အခန်း (၂၄)
Vol. 2 Ch. 24
မှော်အဂ္ဂိရတ်ဆေးဆရာအသင်း၏ ဖမ်းဆီးခံရခြင်း
ပီယုံသည် ဂိုဏ်းတွင် ဖြစ်ပျက်သွားသော အကြောင်းအရာများကို အိုးဂျန်းကို ပြောပြလိုက်သည်။ အိုးဂျန်းသည် ဝမ်းသာစွာဖြင့် "ဂိုဏ်းချုပ်ပြန်လည်သက်သာသွားပြီလား..... သိပ်ကောင်းတာပဲ " လို့ ပြောလိုက်၏။
အိုးဂျန်းသည် ကျစ်ယန်နားကို ရောက်ရှိလာခဲ့ပြီး ဒူးထောက်လိုက်ကာ"ဂိုဏ်းချုပ်ရဲ့အဆိပ်ကို ကုသပေးနိုင်ခဲ့တဲ့အတွက် ငါမင်းကို အများကြီးကျေးဇူးတင်ပါတယ် " လို့ ဆိုကာ ဂါဝါရပြုလိုက်လေသည်။
ကျစ်ယန်သည် အိုးဂျန်းကို ချက်ချင်းပင် ဆွဲထူလိုက်ပြီး "အကြီးအကဲ...... ကျွန်တော်ကို အရိုအသေပြုဖို့မလိုပါဘူး ၊ ကျွန်တာ်လုပ်သင့်ထိုက်တာကို ကျွန်တော်လုပ်တာပါ" လို့ ပြုံးစွာ ပြန်ဖြေလိုက်၏။ အိုးဂျန်းသည် ကျစ်ယန်အား အခန်းအတွင်းသို့ ခေါ်ဆောင်ကာ "သခင်လေး......မင်းဘာဆေးအမယ်လိုချင်တာလဲ ငါကိုပြောပါ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ဒန်ကိုးပါးဆေးလုံးကို ဖော်စပ်ကို ကြံစည်နေခြင်းပင် ဖြစ်၏။ ဒန်ကိုးပါးဆေးလုံးသည် စွမ်းအားသိပ်သည်းမှုများပြီး
စွမ်းအင်ကို ချွေတာပေးနိုင်သော ဆေးလုံးမျိူးပင် ဖြစ်၏။ ကျစ်ယန်သည် အမှောင်ညမျက်စိဆေးပင်အတွက်လဲ အကျိုးရလာဒ်များသော ဆေးအမယ်များကို ချရေး၍ အိုးဂျန်းအား ပေးလိုက်သည်။
အပြင်ဘက်မှ ဆူညံသံများအား ကျစ်ယန်တို့သည် ကြားလိုက်ရ၏။ ကျစ်ယန်တို့သည် ထွက်ကြည့်လိုက်တဲ့အခါ လူအုပ်စုတစ်ဖွဲ့သည် ဆေးခန်းမရှေ့တွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
ကျစ်ယန်သည် ထိုအဖွဲ့ထဲတွင် ချန်ဟိုနှင့် သူ့အပေါင်းအပါအဖွဲ့အား တွေ့လိုက်ရ၏။ ချန်ဟိုသည် ကျစ်ယန်ကို မြင်တဲ့အခါ လက်ညိုးထိုး၍ "အဖိုး....ချန်ဟိုကို အရှက်ရအောင် လုပ်တာ အဲ့ကောင်ပဲ " လို့ ပြောလိုက်သည်။
ချန်ဟိုရဲ့ အဖိုးဖြစ်သူ ချန်တောက်သည် "ကောင်စုတ်လေး......မင်းက မီးနဂါးမြို့တော်ထဲ လာပြီး ငါ့မြေးကို အရှက်ရအောင်လုပ်တဲ့အတွက် မင်းရဲ့လက်နှစ်ဖက်ကို ဖြတ်ပစ်မှ ငါကျေအေးပေးနိုင်မယ်" လို့ အေးအေးဆေးဆေးပင် ပြောလိုက်၏။
ထိုအခါ အိုးဂျန်းသည် "ချန်တောက်.......မင်းခုချိန်လှည့်ပြန်မယ်ဆို အချိန်မှီသေးတယ် ၊ ဒီနေရာက မင်းတို့ ဓားသူတော်စင်ဂိုဏ်းမဟုတ်ဘူး " လို့ အသာအယာပင် ပြန်ပြောလိုက်သည်။
ချန်တောက်သည် ဒေါသထွက်စွာဖြင့် " အိုးဂျန်း .....မင်းတို့လေခွင်းဂိုဏ်းက ဘာမဟုတ်တဲ့ ဒီကောင်လေးကြောင့် ငါတို့ဓားသူတော်စင်ဂိုဏ်းနဲ့ ပြသာနာဖြစ်ချင်နေတာလား " လို့ ပြောလိုက်၏။
ထိုချိန်မှာပဲ ဓားတစ်ချောင်းသည် သူမျက်နှာအနားသို့ ဝဲကာ ရောက်ရှိလာခြင်းကြောင့် ချန်တောက်သည် နောက်ဆုတ်လိုက်ရသည်။ ထိုဓားရဲ့ ပိုင်ရှင်ကတော့ ချင်းတန်ပင် ဖြစ်ပြီး ချင်းတန်သည် သူ့ဓားအား ပြန်ထိန်းချုပ်ကာ သိမ်းလိုက်ပြီး "သခင်လေးကျစ်ယန်ကို ထိရဲတဲ့လူက ကျွန်မတို့လေခွင်းဂိုဏ်းရဲ့ ရန်သူပဲ " လို့ ပြောကာ ကျစ်ယန်တို့ အနားကို ရောက်ရှိလာခဲ့၏။
ချင်းတန်သည် ရေမိုးချိုးကာ အဝတ်အစားများပင် လဲထားသဖြင့် ချောမောလှပနေခဲ့သည်။ ချန်တောက်သည် ချင်းတန်ကို မြင်တဲ့အခါ နောက်ဆုတ်လိုက်ပြီး "လတ်စသတ်တော့ လေခွင်းဂိုဏ်းရဲ့ သခင်မလေးချင်းတန်ပဲ "လို့ ပြောလိုက်၏။
ချင်းတန်သည် အေးစက်စွာနဲ့ပဲ "ဒီမှာအကြီးအကဲချန်တောက်....ရှင်ဒီနေရာက အေးဆေးထွက်သွားလိုက်ပါ မဟုတ်ရင်တော့ ကျွန်မဓားမှာ မျက်စိမရှိဘူး " လို့ ပြတ်သားစွာ ပြောလိုက်သည်။
ရုတ်တရက် လေချွန်သံနဲ့အတူ အဖွဲ့တစ်ဖွဲ့သည် ဆေးခန်းမရှေ့ကို ထပ်မံရောက်ရှိလာခဲ့၏။ ထိုလူတွေကတော့ ဓားသူတော်စင်ဂိုဏ်းရဲ့သခင်လေး ချင်မင်နဲ့အတူ ဂိုဏ်းအကြီးအကဲအချို့ပင် ဖြစ်သည်။
ချင်မင်သည် သူ့ရဲ့ဓားအား ထုတ်လိုက်ပြီး "သခင်မလေးချင်းတန်က တအား ဒေါသကြီးတာပဲနော် ၊ ဒါပေမယ့် ကျွန်တော်ချင်မင်ကလဲ အဲ့လို ဒေါသကြီးတာလေးကိုပဲ ချစ်မိနေတာ " လို့ ဆိုလိုက်၏။
ထိုအခါ ချင်းတန်သည် သူ့ဓားအား ထုတ်ကာ ချင်မင်အား ပြေးဝင်တိုက်လိုက်လေသည်။ အိုးဂျန်းသည် ဂိုဏ်းကို သတင်းပို့ဖို့ လုပ်ချိန်တွင် ဓားသူတော်စင်ဂိုဏ်းရဲ့ အကြီးအကဲတွေသည် အိုးဂျန်းနောက်ကို ခုန်ချကာ လမ်းကို ပိတ်လိုက်၏။
ချန်ဟိုသည် ကျစ်ယန်အားကြည့်ကာ "ဟားဟား......ဘယ်လိုလဲခွေးကောင်စုတ် မင်းကို ကာကွယ်မယ့်သူ ရှိသေးလား " လို့ လှောင်ပြောင်ကာ မေးလိုက်သည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "မင်းအသက်ကိုရော အာမခံပေးမယ့်သူရော ရှိလို့လား " လို့ ပြောလိုက်၏။
ချန်တောက်သည် သူမြေးကို ကြိမ်းဝါးသော ကျစ်ယန်အား သတ်ဖြတ်ရန် ဘေးရှိလူများကို အမိန့်ပေးလိုက်သည်။ ကျစ်ယန်နားသို့ လူ၆ယောက်လောက်ရှိ လျင်မြန်သော နှုန်းဖြင့် ရောက်ရှိလာခဲ့၏။
ထိုလူတွေသည် ကျစ်ယန်အား ဓားဖြင့် ခုတ်ရန် တစ်ပေအကွာခန့်သာ လိုတော့သည့်အချိန်မှာတော့ ထိုလူတွေအပါအဝင် ချန်တောက်တို့ တစ်ဖွဲ့လုံးသည် ရုတ်တရက် ကြောက်စရာကောင်းသောအရှိန်အဝါ ဖိအားအောက်ကို ရောက်ရှိသွားပြီး လေးဘက်ကုန်းသော အခြေအနေများကို ရောက်ရှိသွားကြသည်။
ကျစ်ယန်သည် အခြေအနေကို ကြိုသိနေတဲ့အတွက် ဆင်ခြောက်ကောင်ဒေါသမီးအစီအရင်ကို ဖွဲ့စည်းနေခဲ့ခြင်း ဖြစ်၏။ ကျစ်ယန်သည် ရွှေရောင်လျှပ်စီဓားအား ပုံဖော်ကာ ဆုပ်ကိုင်လိုက်ပြီး သူ့အစီအရင်ပိတ်မိသွားသော လူများအား တစ်ချက်ထဲနဲ့ပင်အားလုံးကို သတ်ပစ်လိုက်လေသည်။
အားလုံးသည် စက္ကန့်ပိုင်းအတွင်းသာ ဖြစ်ပျက်သွားခြင်းပင်ဖြစ်၏။အစီအရင်အပြင်ဘက်မှာ ရှိနေသော လူများသည် သေဆုံးသွားသော လူများကို ကြည့်၍ အိပ်မက်မက်နေသလားလို့ ထင်သွားကြသည်။ ထိုနေရာတွင် ဓားသူတော်စင်ဂိုဏ်းမှ အကြီးအကဲ၂ယောက်နဲ့ ချင်မင်သာ ကျန်ရှိတော့လေသည်။
ထိုအခါ ၃ယောက်လုံးသည် ကြောက်ကြောက်လန့်လန့်ဖြင့် ကျစ်ယန်ကို မကောင်းဆိုးဝါးသဖွယ် ကြည့်ကာ ထွက်ပြေးသွားကြ၏။
ကျစ်ယန်သည် မှော်အဂ္ဂိရတ်ဆေးဆရာတစ်ယောက်ဖြစ်သည့်အပြင် အစီအရင်ဆရာတစ်ယောက်ဖြစ်နေတဲ့အတွက် ချင်းတန်တို့သည် အံ့အားသင့်သွားကြသည်။
အိုးဂျန်းသည် ကျစ်ယန်အနားကို ရောက်ရှိလာပြီး "သခင်လေး.....မင်းတခြားလူတွေကို သတ်ပစ်တာ ကိစ္စမရှိပင်မယ့် ၊ ချန်တောက်ကို သတ်လိုက်တဲ့အတွက် မှော်အဂ္ဂိရတ်ဆေးဆရာအသင်းရဲ့ ခေါ်ယူစစ်ဆေးခြင်းကို ခံရနိုင်တယ်" လို့ ပြောလိုက်၏။
ကျစ်ယန်သည် အလောင်းများအားလုံးကို ရှင်းထုတ်လိုက်ပြီး သိုလှောင်ကွင်းများကို သိမ်းလိုက်သည်။ ချင်းတန်သည် ကျစ်ယန်နားကို လမ်းလျှောက်လာခဲ့ပြီး "သခင်လေး......ရှင်ဒီနေရာကနေ အမြန်ဆုံးထွက်ခွာသွားသင့်တယ် ၊ မဟုတ်ရင် ရှင်လွတ်မြောက်မှာ မဟုတ်တော့ဘူး " လို့ ဝမ်းနည်းစွာ ပြောလိုက်၏။
ကျစ်ယန်သည် ပြုံးလိုက်ပြီး "ချင်းတန်......ခုကိစ္စက မင်းတို့လေခွင်းဂိုဏ်းနဲ့ မပက်သက်စေရပါဘူး " လို့ ဆိုကာ သူ့အား ပေးထားသော အမိန့်ပြားအား ပြန်လည်ပေးလိုက်သည်။ ထိုချိန်မှာပဲ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူ၁၀ယောက်အဖွဲ့သည် ကျစ်ယန်တို့ရှိ ရောက်ရှိလာခဲ့၏။
ထိုလူများထဲမှ ခေါင်းဆောင်အော်လျန်သည် " မင်းက အစီအရင်ဆရာတစ်ယောက်ဖြစ်ပေမယ့် မှော်အဂ္ဂိရတ်ဆေးပညာရှင်ကို သတ်ပစ်လိုက်တဲ့အတွက် ငါတို့နဲ့လိုက်ခဲ့ပြီး အပြစ်ဒဏ်ကို ခံယူသသင့်တယ်"လို့ ပြောလိုက်၏။
အော်လျန်သည် ကျစ်ယန်အား ဝိညဥ်ကြော့ကွင်းဖြင့် လက်နှစ်ဖက်အား ချုပ်ကာ ဓားပျံနဲ့အတူ မှော်အဂ္ဂိရတ်ဆေးဆရာအသင်းရဲ့ ရုံးချုပ်ကို ပျံသန်းလာခဲ့ကြသည်။ မှော်အဂ္ဂိရတ်ဆေးဆရာအသင်းချုပ်သို့ ရောက်တဲ့အခါ လူတစ်ယောက်သည် ကျစ်ယန်ကို မြင်တဲ့အခါ "မင်းတို့ဘာလို့သူ့ကို ဖမ်းလာခဲ့ကြတာလဲ " လို့ အော်လျန်ကို မေးလိုက်၏။
အော်လျန်သည်လက်နှစ်ဖက်ဆုပ်ကာ "အကြီးအကဲတုံဟောက်.......သူက ဓားသူတော်စင်ဂိုဏ်းရဲ့ မှော်အဂ္ဂိတ်ဆေးဆရာတစ်ယောက်ကို သတ်ဖြတ်ထားကြောင်း ပြစ်မှုထင်ရှားလို့ ကျွန်တော်တို့ ဖမ်းခေါ်လာရတာပါ" လို့ ပြောလိုက်သည်။