← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ယွင်ဟုန်တို့အဖွဲ့သည် ယွီချန်တောင်ထိပ်မှ ထွက်ခွာလာပြီးနောက် ယွင်ဟုန်သည် နေရာတစ်ခုသို့ ရောက်တဲ့အခါ ရပ်လိုက်ပြီး "ဘာကိစ္စရှိလို့ သူကိုယ်တိုင် အဲ့နေရာကို ကာကွယ်နေတာလဲ " လို့ ပြောကာ ဒေါသထွက်နေခဲ့သည်။

ယွင်ဟုန်ဘေးမှ ယိရှောင်ဟု ခေါ်သော မိန်းကလေးသည် "စီနီယာအမယွင်ဟုန်ပြောနေတာ ခုနက စီနီယာအမကို တိုက်ခိုက်လိုက်တဲ့လူကိုလား " လို့ ပြောလိုက်၏။

ယွင်ဟုန်သည် ခေါင်းငြိမ့်လိုက်ပြီး "ချုန်အိမ်တော်မှာ အဲ့လောက်ထိအင်အားကောင်းတာ တစ်ယောက်ပဲ ရှိတယ် ၊ အဲ့တာ ချုန်အိမ်တော်သခင်လချုန်ထင့်ပဲ " လို့ ပြောလိုက်သည်။ ချုန်ထင့်လို့ ကြားလိုက်တဲ့အခါ ကျန်သောသူအားလုံးသည် ကြောက်လန့်သွားကြ၏။

ချုန့်ထင်သည် သူ့တို့အား သတ်မည်ဆိုရင် ပင်ပန်းစရာပင် မလိုပေ။ ယွင်ဟုန်သည် သူ့ဒေါသအား ထိန်းချုပ်လိုက်ပြီး "ငါတို့တာဝန်ကျရှုံးတဲ့ဆိုပေမယ့် ဆရာအကြီးအကဲကို ငါ​တင်ပြလိုက်ရင် အပြစ်ပေးခံရမှာတော့ မဟုတ်ဘူး ၊ ငါတို့ ဂိုဏ်းကိုရောက်အောင်တော့ အမြန်ဆုံး ပြန်သင့်တယ် " လို့ ပြောကာ ဓားပျံများဖြင့် ပျံသန်းသွားကြလေသည်။

ယွင်ဟုန့်တို့ ထွက်ခွာသွားပြီးနောက် "မင်းအသက်ကို နှ​ေမြောမယ်ဆိုရင်တော့ ဒီနေရာက အမြန်ဆုံးထွက်ခွာသင့်တယ် ၊ ယွီချန်တောင်ထိပ်က ချုန်အိမ်တော်ရဲ့ ပိုင်နက်ဆိုပေမယ့် မင်းမသိသေးတဲ့အကြောင်းအရာတွေအများကြီးကျန်သေးတယ် " ဟု သော အသံတစ်ခုအား ကျစ်ယန်သည် ထပ်မံကြားလိုက်ရ၏။

ထိုအခါမှသာ ကျစ်ယန်သည် ခုနမှ ထွက်ပေါ်လာသော အချက်ပြသတိပေးသံအား အမှတ်ရသွားပြီး ပြန်ဆုတ်ခွာခိုင်းတာကို သိရှိ၍ သွားသည်။

ကျစ်ယန်သည် သူ့ရဲ့ခွန်းအားမှာ မလုံလောက်သေးသည့်အတွက် မလိုလားအပ်သော ပြသာနာများကို မဖြစ်ချင်သေးပေ။ လက်ရှိကာလတွင် သူ့ကျင့်ကြံခြင်းကိုသာ တိုးတက်ဖို့ ဆုံးဖြတ်ထားခြင်းကြောင့် နောက်သို့ ပြန်လှည့်လာခဲ့၏။

ယွီချန်တောင်ထိပ်နားတွင် မိန်းကလေးတစ်ယောက်သည် ကျစ်ယန်ကို တွေ့တဲ့အခါ "နင်က ဘာလို့ခုချိန်ထိရှိနေရသေးတာလဲ ၊ ငါ့နင့်ကို စောင့်နေတာကြာလှပြီ " လို့ ပြောကာ ဆူဟောက်လိုက်သည်။

ကျစ်ယန်သည် သူ့အားဆူဟောက်နေသော ချင်းယွီကို တွေ့တဲ့အခါ ပြန်ဖို့ လမ်းပျောက်နေတဲ့အကြောင်း လိမ်ညာပြောဆိုလိုက်၏။

ချင်းယွီသည် သူ့နဲ့အတူ ဆေးအမယ်တွေ သွားအပ်နှံဖို့ ကျစ်ယန်အား ပြောလိုက်ပြီး နှစ်ယောက်သား ထွက်ခွာလာခဲ့သည်။

ကျစ်ယန်နဲ့ချင်းယွီသည် အတူတွဲ၍လမ်းလျှောက်လာသည်ကို မြင်တဲ့အခါ ကျန်အော၏ ရင်ထဲတွင် ဒေါသမီးတောက်ွများ ထလာကာ တောက်တစ်ချက်ခေါက်လိုက်ပြီး "မင်းလိုကောင်မျိုးက ဆရာတူအမချင်းယွီကို ကပ်ရဲတယ်ပေါ့ ၊ ငါ့အကြောင်းမင်းကောင်းကောင်းကြီး သိစေရမယ် " လို့ ​တစ်ယောက်ထဲ ပြောကာ ကြိမ်းဝါးနေခဲ့၏။

ကျစ်ယန်နဲ့ ချင်းယွီသည် အိမ်တော်ထဲကို လှမ်းလာခဲ့သည်။ ချင်းယွီသည် လူတစ်ယောက်ရှေ့ရောက်တဲ့အခါ ကျစ်ယန်အား ဆေးအမယ်တွေထုတ်ပေးဖို့ ပြောလိုက်၏။ ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးအမယ်များအားလုံးအား စားပွဲခင်းလေးပေါ်သို့ ထုတ်ပေးလိုက်သည်။

ကျစ်ယန်ထုတ်ပေးလိုက်သော ဆေးအမယ်များကို မြင်ရတဲ့အခါ အခန်းအတွင်းရှိ လူများ အားလုံးသည် မယုံနိုင်ဖြစ်သွား၏။ ကျန်အောသည် သူထိုင်နေသော နေရာမှ ထလိုက်ပြီး " မဖြစ်နိုင်တာ.......မင်းက ဘယ်လိုလုပ်ပြီး ငါထက်များနေတာလဲ " လို့ အော်ပြောလိုက်သည်။

ကျန်အောသည် လက်သီးဆုပ်ကာ ကျစ်ယန်အား မနာလိုမှုများ ဖြစ်ပေါ်နေခဲ့၏။ ကျစ်ယန်၏ ဆေးအမယ်များကို စစ်ဆေးနေသူမှာ တခြားသူ မဟုတ်ပေ။ အဂ္ဂိရတ်ပညာရှင်လန်တုံဟောက်ပင် ဖြစ်သည်။

လန်တုံဟောက်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် " ကောင်လေး......မင်းကြည့်ရတာ ဆေးအမယ်တွေနဲ့ တော်တော်အကျွမ်းဝင်တဲ့ပုံပဲ ၊ မင်းမှာဆရာရှိလား " လို့ မေးလိုက်၏။

ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေဖြင့် "ကျွန်တော်မှာ ဆရာမရှိပါဘူး အကြီးအကဲ ၊ ဒါပေမယ့် အရင်က ဆေးအမယ်အများစုကို စိုက်ပျိုးဖူးတဲ့အတွက် ဒီဆေးအမယ်တွေအကြောင်း သိကျွမ်းနေတာပါ အကြီးအကဲ " လို့ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

လန်တုံဟောက်သည် ပြုံးလိုက်ပြီး "ချုန်အိမ်တော်သခင်.......ခင်ဗျားအပြင်ဘက်မှာ ရှိနေတာ ကျွန်တော်သိပါတယ် " လို့ ပြောလိုက်၏။ ထိုအခါ ချုန်ထင့်သည် အခန်းတံခါးအား ဖွင့်ဝင်လာပြီး "အကြီးအကဲတုံဟောက်...... ကျွန်တော်ကို ခေါ်တာ ကိစ္စရှိလို့လား" လို့ မေးလိုက်သည်။

လန်တုံဟောက်သည် ရေနွေးကြမ်းအား တစ်ငုံမော့သောက်လိုက်ပြီး "ချုန်အိမ်တော်သခင်......ကျွန်တော်ခင်ဗျားကို ပြောထားတဲ့အတိုင်း ကျွန်တော်လူရွေးချယ်ပြီးပြီ ၊ အဲ့ဒီတော့ ဘာဆက်လုပ်ရမလဲဆိုတာ ခင်ဗျားသိပါတယ် " လို့ ပြောလိုက်၏။

ချုန်ထင့်သည် ကျစ်ယန်အား ပုခုံး ပုတ်လိုက်ပြီး "ကောင်စုတ်လေး......မင်းက ဒီမှာရှိတဲ့လူတွေ အားလုံးထက် အသက်အငယ်ဆုံးဆိုပင်မယ့် အကြီးအကဲတုံဟောက်ရဲ့ ရွေးချယ်ခြင်းကို ခံရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး " လို့ ပြောလိုက်သည်။

ကျစ်ယန်အရွေးခံရမှန်း သိသွားတဲ့အခါ လူတစ်ချို့သည် စိတ်ပျက်စွာဖြင့် အခန်းအတွင်းမှ ထွက်ခွာသွားကြ၏။ ချုန့်ထင်သည် မိုးပြာရောင်ဝတ်စုံနဲ့အတူ သိုလှောင်ကွင်း လက်စွပ်တစ်ကွင်းအား ပေးလိုက်သည်။

ထို့နောက် ချုန့်ထင်သည် ချင်းယွီဘက်လှည့်ကာ "ချင်းယွီ......သူ့ကို အကြီးအကဲတုံဟောက်ရဲ့ ဘေးချင်းကပ်အခန်းမှာ စီစဥ်ပေးလိုက် ၊ နောက်ပြီး သူမသိသေးတာတွေကိုပါ ရှင်းပြလိုက် ငါပြောတာနားလည်လား " လို့ ပြောလိုက်၏။

ချင်းယွီသည် ခေါင်းငုံကာ " ချင်းယွီနားလည်ပါပြီ......ဆရာ" လို့ ပြောကာ ကျစ်ယန်အား ထိုအခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။

ချင်းယွီသည် လန်တုံဟောက်ရဲ့ ဘေးချင်းကပ်အခန်းအား ခေါ်ဆောင်လာခဲ့ပြီး သူပြောပြသင့်သော အကြောင်းအရာများ အားလုံးကို ပြောပြလိုက်ပြီး ထွက်ခွာသွားခဲ့၏။

အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ ဂိုဏ်ရှိန်ဂိုဏ်ဝါသည် တိုင်းပြည်၏ ဘုရင်တစ်ပါးထက် သာလွန်နေလိမ့်မည်လို့ မထင်ထားခဲ့ပေ။ ကျစ်ယန်သည် ဆေးအမယ်များစွာကို ရရှိလာပြီ ဖြစ်၍ သူဖော်စပ်မည့် ဆေးလုံးအား အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလိုက်၏။

ထန်နတ်ဆေးလုံးသည် လူတစ်ယောက်ရဲ့ ကျင့်ကြံရေးစွမ်းအားကို အစွမ်းကုန်မြှင့်တင်ပေးနိုင်သော အဆင့်မြင့် ဆေးလုံးတစ်လုံးဖြစ်တဲ့အပြင် စိတ်ဝိညဥ်စွမ်းအားကိုပါ တိုးမြှင့်ပေးနိုင်သော ဆေးလုံးဖြစ်၏။

ကျစ်ယန်သည် ဒီတစ်ခါမှာတော့ တုနှိုင်းမဲ့ဘုံကိုးဆင့်မီးတောက်ကို အသုံးပြုကာ ဆေးမီးဖိုအိုးကို အသက်သွင်းလိုက်၏။ တုံနှိုင်းမဲ့ဘုံကိုးဆင့်မီးတောက်သည် အဆင့်မြင့် ဆေးလုံးများဖော်စပ်ရာတွင် အသုံးပြုသည့် မီးတောက်ပင် ဖြစ်သည်။

ထို့နောက် ကျစ်ယန်သည် ဆေးအမယ်များကို ထည့်၍ သန့်စင်ကာ ထန်နတ်ဆေးလုံးအား ဖော်စပ်နေခဲ့၏။ အချိန်အတော်ကြာပြီးနောက်မှာတော့ ဆေးလုံး၆လုံးသည် ဆေးမီးဖိုအတွင်းမှ ထွက်ပေါ်၍ လာပါတော့သည်။

သူဖော်စပ်ထားသော ဆေးလုံးများအရည်အသွေးများသည် အဆင်မြင့် ဆေးလုံးများဖြစ်နေတဲ့အတွက် ကျစ်ယန်သည် ပျော်ရွင်စွာဖြင့် ဆေးပုလင်းထဲသို့ ထည့်နေခဲ့ပြီး နောက်ဆုံး တစ်လုံးမှာတော့ မျိုချလိုက်ပြီး ဆေးလုံးရဲ့ စွမ်းအားများကို စတင်၍ စုပ်ယူနေခဲ့၏။

ထန်နတ်ဆေးလုံး၏ ဆေးအာနိသင်သည် သူထင်ထားသည်ထက် ပို၍သာလွန်နေသဖြင့် ကျစ်ယန်သည် သွေးကြောနယ်ပယ်ကို ကျော်လွန်ဖို့ မျှော်လင့်နေခဲ့သည်။

အချိန်တစ်ခုရောက်တဲ့အခါမှာတော့ ကျစ်ယန်ရဲ့ မျက်လုံးများသည် ပြန်ပွင့်လာခဲ့ပြီး ကျစ်ယန်သည် ထိုင်နေရာမှ ထလိုက်ပြီး "ဝိညဥ်ပလ္လင်အဆင့်၁ရဲ့ စွမ်းအားက ဘယ်လောက်ထိပြင်းမလဲ ကြည့်ရသေးတာပေါ့ " လို့ ပြောလိုက်၏။

All Chapters