← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

အမှောင်ညမျက်စိဆေးပင်

ကျွင်းလောင်ဆိုလိုက်သည့် စကားကြောင့် အခန်းထဲတွင် ရှိနေသော လူများသည် ဆေးလုံးကို ကြည့်ကာ လိုချင်တပ်မက်မှုများ ဖြစ်ပေါ်သွားကြ၏။ ကြေးအဆင့် ကြယ်၅ပွင့် တွင် ရှိနေသော အဂ္ဂိရတ်ဆရာတစ်ဦးရဲ့ ဖော်စပ်ထားသောဆေးလုံးမှာ ဟုန်တိုင်းပြည်တွင် ဝယ်ယူဖို့တောင် အလွန်ပင် ခက်ခဲမှာကို သိရှိထားကြသည်။

ကျစ်ယန်သည် ထိုဆေးလုံးတွင် ပါဝင်သော ဆေးအမယ်များ အားလုံး သိရှိနေသော်လည်း တစ်ခွန်းမှ မဟခဲ့ပေ။ ကျွမ်းလောင်သည် လူအားလုံးရဲ့ အခြေအနေကို ကြည့်၍ သူ့ဆေးလုံးတွင် ပါဝင်သော ဆေးအမယ်ကို ဘယ်သူမှ မဖြေနိုင်မှာကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

လူတစ်ချို့သည် ဆေးအမယ်များကို ရမ်းတမ်း ပြောသော်လည်း တစ်ဦး တစ်ယောက်မှ မမှန်ခဲ့ပေ။ ကျွင်းလောင်သည် သူ့ဆေးလုံးအား လက်ဖဝါးအတွင်းသို့ ပြန်လည်စုပ်ယူလိုက်ပြီး "ငါမင်းတို့ကို မစတော့ပါဘူး ၊ ငါဒီကို ရောက်ရှိလာရခြင်းရဲ့ လိုရင်းကိုပဲ ပြောတော့မယ် " လို့ ပြောကာ သတင်းတစ်ခုအား ပြောပြလိုက်၏။

ထိုသတင်းကြောင့် လူအားလုံးသည် မယုံနိုင် ဖြစ်သွားတဲ့အပြင် မြို့စားမင်း အန်ဖိန်ကိုယ်တိုင် အပြင်သို့ ထွက်လာကာ "အကြီးအကဲကျွင်းလောင်......အရာရာရှားပါးတဲ့ မီးနဂါးမြို့တော်သေးသေးလေးမှာ အမှောင်ညမျက်စိ ဆေးပင်က တကယ်ပဲ ရှိနေတာလား "

လို့ မေးလိုက်သည်။

ချင်းယွီသည် သူ့အဝတ်အစားတွေကို လက်ဖဝါး​ဖြင့် ချေစုတ်နေ၍ မူမမှန်နေသည်ကို ကျစ်ယန်သည် လှမ်းမြင်လိုက်ရ၏။ အမှောင်ညမျက်စိဆေးပင်သည် နှစ်တစ်ထောင်တွင် တစ်ခါသာ ပေါ်လေ့ရှိပြီး

ထိုဆေးပင်ရဲ့ ဂုဏ်သတ္တိအာနိသင်ကတော့ ​အလွန်ပင် ကြောက်စရာကောင်းလှသည်။

အမှောင်ညမျက်စိဆေးပင်သည် အဆိပ်အားလုံးရဲ့ဘုရင်မ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအား ပြောင်းလဲပေးနိုင်သော ဂုဏ်သတ္တိမျိုးရှိ၏။ ထိုချိန်မှာပဲ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲသို့ ဆွဲဆောင်ခေါ်ယူခြင်း ခံလိုက်ရသည်။

ငွေရောင်စကားလုံးများသည် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လေဟာနယ်တွင် တစ်လုံးချင်းစီထွက်ပေါ်လာခဲ့၏။ ထိုစကားများသည် ၁စက္ကန့်အတွင်းမှာပဲ ကျစ်ယန်ရဲ့ အသိဉာဏ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး ကျစ်ယန်သည် ပြင်ပကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အမှောင်ညမျက်စိဆေးပင်နဲ့ ပက်သက်သော အကြောင်းအရာအစုံသည် ကျစ်ယန်သည် သိရှိလိုက်ရတဲ့အတွက် လိုချင်တပ်မက်မှုများပင် ဖြစ်ပေါ်သွားလေသည်။ ကျွင်းလောင်သည် သူနဲ့အတူ ပူးပေါင်း၍ အမှောင်ညမျက်စိဆေးအမယ်ကို ရှာဖွေမယ့်သူ များ အားလုံးကို ဖိတ်ခေါ်လိုက်၏။

မီးနဂါးမြို့စားမင်း အန်ဖိန်ကိုယ်တိုင်သည်လည်း အမှောင်ညမျက်စိဆေးအမယ်ကို ရှာဖွေရန်အတွက် ကျွင်းလောင်နဲ့ ပူးပေါင်းလိုက်သည်။ မီးနဂါးမြို့တော်ထဲရှိ အင်အားကြီးသော ဂိုဏ်းများကတော့ ကျွင်းလောင်နဲ့ မပူးပေါင်းခဲ့ချေ။

သူတို့သည် သွေးမိုးကြိုးဂိုဏ်းရဲ့ အင်အားကြီးမားမှုကိုတော့ မလိုလားသည့်အတွက် အခြေအနေကိုသာ စောင့်ကြည့်ဖို့ ဆုံးဖြတ်ကြလိုက်၏။ အားလုံးသည် ထပြန်ဖို့ ဟန်ပြင်နေချိန်မှာ ကျွင်းလောင်သည် အမှောင်ညမျက်စိဆေးအမယ် ပေါ်ထွက်မည့် နေရာအချိန်တွင် ရုတ်တရက် ထူးဆန်းပြောင်းလဲလာမည့် သဘာဝဖြစ်စဥ်အချို့ကို တမင်တကာပင် ပြောပြခဲ့သည်။

ကျွင်းလောင်သည် သူ့ရည်ရွယ်ချက်နဲ့ သူရှိ၏။ လန်တုံဟောက် ၊ ချင်းယွီနဲ့ ကျစ်ယန်တို့သည် ချုန်အိမ်တော်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ချင်းယွီတို့ အိမ်တော်ကို ရောက်ရှိချိန်တွင် ကျန်အောသည် အိမ်တော်မှ ထွက်ပြေးသွားသည်ကို သိရှိလိုက်ရ၏။

ချုန်ထင့်သည် သတင်းအစုံကို ကြားပြီးနောက် လက်သီးအား ဆုပ်လိုက်ပြီး "ကြည့်ရတာ.......ချုန်မျိုးဆက်က ငါ့လက်ထပ်မှာ ပျက်စီးတော့မယ် ထင်တယ် " လို့ အံကြိတ်စွာ ဖြင့် ပြောလိုက်သည်။

ကျစ်ယန်သည် မီးနဂါးမြို့တော်တွင် နေစရာမရှိသည့်အတွင် ချုန့်ထင်ကိုပဲ အကူအညီတောင်းကာ ချုန်အိမ်တော်ရဲ့ အလုပ်များကိုပဲ ဝိုင်းဝန်း ကူညီရင်း ချုန်အိမ်တော်မှာပဲ အခြေချခဲ့၏။ အချိန်သည် တဖြည်းဖြည်း လဝက်ခန့်ပင် ကြာလာခဲ့သည်။

ကျစ်ယန်နဲ့ လူတစ်ချို့သည် ယွီချန်တောင်ထိပ်တွင် ဆေးအမယ်များစွာ ခူးယူ နေချိန်တွင် ကြောက်စရာကောင်းသော လေပွေလှိုင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် အားလုံးသည် တောင်ထိပ်မှ ဆင်းကာ အမြန်ပင် ထွက်ပြေး တိမ်းရှောင်ခဲ့ရ၏။

ကျစ်ယန်သည် အဝေးမှပင် လေပွေရဲ့ အခြေအနေကို ကြည့်ကာ "ဒါဆို အမှောင်ညမျက်စိဆေးအမယ်က ယွီချန်တောင်ထိပ်ကနေ ထွက်ပေါ်လာမှာလား " လို့ စိတ်ထဲကပင် ရေရွတ်လိုက်သည်။

ထိုချိန်မှာပဲ ဓားပျံနဲ့အတူ ချုန့်ထင်သည် ကျစ်ယန်တို့ အဖွဲ့နားရှိ ရောက်ရှိလာခဲ့ပြီး လေပွေကြီးကို ကြည့်ကာ "ဒီနေ့ကစပြီး မင်းတို့အားလုံး ဆေးအမယ်တူးဖော်တာကို ရပ်တန့်ပြီး တခြားအလုပ်တွေကိုသာ ဆောင်ရွက်ပါ" ဟု အေးဆေးပင် ပြောလိုက်၏။

ကျစ်ယန်တို့သည် ချူန့်ထင်အား အရိုအသေပြုကာ ထိုနေရာမှာ ထွက်ခွာလာခဲ့ကြသည်။ ညရောက်တဲ့ ကျစ်ယန်သည် အခန်းအတွင်းမှ လျင်မြန်သော အရှိန်ဖြင့် ယွီချန်တောင်ထိပ်ကို ပြန်လည် ရောက်ရှိလာခဲ့၏။

ယွီချန်တောင်ထိပ်တွင် များစွာသော အဆင့်မြင့်ကျင့်ကြံသူများ ရောက်ရှိနေလိမ့်မည်လို့ ကျစ်ယန်သည် မထင်မှတ်ထားပေ။ ကျစ်ယန်သည် အမှောင်ထဲကနေပဲ ထိုလူများကို ကြည့်ရှုနေခဲ့သည်။ ချုန့်ထင်နဲ့ ချုန်အိမ်တော်မှ အကြီးအကဲများသည်လည်း ယွီချန်တောင်ထိပ်သို့ ကျူးကျော်လာသော လူများကို မလွန်ဆန်နိုင်ခဲ့ပေ။

အားလုံးသည် ကောင်းကင်ယံကို ကြည့်ကာ အမှောင်ညမျက်စိ ဆေးပင် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြ၏။ ထိုချိန်မှာပဲ ကောင်းကင်ယံကြီးသည် အနီရောင်လျှပ်စီးမိုးကြိုးများစွာ ထွက်ပေါ်လာခဲ့ပြီး ယွီချန်တောင်ထိပ်ကို တစ်ချက် ပစ်ချလိုက်သည်။

ထိုအခါ ယွီချန်တောင်ထိပ်၏ နေရာတစ်ခုသည် ချိုင့်ခွက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာရှိ သစ်ပင်ကြီးများမှာ မီးများလောင်ကျွမ်းသွားခဲ့၏။ များစွာသော လူပေါင်းများစွာသည် ချက်ချင်းပင် ထိုချိုင့်ကွက်အနီးအနားသို့ ရောက်ရှိလာခဲ့သည်။

သို့သော် တစ်ယောက်မှ စတင်၍ မလှုပ်ရှားသေးပေ။ ထိုချိန်မှာပဲ ချိုင့်ကွက်အလယ်အတွင်းမှ အပင်လေးတစ်ခုသည် မြေကြီးထဲမှ စတင်၍ တိုးထွက်လာခဲ့၏။ လူအများစုသည် ထိုအပင်ငယ်လေးကို ထူးဆန်းစွာဖြင့် ကြည့်ရှုနေခဲ့သည်။

အပင်ငယ်လေးသည် မြေကြီးထဲမှ ထိုးထွက်လာပြီးနောက် များစွာသော လူအုပ်ကြီးကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းပင် မြေထဲသို့ ပြန်ဝင်ကာ အားလုံးရှေ့တွင် ပြန်ပျောက်ကွယ်သွားခဲ့၏။

ဆေးအပင်လေး ပျောက်ကွယ်သွားသည်နှင့် တောင်ချိုင့်ဝှမ်းအတွင်းသို့ လူများစွာ ခုန်ချဝင်လာခဲ့ပြီး ဆေးပင်လေးရှိရာ နေရာကို ခန့်မှန်းကာ ရှာဖွေနေလေသည်။ ကျွင်းလောင်သည်လည်း ထိုချိုင့်ဝှမ်းအတွင်းမှာ ရှိနေခဲ့ပြီး သူမျက်နှာတွင် အပြုံးများ ဝေဆာနေခဲ့၏။

ကျစ်ယန်ကတော့ အမှောင်ညမျက်စိဆေးပင်နဲ့ ပက်သက်၍ ထူးဆန်းသော အကြောင်းအရာများကို သိရှိထားပြီ ဖြစ်၍ ချိုင့်ဝှမ်း အပြင်ဘက်မှ ငြိမ်သက်စွာနဲ့ စောင့်ဆိုင်းနေခဲ့သည်။ ချိုင့်ဝှမ်းအတွင်းကို ရောက်ရှိနေသော လူများသည် ရုတ်တရက် မြေလှုပ်သလို ခံစားလိုက်ရတဲ့အတွက် အနည်းငယ် ယိုင်ထိုးသွားကြ၏။

ရုတ်တရက် ချိုင့်ဝှမ်းအတွင်းရှိ မြေကြီးသည် အက်ကွဲလာတဲ့အခါ အားလုံးသည် ဓားပျံကို ထုတ်၍ ပျံသန်းဖို့ ပြင်ဆင်လိုက်ကြသည်။ သို့သော် မြေကြီးအတွင်းမှ အမွှေးဖြူများစွာရှိသာ ဧရာမလက်တစ်စုံရဲ့ ရိုက်ခတ်ချက်ကြောင့် လူပေါင်းများစွာသည် ဓားပျံပေါ်မှ ပစ်လဲကျသွားပြီး မြေကြီးအတွင်းသို့ ဆွဲငင်ခြင်းကို ခံလိုက်ရ၏။

ချိုင့်ဝှမ်းအတွင်းတွင် ​ အော်ဟစ် အကူအညီသံများ နဲ့ ဆူညံနေလေသည်။ လွတ်မြောက်သော သူများသည် ဓားပျံများစီး၍ ချိုင့်ဝှမ်းအပြင်ဘက်ကို လျင်မြန်စွာ ထွက်ရှိပြီးနောက် ထူးဆန်းသော ချိုင့်ဝှမ်းနေရာကို ပြန်လည် ကြည့်ရှု့နေခဲ့ကြ၏။

ထိုအခါ မြေကြီးအတွင်းမှ ထိုးထွက်လာသော ဧရာမနတ်ဆိုးလူဝံတစ်ကောင်အား အားလုံးသည် တွေ့ရှိလိုက်ရသည်။ ဧရာမနတ်ဆိုးလူဝံရဲ့ အမွှေးကြီးများမှာ ဖြူဖွေးစွတ်နေခဲ့ပြီး သူ့ရဲ့နောက်ကွယ်တွင် အဝါရောင်စက်ကွင်း ၂ကွင်း ပါရှိနေခဲ့၏။

အမှောင်ညမျက်စိဆေးပင်ကို ကာကွယ်သည့် သားရဲသည် ခွန်အားကြီးမားသော နတ်ဆိုးသားရဲကောင် ဖြစ်နေလိမ့်မည်လို့ ကျစ်ယန်သည် မထင်မှတ်ထားပေ။

All Chapters