အခန်း (၂၅)
Vol. 2 Ch. 25
ဆေးဖော်စပ်ခိုင်းခြင်း
လန်တုံဟောက်သည် မယုံနိုင်စွာဖြင့် ကျစ်ယန်အားကြည့်လိုက်ပြီး "မင်းတကယ်ပဲ လူသတ်ခဲ့တာလား" လို့ မေးလိုက်၏။ ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လန်တုံဟောက်သည် အနည်းငယ်တုန်လှုပ်သွားပြီး "မှော်အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက်ကို သတ်ဖြတ်တာ ကြီးလေးတဲ့အပြစ်ပဲ ၊ ငါမင်းကို ကူညီလို့မရတဲ့အတွက် စိတ်မကောင်းပါဘူး " လို့ ပြောကာ ကျစ်ယန်ဘေးမှ ထွက်ခွာသွားခဲ့သည်။
ကျစ်ယန်သည် လူများစွာဖမ်းဆီးထားခံရသော အချုပ်ခန်းတစ်ခုထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။ ထိုအချုပ်ခန်းထဲတွင် ဖမ်းဆီးထားခံရသော လူအများစုမှာ မှော်အဂ္ဂိရတ်ဆေးပညာရှင်များကို အနိုင်ကျင့်စော်ကားသူများနဲ့ သတ်ဖြတ်ထားသော လူများပင်ဖြစ်သည်။
ကျစ်ယန်ရောက်ရှိလာတဲ့အခါ အဖိုးအိုတစ်ယောက်သည် ကျစ်ယန်ဘေးသို့ ရောက်ရှိလာခဲ့ပြီး "မင်းလိုလူငယ်လေးတစ်ယောက်က သေဖို့မထိုက်တန်သေးဘူး ၊ မင်းဘယ်လိုကြောင့် ဒီကိုရောက်ရှိလာလဲ ငါ့ကို ပြောပြလို့ရမလား " လို့ ပြောလိုက်သည်။
အဖိုးအိုသည် အလွန်ပင် မောပန်းနေသော ပုံပေါက်နေသဖြင့် ကျစ်ယန်သည် အဖိုးအိုအား တွဲလိုက်ပြီး မြေပြင်ပေါ်သို့ နှစ်ယောက်သား ထိုင်ချလိုက်၏။ ထို့နောက် ကျစ်ယန်သည် အဖြစ်အပျက်အချို့အား ပြောပြလိုက်ပြီး မောပန်းခြင်းကို သက်သာစေနိုင်သော ဆေးပင် တစ်ခုကို ပေးကာ ဝါးစားခိုင်းလိုက်သည်။
အဖိုးအိုသည် ကြောင်အစွာဖြင့် ဆေးပင်ကိုကြည့်ကာ "လူငယ်လေးမင်းက ဆေးပင်တွေအကြောင်းနားလည်နေတာလား " လို့ မေးလိုက်၏။ ကျစ်ယန်ပေးလိုက်သော ဆေးပင်သည် ထိခိုက်ရှနာများဖြစ်မှာသာ ထည့်ရသော ဆေးပင်လို့သာ လူအများသည် သိရှိထားသည်။
သို့သော် ထိုဆေးပင်သည် ဝါး၍ စားမည်ဆိုရင် မောပန်းစေတာကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်သော ဆေးပင်ဖြစ်ကြောင်းကို ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်များသာ သိရှိကြ၏။
ကျစ်ယန်မှာ သာမန်လူမဖြစ်နိုင်ကြောင်း အဖိုးအိုသည် ချက်ချင်းသိရှိသွားသည်။ကျစ်ယန်သည် ဆေးပင်ကို အရင်ဝါးစားဖို့ အဖိုးအိုအား ပြောလိုက်သည်။ အဖိုးအိုသည် ကျစ်ယန်ကျေနပ်အောင် ဝါးစားပြပြီးနောက် ခုနမေးခွန်းအား ပြန်မေးလိုက်သည်။
ကျစ်ယန်သည် သူ့ပထမဆုံးဖော်စပ်ဖူးသည့် ကောင်းကင်အစွယ်ဆေးရည်ကို ထုတ်ပြ၍ သူသည်လည်း မှော်အဂ္ဂိရတ်ဆေးဆရာတစ်ယောက်ပင် ဖြစ်နေကြောင်း နဲ့ သူ့တွင် တံဆိပ်သာ မရှိသေးကြောင်း ပြောပြလိုက်၏။
အဖိုးအိုသည် ကြောင်အ၍ သွားပြီး လူငယ်အတိုင်းပင် မတ်တပ်ထရပ်လိုက်ပြီး "လူငယ်လေး.....ဒါနောက်စရာမဟုတ်ဘူးနော် ၊ မှော်အဂ္ဂိတ်ဆေးဆရာတစ်ယောက်ကို သတ်လို့ မင်းသေဒဏ်မကျနိုင်ပေမယ့် ၊ မှော်အဂ္ဂိရတ်ဆေးဆရာတစ်ယောက်လို ဟန်ဆောင်မယ်ဆိုရင်တော့ မင်းသေဒဏ်ကျနိုင်တယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် သူထင်တဲ့အတိုင်းပင် ဖြစ်နေခဲ့၏။ ထိုအဖိုးအိုသည် သူ့အနားကို တမင် ချဥ်းကပ်လာပြီး သူ့အကြောင်းကို စုံစမ်းရန် မှော်အဂ္ဂိရတ်ဆေးဆရာအသင်းချုပ်မှ စေလွှတ်ထားသော လူမှန်း သိရှိသွားခဲ့သည်။
ထိုအဖိုးအိုသည် တစ်ကိုယ်လုံးကျန်းမာနေသော်လည်း အားနည်းသော အဖိုးအိုပုံစံဟန်ဆောင်နေကတည်းက ကျစ်ယန်သည် ရိပ်မိနေခဲ့ခြင်းဖြစ်၏။ ကျစ်ယန်သည် အေးဆေးစွာနဲ့ပဲ "ဖိုးဖိုး......ကျွန်တော်က မကြာခင်သေဒဏ်ပေးခံရမယ့်လူတစ်ယောက်ပဲလေ ၊ လိမ်နေတော့ရော ကျွန်တော်အတွက် ဘာအကျိုးရှိမှာလဲ " လို့ ပြန်ပြောလိုက်သည်။
ကျစ်ယန်စကားကြောင့် အဖိုးအိုသည် တွေဝေသွား၏။ အဖိုးအိုသည် ကျစ်ယန်အား သေချာကြည့်ကာ "မင်းငါ့ကို တကယ်ပြောနေတာလား......" လို့ မေးလိုက်သည်။ ကျစ်ယန်သည် သူအတည်ပြောနေသည်ဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်၏။
အဖိုးအိုသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သံတိုက်အား သုံးချက်ခေါက်လိုက်သည်။ ထိုအခါ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဖွဲ့သည် တံခါးလာဖွင့်ပေးကာ ကျစ်ယန်နဲ့ အဖိုးအိုအား ခေါ်ဆောင်သွားခဲ့၏။
ကျစ်ယန်သည် မျက်လုံး အားပုဝါစဖြင့် စည်းခံလိုက်ရပြီး ထိုလူတွေ ခေါ်သွားရာနောက်သို့ လိုက်သွားခဲ့လေသည်။ ထိုချိန်မှာ အော်လျန်သည် ကျစ်ယန်တို့ ရှေ့ မှောက်သို့ အလောတကြီး ရောက်ရှိလာပြီး "မင်းတို့ သူ့ကိုခေါ်လာပြီး ငါ့နောက်မြန်မြန်လိုက်ခဲ့ " လို့ ပြောကာ ရှေ့မှ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် ထိုလူတွေ ခေါ်ဆောင်ရာ နောက်ကို လိုက်ရင်း နေရာတစ်ခု ရောက်တဲ့အခါမှတော့ မျက်လုံးမှ ပုဝါအား ဆွဲချွတ်ခြင်းခံလိုက်ရသည်။ ကျစ်ယန်သည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ဖွဲ့နဲ့အတူ ရှိနေသော ချင်းရန်လီနဲ့ ချင်းတန် ကို တွေ့လိုက်ရ၏။
လူတစ်ယောက်သည် ဖြည်းညှင်းစွာဖြင့် ကျစ်ယန်တို့မှ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုလူကတော့ ကျစ်ယန်နဲ့ ခုနကပင် ဆုံတွေ့ခဲ့သောအဖိုးအိုပင် ဖြစ်၏။ ထိုအဖိုးအိုသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူကိုတွေ့တဲ့အခါ "မင်္ဂလာပါ အကြီးအကဲကူပင်း......ဒီကို လာတာ ဘာကိစ္စရှိလို့လဲ " ဟု မေးလိုက်သည်။
ကူးပင်းဆိုသောလူသည် "ငါမင်းနဲ့အပိုတွေပြောဖို့အချိန်မရှိဘူး ဟန်ထုန်......ငါတို့လူငါတို့ ပြန်လာခေါ်တာပဲ " လို့ ဆိုလိုက်၏။
ဟန်ထုန်ဆိုသည်မှာ ကျစ်ယန်သိသော အဖိုးအိုရဲ့ နာမည်ပင် ဖြစ်သည်။
ဟန်ထုန်သည် ရွှေရောင်အမိန့်အပြားအား တစ်ခုကို ထုတ်ကာပြ၍ "ကူးပင်း......ဒါဘာလဲဆိုတာမင်းသိပါတယ် ၊ ငါတို့သူ့ကို မစစ်ဆေးရသေးခင် မင်းလက်ထဲထည့်ပေးလို့ မရသေးဘူး "လို့ အေးဆေးပင် ပြန်ပြောလိုက်၏။
ကူးပင်းသည် ဟန်ထုတ်လက်ထဲမှ ရွှေရောင်အမိန့်ပြားကိုတွေ့တဲ့အခါ မျက်နှာပျက်သွားပြီး "ငါမင်းဆီမကြာခင် ပြန်လာခဲ့မယ် " လို့ ပြောကာ အဖွဲ့လိုက် ပြန်လည်ထွက်ခွာသွားခဲ့၏။ ကူးပင်းနဲ့ဟန်ထုန်သည် ဟုန်တိုင်းပြည်ကို မကြာသေးခင်ကမှ ရောက်ရှိလာခြင်းပင်ဖြစ်သည်။
ချင်းတန်သည် ကျစ်ယန်တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေခဲ့၏။
ကူးပင်းတို့ထွက်ခွာသွားတဲ့အခါ ဟန်ထုန်သည် "မင်းတို့လုပ်စရာရှိတာသွားလုပ်ကြ " လို့ တခြားသောလူများကို ပြောလိုက်သည်။ ထိုအခါ အဖြူရောင်ဝတ်စုံဖြင့် အဖွဲ့သည် ဟန်ထုန်ကို အရိုအသေပြုကာ ချက်ချင်းပင် ထွက်ခွာသွားခဲ့၏။
ဟန်ထုန်သည် လက်နောက်ပစ်၍ "မင်းငါ့နောက်လိုက်ခဲ့" လို့ ဆိုကာ ကျစ်ယန်အား နေရာတစ်ခု စီသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျစ်ယန်သည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို တွေ့လိုက်ရ၏။
ဟန်ထုန်သည် အလွန်ပင် ရှည်လျားသော ကျောက်တိုင်အား သူ့လက်ဖဝါးမှ စွမ်းအားတစ်မျိုးဖြင့် ပစ်သွင်းလိုက်တဲ့အခါ ကျောက်တိုင်ကြီးမှာ လျှပ်စီးများ ဖြာထွက်လာလေသည်။ဟန်ထုန်သည် "မင်းရဲ့လက်ကို အဲ့ကျောက်တိုင်ပေါ်သို့ တင်လိုက် " လို့ စေခိုင်းလိုက်၏။
ကျစ်ယန်ရဲ့ လက်သည် ကျောက်တိုင်ပေါ်သို့ ရောက်တဲ့အခါ ရွှေဝါရောင်အလင်းတန်းကြီးသည် ချက်ချင်းပင် ကျောက်တိုင်ရဲ့ အောက်ခြေဖျားမှ အဖျားထိ ထွက်ပေါ်လာလေသည်။ ဟန်ထုန်သည် ကျောက်တိုင်ကြီးအား ကြည့်၍ "မဖြစ်နိုင်တာ.....ဒီကောင်လေးရဲ့ အသက်အရွယ်နဲ့ စိတ်ဝိညဥ်စွမ်းအားက ငါ့ထက်ပိုအားကောင်းနေတာလား " လို့ တစ်ယောက်ထဲ တီးတိုး ရေရွတ်လိုက်၏။
ဟန်ထုန်သည် ဆေးကျမ်းစာလိပ်တစ်ခုနဲ့ ဆေးအမယ်သုံးစုံစာရှိသော ဆေးအမယ်များကို ပေးကာ "ကောင်လေး.....ဒီဆေးလုံးကို မင်းဖော်စပ်နိုင်ရင် ငါမင်းကိုဆရာတင်မယ်" လို့ ဆိုလိုက်သည်။ ကျစ်ယန်သည် ဆေးကျမ်းအား တစ်ချက်လေးပင် ကြည့်လိုက်ပြီး
ဘေးတွင် ပြန်ချထားလိုက်၏။
ကျစ်ယန်သည် သူ့ဆေးမီးဖိုအိုးအား ထုတ်ကာ တုနိုင်းမဲ့ဘုံကိုးဆင့်မီးတောက်ကို အလွယ်တကူပင် အသက်သွင်းလိုက်သည်။ ဟန်ထုန်သည် အားကောင်းပြီး တည်ငြိမ်သော မီးတောက်ကို ကြည့်၍ တံတွေးများပင်မျိုချလိုက်၏။