← Chapters

အဘိုးဘိုင်ရဲ့အတိတ်

Vol. 89 Ch. 1246

အဘိုးဘိုင်ရဲ့အတိတ်

Vol. 89 Ch. 1246

ဘိုင်ရှန်းသည် နှုတ်ဆိတ်သွားကာ စကားမပြောပေ။ သူ့ခံစားချက်တွေကို သူ ဘယ်လိုပြောထွက်မှာလဲ။ အဲနှစ်က ဖြစ်ခဲ့တာတွေကို သူတို့ကို ပြောရမှာ လား။

“အဘိုးဘိုင် အဘိုးမှာလျှို့ဝှက်ထားတာရှိတယ်ဆိုတာ ရှောင်ချီတို့သိပြီး သားပဲ၊ ဒါပေမဲ့ ဘာလို့ရှောင်ချီတို့ကို ဘာလို့မဆက်သွယ်ခဲ့တာလဲ” ရှောင်ချီ ပြောလေသည် “ယူယူက ဘယ်လောက်စိတ်ပူနေလဲမသိဘူးလား အဘိုး ပြန် မလာတာ နှစ်ရက်လောက်ရှိပြီလို့လဲပြောရော ချက်ချင်းပဲ ပျားတွေလွှတ်ပြီး အဘိုးကိုရှာတော့တာပဲ… နောက်ကလိုက်ခံနေရတယ်ဆိုရင်လည်း ရှောင်ချီ့ကို … ရှောင်ချီတို့ကို ဆက်သွယ်သင့်တယ်လေ”

တစ်ခဏမျှနောက်ကျသွားလျှင်တောင် သူသေသွားနိုင်သည့်အကြောင်း ကို ရှီမာယူယူတွေးလိုက်ရာ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွား လေသည်။

“အဲလူတွေက ဘယ်သူတွေလဲ”

“တချို့ကပညာရှိစံအိမ်တော်ကလူတွေ တချို့ကဝူမျိုးနွယ်က… လက်နက်သခင်များအသင်းကလူတွေလည်းပါတယ်” ဘိုင်ရှန်း ပြောလိုက် သည်။

“ဝူမျိုးနွယ်လား အတွင်းပိုင်းဒေသကလား” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ် သူတို့စွမ်းအားက ရှီမာမျိုးနွယ်ထက် တစ်ဆင့်မြင့်တယ်” ဘိုင်ရှန်း ပြောလိုက်သည်။

“အခုတော့ ပြောဖို့အချိန်သင့်ပြီမလား… လက်နက်သခင်များအသင်းနဲ့ က ဘာပတ်သတ်မှုရှိတာလဲ”

ဘိုင်ရှန်းသည် သက်ပြင်းချကာ ထိုနှစ်မှအဖြစ်အပျက်များကို အားလုံးကို ပြောပြလိုက်သည်။

လွန်ခဲ့သည့်နှစ်တစ်ရာ လက်နက်သခင်များအသင်းတွင် ဘိုင်ရှန်းသည် အငယ်ဆုံးနှင့်အလှဆုံး အကြီးအကဲဖြစ်သည့် ရှန့်ဂွမ်ဝမ်ချင်းနှင့် တွေ့ဆုံခဲ့ သည်။ အစပိုင်းတွင် သူတို့သည် ရန်သူများဖြစ်ကြသော်လည်း နောက်ဆုံးတွင် ချစ်သူများဖြစ်ခဲ့ကြသည်။

အချစ်ဇာတ်လမ်းဆိုသည်မှာ လူနှစ်ယောက်အကြားတွင် မျှဝေခံစားရ မည့်အရာဖြစ်သည်။ သို့သော် သူတို့ဆီရောက်လာချိန်တွင်တော့ အားလုံးပါဝင် လာသည်။

ဘိုင်ရှန်းသည် သန်မာသော်လည်း သူ့အရည်အချင်းပေါ်ြဖစ်တည်လာ ခြင်းဖြစ်သည်။ သူ့နောက်တွင် အင်အားကြီးနောက်ခံမရှိပေ။ ရှန့်ဂွမ်ဝမ်ချင်း သည် အတွင်းဒေသမှ အသင်းကြီးတစ်ခုတွင် မွေးဖွားကာ လက်နက်သခင်များ အသင်းတွင်လည်း အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်သည် နောက်ခံအခြေအနေကွဲပြားလွန်းသဖြင့် လိုက်ဖက်မှုမရှိခဲ့ပေ။

သည်လိုနှင့် သူတို့နှစ်ယောက်ရင်ဆိုင်ရမည့်အရာသည် သန်မာသော သူတို့မျိုးနွယ်ပင်ဖြစ်သည်။ သူတို့ အတူရှိခြင်းကို ကန့်ကွက်ကြကာ တိုက်ခိုက် မှုများပင်ရှိလာသည်။

အဂ္ဂိရတ်ပညာရှင်အသင်းသည်လည်း သူတို့အတူရှိသည်ကို သဘောမတူ ပေ။ သို့သော် ထိုစဉ်ကဥက္ကဌသည် ပွင့်လင်းကာ သူတို့နှစ်ယောက်ကြားမှကိစ္စ ကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ရှေ့ထွက်ပြီး ဝင်ပါခြင်းလည်းမရှိခဲ့ပေ။

ထိုအသင်းကြီးနှစ်ခုအပြင် အတားအဆီးကြီးတစ်ခုရှိသေးသည်။ ထိုသည် မှာ ရှန့်ဂွမ်ဝမ်ချင်းကို အပြင်းအထန်စွဲလမ်းခဲ့သည့် သခင်လေးဝူချင်းဖြစ်သည်။

သူတို့နှစ်ယောက်အတူရှိသည်ဟု ဝူချင်းသိသည်နှင့် လူအများအပြား လွှတ်ကာ လိုက်ခိုင်းလေသည်။ ဘိုင်ရှန်းသည် ဝူချင်းကိုသတ်လိုက်ရာ ဝူမျိုးနွယ်သည် ခေတ္တမျှ နစ်မြုပ်သွားခဲ့သည်။ သူတို့သည် ဘိုင်ရှန်းနှင့် ရှန့်ဂွမ်ဝမ်ချင်းတို့ကို သေချာပေါက်သတ်မည်ဟု ကျိန်ဆိုသွားခဲ့ကြသည်။

ဝူချင်းတွင် ဦးလေးတစ်ယောက်ရှိသည်။ သူသည် ပညာရှိစံအိမ်တော်တွင် ရာထူးမြင့်‌သော အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူသည် ဝူချင်းကို ငယ်စဉ် ကပင် အလိုလိုက်ခဲ့သည်။ တူဖြစ်သူအသတ်ခံရပြီဟု သိလိုက်သည်နှင့် ခွင့်မလွှတ်နိုင်သော အပြစ်ဖြစ်ခဲ့သည်။

သည်လိုနှင့် ထိုအချိန်အတွင်းတွင် သူတို့စုံတွဲကို ဝူမျိုးနွယ်နှင့် ပညာရှိ စံအိမ်တော်မှ လိုက်ခဲ့ကြသည်။ ရှန့်ဂွမ်မျိုးနွယ်၏ ဝင်ရောက်စွက်ဖက်မှုကိုပင် ခံရလေသည်။

ရှန့်ဂွမ်ဝမ်ချင်း အသတ်မခံရခင်တွင် ရှန့်ဂွမ်မျိုးနွယ်သည် အစပိုင်းတွင် ပြန်လာလျှင် ဘိုင်ရှန်းနှင့် အတူရှိခွင့်ပေးမည်ဟု ကတိပေးကာ သူမကို ရှာနေသေးသည်။

သို့သော် သူတို့နှစ်ယောက်လုံးသည် အခက်အခဲများစွာကို အတူ ကျော်ဖြတ်ခဲ့ကြသည်။ သူတို့ကိုဘယ်လိုလုပ် လွှတ်ပေးမလဲ။ သူတို့သေရမယ် ဆိုရင်တောင် အတူသေလိုက်မယ်။

သို့သော် ရလဒ်မှာ အလွမ်းပြဇာတ်ကဲ့သို့ပင်… ရှန့်ဂွမ်ဝမ်ချင်း သေဆုံး သွားခဲ့ပြီး အဘိုးဘိုင်သည် ဒဏ်ရာအပြင်းအထန်ကြားထဲကမှ သွေးမိစ္ဆာမြို့မှ လူများမှ ကယ်ပြီးခေါ်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ထိုမြို့တွင်သာ ဆက်လက်နေထိုင်ခဲ့သည်။ သူသည် တစ်ခါတစ်ခါ အပြင်ထွက်သော်လည်း ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကြောင့် ရွေးချယ်စရာမရှိဘဲ ပြန်လာရသည်။

သူသည် ရှီမာယူယူတို့ သွေးမိစ္ဆာမြို့သို့မရောက်ခင်အထိ ထိုနေရာတွင် နေထိုင်ပြီးနောက်တွင် ဘဝပြောင်းလဲခဲ့သည်။

သူ့ဇာတ်လမ်းအဆုံးသတ်ကို ကြားလိုက်ချိန်တွင် အားလုံးသည် သူတို့ ဖြတ်သန်းခဲ့ရသကဲ့သို့ပင် ဒေါသထွက်ကာ နာကျင်ကြလေသည်။

သူသာ အားကောင်းတဲ့နောက်ခံရှိတဲ့ လူတစ်ယောက်ဆိုရင် ဒီလိုမျိုး ဖိအားပေးခံရတာကို ကျော်ြဖတ်ရဦးမှာလား။ ရှန့်ဂွမ်မျိုးနွယ်က သူမကို သူ့ကြင်ယာတော်အဖြစ် လက်ခံပေးဖို့ တောင်းဆိုနေရမှာလား။

“အဘိုးကို ဘယ်သူက အဆိပ်ခတ်ခဲ့တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဝူမျိုးနွယ်” ဘိုင်ရှန်း ပြောလိုက်သည်။

“ဒီနေ့အဘိုးကိုသတ်ဖို့လာတဲ့သူတွေက ဝူမျိုးနွယ်နဲ့ ပညာရှိစံအိမ်တော် ကပဲ၊ ကြည့်ရတာ သူတို့လည်း လက်နက်မြို့တော်ကိုလာတာဖြစ်မယ်” ဝူရန်ဖေ ပြောလိုက်လသည်။

“လက်နက်သခင်များအသင်းက လူတွေကဘာတွေလည်း အသင်းက လွှတ်လိုက်တာလား” ဖက်တီးကျူ မေးလေသည်။

“မဖြစ်နိုင်ဘူး”  ဘိုင်ရှန်း ပြောလိုက်သည် “အဲလူကဝူချင်းနဲ့ ဆက်ဆံရေး ကောင်းပြီးတော့ ဝူမျိုးနွယ်နဲ့လည်း သိတယ်၊ ဒီအချိန်အတွင်းကို လက်နက် သခင်များအသင်းက ဒါကိုဖြေရှင်းဖို့အချိန်မရှိလောက်ဘူး အဲဒါက သီးသန့်လှုပ် ရှားရတာဖြစ်ရမယ်”

“လက်နက်သခင်များအသင်းက အဲလူက မသေသေးဘူးမလား” ရှီမာယူယူ မေးလိုက်သည်။

ပန်းလေးသည် ပန်းတစ်ပွင့်ထုတ်ပြီး အထဲမှလူကို အန်ထုတ်လိုက်သည်။ သူသည် လက်နက်သခင်များအသင်းမှ တာဝန်ခံဖြစ်သည်။ သူသည် ပန်းလေး ၏ အဆိပ်ပြန့်နေသဖြင့် ကြည်လင်ခြင်းမရှိတော့ပေ။

“သူ သေသွားပြီလား” ဖက်တီးကျူ မေးလိုက်သည်။

“ပန်းလေးမှာ အဆိပ်အများကြီးရှိတယ် ဘယ်ဟာက သူ့ကိုဘေးသင့်စေ နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”

“အချိန်တစ်ခုပါပဲ အခုတော့ သူနေလို့ကောင်းမှာမဟုတ်ဘူး” ပန်းလေး ပြောလိုက်သည်။

“တခြားအင်အားကြီးနှစ်ခုက လူတွေက သူတို့ဘာသာဝန်ခံလိုက်ကြပြီ ဒီ တစ်ယောက်ကို ဘယ်လိုလုပ်ကြမလဲ” ဘေဂုံထန်သည် ရှီမာယူယူအားကြည့် လိုက်သည်။

တခြားအင်အားစုနှစ်ခုသည် အစကတည်းကပင် သူတို့နှင့်ဆက်ဆံရေး မကောင်းခဲ့ပေ။ ဝမ်ဟိုင်၏လောကအသေးတွင် သူတို့ပညာရှိစံအိမ်တော်မှလူ ကို သတ်ခဲ့သည်။ ထိုဖြစ်ရပ်သည် နှစ်ဖက်လုံးကို တစ်သက်တာရန်သူဖြစ်သွား စေသည်။ ဝူမျိုးနွယ်ကိုတော့ တစ်ဖက်နှင့်တစ်ဖက် မတွေ့ဖူးပေ။ သို့သော် အဘိုးဘိုင်ဖြစ်ရပ်နှင့်ပတ်သတ်ပြီး နှစ်ဖက်လုံးသည် အလွှတ်ပေးမည်မဟုတ် ပေ။

ထိုသို့ဆိုရလျှင် ဆက်ဆံရေးမှာ ပျက်စီးနေမှတော့ ထားလိုက်ရတော့ မည်။ ရှောင်လွှဲမရတော့ပေ။

သို့သော် လက်နက်သခင်များအသင်းမှာတော့ မတူပေ။ သူတို့သည် လက်ရှိတွင် သူတို့ဆက်ခံသူကို ဂုဏ်ပြုရန်အတွက် သူတို့နယ်နိမိတ်ထဲရောက် နေကြလေသည်။ ယခုလိုကိစ္စတစ်စုံတစ်ရာဖြစ်ပွားပါက တစ်ဖက်လူကို ပြဿနာတက်စေသည် မဟုတ်ပါလား။

သူမသည် ရှောင်ဟုန်နှင့် ဟော်ချန်းဒုန်နှင့် ဆက်ဆံရေးကောင်းနေ၍ တော်သေးသည်။

သူမသည် မြေပေါ်မှ သတိမေ့နေသောလူကိုကြည့်ပြီး မည်သို့ဖြေရှင်းရ မည်ကို စဉ်းစားနေသည်။ သူမသည် သူ့ကိုသတ်ချင်သည်။ သို့သော် ထိုအရာ သည်လည်း အဆင်မပြေလှပေ။ သို့သော် ဘာမှမလုပ်ဘဲလဲ လွှတ်မပေးလိုက် ချင်ပေ။

“တကယ် ခက်တာပဲ” သူမသည် သက်ပြင်းရှည်ချလိုက်သည်။

သို့သော် သူမ ဆုံးဖြတ်ချက်မချခင်တွင် လူတစ်ယောက်သည် သူမကို ကူညီရန်ရောက်လာသည်။

“သခင်မလေးယူယူ ဥက္ကဌလာပါတယ်” အစေခံမိန်းကလေး ပြေးလာလေ သည်။

ထိုနေရာသည် လက်နက်မြို့တော်ဖြစ်သော်လည်း လက်နက်သခင်များ အသင်းမှလူများသည် ထိုခြံဝန်းတွင်သာ နေထိုင်ကြလေသည်။ လေးစားသမှု ဖြင့် သူတို့သည် မဝင်ခင်ကို သတင်းပေးတတ်သည်၊

ရှီမာယူယူသည် မြေပေါ်တွင် လှဲနေသောလူကိုကြည့်ပြီးနောက် မတ်တတ်ရပ်ကာ ထွက်သွားလိုက်သည်။

သူတို့ ခြံဝန်းသို့ရောက်သောအခါ ဟော်ချန်းဒုန်နှင့် ရှောင်ဟုန်နှင့်အတူ တခြားသော လက်နက်သခင်များ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ဦးလေးဟော်ကို နှုတ်ဆက်ပါတယ်”  ရှီမာယူယူသည် ဟော်ချန်းဒုန်ကို အရိုအသေပေးပြီးနောက် မေးလိုက်သည် “အခမ်းအနားက မနက်ဖြန်ပဲကို ဦးလေးဟော် ဘာလို့ဒီအချိန်ကြီး ဒီကိုလာရတာလဲ”

“မင်းရဲ့အခြေအနေကိုကြည့်ဖို့လာခဲ့တာ” ဟော်ချန်းဒုန် ပြောလေသည် “မြောက်ပိုင်းအဓိကလမ်းမှာဖြစ်သွားတာကို ကျုပ်သိပြီးပါပြီ မိန်းကလေးတို့ အဆင်ပြေကြရဲ့လား”

“ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဦးလေးဟော် ဝင်ခဲ့ပါ”

အားလုံးသည် ဧည့်ခန်းသို့ပြန်သွားကြသည်။ သူတို့ ပထမဆုံးမြင်လိုက်ရ သည်မှာ လက်နက်သခင်များအသင်း၏ တာဝန်ခံသည် မြေပေါ်တွင် လဲနေခြင်း ဖြစ်သည်။ ထို့နောက်တွင် မိုယွိသည် ခုံတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေ သည်ကို မြင်လိုက်ရသည်။

“ဦးလေးဟော် ကျွန်မတို့ ဒီလူကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အခုဆွေးနွေးနေကြတာ သူက လက်နက်သခင်များအသင်းက အဖွဲ့ဝင်ဆိုတော့ ဦးလေးလည်း ရောက်နေတယ်ဆိုတော့ သူ့ကိုအပ်လိုက်ပါပြီ” ရှီမာယူယူနှင့် ဟော်ချန်းဒုန်တို့သည် သူတို့အဖွဲ့များ၏ ခေါင်းဆောင်များဖြစ်ကြသည်။ ထိုလူ သည် အရေးမကြီးလှသဖြင့် သူမသည် ဟော်ချန်းဒုန်လက်သို့အပ်လိုက်သည်။

“ဒီလူက လက်နက်သခင်များအသင်းကလူဆိုပေမဲ့ သူ့ဘာသာ လှုပ်ရှားခဲ့ တာပဲ၊ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ခွင့်မလွှတ်နိုင်စရာပဲ၊ ကျုပ်တို့ပြန် ရောက်တာနဲ့ သူ့ကိုစည်းမျဉ်းအတိုင်း မိန်းကလေးအစား အပြစ်ပေးလိုက်ပါ မယ်” ဟော်ချန်းဒုန်သည် လေးနက်စွာပြောလေသည်။

ရှီမာယူယူ ပြုံးလိုက်သည်။ သူ ပြောပုံအရ အနေအထားတစ်ခုလုံးကို သဘောပေါက်လာသည်။ နောက်ပိုင်းဖြစ်လာမည့်အရာအတွက် ရှင်းရမည်မှာ ပိုလွယ်သွားနိုင်သည်။

***

All Chapters