← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

သွမ်ကျောက်သတ္တုနက်ကို လေလံအပြိုင်ဆွဲခြင်း

ကျစ်ယန်ရောက်ရှိလာတဲ့အခါ ပန်းရနံများမွှေးကြိုင်စွာရှိနေသော အနီရောင်ဝတ်စုံဖြင့် မိန်းမပျိုသည် "လူကြီးမင်းရဲ့ ကဒ်လေး.......သိုင်ယုကို တစ်ချက်လောက်ပြပါ " လို့ ကျစ်ယန်အား သိမ်မွေ့စွာဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် ရွန်ပါ့ပေးလိုက်သော ကဒ်အား ထုတ်ပေးလိုက်သည်။ ထိုမိန်းမပျိုသည် ကျစ်ယန်ရဲ့ ကဒ်ကို ကြည့်လိုက်ပြီး ကျစ်ယန်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကြည့်ရှုလိုက်၏။ ကျစ်ယန်ရဲ့ ပုံပန်းသဏ္ဍာန်သည် လူငယ်သာ ဖြစ်နေသော်လည်း ရတနာဘုံလေလံစံအိမ်ရဲ့ အရေးကြီးပုဂ္ဂိုလ်ကဒ် ကို ရရှိထားခြင်းကြောင့် ဖြစ်သည်။

သိုင်ယုသည် "လူကြီးမင်းနေဖို့အတွက် သိုင်ယုလိုက်ပြပေးပါမယ်ရှင့် " လို့ ပြောကာ ထိုင်ခုံ တစ်ခုသို့ ကျစ်ယန်အား ခေါ်လာခဲ့၏။ ကျစ်ယန်ထိုင်ပြီးနောက် သိုင်ယုသည် နှုတ်ဆက်ပြီး သူ့အလုပ်တာဝန်အား ဆက်သွားလုပ်နေခဲ့သည်။

ကျစ်ယန်သည် အရေးကြီးပုဂ္ဂိုလ်များသာ ထိုင်ခွင့်ရှိသော နေရာတွင် ထိုင်နေသဖြင့် သာမာန်ထိုင်ခုံနေရာများရှိ လူများထဲမှ လူတစ်ယောက်သည် ကျစ်ယန်အား ကြည့်ကာ "ဘယ်ဂိုဏ်းတော်သခင်လေးမို့ ရတနာဘုံလေလံစံအိမ်က အဲ့လောက်ထိ အလေးထားတာလဲ မသိဘူး "လို့ ပြောလိုက်၏။

ထိုလူရဲ့ဘေးမှ လူသည် "သူဘယ်သူလဲဆိုတာအရေးမကြီးဘူး ၊ ငါတို့သူ့ကို သွားမကြည့်ဘဲ အေးဆေးပဲ နေသင့်တယ် " လို့ သူ့လူအား ​သတိပေးလိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှပဲ ကျစ်ယန်ဘေးရှိ ထိုင်ခုံများတွင် လူသုံးယောက်သည် ဆက်လက်ရောက်ရှိလာခဲ့၏။

ကျစ်ယန်သည် ရှေ့ကို ကြည့်နေစဥ်တွင် သိုင်ယုသည် ကျစ်ယန်နားသို့ ရောက်ရှိလာခဲ့ပြီး "လူကြီးမင်း......အကြီးအကဲရွန်ပါ့က လူကြီးမင်းရဲ့ဆေးလုံး ရွှေဒင်္ဂါး၁၂သိန်း၂သောင်းနဲ့ သတ်မှတ်ပေးထားပါတယ် " လို့ တီးတိုးစွာ ပြောရင်း နောက်ပြန်ဆုတ်သွားခဲ့၏။

ခဏအကြာမှာတော့ စူဖုန်းလို့ ခေါ်သည့် လူတစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး "ကျွန်တော်တို့ ရတနာဘုံလေလံစံအိမ်ကို ကြွရောက်လာကြတဲ့ လူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ပါတယ် " လို့ ပြောလိုက်သည်။

ထိုလူသည် လက်ခုပ်နှစ်ချက်ပထမဆုံးတီးလိုက်တဲ့အခါ ယောကျာ်းသားနှစ်ယောက်သည် အမဲရောင်ပိတ်စ အုပ်ထားသော အရာကြီးအား ထမ်းလာခဲ့ပြီး စင်ပေါ်သို့ ထိုအရာကြီးကို ချပေးလိုက်ပြီး ပြန်ထွက်သွားခဲ့၏။

စူဖုန်းသည် ထိုအမဲရောင် ပိတ်စအား ဖယ်ချလိုက်တဲ့အခါ လှောင်အိမ်အတွင်းတွင် ရှိနေသော လူတစ်ယောက်အား အားလုံးသည် တွေ့ရှိလိုက်ရသည်။ အားလုံးသည် လှောင်အိမ်အတွင်း၌ ရှိသော လူကို တွေ့တဲ့အခါ ကြောင်အသွား၏။

ကျစ်ယန်ဘေးရှိ လူတစ်ယောက်သည် သူ့လက်ထဲမှ ဓားတိုအား လှည့်ကစားရင်း "မင်းတို့ရတနာဘုံလေလံစံအိမ်က ကျွန်တစ်ကောင်ကို လေလံဆွဲရောင်းနေတာတော့ မဟုတ်ဘူးမလား " လို့ ပြောလိုက်သည်။

စူဖုန်းသည် ပြုံးပြုံးဖြင့် "လူကြီးမင်းပြောတာမမှားဘူး ၊ ကျွန်တော်တို့ ရတနာဘုံလေလံစံအိမ်က ဒီလူကို ကျွန်အဖြစ် လေလံဆွဲရောင်းမှာ အမှန်ပဲ " လို့ ပြောလိုက်၏။ ထိုအခါ လေလံခန်းအတွင်း ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့သည်။

စူဖုန်းသည် "ခဏနေကြပါအုံး......ကျွန်တော် ပြီးဆုံးအောင် ပြောပါရစေ ၊ ဒီလူက လူကြီးမင်းတို့ထင်သလို ရိုးရိုးကျွန်မဟုတ်ပါဘူး ၊

သူ့က မီးရေခဲတောင်ကို ရောက်ရှိဖူးတဲ့လူတစ်ယောက်ပဲ " လို့ ပြောလိုက်၏။

မီးရေခဲတောင်လို့ ကြားလိုက်သည်နှင့် အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မီးရေခဲတောင်တွင် ဆန်းကြယ်သော ရတနာများစွာ ရှိတယ်လို့ အားလုံးသည် သတင်းကြားနေသဖြင့်

ထိုနေရာကို သွားချင်နေကြခြင်း ဖြစ်၏။

သို့သော် မီးရေခဲတောင်ကို သွားသောလမ်းတွင် အန္တရာယ်အလွန်များသည့်အတွက် အတွေ့အကြုံရှိဖူးသာ သွားရန်အဆင်ပြေမည် ဖြစ်သည်။ စူဖုန်း ရှင်းပြပြီးတဲ့နောက် အားလုံးသည် စျေးနှုန်းပြောရန် အော်ဟစ်ကြလေသည်။

စူဖုန်းသည် ​အမဲရောင်ပိတ်စအား လှောင်အိမ်ကို ပြန်ပိတ်ပြီးနောက် "ဒီကျွန်ရဲ့ တန်ဖိုးကတော့ ၁သိန်းနဲ့စတင်ပြီး လေလံဆွဲနိုင်မှာ ဖြစ်ပါတယ် " လို့ ပြောလိုက်၏။ ထိုအခါ ၁သိန်း၃သောင်း ၊ ၁သိန်းခွဲ ၊ ၂သိန်း ဟု အသီးသီးအော်ဟစ်ကြလေသည်။

ကျစ်ယန်ဘေးရှိ လူသည် "၃သိန်း...."လို့ ၁ခွန်းထဲပင် ပြောလိုက်၏။ ထိုအခါ အားလုံးတိတ်ဆိတ်သွားကြလေသည်။ အားလုံးသည် ရွှေဒင်္ဂါးမတက်နိုင်လို့ မဟုတ်ဘဲ အင်းအားကြီးသော လူအား ရန်မစချင်လို့ပင် ဖြစ်၏။

ဘာအသံမှ မထွက်လာတဲ့အခါ စူဖုန်းသည် "ဂုဏ်ယူပါတယ်.....ဒီကလူကြီးမင်းက ရတနာကျွန်ကို ရွေဒင်္ဂါး၃သိန်းနဲ့ ပိုင်ဆိုင်သွားပါပြီ " လို့ ပြောလိုက်သည်။ စူဖုန်းသည် လက်ခုပ်တီးလိုက်ပြီး သန်မာထွားကြိုင်းသော ယောကျာ်းသား နှစ်ယောက်ကို ပြန်ခေါ်ကာ လှောင်အိမ်ကို ပြန်သယ် သွားခိုင်းလိုက်၏။

စူဖုန်းသည် ဒီတစ်ခါ လက်ဖျောက်တီးလိုက်သည်။ ချောမောလှပစွာ ဝတ်ဆင်ထားသော မိန်းကလေးသုံးယောက်သည် အနီရောင်ပိတ်စ ဖုံးကွယ်ထားသော ဗန်းလေးများကို သယ်ကာ ရောက်ရှိလာပြီး စူဖုန်းရှေ့တွင် ရပ်နေခဲ့၏။

စူဖုန်းသည် အနီရောင်ပိတ်စတစ်ခုကို အရင်ဖယ်လိုက်တဲ့အခါ ဓားတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ စူဖုန်းသည် "လူကြီးမင်းတို့သာ ဓားကျင့်ကြံသူတစ်ယောက်ဆိုရင် ဒီလိုဓားမျိုး မရရအောင် လေလံဆွဲသင့်တယ် " လို့ ပြောလိုက်၏။

ကျစ်ယန်သည် ထိုဓားရဲ့ အနာအဆာအချို့ကို မြင်နေရသဖြင့်ခေါင်းခါလိုက်သည်။ ရန်လျင်းလို့ခေါ်သောလူသည် "အဲ့ဓားက ဘာထူးခြားနေလို့ ငါတို့က ဝယ်သင့်တာလဲ "လို့ မေးလိုက်သည်။

စူဖုန်းသည် ဓားအား ဝေ့ရမ်းလိုက်ပြီး "လူကြီးမင်းမေးတဲ့ မေးခွန်းကောင်းတယ် ၊ ဒီဓားက အကြီးအကဲကျူး ကိုယ်တိုင် သန့်စင်ထားတဲ့ ဓားတစ်လက်ပဲ " လို့ ပြောလိုက်၏။ ရန်လျင်းသည် ဓားတွင် ထွင်းထားသော အရာအား သေချာကြည့်လိုက်ပြီး "အဲ့ဓားက တကယ်ပဲ အကြီးအကဲကျူး သန့်စင်ထားတာပဲ " လို့ ပြောလိုက်သည်။

အကြီးအကဲကျူးဆိုသည်မှာ ဟုန်တိုင်းပြည်ရှိ အကောင်းဆုံးရတနာလက်နက်သန့်စင်သူ ကျူးဖေပင် ဖြစ်၏။ ဟုန်တိုင်းပြည်ထဲရှိ အင်အားကြီးဂိုဏ်းများကပင် အကြီးအကဲကျူးထံမှ အကောင်းဆုံးလက်နက်များကို ဝယ်ယူရခြင်းပင် ဖြစ်သည်။

လေလံခန်းအတွင်းတွင် ရှိနေသော လူများသည် အခန်းအတွင်းတွင် အကြီးအကဲကျူး ရှိနေမလားဟု ခန့်မှန်းလိုက်ကြ၏။ ကျူးဖေသည် တော်ဝင်နန်းတော်အတွင်း၌သာ အနေများသဖြင့် တော်ရုံလူမှာ ကျူးဖေအား မမြင်ဖူးပေ။

စူဖုန်းသည် ထိုဓားရဲ့ စျေးနှုန်းအား မပြောပြခင် နောက်ထပ်ရတနာပစ္စည်းတစ်ခုအား ထုတ်ပြလိုက်၏။ ထိုရတနာပစ္စည်းကတော့ အစီအရင်အဆောင် တစ်ခုပင် ဖြစ်သည်။ ထိုအစီအရင်အဆောင်သည်

နတ်ဝိဇ္ဇာအဆင့်သားရဲတစ်ကောင်ကို ယာယီဖိတ်ခေါ်နိုင်သော အစီအရင်စာရွက်ပင်ဖြစ်၏။

နောက်တစ်ခုကတော့ သွမ်ကျောက်သတ္တုနက်ပင် ဖြစ်ပေသည်။စူဖုန်းသည် ကျူးဖေရဲ့ ဓားအား ရွှေဒင်္ဂါး၁သိန်း ၊ သားရဲအစီအရင်အဆောင်အား၃သိန်းနဲ့ သွမ်​ကျောက်သတ္တုနက်အား ၅သိန်းဖြင့် စျေးစတင်သတ်မှတ်ပေးလိုက်၏။

ထိုအခါ များစွာသော လေလံဆွဲသည့် အော်ဟစ်သံများမှာ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ ဓားနဲ့ သားရဲအစီအရင်အဆောင်ရဲ့ တန်ဖိုးမှာ ၃သိန်းခွဲနဲ့ ၆သိန်းမှာ အဆုံးသတ်သွားခဲ့၏။

ကျစ်ယန်ဘေးတွင် ရှိသော ရှောင်ဟန်သည် သွမ်ကျောက်သတ္တုနက်အား ၅သိန်းခွဲနဲ့ စတင် လေလံခေါ်လိုက်သည်။

ထိုအခါ ရန်လျင်းသည် "၆သိန်း" လို့ အော်ကာ ရှောင်ဟန်ကို ကြည့်လိုက်၏။ အားလုံးသည် မျက်နှာဖုံးတပ်ထားသဖြင့် တစ်ယောက်နဲ့ တစ်ယောက်မသိနိုင်ပေ။ အသံသည် တိတ်ဆိတ်နေသဖြင့် ကျစ်ယန်သည် "၁၀သိန်း " လို့ အားလုံးကြားအောင် ဆိုလိုက်၏။

ရှောင်ဟန်နဲ့ ရန်လျင်းသည် သူတို့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ရွှေဒင်္ဂါးများ မရှိတော့တဲ့အတွက် တိတ်ဆိတ်လိုက်ရသည်။ ထိုချိန်မှာပဲ ၁၂သိန်းဆိုသော အသံအိုတစ်ခုသည် ရန်လျင်းဘေးရှိ ထိုင်ခုံမှ ထွက်ပေါ်လာခဲ့၏။

​

All Chapters