← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

မိန်ရတနာခန်းမ

ထိုသို့ဖြစ်နေသည်မှာ ဟန်ထုန်တစ်ယောက်ထဲပင် မဟုတ်ပေ။ ကျစ်ယန်သည် ဆေးမီးဖိုအိုးအား အပူပေးပြီသည်နဲ့ ဆေးအမယ်များကို စ၍ သန့်စင်လေသည်။ ကျစ်ယန်သည် ဆေးကျမ်းစာလိပ်ကို တစ်စင်ကလေးမှပင် ပြန်မကြည့်သဖြင့် ဟန်ထုန်အား ကြောင်အစေခဲ့၏။

ကျစ်ယန်အား သူဖော်စပ်လိုက်သော ဆေးလုံးသည် သူ့ဆုရရှိထားသော ဆေးကျမ်းဖော်စပ်နည်းတစ်ခုပင် ဖြစ်သည်။ ထိုဆေးလုံးရဲ့ နာမည်ကတော့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးပင် ဖြစ်ပြီး ဖော်စပ်သူပေါ်မှုတည်၍ အာနိသင်ကလဲ ကွဲပြား၏။

ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ကြေးအဆင့်အဂ္ဂိရတ်ပညာရှင်ကပင် စတင်ဖော်စပ်နိုင်ပေသည်။ အချိန်အနည်းငယ်အတွင်းမှပဲ အဖြူလုံးပေါ်တွင်အမဲတစ်စက်သာ ပါသော ဆေးလုံးသုံးလုံးသည် ဆေးမီးဖိုးအိုးအတွင်းမှ ထွက်ခွာလာခဲ့၏။

ဟန်ထုန်သည် ကျစ်ယန်အနားသို့ လျင်မြန်စွာ သွားလိုက်ပြီး ဆေးလုံးအား သေချာကိုင်ကြည့်ကာ "ငါ့အိပ်မက်မက်နေတာမျလား......ဒါဒါ ရတနာအဆင့် ဆေးလုံးတစ်လုံးပဲ " လို့ ​နှုတ်မှ အော်ပြောမိသွားလေသည်။

ထိုအခါ ပုန်းကွယ်နေသော လူတစ်ချို့သည်လည်း ထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်ဖော်စပ်ထားသော ဆေးလုံးအား အတင်းလုကာ ကြည့်ရှုကြ၏။ ဟန်ထုန်သည် အားလုံးအား နောက်ဆုတ်ခိုင်းလိုက်ပြီး ဆေးလုံးသုံးလုံးအား ငွေသေတ္တာဘူးထဲသို့ ထည့်လိုက်သည်။

ကျစ်ယန်သည် သူ့ထက်အဆင့်မြင့်သော အဂ္ဂိရတ်ပညာရှင်မှန်းသိသွားတဲ့အခါ ဟန်ထုန်သည် ဒူးတစ်ဖက်ထောက်ကာ ရိုရိုသေသေဖြင့် ဆေးသေတ္တာဘူးအား ပြန်ပေးကာ "အကြီးအကဲပေါ်မှာ အမှားလုပ်မိတဲ့အတွက် ကျွန်တော်မျိုးတို့ သေသင့်ပါတယ် " လို့ ပြောလိုက်၏။

ကျန်ရှိသော လူတွေသည်လည်း ကျစ်ယန်အား ဒူးထောက်လိုက်ကြသည်။ ကျစ်ယန်သည် ဟန်ထုန်အား ပြန်ထူ၍ "အကြီးအကဲဟန်က အားနာနေတာပဲ " လို့ ပြုံးကာ ပြောလိုက်၏။ ဟန်ထုန်သည် "မဟုတ်ဘူးမဟုတ်ဘူး.....အကြီးအကဲအဆင့်ကို ကျွန်တော် ဒီတစ်သက်လိုက်မှီနိုင်မှာ မဟုတ်ဘူး " လို့ ပြောလိုက်သည်။

ဟန်ထုန်သည် မှော်အဂ္ဂိရတ်ပညာရှင်ဝတ်စုံဖြစ်သော ရွှေဝါရောင်ဝတ်စုံနဲ့ အမိန့်ပြားတစ်ခုအား ပေးလိုက်ပြီး အကာအကွယ်အစီအရင်စာရွက်တစ်ခုအား အသက်သွင်းကာ အကြောင်းအရာ တချို့အားပြောပြလိုက်၏။

ထိုအကြောင်းအရာကတော့ လော့ကျန်းတိုင်းပြည်မှာ ဖြစ်ပေါ်နေသော ပြသနာများပင် ဖြစ်သည်။ ဟန်ထုန်သည် ဟုန်တိုင်းပြည်သို့ ရောက်ရှိလာရခြင်းမှာ အဆင်မြင့်အဂ္ဂိရတ်ပညာရှင်များကို လာရောက်ဖိတ်ခေါ်ခြင်းပင် ဖြစ်၏။

ကျစ်ယန်သည် ဟန်ထုန်ပြောသမျှကို နားထောင်ပြီးနောက် လော့ကျန်းတိုင်းပြည်ကို လိုက်ဖို့ သဘောတူလိုက်သည်။လောလောဆယ်မှာတော့ လူအင်အား မလုံလောက်သေးသည့်အတွက် အချိန်တစ်ခုရောက်မှ ထွက်ခွာမည်ဖြစ်​၏။

ကျစ်ယန်သည် ရွှေဝါရောင်ဝတ်စုံနဲ့ အမိန့်ပြားအား သေချာသိမ်းကာ မှော်အဂ္ဂိရတ်ဆရာအသင်းချုပ်မှ ထွက်လာခဲ့သည်။ ထိုချိန်မှာပဲ အပြင်ဘက်တွင် မှော်အဂ္ဂိရတ်ဆရာအသင်းချုပ်ကို လာနေသော ကူးပင်းတို့အဖွဲ့ကို ကျစ်ယန်သည် ပြန်လည်တွေ့ရှိလိုက်ရ၏။

ချင်းတန်သည် ကျစ်ယန်ကို တွေ့တဲ့အခါ ပြေးဖက်လိုက်ပြီး "သခင်လေး...... ရှင်ဘာမှမဖြစ်ဘူးနော် " လို့ မျက်ရည်စလေးများဖြင့် ​မေးလိုက်သည်။ ကျစ်ယန်သည် ချင်းတန်ရဲ့ မျက်ရည်စလေးများကို သုတ်ပေးလိုက်တဲ့ ချင်းတန်သည် ရှက်ရှက်နဲ့ နောက်ပြန်ဆုတ်သွား၏။

မှော်အဂ္ဂိရတ်ဆေးဆရာအသင်းချုပ်သည် သူတို့လူတစ်ယောက်ခံရတာတောင် ကျစ်ယန်အား အလွယ်တကူ လွှတ်ပေးလိုက်မယ်လို့ မထင်ထားခဲ့ပေ။ ကူးပင်းသည် တည်ငြိမ်စွာနဲ့ပဲ "ငါတို့နေရာတစ်ခုကို အရင်ဆုံးသွားရအောင် " လို့ ပြောကာ မီးနဂါးမြို့တော်ထဲရှိ

အကြီးမားဆုံးစားသောက်ပွဲ တစ်ခုကို ရောက်ရှိလာခဲ့၏။

ကူးပင်းကို မြင်တဲ့အခါ လူတိုင်းသည် ကြောက်ရွံစွာဖြင့် ဝေးဝေးကပင် ရှောင်ထွက်သွားကြသည်။ ကူးပင်းနောက်မှ လူများသည် စားသောက်ဆိုင်ရဲ့ ရှေ့မှပဲ စောင့်မတ်နေကြ၏။ ကျစ်ယန်သည် ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ရင်း "ဒီကအကြီးအကဲက ကျွန်တော်နဲ့တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ " လို့ မေးလိုက်သည်။

ကျစ်ယန်သည် ငယ်ရွယ်စွာဖြင့် အစီအရင်ဆရာတစ်ယောက်ဖြစ်နေသဖြင့် သူ့အား မလေးစားသည်ကို ကူးပင်းသည် ထည့်မတွက်တော့ပေ။ ကူးပင်းသည် စာလိပ်တစ်ခုအား ပေးလိုက်ပြီး "မင်းနာမည်က ကျစ်ယန်နော် ၊ ဝမ်ရှောက်ဂိုဏ်းမှာ ဂိုဏ်းသားတွေ စုဆောင်းနေတဲ့အတွက် မင်းစိတ်ဝင်စားမလား ငါသိချင်လို့ပဲ " လို့ ပြောလိုက်၏။

ကျစ်ယန်သည် စာလိပ်အား ဖွင့်ကြည့်လိုက်သည်။ ထိုစာလိပ်သည် ဝမ်ရှောက်ဂိုဏ်းထဲသို့ ဝင်ဖို့ ဖိတ်ကြားခံထားရသော ဖိတ်စာပင် ဖြစ်၏။ ချင်းရန်လီသည် ကူးပင်အား ကြည့်ကာ "အကြီးအကဲကူးမှာလဲ ဝမ်ရှောက်ဂိုဏ်းက ဖိတ်ကြားခြင်းခံထားရတဲ့ အမိန့်စာ ရှိနေတာလား " လို့ မေးလိုက်သည်။

ကူးပင်းသည် အရက်အိုး ဌဲ့နေရင်း "မင်းမှာ ရှိနေတဲ့ အမိန့်တံဆိပ်ပြားက မင်းအရည်အချင်းကြောင့်နဲ့ ဝမ်ရှောက်ဂိုဏ်းက မင်းကို ပို့ပေးတယ်ထင်နေတာလား " လို့ ပြောလိုက်၏။ ချင်းရန်လီသည် "ဒါဆို.....ကျွန်တော်ရှိရောက်လာတဲ့အမိန့်တံဆိပ်ပြားက အကြီးအကဲကူးကြောင့်လား " လို့ မဝံ့တရဲဖြင့် ပြောလိုက်သည်။

၁ကူးပင်းသည် ချင်းရန်လီအား ပြောမနေတော့ဘဲ "ကျစ်ယန်......မင်းရဲ့သတင်းတွေ ငါကြားပြီပြီ ၊ မင်းရဲ့ အရည်အချင်းနဲ့ဆို

ဝမ်ရှောက်ဂိုဏ်းထဲ ဝင်နိုင်မယ်လို့ ငါယုံကြည်တယ် " လို့ ပြောကာ ထိုနေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။

ဝမ်ရှောက်ဂိုဏ်းသည် သေးငယ်သော ဂိုဏ်းတစ်ခု မဟုတ်ပေ။ ဟုန်တိုင်းပြည်အတွင်းတွင် တည်ရှိသော အကြီးမားဆုံးဂိုဏ်း၄ဂိုဏ်းထဲတွင် ပါဝင်သည့် ဂိုဏ်းတစ်ခုပင် ဖြစ်၏။ ကျစ်ယန်သည် လက်ရှိဝိညဥ်ပလ္လင်အဆင့်၄လောက်နဲ့ ဝမ်ရှောက်ဂိုဏ်းထဲကို ဝင်ရောက်နိုင်ဖို့ ယုံကြည်ချက် မရှိသေးပေ။

ကျစ်ယန် တွေဝေနေချိန်တွင် ချင်းတန်သည် ပြုံးလိုက်ပြီး "သခင်လေး....ချင်းတန်တို့ ဝမ်ရှောက်ဂိုဏ်းကို တူတူသွားရအောင်နော်"လို့ ပြောလိုက်၏။ ကျစ်ယန်သည် ချင်းတန်ကို ခေါင်းငြိမ့်ပြလိုက်ပြီး " အကြီးအကဲချင်း......ဒီအနီးအနားမှာ ဓားကောင်းကောင်း ရောင်းတဲ့ဆိုင်မျိုးရှိလား " လို့ မေးလိုက်သည်။

ချင်းရန်လီသည် အသား စားသောက်နေရင်း အမြန်မျိုချလိုက်ပြီး "ရှိတာပေါ့......သခင်လေးကျစ်ယန်လိုတယ်ဆိုရင် ကျွန်တော်မျိူးကိုယ်တိုင်လိုက်ပို့ပေးပါမယ်" လို့ ဆိုလိုက်၏။

ကျစ်ယန်သည် ခေါင်းခါလိုက်ကာ "အကြီးအကဲချင်းက ခုမှ နေကောင်းခါစဆိုတော့ ဂိုဏ်းမှာပဲ အေးဆေးနားနေသင့်ပါတယ် ၊ ကျွန်တော်နဲ့ ချင်းတန်.......နှစ်ယောက်ပဲ သွားလိုက်ပါ့မယ်" လို့​ပြောလိုက်လေသည်။

ချင်းရန်လီသည် ရွှေဒင်္ဂါးထုတ်အား ချင်းတန်ကို ပေးလိုက်ပြီး "ချင်းတန်.......ဘယ်လောက်စျေးကြီးကြီး သခင်လေးကျစ်ယန်သာ သဘောကျရင် ဝယ်လာခဲ့လိုက် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဝိုင်တစ်ခွက် အဝမော့သောက်ပြီး "အကြီးအကဲချင်း.......အချိန်လဲ မကြာခင်ညဥ့်နက်တော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကို ခွင့်ပြုပါအုံး "လို့ ပြောကာ နှုတ်ဆက်လိုက်သည်။

ချင်းရန်လီလဲ ထိုင်နေရာမှ ထလိုက်ပြီး "ချင်းတန်......တစ်ခုခုဆိုရင် အစီအရင်စာရွက်ကို အသက်သွင်းဖို့ မမေ့ပါနဲ့" လို့ ပြောကာ ကျစ်ယန်တို့အား ပြန် နှုတ်ဆက်လိုက်၏။ ကျစ်ယန်နဲ့ ချင်းတန်သည် စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီး မိန်ရတနာခန်းမဆီသို့ ဦးတည်လာခဲ့သည်။

ကျစ်ယန်တို့သည် မိန်ရတနာခန်းမသို့ ရောက်ရှိလာတဲ့အခါ မိန်းကလေးအမျိုးသမီး ၂ယောက်ထွက်ရှိလာခဲ့ပြီး "ရှင်းရူတို့ မိန်ရတနာခန်းမကနေ သခင်လေးနဲ့ သခင်မလေးတို့ နှစ်ယောက်ကို ကြိုဆိုပါတယ်" လို့ နှုတ်ခွန်းဆက်သလိုက်ကြ၏။

ကျစ်ယန်သည် အထဲရောက်သည့်အခါ များစွာသော လက်နက်အစုံအလင်အား တွေ့ရှိလိုက်ရသည်။ ကျစ်ယန်သည် မှော်အဂ္ဂိရတ်ဆေးပညာရှင် တစ်ယောက်ဖြစ်တဲ့အပြင် မှော်အဂ္ဂိရတ်လက်နက်သန့်စင်ခြင်း ဆရာတစ်ယောက်ပင် ဖြစ်တဲ့အတွက် လက်နက်များ၏ အရည်အသွေးများကို လိုက်လံ ခွဲခြားနေခဲ့၏။

ပထမအထပ်တွင် လက်နက်ပေါင်းများစွာရှိသော်လည်း ကျစ်ယန်သည် သဘောမကျပေ။ ရှင်းရူသည် ကျစ်ယန်တို့ နောက်မှလိုက်၍ "သခင်လေးက ဘယ်လိုလက်နက်မျိုးလိုချင်တာလဲ ၊ ရှင်းရူတို့ ရတနာခန်းမမှာ သခင်လေးသဘောကျစေနိုင်တဲ့ လက်နက်အစုံအလင်ရှိပါတယ်" လို့​ ခေါင်းလေးပင် ငုံကာ ပြောလိုက်သည်။

All Chapters