← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ကျစ်ယန်သည် သူ့စွမ်းအားများကို စုစည်းလိုက်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပစ်ခွင်းလိုက်သည်။ ကျစ်ယန်သည် သူစွမ်းအားအနည်းငယ်ကိုသာ အသုံးပြုတော့လည်း ခုလောက်ထိ အင်အား ကောင်းလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ စာလိပ်လေး တစ်ခုထွက်ပေါ်လာခဲ့၏။ ထိုစာလိပ်ထဲမှ ရွှေရောင်စကားလုံးများသည် ကျစ်ယန်ရဲ့ အသိဉာဏ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် ၁၀၈ပါးအသွင်ပြောင်းလဲခြင်းကျင့်စဥ်ရဲ့ သဘောတရားကို နားလည်သွားတဲ့အခါ မယုံကြည်နိုင်ဖြစ်သွား၏။

၁၀၈ပါးအသွင်ပြောင်းလဲခြင်း ကျင့်စဥ်သည် ဝိညဥ်ပလ္လင်အဆင့်ကျင့်ကြံသူဖြစ်မှသာ အသုံးပြုနိုင်သော ကျင့်စဥ်ပင် ဖြစ်သည်။ လူအများသိရှိထားသော နည်းလမ်းသည် ကျင့်ကြံခြင်းစွမ်းအားကို တိုက်ခိုက်ရေးနဲ့ ခုခံကာကွယ်ရေး သံချပ်ကာအဖြစ် ပြောင်းလဲနိုင်ခြင်းကိုသာ သိထား၏။

သို့သော် ကျစ်ယန်သည် ၁၀၈ပါးအသွင်ပြောင်းလဲခြင်းကျင့်စဥ်ကို တက်မြောက်သွားတဲ့အခါ ကျင့်ကြံရေးစွမ်းအားကို သူစိတ်ကူးရှိသမျှ ပုံဖော်အသုံးပြုနိုင်ကြောင်းကို နားလည်သွားခြင်း ဖြစ်၏။ ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ

ကျစ်ယန်ရှေ့ရှိ လေဟာနယ်တွင် ကျင့်ကြံခြင်းစွမ်းအားဖြင့် ဖန်တီးထားသော လျှပ်စီးပြာရောင်ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် ထိုဓားအား ကိုင်လိုက်ပြီး လှုပ်ရှားကြည့်တဲ့အခါ အဆင်ပြေချောမွေ့နေသဖြင့် " ငါ့မှာလက်နက်မရှိသေးတာနဲ့ အတော်ပဲ ၊ ဒါပေမယ့် ငါဓားကောင်းကောင်းတစ်လက်တော့ ရှာဖွေဖို့ လိုအပ်တယ် " လို့ ပြောကာ စွမ်းအားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲမှ ထွက်ခွာ၍ လာခဲ့၏။

ကျစ်ယန်သည် အပြင်ဘက်သို့ ရောက်ရှိသည်နှင့် သူ့ဝတ်စုံအား လဲဝတ်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ကို ပြောင်းဝတ်ကာ သူ့သွေးနဲ့ ချိတ်ဆက်လိုက်သည်။ ထို့နောက် ကျစ်ယန်သည် အပြင်ထွက်လာခဲ့၏။

ချင်းယွီသည် ကျစ်ယန်ကို မြင်တဲ့အခါ "မဆိုးဘူး......နင်က ဝိရီယရှိသားပဲ "လို့ ပြောကာ ကျစ်ယန်အနားကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး " စီနီယာအမ.......ငါတို့ ဘယ်ချိန်ထွက်မှာလဲ " လို့ မေးလိုက်၏။

ချင်းယွီသည် ကျစ်ယန်ရဲ့ အင်္ကျီအား သေချာသပ်ပေးလိုက်ပြီး " နင်အဆင်သင့်ဖြစ်ရင် ခုပဲ သွားကြရအောင် " လို့ ပြောလိုက်သည်။ကျစ်ယန်လည်း ခေါင်းငြိမ့်လိုက်ပြီး ချင်းယွီနဲ့အတူ ချုန်အိမ်တော်ရဲ့ အပြင်ဘက်ကို ထွက်ခွာလာခဲ့၏။

ကျန်အောသည် ကျောက်တိုင်အကွယ်မှ ကျစ်ယန်နဲ့ ချင်းယွီကို ကြည့်ကာ "ငါမင်းတို့အတွက် စိတ်မကောင်းပါဘူး " လို့ တီတိုးစွာ ရေရွတ်လိုက်၏။ ထိုချိန်မှာ ချုန့်ထင်သည် ကျန်အောနောက်ကို ရောက်ရှိလာပြီး " မင်းက ဒီမှာဘာလုပ်နေတာလဲ " လို့ ​မေးလိုက်သည်။

ကျန်အောသည် သူ့နောက်ကွယ်မှ ချုန်ထင့်အသံကို ရုတ်တရက် ကြားလိုက်ရတဲ့အခါ ကြောက်လန့်သွားပြီး "တပည့်ဘာမှမလုပ်ပါဘူး ဆရာ" ဟု တုန်ရီစွာဖြင့် ပြန်ပြောလိုက်သည်။ ချုန်ထင့်သည် ကျန်အောကို သေချာကြည့်လိုက်ပြီး "လုပ်စရာမရှိရင် ဆေးအမယ် အရေအတွက်ကို သွားစစ်ဆေးနေစမ်း " လို့ ပြောကာ ခိုင်းလိုက်၏။

ကျန်အောလည်း "တပည့်သွားစစ်ဆေးလိုက်ပါမယ့်.....ဆရာ " လို့ ပြောကာ ချိုန့်ထင်ရှေ့မှ ချက်ချင်း ထွက်ခွာ၍ သွားသည်။ ချုန်ထင့်သည် ကျန်အောကို ကြည့်၍ "ဒီကောင်လေး ကြည့်ရတာ....တစ်ခု မရိုးသားတာ လုပ်ထားတဲ့ပုံပဲ " လို့ ပြောလိုက်၏။

ကျစ်ယန်နဲ့ ချင်းယွီသည် လှည်းယာဥ်အတွင်းတွင် လိုက်ပါလာခဲ့ကြသည်။ ကျစ်ယန်သည် အပြင်ဘက်ကို ကြည့်ရင်း "စီနီယာအမ.....ကျွန်တော်တို့ မြို့စားမင်းအိမ်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ" လို့ မေးလိုက်သည်။

မြင်းလှည်းယာဥ်မောင်းနေသောသူသည် "သိပ်မကြာခင်ရောက်တော့မှာပါ " လို့ ပြောရင်း သူမျက်နှာတွင် ရက်စက်သောအမူအယာများ ပေါ်လွင်နေခဲ့၏။ သတ်ဖြတ်ရေးစွမ်းအားအရှိန်အဝါရှိသော လူတစ်ချို့သည် လှည်းယာဥ်အနီးကို ရောက်ရှိလာမှန်း ကျစ်ယန်သည် ခံစားလိုက်ရသည်။

ဝိညဥ်ပလ္လင်နယ်ပယ်အဆင့် ရောက်ရှိပြီးနောက် ကျစ်ယန်ရဲ့ စိတ်ဝိညဥ်စွမ်းအားမှာ ပို၍ သန်မာအားကောင်းလာခဲ့၏။ ထိုချိန်မှာပဲ မြင်းလှည်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ချင်းယွီသည် ကြောင်အစွာဖြင့် "ဦးလေဖန်.......ဘာဖြစ်လို့ လှည်းကို ရပ်လိုက်တာလဲ " လို့ ပြောလိုက်၏။

ဖန်ကျောက်ဟု ခေါ်သော လှည်းမောင်းသမားသည် အသံမထွက်လာခဲ့ပေ။ ထိုချိန်မှာပဲ ဓားချီအလင်းတန်းနှစ်ခုသည် လှည်းယာဥ်ပေါ်သို့ တစ်ပြိုက်နက်ကျရောက်လာခဲ့၏။

အပြင်ဘက်မှာ မျက်နှာဖုံးစွပ်ထားသော လူလေးယောက်သည် ပျက်စီးသွားသော လှည်းယာဥ်အား သေချာကြည့်ဖို့ တစ်ဦးနဲ့ တစ်ဦး မျက်စပြုလိုက်သည်။

ဟန်မင်လို့ ခေါ်သော မျက်နှာဖုံးနဲ့လူသည်

လှည်းယာဥ်အနီးသို့ ပထမဆုံးရောက်ရှိသွားပြီး လှည်းယာဥ်အတွင်းတွင် လူမရှိတော့တာကို သိရှိသွားတဲ့အခါ "မကောင်းတော့ဘူး......အမြန်နောက်ဆုတ်ကြ " လို့ အော်ဟစ်ရင်း နောက်လှည့်ကာ ထွက်ပြေးခဲ့၏။

သို့သော် လျှပ်စီးပြာရောင်ဓားများသည် လျှပ်စီးအလျင်နှုန်းဖြင့် ထို၄ယောက်၏ နောက်ကျောအား ထိုးဖောက်သွားတဲ့အခါ လေးယောက်လုံးသည် မြေပြင်ပေါ်တွင် ပစ်လဲကျသွားကာ သေဆုံးသွားကြသည်။

ထိုမြင်ကွင်းကို မြင်ရတဲ့အခါ ဖန်ကျောက်သည် ချက်ချင်းပင် ဒူးထောက်၍ သွားပြီး "ငါအသက်ကို ချမ်းသာပေးပါ ၊ ငါအသက်ကို ချမ်းသာပေးပါ " လို့ ငိုကာ ပြော၍ မြေကြီးနဲ့နဖူးအား ဆောင့်နေခဲ့၏။

ချင်းယွီနဲ့ ကျစ်ယန်သည် ဘေးသစ်ပင်အကွယ်မှ ပြန်၍ ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် ခုလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ချင်းယွီသည် မထင်ထားပေ။ ချင်းယွီသည် ဖန်ကျောက်ကို ကြည့်ကာ မယုံနိုင်စွာဖြင့် "ဦလေးဖန်......ချင်းယွီမှာ ဘာအပြစ်ရှိလို့လဲ " လို့ ပြောလိုက်၏။

ကျစ်ယန်သည် လေပြင်းတသ်ချက်မှုတ်ကာ ခေါင်းခါလိုက်၍ "ခင်ဗျားတို့ကို ခိုင်းတာဘယ်သူလဲ " လို့ မေးလိုက်သည်။ ဖန်ကျောက်သည် ကြောက်ကြောက်ရွံရွံဖြင့် "ငါပြောပြပါ့မယ် ၊ ဒါပေမယ့် ငါအသက်ကို ချမ်းသာပေးပါ " လို့ ပြောလိုက်၏။

ချင်းယွီသည် ခေါင်းငြိမ့်လိုက်ပြီး "ဦလေးဖန်.....ဘယ်သူတွေကများ ချင်းယွီတို့ကို သတ်ချင်နေတာလဲ " လို့ မေးလိုက်၏။ ဖန်ကျောက်သည် သူ့ရဲ့ရင်ဘတ်ထဲတွင် ရှိသော စာတစ်စောင်အား ထုတ်ပြလိုက်သည်။

ချင်းယွီသည် ထိုစာအား ချက်ချင်းပင် ဖွင့်ကြည့်လိုက်ပြီး "ဆရာတူမောင်လေးလား......ဒါ..ဒါ မဖြစ်နိုင်တာပဲ ၊ ဦလေးဖန်......ရှင်တို့ တမင်သက်သက်ကြံစည်ထားတာမလား " လို့ ဒေါ်သလေသံဖြင့် ပြောလိုက်၏။

ဖန်ကျောက်သည် မြေကြီးနဲ့ခေါင်းနဲ့ ထပ်ဆောင့်ကာ "မိန်းကလေးချင်းယွီ.......ငါအမှန်တကယ်ပြောတာပါ ၊ သခင်လေးကျန်အောက ငါ့မိန်းမရဲ့ ရောဂါကို ကုသဖို့ ဆေးလုံးထုတ်ပေးမယ်လို့ ပြောတဲ့အတွက် ငါအခုလို မင်းတို့အပေါ်ကြံစည်မိတာပါ " လို့ ပြောလိုက်လေသည်။

ကျစ်ယန်သည် ကျန်အောရဲ့ အကြည့်တွေကို မြင်ဖူးတဲ့အတွက် "စီနီယာအမချင်းယွီ.....ဦလေးဖန်ပြောတဲ့စကားတွေက အမှန်တွေပဲ ၊ လောလောဆယ် ကျွန်တော်တို့အခု မြို့စားမင်းရဲ့အိမ်ကို အရင်ဆုံးသွားသင့်တယ် " လို့ ပြောလိုက်၏။

ချင်းယွီသည် ကျစ်ယန်အား ခေါင်းငြိမ့်လိုက်ပြီး "ဦလေးဖန်.....ရှင်အိမ်တော်ကို အရင်ပြန်နှင့်လိုက်ပါ ၊ ချင်းယွီတို့ ပြန်လာတဲ့အချိန်ကြ ရှင့်အပြစ်ကိုခံယူဖို့ ကြိုပြင်ဆင်ထားပါ " လို့ ပြောကာ ကျစ်ယန် တက်စီးနေသော မြင်းနောက်ကျောကို ခုန်တက်ကာ ၂ယောက်သား ထွက်ခွာလာခဲ့၏။

ချင်းယွီသည် မြို့စားမင်းအိမ်ကို အချိန်မမှီမှာကို စိုးရိမ်နေခဲ့ရင်း တံခါးပေါက်သို့ ရောက်ရှိ၍ လာခဲ့သည်။ တံခါးပေါက်သို့ ရောက်တဲ့အခါ သံချပ်ကာဝတ်စုံဖြင့် စစ်သည်တော် ၂ယောက်သည် ကျစ်ယန်ရဲ့ ဝတ်စုံကို မြင်တဲ့အခါ အရိုအသေပြုလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်၏။

All Chapters