← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

လေခွင်းဂိုဏ်းသို့ ရောက်ရှိလာခြင်း

ထို့ကြောင့် ဆေးအမယ်များစွာ စိုက်ပျိုးထားသော ယွီချန်တောင်ထိပ်ပေါ်တွင် ရှိနေခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည် သူခူးယူထားသော ဆေးပင်များကို ပစ်ပေးလိုက်ပြီး "ကောင်ကလေး.....မင်းသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းအတွက်ဆေးပင်တွေကို ငါအမြဲရှာကျွေးမယ်" လို့ ပြောလိုက်၏။

အမှောင်ညမျက်စိဆေးပင်သည် ကျစ်ယန်အား ကြည့်ကာ မယုံရဲသေးပေ။ထိုချိန်မှာ ကျစ်ယန်ရဲ့ မျက်နှာသည် ရက်စက်သော အမူအယာအဖြစ်သို့ ပြောင်းလဲသွားပြီး " မင်းအသက်ရှင်ရက် .....ငါနဲ့ပူးပေါင်းမလား ၊ ဒါမှမဟုတ် မင်းကို ကြိုချက်ပြီး ငါစားသောက်ရမလား " လို့ မေးလိုက်၏။

အမှောင်ညမျက်စိဆေးပင်လေးသည် ​သူ့အသက်ရှင်ချင်သေးတဲ့အတွက် သူ့ရဲ့ဆေးပင်သဏ္ဍာန်အား အညိုရောင်မြူမှုန့်လေးအဖြစ်သို့ ပြောင်းလဲကာ ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ကျစ်ယန်သည် သူ့ခန္ဓာကိုယိအတွင်းသို့ ဝင်ရောက်လာသော စွမ်းအင်တစ်မျိုးအား ခံစားလိုက်ရ၏။ ကျစ်ယန်သည် စက္ကန့်ပိုင်းအတွင်းပင် ဝိညဥ်ပလ္လင်အဆင့်၁မှ ဝိညဥ်ပလ္လင်အဆင့်၄ကိုပင် ချက်ချင်းရောက်ရှိသွားခဲ့ပြီး စွမ်းအားများစွာ တိုးလာကြောင်း သိရှိလိုက်ရသည်။

အမှောင်ညမျက်စိဆေးပင်ရဲ့ အကျိုးရလာဒ်မှာ သူသိထားတာထက်ပင် သာလွန်နေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ အဆိပ်ကျမ်းသခင်ဟုသော ခေါင်းစဥ်နဲ့အတူ ရွှေရောင်စကားလုံးများသည် ကျစ်ယန်၏ အသိဉာဏ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့၏။

ကျစ်ယန်သည် အဂ္ဂိရတ်ဆေးပညာနဲ့ ဆက်စပ်နေသော အဆိပ်ပညာအလုံးစုံကိုပါ ထပ်မံရရှိသွားခဲ့သည်။ ကျစ်ယန်သည် လက်ရှိမှာ ဆေးအမယ်များစွာ လိုအပ်တဲ့အတွက် အဂ္ဂိရတ်ဆေးဆိုင်များကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်၏။

ကျစ်ယန်သည် သူရောက်ရှိနေသော တောင်ထိပ်မှ ​ဆင်းသက်မည့်ချိန်တွင် လူတစ်စုနဲ့ ထိပ်တိုက်ဆုံလိုက်ရသည်။ ထိုအခါ ဓားများကိုင်ဆောင်ထားသော အဖွဲ့သည် ကျစ်ယန်အား အမြန်ဝိုင်းဝန်းထားလိုက်၏။

ထိုအဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်သော ချင်းတန်လို့ ခေါ်သည့် မိန်းကလေးတစ်ယောက်သည် လက်ထောင်ကာ သူ့အဖွဲ့သားများကို နောက်ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။ လွီထန်လို့ ခေါ်သောလူသည် ချင်းတန် အနားသို့ သွားကာ "သခင်မလေး.......ဒီလူကိုကျွန်တော်တို့ စစ်ဆေးသင့်တယ် မဟုတ်ဘူးလား "လို့ မေးလိုက်၏။

ချင်းတန်သည် တီတိုးစွာဖြင့် "သူ့အသက်အရွယ်နဲ့ တောင်ထိပ်ပေါ်မှာ တစ်ယောက်ထဲရှိနေတာတောင် နင်ကသူကို သာမာန်လူလို့ ထင်နေတာလား " လို့ ပြောလိုက်သည်။ လွီထန်သည် "သခင်မလေးဆိုလိုတာက.....သူက သာမန်မဟုတ်ဘူးလို့ ပြောချင်တာလား " လို့ ​ပြောလိုက်၏။

ချင်းတန်သည် လွီထန်ကို ကြည့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ကာ ကျစ်ယန်ရှေ့သို့ သွားလိုက်သည်။ ချင်းတန်သည် ကျစ်ယန်အား ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး "ဒီကသခင်လေးက......မီးနဂါးမြို့တော်ရဲ့ ဘယ်ဂိုဏ်းကလဲ မသိဘူး " လို့ ​ယှဥ်ကျေးစွာဖြင့် မေးလိုက်၏။

ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး သူသည် မီးနဂါးမြို့တော်ကို ရောက်ရှိသေးတာ မကြာသေးဘူးလို့ ဖြေလိုက်သည်။ ချင်းတန်သည် သူထင်တဲ့အတိုင်း ဖြစ်နိုင်နေသောကြောင့် "သခင်လေး......ရှင့်တည်းဖို့ နေရာမရှိသေးရင် ချင်းတန်တို့ ​​​ လေခွင်းဂိုဏ်းကို လိုက်တည်းလို့ ရပါတယ်" လို့ ဖိတ်ကြားလိုက်၏။

ကျစ်ယန်သည် ချင်းတန်တို့အဖွဲ့အခြေအနေကို ကြည့်လိုက်ပြီး အဆင်မြင့်ဂိုဏ်းမဖြစ်နိုင်တဲ့အတွက် လိုက်နေဖို့ သဘောတူလိုက်သည်။ လွီထန်နဲ့ တခြားသော သူများကတော့ ကျစ်ယန်ကို သဘောမကျပေ။

ချင်းတန်တို့သည် လှည်းယာဥ်များ ၊ မြင်းများဖြင့် လေခွင်းဂိုဏ်းဆီသို့ ပြန်လာခဲ့ကြ၏။ ကျစ်ယန်တို့သည် လေခွင်းဂိုဏ်းသို့ ရောက်ရှိသည်နှင့် တံခါးအဝမှ လူတစ်ယောက်သည် မျက်နှာမကောင်းစွာဖြင့် ထွက်လာခဲ့သည်။

ထိုလူသည် ချင်းတန်ကို မြင်တဲ့အခါ "သခင်မလေး......သခင်ကြီးချင်းရဲ့ အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာတဲ့အတွက် မီးနဂါးမြို့တော်ထဲမှာ သူ့ကို ကုသနိုင်မယ့်သူ မရှိလောက်တော့ဘူး " လို့ ပြောကာ လေခွင်းဂိုဏ်းမှ ထွက်ခွာဖို့ ဟန်ပြင်လိုက်သည်။

ထိုလူကတော့ မီးနဂါးမြို့တော်ထဲတွင်ရှိသော အဆင့်နိမ့် ဆေးသမားတော်တစ်ယောက်ပင် ဖြစ်၏။ ချင်းတန်သည် မျက်ရည်ဝဲစွာဖြင့် "သမားတော်ချန်......အဖေရောဂါကုသဖို့ တခြားသောနည်းလမ်းများ မရှိတော့ဘူးလား " လို့ မေးလိုက်သည်။

သမားတော်ချန်သည် ခေါင်းခါလိုက်ပြီး "သခင်ကြီးရဲ့အခြေအနေကို ကောင်းကင်က နတ်ဘုရားဆင်းလာပြီး ကယ်နိုင်မှ အသက်ရှင်နိုင်တော့မယ် " လို့ ပြောပြီး ထွက်ခွာ၍ သွားပါတော့သည်။ ချင်းတန်သည် မျက်ရည်များပင် စီးဆင်းသွားပြီး ဂိုဏ်းတံခါးဖွင့်ကာ ဂိုဏ်းအတွင်းထဲသို့ ဝင်လာခဲ့၏။

ဂိုဏ်းခြံဝန်းကြီးထဲသို့ ချင်းတန်ဝင်လာသည်ကိုမြင်တဲ့အခါ သိုင်းလေ့ကျင့်နေသော လူများသည် "စီနီယာအမချင်းတန်ကို ဂါဝါရပြုပါတယ်" လို့ ပြောကာ ခေါင်းညွတ်ကြလိုက်သည်။ ချင်းတန်သည် ခေါင်းငြိမ့်၍ အသိအမှတ်ပြုကာ သူ့အဖေရှိသော အခန်းထ​ဲကိုပဲ ဦးတည်လာခဲ့၏။

လေခွင်းဂိုဏ်းမှ လူများသည် ချင်းတန်အနားမှာ ရှိနေသော ကျစ်ယန်အား ကြည့်ကာ ​ထူဆန်းစွာဖြင့် ကြည့်နေကြလေသည်။ ချင်းတန်သည် လွီထန်အား ကျစ်ယန်နေထိုင်ရန် အခန်းစီစဥ်ပေးဖို့ ပြောချိန်တွင် ကျစ်ယန်သည် "ငါမင်းနဲ့ အတူ မင်းအဖေရဲ့ ရောဂါအခြေအနေကို လိုက်ကြည့်လို့ ရမလား " လို့ မေးလိုက်၏။

ချင်းတန်သည် ဘာမှဆက်မပြောတော့ဘဲ သူ့အဖေရဲ့ အခန်းဝကို ​

လျင်မြန်စွာ လှမ်းလာခဲ့သည်။ အခန်းတံခါးဝသို့ ချင်းတန်သည် အလွယ်တကူဝင်သွားလို့ ရပေမယ့် အစောင့်နှစ်ယောက်သည် ကျစ်ယန်အား ပိတ်ဆို့လိုက်၏။

ချင်းတန်သည် အေးစက်စွာဖြင့် "သူ့က ငါ့မိတ်ဆွေပဲ ၊ ဘယ်သူတားရဲလဲ " လို့ ပြောကာ ရှေ့သို့ ဆက်သွားလေသည်။ ထိုအခါ အစောင့်နှစ်ယောက်သည် ကျစ်ယန်ကို တားထားသော ဓားများကို ပြန်သိမ်းလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ခေါင်းညွတ်ကာ"တောင်းပန်ပါတယ်......သခင်မလေး ၊ ကျွန်တော်တို့ မသိလို့ပါ " လို့ ပြောကာ ကျစ်ယန်အား ဖယ်ပေးလိုက်၏။

ထိုမြင်ကွင်းကို အနောက်တစ်နေရာမှ ကြည့်နေသော လွီထန်သည်

"မင်းကိုမင်း မီးတွင်းထဲ ခုန်ချနေမှန်း မသိသေးဘူးကို " လို့ ပြောကာ သူ့လူများနဲ့အတူ နောက်ပြန်လှည့်ထွက်သွားခဲ့သည်။

ချင်းတန်သည် တစ်ကိုယ်လုံး မဲနက်နေသော သူအဖေကို မြင်တဲ့အခါ ငိုယိုစွာဖြင့် ပြေးဖက်လိုက်၏။ ချင်းတန်ရောက်ရှိလာသည်ကို သိသောအခါ ချင်းရန်လီသည် ချင်းတန်ခေါင်းကို ပွတ်ကာ "ချင်းတန်.....နင်ဘယ်တွေ လျှောက်သွားနေတာလဲ " လို့ မေးလိုက်သည်။

ကျစ်ယန်သည် ချင်းတန်နောက်ကို လိုက်ရင်း အခန်းအတွင်းတွင် လူတစ်ချို့ရှိနေတာကို သိရှိလိုက်သည်။ ချင်းတန်သည် ငိုယိုရင်း "အဖေ.....အားတင်းထားနော် ၊ သမီးအဖေအတွက် သမားတော်ကောင်းကောင်း ရအောင် ရှာပေးပါ့မယ်" လို့ ပြောလိုက်၏။

ချင်းရန်လီသည် ချောင်းဆိုးလိုက်ပြီး "ချင်းတန်.....အဖေအခြေအနေကို အ​ဖေသိပါတယ် " လို့ ပြောကာ ချင်းတန်ရဲ့ လက်ထဲသို့ တံဆိပ်ပြားတစ်ခုအား ထည့်ပေးလိုက်သည်။ အားလုံးသည်တခြားတစ်ဖက်တွင် ရှိနေ၍ ကွယ်နေသော်လည်း ကျစ်ယန်ကတော့ ရှင်းလင်းစွာ မြင်နေရ၏။

ချင်းတန်သည်လည်း အမိန့်တံဆိပ်ပြားကို လျင်မြန်စွာ ဖွက်သိမ်းလိုက်သည်။ ချင်းရန်လီသည် တံခါးအဝတွင် ရှိနေသော ကျစ်ယန်ကို တွေ့တဲ့အခါ "ချင်းတန်......သူက ဘယ်သူလဲ " လို့ မေးလိုက်၏။ ချင်းရန်လီပြောမှသာ ဘေးမှရှိနေသော လူတစ်ချို့သည် ကျစ်ယန်ကို သတိထားမိသွားကြသည်။

ချင်းတန်သည် သူ့အဖေလက်ကို ကိုင်ရင်း "အဖေ.....သူက ခရီးသွားနေတဲ့သခင်လေးတစ်ယောက်ပါ ၊ လမ်းမှာတွေ့တာနဲ့ လေခွင်းဂိုဏ်းမှာ ခေတ္တတည်းဖို့ ချင်းတန်ခေါ်လာခဲ့တာ" လို့ ပြောလိုက်၏။

ထိုအခါ ဘေးတွင် ရှိနေသော ယွမ်ပိုင်ဆိုသောလူသည် "ချင်းတန်.....နင်က ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်ကို ဂိုဏ်းထဲကို ခေါ်လာတဲ့အပြင့် ဂိုဏ်းချုပ်ရဲ့အခန်းထဲကို ဘယ်လိုလုပ်ခေါ်လာရဲတဲ့ သတ္တိရှိနေတာလဲ " လို့ ပြောလိုက်သည်။

All Chapters