← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

အမှောင်ညမျက်စိဆေးပင်အား ပိုင်ဆိုင်ခြင်း

ဧရာမနတ်ဆိုးလူဝံသည် တစ်ကိုယ်လုံး ထွက်ပေါ်လာပြီးနောက် သူ့လက်နှစ်ဖက်ဖြင့် ရင်ဘတ်အား ထုချေကာ နတ်ဆိုးသားရဲအသံဖြင့် "ငါပိုင်ဆိုင်တဲ့အရာကို လုယူဖို့ ကြိုးစားတဲ့ လူသားအားလုံး သေသင့်တယ် " လို့ ​အော်ဟစ်ပြောဆိုလိုက်၏။

ကျွင်းလောင်သည် ဧရာမနတ်ဆိုးလူဝံကို တိုက်ခိုက်ဖို့ သူနဲ့ပူပေါင်းထားသော ဂိုဏ်းအချို့ စေခိုင်းလိုက်သည်။ ထိုအခါ များစွာသော ဂိုဏ်းများရှိ လူများသည် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ကာ နတ်ဆိုးလူဝံအား ဝိုင်းဝန်းတိုက်ခိုက်ကြ၏။

နတ်ဆိုးလူဝံသည် သူ့စွမ်းအားများကို အမြှီးတွင် စုစည်းကာ အားလုံးအား ပတ်ရမ်းလိုက်လေသည်။ ​များစွာသော တိုက်ခိုက်ရေးသမားများသည် နတ်ဆိုးလူဝံရဲ့ အမြှီးရိုက်ခတ်မှု တစ်ချက်ကိုပင် ခုခံနိုင်စွမ်းမရှိဘဲ ​ဒဏ်ရာများရရှိကာ မြေပြင်ပေါ်သို့ ပစ်လဲသွားကြ၏။

ချုန်ထင့်သည်လည်း ချောင်းဆိုးကာ သွေးများပင် အန်လိုက်ရတာကြောင့် ဆေးတစ်လုံးအား အမြန်သောက်လိုက်ရသည်။ ချုန်ထင့်သည် အံ့အားသင့်စွာဖြင့် နတ်ဆိုးလူဝံအား ကြည့်ကာ "နတ်ဝိဇ္ဇာအဆင့်လား....." လို့ ရေရွတ်လိုက်ပြီး အမြန်ဆုံးထွက်ခွာဖို့ သူ့လူများအားလုံးကို အမိန့်ပေးလိုက်၏။

မြေပြင်ပေါ်တွင် လက်ထောက်ကာ ကျလဲနေသော ကျွင်းလောင်သည်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် "နတ်....နတ်ဝိဇ္ဇာအဆင့်လား" လို့ ရေရွတ်ကာ နောက်လှည့်၍ ထွက်ပြေးပါတော့သည်။

နတ်ဆိုးလူဝံသည် သူ့ခြေထောက်အား မြေကြီးကို ဆောင့်ကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး "ပုရွတ်ဆိတ်လေးတွေက ခုချိန်မှ ထွက်ပြေးချင်နေကြလား "'လို့ ပြောကာ သူ့ပါးစပ်အတွင်းမှ အနက်ရောင် အလင်းတန်းစွမ်းအားကြီးဖြင့် လိုက်လံသတ်ဖြတ်လေ၏။

အနက်ရောင်အလင်းတန်းစွမ်းအားကို ထိမိသော လူတိုင်းသည် အစအနပင် မကျန် ချက်ချင်းပျောက်ကွယ်ကာ သေဆုံးသွားခဲ့သည်။ ကျစ်ယန်သည် "ဒီအချိန်ပဲ......" လို့ ရေရွတ်ကာ နတ်ဆိုးလူဝံအလစ်တွင် သူထွက်ပေါ်လာသော မြေကြီးအတွင်းကို လျှပ်စီးအလျင်နှုန်းဖြင့် ပြေးဝင်သွားခဲ့၏။

နတ်ဆိုးလူဝံကြီးသည် သတ်ဖြတ်ဖို့ကိုသာ အာရုံစိုက်နေခဲ့သဖြင့် ကျစ်ယန်အထဲသို့ ဝင်သွားသည်ကို မသိလိုက်ပေ။ ကျစ်ယန်သည် မြေကြီး အက်ကွဲကြောင်းတစ်လျှောက် ဝင်လာခဲ့ပြီးနောက်တွင် မြေအောက်ထဲရှိ ဂူကြီးတစ်ခုထဲကို ရောက်ရှိသွားခဲ့၏။

အမှောင်ညမျက်စိဆေးပင်လေးသည် ဂူထဲတွင် ရှိနေခဲ့ပြီး ကျစ်ယန်ကို မြင်တဲ့အခါ ထွက်ပြေးပါတော့သည်။ သို့သော် ကျစ်ယန်သည် ရွှေရောင်လျှပ်စီးစွမ်းအားကို ကြိုးပုံစံသဖွယ်သို့ ပြောင်းလဲကာ အမှောင်ညမျက်စိဆေးပင်လေးကို ချုပ်နှောင်၍ ဆွဲယူလိုက်လေ၏။

အပြင်ဘက်တွင် ရှိနေသော နတ်ဆိုးလူဝံသည် "သေစမ်း........ငါရဲ့ဆေးပင်ကို ဘယ်သူက လာထိရဲတာလဲ " လို့ ဒေါသထွက်စွာ ပြောကာ မြေကြီးအတွင်းကို ပြန်ခုန်ချ ဝင်လာလေသည်။ ကျစ်ယန်သည် အမှောင်ညမျက်စိဆေးအမယ်အား စိတ်ဝိညဥ်ကမ္ဘာထဲသို့ အမြန်ထည့်သိမ်းလိုက်ပြီး ထွက်ပြေးဖို့ ဟန်ပြင်ချိန်မှာ နတ်ဆိုးလူဝံသည် ကျစ်ယန်ရဲ့ ရှေ့မှောက်ကို ရောက်ရှိလာခဲ့၏။

ကျစ်ယန်သည် အစွမ်းကုန်တိုက်၍ ထွက်ပြေးရန် ဆုံးဖြတ်ထားခဲ့သည်။ နတ်ဆိုးလူဝံသည် ကျစ်ယန်ကို တွေ့တဲ့အခါ "လူသားစုတ်......မင်းက ငါရဲ့ဆေးပင်ကို ခိုးရဲတဲ့ သတ္တိရှိနေပါလား ၊ ငါမင်းရဲ့အရေခွံကို ခွာပစ်ပြီး မီးကင်စားပစ်မယ် " လို့ ပြောကာ သူ့ရဲ့ ဧရာမ လက်ဖဝါး နှစ်ဖက်ဖြင့် ကျစ်ယန်အား ရိုက်ချပစ်လိုက်သည်။

ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် လျင်မြန်စွာ ရှောင်လိုက်ပြီးနောက် နတ်ဆိုးလူဝံကို တိုက်ခိုက်ရန် အတွက် ခန္ဓာကိုယ်အနှံကို ပတ်ကာ ရှာဖွေလိုက်၏။ နတ်ဆိုးလူဝံသည် နံရံတွင် ပတ်ကာ ရှောင်ပြေးနေသော ကျစ်ယန်အား သူ့ရဲ့လက်သီးများဖြင့် လိုက်လံ ထိုးနေခဲ့သည်။

အချိန်အနည်းငယ်ကြာတဲ့အခါ နတ်ဆိုးလူဝံရဲ့ လှုပ်ရှားမှုများသည် တဖြည်းဖြည်းနှေးလာမှန်း ကျစ်ယန်သည် ရိပ်မိလိုက်၏။ ကျစ်ယန်သည် ရွှေရောင်လျှပ်စီးဓားအား ပုံဖော်ကာ နတ်ဆိုးလူဝံအားဟစတင်တိုက်ခိုက်လိုက်သည်။

နတ်ဆိုးလူဝံသည် "လူသားစုတ်.......မင်းက ဝိညဥ်ပလ္လင်အဆင့်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ တွေးနေတာလား ၊ ကြည့်ရတာ ငါရဲ့စွမ်းအားအစစ်အမှန်ကို ပြသဖို့ လိုပြီထင်တယ် " လို့ ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်အား လူသားကဲ့သို့ သေးငယ်အောင် ပြုလုပ်လိုက်၏။

နတ်ဆိုးလူဝံသည် သူ့လက်ဖဝါးပေါ်သို့ သံတုတ်ချောင်းအား ထုတ်လိုက်ပြီး ကျစ်ယန်ကို သတ်ဖြတ်ဖို့ ညွှန်လိုက်လေသည်။ ထိုအခါ ကျစ်ယန်သည် သူ့လက်ထဲရှိ ဓားဖြင့် သံတုတ်ချောင်းအား ပြန်လည်ခုခံကာ တိုက်ခိုက်လေ၏။

ကျစ်ယန်သည် သူ့စွမ်းအားများ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီးနောက် သံတုတ်ချောင်းရဲ့ ရိုက်ချက်ကြောင့် ​နံရံနဲ့ ဆောင့်ကာ သွေးများ အဆက်မပြတ် အန်လိုက်ရလေသည်။ နတ်ဆိုးလူဝံသည် သူ့ရဲ့သံတုတ်ချောင်းအား ပြန်လည်စုပ်ယူလိုက်ပြီး "ဘယ်လိုလဲ လူသားစုတ်......မင်းသေဖို့ အဆင်သင့် ဖြစ်ပြီလား " လို့ မေးလိုက်၏။

ထိုချိန်မှာ ကျစ်ယန်သည် သူသွေးများကို လက်မဖြင့် သုတ်လိုက်ပြီး "ဟားဟားဟား......မင်းလိုနတ်ဆိုးသားရဲတစ်ကောင်က ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား " လို့ ပြောကာ သူ့လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။

ထိုအခါ ကျစ်ယန်၏ အနောက်မှ အလွန်ပင် ကြီးမားသော အစိမ်းရောင်အစီအရင်စက်ဝိုင်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် သူ့နှုတ်မှ ဂါထာမန္တန်ရွတ်လိုက်တဲ့အခါ အစီအရင်စက်ဝိုင်းအတွင်းမှ အစိမ်းရောင်စကားလုံးပေါင်းများစွာသည် သံကြိုးသဖွယ် ထွက်ရှိလာခဲ့ပြီး နတ်ဆိုးလူဝံအား လျင်မြန်သောအရှိန်ဖြင့် ရစ်ပတ်သွားခဲ့၏။

နတ်ဆိုးလူဝံသည် "လူသားစုတ်...မင်းက အစီအရင်ဆရာတစ်ယောက်ဖြစ်နေတာလား ၊ ငါ့ကိုလွှတ်စမ်း ......ငါ့ကိုလွှတ် " လို့ အော်ပြောကာ ရုန်းနေခဲ့၏။ သို့သော် နတ်ဆိုးလူဝံသည် သူ့စွမ်းအားများကို ထုတ်ကာ ရုန်းထွက်ဖို့ ကြိုးစားပင်မယ့် မလွတ်မြောက်နိုင်သေးပေ။

ခဏအကြာမှာတော့ နတ်ဆိုးလူဝံသည် သူသံတုတ်ချောင်းအား အသုံးပြုကာ ချူပ်နှောင်ထားသော စွမ်းအားကို ဖျက်ဆီးပစ်လိုက်၏။ နတ်ဆိုးလူဝံသည် လွတ်မြောက်သွားတဲ့အခါ ဒေါသထွက်စွာဖြင့် "လူသားစုတ်......ငါမင်းကို တနေ့ရအောင် ရှာသတ်ပစ်မယ်" လို့ကြောက်မက်ဖွယ်ရာ အသံကြီးဖြင့် ဂူအတွင်းတွင် အော်ဟစ်လိုက်လေသည်။

ကျစ်ယန်ကတော့ ထိုချိန်မှာ ထွက်ပြေးသွားပြီ ဖြစ်၏။ ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်ရောက်ရှိနေသော်လည်း စွမ်းအားများသုံးရန် လုံလောက်မှုမရှိသေးပေ။ ယခုတွင်လဲ နတ်ဆိုးလူဝံအား ခဏတာ ဖမ်းချုပ်၍ ထွက်ပြေးလာခြင်းပင် ဖြစ်သည်။

နတ်ဆိုးလူဝံသည် သူ့အား လှည့်စားသွားသော ကျစ်ယန်ကို လိုက်လံ၍ သတ်ဖြတ်ချင်ပေမယ့် အပြင်လောက၌ ရှိသော အဆင့်မြင့်ကျင့်ကြံသူများနဲ့ တွေ့ဆုံရင် ကျွန်သားရဲအဖြစ်သို့ မရောက်ချင်သည့်အတွက် သူ့ရဲ့အသိုက်နေရာကိုသာ ပြောင်းရွေ့ဖို့ ဆုံးဖြတ်လိုက်၏။

ကျစ်ယန်သည် ယွီချန်တောင်ထိပ်မှ တဆင့် အလွန်ဝေးလံသောတောင်ပေါ်သို့ တစ်ညလုံး ပြေးလာခဲ့ပြီနောက် မောပန်းစွာဖြင့် မြေပေါ်တွင် ပစ်လဲချလိုက်သည်။ ကျစ်ယန်သည် ပြန်ထလိုက်ပြီး တောင်ထိပ် ပေါ်ရှိ လုံခြုံသော နေရာတစ်ခုအား ရှာဖွေလိုက်၏။

ကျစ်ယန်သည် အလွန်ကျဥ်းမြောင်းသော ဂူအသေးလေးကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါ လျင်မြန်စွာပဲ ဝင်သွားခဲ့သည်။ ကျစ်ယန်သည် အထဲသို့ ရောက်ရှိသည်နှင့် ထိုင်ချလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာအတွင်းသို့ ဝင်လိုက်၏။

အမှောင်ညမျက်စိဆေးပင်လေးသည် စိတ်ဝိညဥ်ကမ္ဘာထဲတွင် ​ထွက်ပြေးဖို့ ကြိုးစားနေခဲ့သည်။ ကျစ်ယန်ရောက်ရှိလာသည်ကို တွေ့တဲ့အခါ အမှောင်ညမျက်စိဆေးပင်လေးသည် ကြောက်ရွံဖွယ်ရာ အမူအယာလေးအဖြစ်သို့ ပြောင်းလဲသွား၏။

ကျစ်ယန်သည် အမှောင်ညမျက်စိဆေးပင်မှာ အသိစိတ်ရှိမှန်း သိရှိထားသည်။ ထို့အပြင် အမှောင်ညမျက်စိဆေးပင်သည် အခြားသော ဆေးပင်များကို စားသောက်၍ ကြီးထွားသော ဆေးပင် မျိုးဖြစ်၏။

All Chapters