားကို မြှောက်ကာ အချိန်အတော်ကြာ စိုက်ကြည့်ပြီး ပြန်သိမ်းလိုက်တော့သည်။

“ ဦးလေးစု လက်ဖက်ရည်သောက်ပါဦး။ ”

ကျန်းမူယောင်က ပူနွေးသော ရေနွေးကြမ်းတစ်ခွက်ကို ကမ်းပေးလာ၏။ စုရီ ပြန်လာပြီးနောက် သူမ ဖခင် မကြာခင် ပြန်လွတ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဦးလေးစု၊ ပခုံးနှိပ်ပေးမယ်။ ”

ကျန်းမူယောင်က စိတ်ပါလက်ပါဖြင့် နှိပ်နယ်ပေးတော့သည်။ စုရီမှ ငြင်းဆန်ခြင်း မပြုချေ။ များမကြာခင် ရှန့်ကျိစုန်၊ ချန်ကျန့်နှင့် အခြားသူများ ရောက်ရှိလာသည်။

၎င်းတို့လက်တွင် သွေးစွန်းနေသော ဦးခေါင်းသုံးလုံး ပါလာ၏။ ထို့ပြင် လူသေများ ထံမှ ရတနာများကိုလည်း သေတ္တာကြီး တစ်လုံးဖြင့် သယ်ဆောင်လာသည်။

“ ဒီခေါင်းတွေကို ပြာဖြစ်အောင် မီးရှို့ပြီး ပုလင်းတစ်လုံးထဲ ထည့်ထားပေးပါဦး။ ”

စုရီက အမိန့်ပေးသည်။ ရှန့်ကျိစုန်က ခေါင်းညိတ်၏။ ထို့နောက် စုရီက မုရှီနှင့်အဖွဲ့ကို လှမ်းကြည့်ကာ၊

“ မင်းတို့က ဒီကို ဘာအတွက်လာတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါတို့ ဒီကိစ္စအတွက် ... လာတာ မဟုတ်ပါဘူး၊ ဒါက တိုက်ဆိုင်မှုလေး တစ်ခုပါ။ ”

“ ကောင်းပြီ ... ဘာပဲဖြစ်ဖြစ် မင်းက ဒီနေ့ငါ့ကိုကူညီခဲ့တာမို့ ... ဒီကျေးဇူးကို မှတ်မိ နေမှာပါ။ ”

မုရှီမှ ခေါင်းခါပြီး၊

“ ဆရာစု ... မင်းနားလည်မှု လွဲနေပြီ ငါတို့ဒီကျေးဇူးကို မလိုဘူး။ ”

“ ဒါဆို ဘာအတွက်လဲ။ ”

“ ငါတို့ မဟာမိတ်ဖွဲ့ချင်ပါတယ် ဆရာစု ... မင်းသဘောတူရင် ငါတို့အားလုံး မင်းနဲ့အတူ လက်တွဲချင်ပါတယ်။ ”

“ အကြောင်းပြချက် ပြောပါ။ ”

“ ကျင့်ကြံခြင်းဆိုတာ ဒီလိုလောကီရဲ့ အရှုပ်အထွေးထဲ နစ်မြုပ်နေဖို့ မဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် သွေးနတ်ဆိုး တောင်တန်းမှာ ...

... ဖြစ်ပျက်ခဲ့တာတွေကြောင့် ငါတို့ မိုးပြာတိုက်ကြီးက မမြင်နိုင်တဲ့ အန္တရာယ်တွေ ဝိုင်းနေတယ်လို့ မြင်မိပါတယ် ... ဒါကြောင့် ...

... မဟာမိတ်ဖွဲ့ခြင်းက နောင်အနာဂတ်မှာ အခုလို ရှုပ်ပွနေတော့မှာ မဟုတ်ပါဘူး ငါတို့တွေ ကောင်းကောင်း ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ”

မုရှီ အကြောင်းပြချက်ကြောင့် စုရီက တိတ်ဆိတ်သွားသည်။ ပုရီ၊ ကျန်းတန်ယွင်နှင့် လုချန်ဖန်ထံ တစ်လှည့်စီ စစ်ဆေးကြည့်ကာ အဆုံးတွင် မုရှီ၌ ရပ်သွား၏။

“ မင်းတို့နဲ့ မဟာမိတ်ဖွဲ့ရတာ ... အဆင်ပြေတယ် ဒါပေမယ့် ငါက ခေါင်းဆောင် ဖြစ်ရမယ်။ ”

“ ဟား ဟား ဟား ဟုတ်တယ်၊ မင်းက ငါတို့ရဲ့ခေါင်းဆောင်ပဲ .. မင်းအမိန့်ကို လိုက်နာဖို့ ငါမုရှီတွေဝေနေမှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... ခေါင်းဆောင်စု ငါတို့သဘောတူတယ်။ ”

ပုရီ၊ ကျန်းတျန်ယွင်နှင့် လုချန်ဖန်က စိတ်သက်သာရာ ရသွားကြသည်။ စုရီနှင့်အတူ တစ်လှေတည်း စီးနေသရွေ့တော့ လှိုင်းကို မကြောက်ချေ။

ရှန့်ကျိစုန်နှင့် ချန်ကျန့်သည်လည်း ပြုံးရွှင်လာသည်။ သူတို့အားလုံးသည် စုရီ၏ အရိပ်အောက်မှ အကိုင်းအခက်များ ဖြစ်လာချေပြီ။

ဤမြင်ကွင်းက ကျန်းမူယောင်ကဲ့သို့ ကောင်မလေးတစ်ယောက်အတွက် မျက်လုံးပြူး စေသည်။ ဦးလေးစုသည် အမှန်ပင် ကြီးစိုးလှ၏။

ကြိမ်ကုလားထိုင်ပေါ် အိပ်နေရုံဖြင့် ထိပ်တန်း အကယ်ဒမီ နှစ်ခု၊ ဘုရင်တစ်ပါး၊ သူရဲကောင်းနှစ်ယောက်တို့၏ ခေါင်းဆောင်ဖြစ်လာသည်။

ကောင်းကင်မူလအကယ်ဒမီကိုပါ ထည့်တွက်သော် ထိုမဟာမိတ် အဖွဲ့ကြီးသည် အမှန်ပင် ကြောက်စရာ ကောင်းချေပြီ။

​“ ကျီး ... ။ ”

ထိုစဉ် နင်စစ်ဟွာက လင်းယုန်စိမ်းကို စီးနင်းလျက် ရောက်ရှိလာခဲ့၏။ လူတိုင်းက သူမ နောက်မှ လိုက်ပါလာသော မဟာအကြီးအကဲ ရှန့်ကျန်းထံ ကြည့်လိုက်မိသည်။

ရှန့်ကျန်းလက်ထဲရှိ မျက်လုံးများ ပြူးကျယ်နေသော ဦးခေါင်းနှစ်လုံးသည် မည်မျှ ထိတ်လန့်ခဲ့သည်ကို ပြောပြနေ၏။

ဤဦးခေါင်း ပိုင်ရှင်များသည် မဟာကျိုးအင်ပါယာတွင် ကျော်ကြားသော မဟာသခင်များလည်း ဖြစ်သည်။

“ တာအိုမိတ်ဆွေ ဒီခေါင်းနှစ်လုံးက ယဇ်ပူဇော်ဖို့ အရည်အချင်း ပြည့်မီသလား။ ”

နင်စစ်ဟွာက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသောစုရီကို ကြည့်ပြီး ရယ်မောလျက် မေးမြန်းလိုက်သည်။

“ သူတို့က စုမိသားစုဝင် မဟုတ်ဘူး၊ အရည်အချင်း မပြည့်မီဘူး။ ”

“ ဟား ဟား ဟား ... ငါလည်း ဒီလိုပဲထင်တယ်။ ”

စကားဆုံးသည်နှင့် ပြင်းပျသော နတ်ဆိုး မီးတောက်တစ်ခု သူမ လက်ချောင်းထိပ်ဖျားမှ ဖျပ်ခနဲပေါ်လာပြီး ဦးခေါင်းနှစ်လုံးပေါ် ပြုတ်ကျသွားသည်။

များမကြာခင် ပြာများအဖြစ်သို့ ပြောင်းလဲ လွင့်ပါးသွား၏။ အဆိုပါ လုပ်ရပ်သည် သူမ၏ ရပ်တည်ချက်ကို စုရီ သိစေရန်ဖြစ်သည်။

ဤမြင်ကွင်းက ပုရီနှင့်အဖွဲ့ကို သက်ပြင်းချမိစေ၏။ နင်စစ်ဟွာ ကဲ့သို့သော တစ်စုံတစ်ယောက်သည်ပင် ဤနည်းလမ်းဖြင့် စုရီ၏ ယုံကြည်မှုကို ရယူနေရသည်။

သူတို့အတွက် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်မှာ ကံကောင်းလှချေပြီ။ ထိုအကြောင်းကို မုရှီက နင်စစ်ဟွာထံ ပြောပြလိုက်သည်။

“ ဟမ့် ... တောင်တန်းဘုရင်လို မာနကြီးလွန်းတဲ့ လူတစ်ယောက်မှာ ဒီလိုမျိုး အမျှော်အမြင် ရှိနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ ”

နင်စစ်ဟွာက မုရှီကို ချီးကျူး စကားဆိုလိုက်သည်။ သူမသည် စုရီအပေါ် အခြားသူများထက် ပိုသိ၏။

ထို့ကြောင့် မုရှီနှင့် အဖွဲ့သည် အခွင့်အရေးတစ်ခု စုရီထံမှ ရရှိခဲ့ကြောင်း နားလည်လိုက်မိသည်။

စကားစမြည် ပြောကြားနေစဉ် ကျန်းတျန်းဟီ ရောက်ရှိလာပြန်၏။ ၎င်းက စုရီကို မြင်သည်နှင့် မထိန်းနိုင်တော့ဘဲ ထပ်တလဲလဲ ကျေးဇူးတင်တော့သည်။

စုရီရပ်ခိုင်းမှသာလျှင် ငြိမ်သက်သွား၏။ ထို့နောက်တွင် လူတိုင်းသည် စကားစမြည်များ ပြောကြားလျက် များမကြာမီ အလိုက်တသိ ထပြန်သွားကြတော့သည်။

***

Book-17

All Chapters