← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

ချင်တန်သည် အိမ်တော်အခန်းထဲရှိ ထိုင်ခုံပေါ်တွင် ဝိုင်အရက်ဌဲ့သောက်နေသော မိန်းမလှ တစ်ယောက်ရှိသို့ ခေါ်ဆောင်လာခဲ့၏။

ထိုမိန်းမလေးသည် ဝိုင်ခွက်ကိုင်ထားရင် ကျစ်ယန်ခန္ဓာကိုယ်အား အစအဆုံးကြည့်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ထဲမှ စာအုပ်အသေးလေးတစ်အုပ်အား ထုတ်လိုက်သည်။

ထိုမိန်းမပျိုသည် စာအုပ်အသေးလေး တစ်ခုအား သူ့ရှေ့ရှိ စားပွဲခုံပေါ်သို့ တင်လိုက်ပြီး "နင်ရဲ့တာဝန်က ဒီစာအုပ်ထဲက ဆေးအမယ်တချို့ကို ယွီချန်းတောင်ထိပ်မှာ လိုက်လံရှာဖွေရမှာပဲ ၊ ကျန်တာကတော့ နင့်ကို ချင်တန် ဆက်ရှင်းပြလိမ့်မယ်" လို့ ပြောလိုက်၏။

ကျစ်ယန်သည် စာအုပ်ကို ယူသိမ်းလိုက်ပြီး ချင်တန်နဲ့အတူ အိမ်တော်ရဲ့ အနောက်ခြံဝန်းထဲကို ရောက်ရှိလာခဲ့သည်။ ချင်တန်သည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲက အစီအရင်စာရွက်သုံးရွက်ကို ပေးလိုက်၏။

ထိုအစီအရင် စာရွက်တွေကတော့ လျင်မြန်မှုနှုန်းကို မူလထက်၃ဆပင် မြန်နိုင်သော အစီအရင်စာရွက်များပင် ဖြစ်သည်။ ယွီချန်တောင်ထိပ်သည် ချုန်အိမ်တော်နဲ့ အလွန်ပင် ဝေးကွာသော်လည်း ချုန်အိမ်တော်ရဲ့ ပိုင်နက်တောင်ထိပ်တစ်ခုပင် ဖြစ်၏။

ချင်တန်သည် မြေပုံသားရေလေးတစ်ခုနှင့် အစီအရင်စာရွက်တွေ ပေးပြီးနောက် ဆောင်ရွက်ရမည့်အရာများကို ပြောပြလိုက်သည်။ ယွီချန်တောင်ထိပ်တွင် ချုန်အိမ်တော်မှ တာဝန်ထမ်းဆောင်နေသော လူများသည် ရောက်ရှိနေပြီ ဖြစ်၏။

ကျစ်ယန်သည် ယွီချန်တောင်ထိပ်ကို သွား၍ ထိုလူများနဲ့အတူ ဆေးအမယ်များကို ရှာဖွေတူးဖော်ရမည် ဖြစ်ပေသည်။ ကျစ်ယန်သည် အစီအရင်စာရွက်ကို သူ့ခြေထောက်မှာ ကပ်လိုက်ပြီး ချင်တန်ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်ထွက်ခွာသွားပြီးနောက် ချင်တန်နောက်တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူကတော့ တခြားလူမဟုတ်ပေ လန်တုံဟောက်ပင် ဖြစ်၏။ လန်တုံဟောက်ကို တွေ့တဲ့အခါ ချင်တန်သည် ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ ဂါဝါရပြုလိုက်သည်။

လန်တုံဟောက်သည် သူ့မုတ်ဆိတ်မွှေးအား ပွတ်သပ်လိုက်ပြီး "ချင်တန်......ပါဝင်စမ်းသပ်တဲ့လူတွေထဲမှာ ငါ့ထုတ်ပြန်ထားတဲ့အမိန့်ကို သိတဲ့လူရှိနေတယ်မလား....." ဟု အေးဆေးပင် ပြောလိုက်၏။ ထိုစကားသည် ချင်တန်ကို အလွန်ပင် ကြောက်ရွံသွားစေခဲ့သည်။

ချင်တန်သည် ဘာပြောလို့ ပြောရမှန်းမသိချိန်တွင် လူတစ်ယောက်သည် လန်တုံဟောက်ရဲ့ နောက်ကို ရောက်ရှိလာခဲ့ပြီး "အကြီးအကဲတုံဟောက်က ဒီနေရာကို ရောက်နေတာပဲ ၊ ကျွန်တော်က အိမ်တော်ထဲမှာ ရှိမယ်ထင်နေတာ" ဟု ပြုံးရွင်စွာ ပြောလိုက်၏။

လန်တုံဟောက်သည်လည်း တည်ငြိမ်စွာဖြင့် " ချုန်အိမ်တော်သခင်က ကျွန်တော်ကို ရှာတာ ကိစ္စရှိလို့လား " လို့ မေးလိုက်သည်။ ချုန်အိမ်တော်သခင် ချုန်ထင့်သည် "မရှိပါဘူး.....မရှိပါဘူး ၊ အကြီးအကဲတုံဟောက် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ " လို့ ပြန်ပြောလိုက်လေသည်။

တခြားတစ်ဖက်တွင် ကျစ်ယန်သည် ယွီလျန်တောင်ထိပ်ကို ရောက်ရှိသွားပြီဖြစ်၏။ ကျစ်ယန်သည် မြေပုံတွင် အနီရောင်ကွင်းဝိုင်းထားသော နေရာသို့ လျင်မြန်သော နှုန်းဖြင့် သွားလာနေခဲ့သည်။

ကျစ်ယန်သည် ထိုနေရာကို ရောက်ရှိသွားတဲ့အခါ လူအများစုသည် ကျစ်ယန်အား လှည့်ကြည့်လိုက်ကြ၏။ ထိုလူများထဲမှ ချင်းယွီလို့ ခေါ်သော မိန်းကလေးသည် "နင်က ဘာရပ်လုပ်နေတာလဲ ၊ ဆေးအမယ်တွေ လိုက်မရှာသေးဘူးလား " လို့ မေးလိုက်သည်။

ကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့၏။ ထိုချိန်မှာ ကျန်အောလို့ ခေါ်သည့်လူသည် ဆေးအမယ်တူးရင်းဖြင့်

ကျစ်ယန်ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျစ်ယန်သည် အနားတွင် လူရှုပ်နေသဖြင့် အားလုံးနဲ့ဝေးသော နေရာတစ်ခုကို သွားနေခဲ့၏။

ကျစ်ယန်သည် မြေပြင်ပေါ်တွင် ဆေးအမယ်များစွာကို တွေ့လိုက်ရတဲ့အခါ ကျစ်ယန်သည် လိုက်လံ၍ တူးဖော်ပါတော့သည်။ ကျစ်ယန်သည် ဆေးအမယ်အများစုအား စိတ်ဝိညဥ်ကမ္ဘာထဲတွင် ထည့်သိမ်းနေခဲ့ပြီး တချို့တစ်ဝက်ကိုသာ သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းခဲ့၏။

အချိန်အတော်ကြာပြီးနောက် အချက်ပြသတိပေးသံတစ်ခုသည် ယွီချန်တောင်ထိပ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ယွီချန်တောင်ထိပ်သည် ချုန်အိမ်တော်ရဲ့ ပိုင်နက်ဖြစ်သော်လည်း အခြားသော ဂိုဏ်းအဖွဲ့အစည်းများရဲ့ တိုက်ခိုက်ခြင်းကို အမြဲခံနေရ၏။

ကျစ်ယန်တို့ မြင်တွေ့နေရသော အချက်ပြသတိပေးသံသည် လူပြန်စုဖို့ သတိပေးခြင်းပင် ဖြစ်သည်။ သို့သော် ကျစ်ယန်သည် ထိုအရာကို မသိရှိတဲ့အတွက် တစ်ယောက်ထဲ ဆေးအမယ်များကို လိုက်လံတူးဖော်နေခဲ့၏။

ကျစ်ယန်သည် ဆေးအမယ်တစ်ခုအား တူးဖော်ပြီး၍ သိုလှောင်ကွင်းထဲသို့ ထည့်မည့်ချိန်တွင် "အသက်ရှင်ချင်သေးရင် နင်ရဲ့သိုလှောင်ကွင်းလက်စွပ်ကို ထားပြီး ၊ ဒီနေရာက အမြန်ဆုံး ထွက်သွားတော့ " လို့ အသံနဲ့အတူ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးအဖွဲ့သည် ကျစ်ယန်ရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် သူနဲ့ရွယ်တူပင်ရှိသော မိန်းကလေးများကို တွေ့လိုက်ရတဲ့အခါ "နင်တို့က ဘယ်သူတွေလဲ......" လို့ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ ထိုအခါ ယွင်ဟုန်ဟု ခေါ်သော မိန်းမပျိုလေးသည် ဒေါသထွက်သော အမူအယာသို့ ပြောင်းလဲသွားပြီး "ငါတို့ကို မေစခွန်းပြန်ထုတ်ရဲတဲ့အတွက် သေပေတော့ " လို့ ပြောကာ သူ့ရဲ့ဓားဖြင့် ခုန်ကာ ကျစ်ယန်အား ခုတ်လိုက်သည်။

ကျစ်ယန်မူလရှိနေသော မြေပြင်နေရာသည် ယွင်ဟုန်ရဲ့ ဓားချက်ကြောင့် ၅ပေအနက် အက်ကွဲကြောင်းကြီး ဖြစ်သွားတဲ့အခါ ကျစ်ယန်သည် "မင်းက တကယ်သတ်ချင်နေတာလား ၊ ငါသာအချိန်မှီမရှောင်နိုင်ရင် မတွေးဝံစရာပဲ " လို့ ပြောလိုက်၏။

ယွင်ဟုန်သည် သူ့ရဲ့ဓားကို လျင်မြန်စွာရှောင်လိုက်နိုင်သော ကျစ်ယန်ကို ကြည့်ကာ အံ့အားသင့်နေခဲ့သည်။သူ့စိတ်ထဲတွင် ကျစ်ယန် ကံကောင်းသွားသည်ဟု ထင်နေမိ၏။။

ယွင်ဟုန်သည် သူ့ဓားအား လက်နဲ့တစ်ဖြောင့်ထဲကိုင်လိုက်ပြီး "ငါရဲ့ ဖျက်ဆီးခြင်းဓားသွားကျင့်စဥ်ကိုရော နင်ကံကောင်းပြီး ရှောင်နိုင်အုံးမလား ကြည့်ရသေးတာပေါ့ " လို့ ပြောလိုက်ပြီး သူ့ဓားအား စွမ်းအားများပို့လွှတ်လိုက်တဲ့အခါ ပတ်ဝန်းကျင်တွင် ရှိနေသော စွမ်းအားများသည် ယွင်ဟုန်ရဲ့ ဓားအတွင်းကို တိုးဝင်လာကြသည်။

ယွင်ဟုန်နဲ့ အတူပါလာသော ဘေးရှိလူများသည် " စီနီယာအမယွင်ဟုန် က ဖျက်စီးခြင်းဓားသွားကျင့်စဥ်ကို တကယ်ပဲ တက်မြောက်သွားပြီပဲ ၊ ငါတို့လဲ သူ့လိုသာ တက်မြောက်သွားရင် ကြာပန်းနတ်သမီးဂိုဏ်းမှာ နေရာတစ်ခု ရရှိမှာ သေချာတယ်" လို့ ပြောနေကြ၏။

ယွင်ဟုန်သည် ဓားတွင် စွမ်းအားများစုစည်းနေချိန်မှာ အဖြူရောင်အလင်းစက်လေးတစ်ခုသည် လျင်မြန်သော အရှိန်နှုန်းဖြင့် ရောက်ရှိလာခဲ့သည်။ ထိုအဖြူရောင်အလင်းစက်သည် သူ့ဓားပေါ်ကို ကျရောက်လာတဲ့အခါ ယွင်ဟုန်သည် သူ့လက်ဖျားများပင် နာကျင်မှု ဒဏ်ကို ခံစားလိုက်ရတာကြောင့် ဓားအားလွှတ်ချလိုက်ရ၏။

ယွင်ဟုန်သည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး "ခိုးကြောင်ခိုးဝှက်နဲ့ဘယ်သူလဲ......သတ္တိရှိရင် ထွက်ခဲ့စမ်း" လိုလ ဒေါသဖြင့် ပြောလိုက်သည်။ ကျစ်ယန်သည်လည်း ထိုလူအား လိုက်လံကြည့်ရှုနေခဲ့၏။

ယွင်ဟုန် ပြောဆိုပြီးတဲ့နောက် "ဟားဟားဟား.....ကြာပန်းနတ်သမီးဂိုဏ်းရဲ့ပေါက်စလေးတွေက ငါ့နာမည်ပြောပြရင်တော့ သိမှာမို့လို့လား " လို့ ရယ်သံကြီးဖြင့် ပြောလိုက်သည်။

ယွင်ဟုန်သည် ပုလင်းတစ်ခုထုတ်ကာ ဆေးရည်တစ်မျိုးအား သူ့လက်ပေါ်သို့ လောင်းချလိုက်ပြီး သူ့ဓားကို ပြန်ကိုင်လိုက်ပြီး သူ့လူတွေနဲ့ အတူ ထိုနေရာမှ ထွက်ခွာ၍ သွား၏။

All Chapters