← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

ရတနာဘုံလေလံစံအိမ်

ကျစ်ယန်သည် လက်နက်တွေကို ကြည့်ပြီးသော်လည်း တစ်ခုမှ သဘောမကျပေ။ ကျစ်ယန်သည် ရှင်းရူအား "မင်းတို့ရတနာခန်းမမှာ ဒီထက်ကောင်းတဲ့ လက်နက်တွေ မရှိတော့ဘူးလား " လို့ မေးလိုက်၏။

ထိုအခါ လူတစ်ယောက် ရှင်းရူရဲ့ ဘေးသို့ ရောက်ရှိလာခဲ့သည်။ ရှင်းရူသည် ထိုလူတွေကို တွေ့တဲ့အခါ "မင်္ဂလာပါ.....ခေါင်းဆောင်ရန် " လို့ နှုတ်ဆက်လိုက်၏။ ရန်ဖျင်းဆိုသော လူသည် မိန်ရတနာခန်းမရဲ့ အရေးပါသူ တစ်ယောက်ပင် ဖြစ်သည်။

ရန်ဖျင်းသည် ကျစ်ယန်အား နှုတ်ဆက်ကာ "သခင်လေး......မင်းက ဒီနေရာရဲ့ဓားတွေကိုတောင် သဘောမကျဘူးဆိုတော့ တမင်ပြသာနာရှာနေတာများလား " လို့ ပြုံးပြုံးဖြင့် မေးလိုက်၏။

ကျစ်ယန်သည် ဓားတစ်ချောင်းအား ကိုင်လိုက်ပြီး စိတ်ပျက်စွာ ခေါင်းခါကာ "မင်းတို့မိန်ရတနာခန်းမက ငါ့ကို ပြသာနာရှာတယ်ထင်နေမှတော့ ငါ့ဒီမှာ ဆက်ရှိနေဖို့ မသင့်တော်ဘူးထင်တယ် "လို့ပြောကာ နောက်ပြန်လှည့်ထွက်ဖို့ လုပ်လိုက်သည်။

ရန်ဖျင်းသည် ချက်ချင်းပင် အမူအယာပြုံးလဲကာ "ဟားဟားဟား.....သခင်လေး မင်းက တကယ်အမြင် စူးရှတာပဲ ၊ ငါတို့မိန်ရတနာခန်းမရဲ့ လက်နက်တိုင်းမှာ ချို့ယွင်းချက်တစ်ခုချင်းစီရှိနေတာအမှန်ပဲ ၊ ဒါကြောင့်ပဲ ငါတို့စျေးလျော့ပြီး ဒီခန်းမမှာ တင်ထားရတာပဲ " လို့ ပြောကာ ဝန်ခံလိုက်၏။

ကျစ်ယန်သည် ရန်ဖျင်းဘက်သို့ ပြန်လှည့်ပြီး "ဒါဆိုခေါင်းဆောင်ရန်ဆိုလိုတာက တခြားနေရာမှာ လက်နက်ကောင်း ရှိတယ်လို့ ပြောချင်တာလား " လို့ ​မေးလိုက်သည်။

ရန်ဖျင်းသည် ကျစ်ယန်ရဲ့ နားအနားသို့ ကပ်ကာ မကြာခင်မိန်ရတနာခန်းမက ဦးစီးတဲ့ ရတနာဘုံလေလံစံအိမ်အကြောင်း ရှင်းပြလိုက်၏။ ရတနာဘုံလေလံစံအိမ်တွင် အလွန်ပင် ဆန်းကျယ်သော သွမ်ကျောက်သတ္တုနက် ထွက်ပေါ်မည်လို့ သတင်းရရှိထားသည်။

သွမ်ကျောက်သတ္တုနက်သည် လက်နက်သန့်စင်ရာတွင် အလွန်ပင် အရည်အသွေးကောင်းသော ပစ္စည်းကောင်းပင်ဖြစ်၏။ ဆန်းကြယ်သော သွမ်ကျောက်သတ္တုနက်သည် မီးရေခဲတောင်မှ ရရှိလာခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

ကျစ်ယန်သည် သွမ်ကျောက်သတ္တုနက်လို့ ကြားတဲ့အခါ စိတ်ဝင်စားသွား၏။ ရန်ဖျင်းသည် "ဒါပေမယ့်သခင်လေး.....ရတနာဘုံလေလံစံအိမ်ကို ဝင်ဖို့အတွက် လွယ်ကူမှာ မဟုတ်ဘူး " လို့ ပြောလိုက်သည်။

ရတနာဘုံလေလံစံအိမ်အတွင်းကို ဝင်ခွင့်ရရှိသူတိုင်းသည် အင်အားကြီးဂိုဏ်းများ ကျောထောက်နောက်ခံကောင်းသော အဖွဲ့အစည်းများကသာ ဝင်ခွင့်ရခြင်းဖြစ်၏။ ရန်ဖျင်းသည် ​အကြောင်းအရာတချို့အား ပြောပြပြီးနောက် ထွက်ခွာ၍ သွားခဲ့သည်။

ကျစ်ယန်နဲ့ ချင်းတန်သည် လက်ဗလာဖြင့် မိန်ရတနာခန်းမမှ ပြန်လည်ထွက်ခွာလာခဲ့၏။ အပြင်သို့ ရောက်တဲ့အခါ ချင်းယွီသည်

"သခင်လေးကျစ်ယန်......ခုနက သခင်လေးတို့ပြောနေတာ ရတနာဘုံလေလံစံအိမ်အကြောင်းမလား " လို့ မေးလိုက်သည်။

ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်၏။ ထိုအခါ ချင်းတန်သည် စိတ်ပျက်စွာဖြင့် သူအဖေဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို ပြောပြလိုက်သည်။ ချင်းရန်လီသည် လေခွင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ရတနာဘုံလေလံစံအိမ်ကို အလွယ်တကူ ဝင်ခွင့်ရခဲ့၏။

သို့သော်ငြားလည်း ချင်းရန်လီသည် တစ်စုံတစ်ရာပင် ဝယ်နိုင်ခြင်းမရှိဘဲ အရှက်ကွဲစွာဖြင့် ပြန်ထွက်လာခဲ့ရသည်။ ထိုရတနာဘုံလေလံစံအိမ်တွင် လေလံတင်သော ရတနာပစ္စည်းတိုင်းရဲ့စျေးနှုန်းမှာ အလွန်ပင် ကြောက်စရာကောင်းသောကြောင့်ပင် ဖြစ်၏။

ကျစ်ယန်နဲ့ ချင်းတန်သည် လေခွင်းဂိုဏ်းသို့ အတူ ပြန်လာခဲ့သည်။

ကျစ်ယန်သည် သူ့နေသော အခန်းထဲကိုသာ ဦးတည်သွားခဲ့၏။ ကျစ်ယန်သည် သူ့ခန္ဓာကိုယ်အတွင်းတွင် ထူးဆန်းစွာ ပြောင်းလဲနေသော အရာကို စစ်ဆေးကြည့်လိုက်သည်။

ကျစ်ယန်သည် အမှောင်ညမျက်စိဆေးပင်ရဲ့ ပြောင်းလဲသွားသော စွမ်းအား ခံစားမိလိုက်၏။ကျစ်ယန်သည် ချန်တောက်တို့ အဖွဲ့အား သတ်ပစ်ပြီးချိန်မှာ ထိုလူတွေရဲ့စွမ်းအားအစိတ်အပိုင်းသည် သူ့ခန္ဓာကိုယ်ထဲကို ရောက်ရှိသလိုပင် ခံစားခဲ့ရခြင်းပင် ဖြစ်သည်။

ထိုချိန်မှာပဲ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာအတွင်းသို့ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ အလွန်ပင် ရှည်လျားသော ငွေရောင်စကားလုံးများသည် ပင်လယ်ရေပြင်ရဲ့အထက် လေဟာနယ်တွင် ထွက်ပေါ်နေခဲ့၏။

ကျစ်ယန်ရောက်ရှိသည်နှင့် ထိုစကားလုံးများသည် ကျစ်ယန်ရဲ့ နဖူးအတွင်းသို့ ထိုးဖောက်ကာ ဝင်သွားလေသည်။ ကျစ်ယန်သည် စက္ကန့်ပိုင်းအတွင်းမှာပဲ အလွန်ပင် ကြောက်စရာကောင်းသော ကျင့်စဥ်နည်းလမ်းတစ်ခုကို သိလိုက်ရ၏။

စိတ်ဝိညဥ်ထိန်းချူပ်သူဟု ဆိုသော ကျင့်စဥ်သည် ကျစ်ယန်တက်မြောက်ထားသော ကျင့်စဥ်အားလုံးထက် အကောင်းဆုံးကျင့်စဥ်တစ်ခုပင် ဖြစ်၏။ စိတ်ဝိညဥ်ထိန်းချုပ်ခြင်းကျင့်စဥ်သည် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညဥ်ကို ထိန်းချုပ်၍ သတ်ပစ်ခြင်းပင် ဖြစ်သည်။

ကျစ်ယန်သည် ညဘက်သို့ မရောက်ခင် ဆေးခန်းမကို သွား၍ ဆေးအမယ်တချို့ကို ယူဆောင်ကာ စိတ်ဝိညဥ်ကမ္ဘာထဲတွင် ဒန်းကိုးပါး ဆေးလုံးကို ဖော်စပ်နေခဲ့၏။ ဆေးလုံးဖော်စပ်မှု အကြိမ်ရေများလေ ကျစ်ယန်ရဲ့ စိတ်ဝိညဥ်စွမ်းအားသည် တဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းလာခဲ့သည်။

ကျစ်ယန်သည် ဒန်ကိုးပါး ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးနောက် တစ်ခါထဲမျိုချလိုက်ပြီး ဆေးလုံးရဲ့စွမ်းအားကို စုပ်ယူလိုက်၏။ ကျစ်ယန်သည် ဆေးလုံးရဲ့စွမ်းအားအပြင် အမည်မသိစွမ်းအားတစ်မျိုးကိုပါ ရရှိနေတဲ့အတွက် အံ့အားသင့်နေခဲ့သည်။

ကျစ်ယန်သည် ညမိုးမချုပ်ခင်မှာပဲ ဝိညဥ်ပလ္လင်အဆင့်၇ကိုပင် ထိုးဖောက်သွားနိုင်ခဲ့၏။ ကျစ်ယန်သည် မူလထက်ပိုအစွမ်းထက်လာတဲ့အတွက် ဝမ်းသာသွားခဲ့သည်။ညမိုးချုပ်လာပြီဖြစ်၍ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲမှ ထွက်၍ မိန်ရတနာခန်းမကို လျှပ်စီးအလျင်နှုန်းနဲ့ ရောက်ရှိလာခဲ့၏။

ကျစ်ယန်ရောက်ရှိလာတဲ့အခါ ရန်ဖျင်းသည် "သခင်လေး......ငါ့နောက်လိုက်ခဲ့ပါ " လို့ ဆိုကာ မိန်ရတနာခန်းမရဲ့ အတွင်းတံခါးပေါက်မှ တဆင့် နေရာတစ်ခုအား ခေါ်ဆောင်လာခဲ့သည်။

ရန်ဖျင်းသည် လက်နှစ်ဖက်ဆုပ်၍ "အကြီးအကဲရွန်......ဒီကသခင်လေးကို စစ်ဆေးပေးပါအုံး " လို့ ဆိုလိုက်သည်။

ရွန်ပါ့ လို့ခေါ်သောလူသည် ထိုင်နေရင်း ကျစ်ယန်ပုံစံအား ကြည့်လိုက်ပြီး "လူငယ်လေး.....ရတနာဘုံလေလံစံအိမ်နဲ့ပက်သက်ပြီး မင်းကို ရန်ဖျင်း ရှင်းပြပြီပြီလို့ ထင်တယ် ၊ မင်းနောက်မှာ ဘယ်လိုအင်အားရှိလဲ ငါ့သိခွင့်ရှိမလား "လို့ ပြောလိုက်၏။

ကျစ်ယန်သည် ဆေးပုလင်းတစ်ခုအား ထုတ်ပေးလိုက်သည်။ ရွန်ပါ့သည် ဆေးပုလင်းထဲမှ ဆေးလုံးအား ထုတ်ကာ မှန်ဘီးလူးနဲ့ သေချာ စစ်ဆေးလိုက်၏။ ရွန်ပါ့သည် ကျစ်ယန်ဆေးလုံးကို ကြည့်ကာ "ဒါဒါသခင်ကြီး လိုချင်တဲ့ ဆေးလုံးများ ဖြစ်နေမလား " လို့ ရေရွတ်လိုက်ပြီး သေတ္တာအံဆွဲထဲမှာ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

ရွန်ပါ့သည် ထိုစာရွက်များကို အမြန်လှန်လိုက်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ရွန်ပါ့သည် ကျစ်ယန်ရဲ့ဆေးလုံးအား သေချာပြန်ကြည့်လိုက်ပြီး "ဒါက ရတနာအဆင့်ရှိတဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကြီးပဲ "လို့ ထကာ ပြောလိုက်လေသည်။

ကျစ်ယန်သည် "ဘယ်လိုလဲ အကြီးအကဲရွန်.....ရတနာဘုံလေလံစံအိမ်ထဲ ကျွန်တော်ဝင်လို့ရပြီလား " လို့ မေးလိုက်၏။ ရွန်ပါ့သည် ချက်ချင်းပင် ဖော်ရွှေသောအမူအယာသို့ ပြောင်းကာ "သခင်လေးတကယ်ပဲ......ဒီဆေးလုံးကို လေလံတင်ဖို့ စိတ်ကူးထားတာလား "လို့ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

ကျစ်ယန်ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ရွန်ပါ့သည် သူထိုင်နေသော နေရာမှ ထလာပြီး မျက်နှာဖုံးနဲ့ရေခဲပြာရောင် တံဆိပ်ပြားတစ်ခုအား ကျစ်ယန်ကို ပေးလိုက်ပြီး "သခင်လေး.......ငါတို့ဒီဆေးလုံးရဲ့ စျေးနှုန်းကို သတ်မှတ်ပြီးရင် လာပြောပါ့မယ် " လို့ ပြောကာ အထဲဝင်ခွင့် ပေးလိုက်၏။

ကျစ်ယန်သည် မျက်နှာဖုံးအား တပ်ကာ အပြာရောင်ခန်းစီးကို ကျော်ဖြတ်၍ ရတနာဘုံလေလံစံအိမ်အတွင်းကို ရောက်ရှိလာခဲ့သည်။

All Chapters